FUTURE-MobilePhone&ComputerServices

FUTURE-MobilePhone&ComputerServices မွေးလာ ရှာစား နာဖျား အိုသေ

Future Mobile တီႈမႄးၾူင်းၵူႊၸိူဝ်းၸိူဝ်း လႄႈ တီႈ သိုဝ့်ၶၢႆ ၾူင်းမိုင်းသွင် ႁဝ်းၶႃႈ ႁူမ်ၸူမ်းႁပ့်တွၼ်ႈ ပီႈပီႈၼွင့်ၼွင့်ႁဝ်းၶဝ်ယူႇၶႃႈ​​ဢေႃႈ


Mobile Phone-IOS Android OS သုံး Mobile Phone များ မြန်မာ Font / ရှမ်း Font သွင်းခြင်း Firmware Upgrade(or)Downgrade ပြုလုပ်ခြင်းများ Software Error, Setting Error, Virus Error စသည့် ဖုန်း Setting ပိုင်းဆိုင်ရာ Service များကို စျေးနှုန်းချိုသာစွာဖြင့် ပြုလုပ်ပ

ေးပါသည်။ Handset Hardware ပိုင်းဆိုင်ရာ Touch မှန်လဲခြင်း LCD မှန်လဲခြင်း Speaker လဲခြင်း Earpiece Speaker လဲခြင်း USB Port အားသွင်းပေါက်လဲခြင်း Mic လဲခြင်း ဖုန်း အပိုBattery အမျိုးမျိုး Screen Guard ဖုန်းမှန်ကပ် ပေးခြင်း စသည်တို့အပြင် ဖုန်း ငွေဖြည့်ကဒ် အမျိုးမျိုး နှင့် Micro SD Card အမျိုးမျိုး ဖုန်း Cover အမျိုးမျိုး နှားကြပ် အမျိုးမျိုး ဖုန်း အားသွင်း Charger အမျိုးမျိုး တို့လည်း ရရှိနိုင်ပါသည်။ Computer- Windows တင်ခြင်း Virus များ ရှင်းလင်းပေးခြင်း စသည်တို့ကို လက်ခံဆောင်ရွက်ပေးနေပါသည်။
Contact me @ 09-259041806 / 09-79020 5608

Future Mobile မှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ
01/11/2021

Future Mobile မှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ

Huawei MTK FRP ResetHuawei JAT Series, Huawei AMN Series, Huawei MRD Series, Huawei KSA Series တွေဖြစ်တဲ့ MTK အလုံးတွေ F...
01/09/2020

Huawei MTK FRP Reset
Huawei JAT Series, Huawei AMN Series, Huawei MRD Series, Huawei KSA Series တွေဖြစ်တဲ့ MTK အလုံးတွေ FRP ကျော်တဲ့နည်းလေး ပြောပြပေးပါမယ်...
အပေါ်က ပြောခဲ့တဲ့ Series တွေမှာ FRP ကျော်ဖို့အတွက် Downgrade Firmware တွေ, Manual နည်းတွေနဲ့ လုပ်လို့ အဆင်မပြေတဲ့အခါမှာ ဒီနည်းနဲ့ ကျော်နိုင်ပါတယ်...
ပေးထားတဲ့ ဖိုင်ကို ဒေါင်းပါ... သက်ဆိုင်ရာ Model အလိုက် Flash Tool, Scatter, Auth File တွေ ထည့်ပေးထားပါတယ်... ပုံ(၁)ကို ကြည့်ပါ... Model အလိုက် ထပ်ရွေးပါ... ပုံ(၂)အတိုင်းပေါ်လာပါမယ်... SP Flash Tool အောက်ထဲက Flash_Tool.exe ကို ဖွင့်ပါ... ပုံ(၃)အတိုင်း ထည့်ပေးပါ... Download Agent မှာ SP Flash Tool Folder အောက် MTK_AllInOne_DA.bin ကို ရွေးပါ... ပြီးရင် Authentication File မှာ FILE Folder အောက်က auth_sv5.auth ကို ရွေးပါ... Scatter-loading File မှာ FILE Folder အောက်က Android_scatter_Fastboot.txt ကို ရွေးပါ... ပြီးရင် ပုံ(၄)အတိုင်း Format Tab ကို ရွေးပါ... Manual Format Flash ကို ရွေးပါ... Begin Address နဲ့ Format Length ကို FRP Reset.txt ထဲကအတိုင်း ထည့်ပေးပါ... ပြီးရင် ဖုန်းကို နောက်ဖုံးဖွင့်ပါ... TEST POINT ထောက်ရမယ့် ပုံပေးထားပါတယ်... Google Search မှာလည်း Test Point တွေ ရှာလို့ရပါတယ်... SP Flash Tool မှာ Start ကို နှိပ်ပါ... Test point ထောက်ပြီး usb ကြိုးထိုးပါ... ဒါဆိုရင် SP Flash Tool က FRP ကျော်တာ ပြီးသွားပါပြီ...
အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ...
Huawei MTK FRP Reset Download Link
http://www.mediafire.com/file/o3xeww31ai0gb54/Huawei+MTK+FRP+Reset.rar/file

Credit- Lashio IT (Shwe Myint Mo Mobile)

Xiaomi (MI Account Bypass) Drony apk method (Android 9 & +)MIUI Version 10.3 နဲ့အထက်... Bootloader Unlock File လည်း မထွက...
31/08/2020

Xiaomi (MI Account Bypass) Drony apk method (Android 9 & +)

MIUI Version 10.3 နဲ့အထက်... Bootloader Unlock File လည်း မထွက်တဲ့ Model တွေ... Android Version 9.0 or 10 ဖြစ်နေတဲ့ အလုံးတွေကို Mi Account Bypass လုပ်နည်းလေး ပြောပြပေးပါမယ်...
အရင်ဆုံး ကိုယ်လုပ်မယ့် Model ကို Mi Account Temporary Bypass လုပ်ထားပါ... Auth Account လိုအပ်တဲ့ Model တွေဆိုရင် Hydra, MST, Chimera စတာတွေနဲ့ လုပ်လို့ရပါတယ်... Remote အပ်ရင်လည်း ရပါတယ်... ISP, EMMC ခွာပြီး UFI, MCT, Easy J tag စတာတွေနဲ့ လုပ်လည်းရပါတယ်... Temporary Bypass ဆိုတာက persist ကို erase or flash လိုက်တာကို ပြောတာပါ... ဥပမာ... Redmi 6 or 6A ကို UFI ကနေ persist ကို erase လုပ်တာမျိုးပေါ့... ပြီးသွားရင် Sim Card မထည့်ပါနဲ့... Wifi မချိတ်ပါနဲ့... ဒါဆိုရင် Home Screen အထိ ရောက်သွားပါမယ်... Home Screen ထိ ရောက်ပြီဆိုရင် ပေးထားတဲ့ Link ကနေ apk တစ်ခုကို Install လုပ်ပါ... တစ်ချို့အလုံးတွေမှာ Install လုပ်ဖို့အတွက် Internet ချိတ်ခိုင်းတာမျိုးရှိပါတယ်... အဲဒီအတွက် Backup and Restore ကနေ Install လုပ်ဖို့အတွက်လည်း Link ပေးထားပါတယ်...
Backup and Restore ကနေ Install လုပ်ဖို့အတွက် အရင်ဆုံး ဖြည်ချထားပါ... ပြီးရင် ဖြည်ချလို့ရလာတဲ့ Backup ဆိုတဲ့ Folder ကို ဖုန်းရဲ့ Internal Storage အောက်က MIUI Folder အောက်ထဲကို ထည့်ပါ... ပြီးရင် Setting ထဲမှာပါတဲ့ Backup and Restore ကို သွားပါမယ်... MIUI 10 အောက်ဆိုရင် Setting-->Additional Setting-->Backup and Restore ကိုသွားပါ... ပုံ(၁)အတိုင်းပါ... MIUI 11 အထက်ဆိုရင် My Device-->Backup and Restore ကိုသွားပါ... ပုံ(၂)ကနေ ပုံ(၇)အတိုင်းပါ... ပုံပါအတိုင်းလုပ်ပြီးသွားရင် Home Screen မှာ အင်တာနက် ဆိုတဲ့ apk လေးတစ်ခု ရောက်နေပါမယ်... အမှန်တကယ်ကတော့ Drony ဆိုတဲ့ apk ကို icon ချိန်း... စာပြောင်းထားတာပါ... Drony.apk ကို apkpure မှာ Free ဒေါင်းလို့ရပါတယ်...
အင်တာနက် apk ရပြီဆိုရင် အဲဒီ apk ထဲ ဝင်ပါ... ပုံ(၈)ကနေ ပုံ(၁၆)အတိုင်း လုပ်ပါ... ဒါဆိုရင် Internet ချိတ်ပြီးသုံးလို့ရပါပြီ... ဒါပေမယ့် ဖုန်းကို reboot ချရင် account ပြန်မကျဖို့အတွက် Setting တစ်ခု ထပ်ချိန်ရပါမယ်... ပုံ(၁၇)အတိုင်း Setting ထဲက VPN ထဲသွားပါ... Password , Pin, Pattern တစ်ခု ခတ်ခိုင်းပါလိမ့်မယ်... Screen Lock တစ်ခု ရွေးပြီး Lock ခတ်ပါ... ပြီးရင် ပုံ(၁၈)ကနေ ပုံ(၂၀)အတိုင်း ဆက်လက်ရွေးချယ်ပါ... ဒါဆိုရင် ဖုန်းကို reboot ချလည်း Mi Account ပြန်မကျတော့ပါဘူး... သုံးစွဲမယ့် user ကိုတော့ ကြိုပြောထားပါ... Factory Reset လုပ်တာ... System Update လုပ်တာ... ထည့်ထားတဲ့ အင်တာနက် apk ကို ဖျက်ပစ်တာ... အင်တာနက် apk ထဲ Setting လျှောက်ပြီး ဝင်ချိန်တာမျိုး မလုပ်ဖို့... ပြီးတော့ Screen Lock တစ်ခု ခတ်ထားဖို့လည်း လိုပါမယ်...
ဒီလောက်ဆိုရင်တော့ Mi Account Bypass လုပ်တာ ပြီးဆုံးသွားပြီဖြစ်ပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်...
Backup And Restore Download Link
http://www.mediafire.com/file/sy20bvxr3881b8f/Backup+And+Restore.rar/file
အင်တာနက် apk Download Link
http://www.mediafire.com/file/4qi4n476vzqbb7w/အင်တာနက်.apk/file

Credit- Lashio IT

Xiaomi (MI Account Bypass) BLU MethodMi Account Bypass Bootloader Unlock Methodဒီတစ်ခါကတော့ MIUI 10.2 နဲ့အထက် Android 9....
30/08/2020

Xiaomi (MI Account Bypass) BLU Method

Mi Account Bypass Bootloader Unlock Method
ဒီတစ်ခါကတော့ MIUI 10.2 နဲ့အထက် Android 9.0 တွေမှာ adb bypass နဲ့ ကျော်လို့မရတော့တဲ့ အလုံးတွေအတွက် ပြောပြပေးပါမယ်...
MIUI 10.2 Android 9.0 နဲ့အထက်မှာ adb bypass ကျော်လိုက်ရင်လည်း internet ချိတ်လိုက်တာနဲ့ ပြန်ကျပါတယ်... အဲဒီလိုအလုံးတွေအတွက် Temp Bootloader Unlock လုပ်ပြီး ကျော်ရပါတယ်... အလုံးတိုင်း ရမယ်လို့ မဆိုလိုပါ... ပေးထားတဲ့ Link ထဲက Bootloader Unlock File တွေကို ဒေါင်းလိုက်ပါ... Model အလိုက် 9008 mode ကနေ MiFlash နဲ့ တင်ပေးရမှာပါ... ပြီးတော့ Model အလိုက် EU Rom ရှိထားဖို့လိုပါတယ်... ဒေါင်းရမယ့် Site လည်း တင်ပေးထားပါတယ်...
ဒီနေရာမှာ Anti Rollback အကြောင်း သိဖို့လိုပါတယ်... ဖုန်းကို fastboot mode ဝင်... command ခေါ်ပြီး... fastboot getvar all နဲ့ စစ်လိုက်တာပဲဖြစ်ဖြစ်... fastboot getvar anti နဲ့ပဲ စစ်စစ်... ပုံ(၁)အတိုင်း ပေါ်လာပါမယ်... ပေါ်လာတဲ့ anti သည် 1,2,3 ဆိုရင် Anti Rollback နဲ့ မညှိသေးပါဘူး... 4 ဆိုရင်တော့ Anti Rollback နဲ့ ညှိပါပြီ... Redmi 6 Pro မှာတော့ Anti 1,2 ပဲ ရှိပါတယ်... Redmi 6 Pro Anti 1 ဆိုရင် auth file အစားထိုးပြီး ရိုက်လို့ရပါတယ်... Redmi 6 Pro Anti 2 ဆိုရင်တော့ Auth Account လိုပါတယ်... တစ်ချို့ကျတော့လည်း EMMC ခွာတာ... ISP ထောက်ပြီး Temp Bootloader Unlock လုပ်တာလည်း ရှိပါတယ်... Auth Account လိုတဲ့ Model တွေကတော့ Redmi Note 5 နဲ့ အထက်... Mi 6X နဲ့အထက်... Redmi 6 နဲ့ အထက်... နောက်ပိုင်း ထပ်ထွက်လာတဲ့ Model အကုန်လုံး Auth Account ရှိမှပဲ Firmware တင်တာတွေ လုပ်လို့ရပါတယ်... အဲဒီအတွက် Mi Auth No Need File လည်း တင်ပေးထားပါတယ်... Model အားလုံးအတွက်တော့ မရပါ... ပေးထားတဲ့ Mi Auth No Need File ကို ဒေါင်းပါ... သက်ဆိုင်ရာ Model အလိုက် Programmer File တွေကို Flash မယ် အောက်မှာ ထည့်ပေးပါ... ဒါဆိုရင် Mi Auth မတောင်းပဲ Flash လို့ရပါမယ်...
Anti 4 ဖြစ်နေပြီဆိုရင် Bootloader Unlock ဖြစ်ပြီးတာတောင် TWRP သွင်းလို့မရတာဖြစ်တတ်ပါတယ်... အဲဒီလိုမျိုး ကြုံရပြီဆိုရင် Firmware အောက်ထဲမှာ dummy.img ကို fastboot command ကနေ flash ပေးရပါတယ်... ပုံ(၂)ကို ကြည့်ပါ...
ကျွန်တော်တို့ Temp Bootloader Unlock လုပ်ပြီးသွားရင် ဖုန်းကို fastboot mode ဝင်ပါ... တစ်ချို့ဖုန်းတွေမှာ Screen မှာ ဘာမှမပေါ်ပဲ ဖြစ်တတ်ပါတယ်... ကိစ္စမရှိပါဘူး... Vol Down နှိပ်ပြီး ကြိုးထိုးလိုက်ရင် fastboot mode ဝင်သွားပါမယ်... ပြီးရင် Bootloader Unlock File အောက်က MiUnlock.exe ကို ဖွင့်ပါ... ပုံ (၃) အတိုင်း ပေါ်လာရင် 1 ကို အရင်နှိပ်ပါ... 2 နေရာမှာ Device တစ်ခု ပေါ်လာရင် 3 ကို နှိပ်ပြီး Temp Bootloader Unlock လုပ်ပါ... တစ်ချို့ဖုန်းတွေမှာ MiUnlock.exe နဲ့ လုပ်စရာမလိုတဲ့ Model တွေ ရှိပါတယ်... ဥပမာ... Redmi 3, 3S, Note 3, Redmi Note 5A, Note 5A Prime, Redmi S2, Y2, Mi Max 2 စတဲ့ အလုံးတွေပါ... ဒါဆိုရင် Bootloader Unlock ရပါပြီ... သက်ဆိုင်တဲ့ Model အလိုက် TWRP ကို ဒေါင်းပါ... ပေးထားတဲ့ Firmware Download Link မှာ TWRP တွေ ရှိပါတယ်... ဒေါင်းလို့ရလာတဲ့ TWRP ကို twrp.img လို့ နာမည်ပြောင်းပါ... ပြီးရင် command ခေါ်ပါ... ဖုန်းကို fastboot mode ဝင်ပါမယ်... command မှာ fastboot flash recovery twrp.img လို့ ရိုက်ပါ... ဒီနေရာမှာ Anti Rollback ပေါ်မူတည်ပြီး twrp flash လို့ မရတာတွေ ဖြစ်တတ်ပါတယ်... ပုံ(၂)အတိုင်းပါ... ဒါဆိုရင် Firmware အောက်ထဲက dummy.img ကို fastboot command နဲ့ flash ပေးပါ... ပုံ(၂)အတိုင်းပါ... ပြီးရင် Vol Up + Power တွဲနှိပ်ထားပါ... ဖုန်းက ပါဝါပိတ်သွားပြီး LOGO ပေါ်လာရင် Power Key ကို လွှတ်ပါ... Vol Up ကိုတော့ ဆက်ဖိထားပါ... TWRP Recovery ထဲ ဝင်သွားပါမယ်... System ကို Read Only ထားမှာလား... Read Write လုပ်ဖို့အတွက် ခွင့်ပြုမှာလား မေးလာရင် Allow ကို ဆွဲပေးပါ... ပုံ(၄)ကိုကြည့်ပါ... ပြီးရင် Install ထဲသွားကြည့်ပါ... ပုံ(၅)အတိုင်း ပြထားတဲ့နေရာမှာ Storage Size က 0 ဖြစ်နေရင် Back ပြန်ထွက်ပြီး Wipe ကို သွားပါ... Format Data ကို ယူပါ... Allow Bar ဆွဲပါ... Back ထွက်ပြီး Wipe data တစ်ခေါက်ယူပေးပါ... ပြီးရင်တော့ ကွန်ပျူတာနဲ့ ချိတ်ပါ... ကွန်ပျူတာမှာ MTP Device အနေနဲ့ ချိတ်ဆက်ရင် EU Rom ကို ထည့်ပါ... ဒီနေရာမှာ EU Rom ကို ထည့်တာ မရရင်... Reboot အောက်က Recovery ကို ယူပြီး နောက်တစ်ခေါက် TWRP Recovery ထဲ ပြန်ဝင်ပါ... ဒါဆိုရင် EU Rom ထည့်လို့ရပါပြီ... ထည့်လို့ပြီးရင် Install ကနေ EU Rom ကို Install လုပ်ပါ... ပြီးရင် Mount ထဲမှာ System ကို အမှန်ခြစ်ပါ... အောက်မှာပါတဲ့ Mount System Partition Read Only ကို အမှန်ခြစ်ပေးထားရင် ဖြုတ်ပါ... ပုံ(၆)အတိုင်းပါ... ပြီးရင်တော့ Advanced အောက်က File Manager ကို သွားပါမယ်... System ကို ရှာပါ... တစ်ချို့ဖုန်းတွေမှာ System_Root အောက်ထဲမှာ System ရောက်နေတတ်ပါတယ်... System အောက်ရောက်ရင် app အောက်ထဲ ထပ်ဝင်ပါ... CloudService ကို ရှာပါ... CloudService အောက်က CloudService.apk ကို တစ်ချက်နှိပ်ပြီး Delete ကို ယူပါ... ပြီးရင် Up One Level နဲ့ ထွက်ပါ... System အောက် ရောက်တဲ့အထိ ထွက်ပါ... Back နဲ့ မထွက်ရပါ... System အောက် ရောက်ရင် priv-app ထဲသွားပါ... priv-app အောက်ထဲက FindDevice နဲ့ Updater တွေထဲ ဝင်ပြီး FindDevice.apk ရယ်... Updater.apk ရယ် Delete လုပ်ပါ... ဒါဆိုရင် ကျွန်တော်တို့ Mi Account Bypass လုပ်တာ ပြီးသွားပါပြီ... ဖုန်းကို Reboot ချပြီး Setup Wizard ရောက်တဲ့အချိန်မှာ Sim Card ထုတ်ထားပါ... Wifi မချိတ်ထားပါနဲ့... Internet လိုင်း ချိတ်ထားရင် Mi Account ဆိုတဲ့နေရာမှာ ရှေ့ဆက်သွားလို့ မရ ဖြစ်တတ်ပါတယ်... Home Screen ထိ ရောက်ပြီဆိုရင် Wifi ချိတ်တာ... Sim card ထည့်တာတွေလုပ်ပါ... ဒါဆိုရင် Mi Account Bypass Bootloader Unlock Method လုပ်တာ အောင်မြင်သွားပြီဖြစ်ပါတယ်...
နောက်လာမယ့် Post တွေမှာ Bootloader Unlock File မထွက်တဲ့အလုံးတွေကို Mi Account Bypass လုပ်တဲ့နည်း ဆက်လက်ဖော်ပြပါမယ်...
Xiaomi Bootloader Unlock Files
http://www.mediafire.com/file/jmeigya9qd2cwxp/Xiaomi+Bootloader+Unlock+Files+By+SMM.rar/file
Mi Firmware and TWRP Download Link
www.mifirm.net
Mi Auth No Need File
http://www.mediafire.com/file/saflkoww3apgf0v/Xiaomi+No+Auth.7z/file
Anti Rollback အကြောင်း
https://www.facebook.com/MPSTTEAM/posts/2207534642640793/

Credit-Lashio IT

Xiaomi (MI Account Bypass) 03Mi Account Bypass MIUI 9.2 အထက်ကနေ MIUI 10.2 အထိ ဒီနည်းနဲ့ အဆင်ပြေပါတယ်... Bypass ဖြစ်တဲ့အတ...
30/08/2020

Xiaomi (MI Account Bypass) 03

Mi Account Bypass
MIUI 9.2 အထက်ကနေ MIUI 10.2 အထိ ဒီနည်းနဲ့ အဆင်ပြေပါတယ်... Bypass ဖြစ်တဲ့အတွက် System Update, Mi account Log in/out, Factory Reset စတာတွေ မရပါ...
Mi Account ကျနေတဲ့ အလုံးအတွက် MIUI 10.2 အောက် Firmware ရှိထားရပါမယ်... ဖုန်းက MIUI 10.2 အောက် ဖြစ်နေပြီးသားဆိုရင် 9008 ကနေ persist ကို Flash လိုက်ရုံနဲ့ ယာယီအကောင့်ကျော်ပြီးသားဖြစ်သွားပါမယ်.. ပြီးရင်တော့ ပေးထားတဲ့ Software လေးနဲ့ လုပ်လိုက်ပါ... Mi Account Bypass ဖြစ်သွားပါပြီ...
အခုပြပေးမှာက MIUI 10.2 အထက် မြင့်နေတဲ့အလုံးတွေ MIUI 10.2 ဆင်းရင်းနဲ့ တစ်ခါတည်း Mi Account Bypass လုပ်သွားမှာ ဖြစ်ပါတယ်...
Firmware ဖိုင်ကို ဖြည်ထားပါ... images အောက်ထဲက rawprogram0.xml ကို Notepad++ နဲ့ ဖွင့်ပါ... ပုံ(၁)အတိုင်းပေါ်လာရင် persist ဆိုတဲ့နေရာကို ရှာပါ... တွေ့ရင် Filename နောက်မှာ မျက်တောင်အဖွင့်အပိတ်ကြားထဲမှာ persist.img လို့ ရိုက်ထည့်ပါ... ပုံ(၂)အတိုင်းပါ... ပြီးရင် Save ပြီးထွက်ပါ... Mi Flash နဲ့ Firmware တင်လိုက်ပါ... ဒါဆိုရင် ကျွန်တော်တို့ MIUI 10.2 အောက်ဆင်းပြီး Mi Account ကို ယာယီ ကျော်ပြီးသားဖြစ်သွားပါပြီ... ဖုန်းပြန်တက်လာရင် Sim Card မထည့်ပါနဲ့... Wifi မချိတ်ပါနဲ့... Home Screen ထိ ရောက်အောင် သွားပါမယ်... ပြီးရင် USB Debugging On ပါ... ကွန်ပျူတာနဲ့ချိတ်ပြီး ပေးထားတဲ့ Software လေးနဲ့ adb bypass လုပ်လိုက်ပါ... ဒါဆိုရင် Mi account ကျော်တာ ရသွားပါပြီ... Factory Reset, System Update စတာတွေတော့ မရပါ...
ပေးထားတဲ့ Software နဲ့ မကျော်ပဲ adb command နဲ့ ကျော်ချင်ရင်လည်း ရပါတယ်... ရိုက်ရမယ့် command ကတော့...
adb devices
adb shell "am set-debug-app -w com.xiaomi.finddevice"
adb shell "am set-debug-app -w settings get --user"
adb shell "am set-debug-app -w --persistent com.xiaomi.finddevice"
adb shell "am set-debug-app -w settings get --user 0 global wait_for_debugger"
adb shell "am settings get --user 0 global wait-for-debugger"
adb reboot
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ... နောက်လာမယ့် Post မှာ Bootloader Unofficial Unlock လုပ်, EU Rom သွင်းပြီး Mi Account Bypass လုပ်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်...
Hunter Unlock Tool
http://www.mediafire.com/file/666dcmdfbauaxh4/Hunter+Unlock+Tool.rar/file
Xiaomi Firmware Download Link
http://mifirm.net/

Credit- Lashio IT

30/08/2020

Xiaomi (MI Account Bypass) 02

Mi Account Bypass နဲ့ ပတ်သက်တာလေး ထပ်ပြောပေးပါမယ်...
Bootloader Unlock မဖြစ်တဲ့ အလုံးတွေ ဥပမာ... Redmi Note 3, Redmi 3, 3s, 4, 4x အထက်ပေါ့... ဒီအလုံးတွေကို Mi Account Disable Firmware Maker ဆိုတဲ့ Bat File တစ်ခုနဲ့ Mi Account Bypass ကျော်လို့ရပါတယ်... ဒီလိုကျော်ဖို့အတွက် မိမိမှာ MIUI 9.2 အောက် Firmware ရှိထားဖို့လိုပါတယ်... ဒီနည်းနဲ့ဆိုရင် Factory Reset ချလို့ရမယ်... System Update မရ... Mi account ဝင်/ထွက်မရပါ..
အရင်ဆုံး မိမိ ကျော်ချင်တဲ့ mi phone ရဲ့ Firmware ဖိုင်ကို ဖြည်ချထားပါ... ပေးထားတဲ့ လင့်ထဲက ဖိုင်ကို ဖြည်ချပြီး... sfk.exe နဲ့ run.bat ကို ဖြည်ချထားတဲ့ Firmware အောက်ထဲက images အောက်ထဲထိ သွားထည့်ထားပါ... ဆိုလိုတာက System.img ရှိတဲ့နေရာထိ သွားထည့်ထားရမှာပါ... ပြီးရင် run.bat ကို run လိုက်ပါ... သူ့ဘာသာသူ Firmware ထဲက System.img ကို ပြင်ဆင်ပေးသွားပါမယ်... ပြီးရင် 9008 QDloader mode ကနေ Firmware ရိုက်သလို ရိုက်ပေးလိုက်ရုံပါပဲ... ဒါဆိုရင် Mi Account Bypass လုပ်ပြီးသား ဖြစ်သွားပါမယ်... အထူးသတိပြရမှာက MIUI 9.2 အောက်ပဲ ရပါမယ်...
နောက်ထပ်တင်မဲ့ Post တွေမှာ MIUI 9.2 အထက်တွေကို ကျော်တဲ့နည်း တင်ပေးပါမယ်...
Xiaomi Disable Account Firmware Maker

Credit- Lashio IT

Xiaomi (MI Account Bypass)ဒီတစ်ခါတော့ Mi Account bypass နဲ့ ပတ်သက်ပြီး နည်းနည်းလေး ပြောပြချင်ပါတယ်...Bypass ဖြစ်တဲ့အတွက်...
30/08/2020

Xiaomi (MI Account Bypass)

ဒီတစ်ခါတော့ Mi Account bypass နဲ့ ပတ်သက်ပြီး နည်းနည်းလေး ပြောပြချင်ပါတယ်...
Bypass ဖြစ်တဲ့အတွက် Mi Account ပြန်ဝင်လို့မရဘူး... System Update လုပ်လို့မရဘူး... တစ်ချို့အလုံးတွေဆို... Factory Reset ပါ လုပ်လို့မရပါဘူး...
Mi Account ကျော်တဲ့ နည်းတွေကတော့ အများကြီး ရှိပါတယ်...အဲထဲမှာ Bootloader unlock နဲ့ Bootloader Unlock မဖြစ်သေးတဲ့ အလုံးတွေ ဆိုပြီး ရှိပါတယ်... Bootloader Unlock အလုံးတွေကတော့ Redmi 1, 1s, 2, 2A, Note 1, Note 1S, Note 2 စသဖြင့်ပေါ့... ဥပမာ... Redmi Note 1s mi account ကျနေတာကို ကျော်ချင်တယ်ဆိုပါစို့... ဖုန်းကို fastboot mode ဝင်ပါ... command prompt ခေါ်ပါ... fastboot devices နဲ့ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ခြင်းရှိမရှိ စစ်ပါမယ်...ချိတ်ဆက်ပြီဆိုရင် mi account ဖြုတ်ဖို့အတွက် fastboot erase persist နဲ့ fastboot erase config ဆိုပြီး ရိုက်လိုက်တာနဲ့ mi account ဖြုတ်ပြီးသားဖြစ်သွားပါပြီ... ပြီးတာနဲ့ fastboot reboot နဲ့ ပြန်ပြီး ဖုန်းကို reboot ချပါ... ပြန်တက်လာရင် mi account ကအစ ပြန်သုံးလို့ရပါတယ်... တစ်ချို့အလုံးတွေမှာ wifi, bluetooth ဖွင့်မရတဲ့ error ရှိခဲ့ရင် Firmware ဖိုင်ထဲက persist ကို ပြန် flash ပေးရပါမယ်... persist ရှိတဲ့ folder အောက်မှာ command prompt ခေါ်ပါ... ဖုန်းကို fastboot mode ပြန်ဝင်ပါ... fastboot flash persist persist.img လို့ ရိုက်လိုက်ပါ... ဒါဆိုရင် wifi, bluetooth ဖွင့်မရတဲ့ error ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်...
ဒီလို မလုပ်ချင်ရင်လည်း အောက်မှာ ဆရာသန်းတိုးအောင် တင်ပေးထားတဲ့ Mi account remove လုပ်တဲ့ Software လေး တစ်ခု တင်ပေးထားပါတယ်... အဲဒါကလည်း Bootloader Unlock ဖြစ်ပြီးသားအလုံးတွေအတွက်ပါ...
ဆက်လက်ဖော်ပြပါမယ်...
Bootloader Unlocked Mi Account Remove File Credit: ဆရာ သန်းတိုးအောင် (TTA)
https://www.mediafire.com/file/il4ntpn9zvv8uxb/Bootloader+Unlocked+Mi+Account+Remove.rar/file

Credit- Lashio IT

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

iCloud Remove /Bypassဒီတစ်ခါကတော့ ကျွန်တော်တို့ဆီမှာ လာမေးနေတဲ့ iphone တွေ icloud bypass ကျော်တာနဲ့ official remove လုပ်...
30/08/2020

iCloud Remove /Bypass

ဒီတစ်ခါကတော့ ကျွန်တော်တို့ဆီမှာ လာမေးနေတဲ့ iphone တွေ icloud bypass ကျော်တာနဲ့ official remove လုပ်တဲ့အကြောင်းလေး နည်းနည်း ရှင်းပြချင်ပါတယ်...
ios 12.4.8 တွေ icloud တောင်းနေပြီဆိုရင် ပုံ(၁)ကို ကြည့်ပါ... icloud bypass ပဲ ရပါမယ်... tethered bypass ဖြစ်တဲ့အတွက် ပါဝါအဖွင့်အပိတ်... ဘက်ထရီအားလုံးဝ ကုန်တဲ့အထိ သုံးတာ... System Update လုပ်တာ... icloud ဝင်တာ... ဒါတွေ မရပါ... ပါဝါအဖွင့်အပိတ် ရအောင်တော့ လုပ်ပေးပေမယ့်... ဘက်ထရီအားလုံးဝ ကုန်တဲ့အထိ သုံးလိုက်ရင် apple logo မှာပဲ လည်နေပါမယ်... ပြီးရင် sim card သုံးမရပါ... ဒါက normal bypass ပါ...
ios 12.4.8 တွေ icloud ရှိတယ်... Screen lock မရှိဘူး (or) lock ပုံ(၂) (or) disable ပုံ(၃) အနေအထားဆိုရင် sim bypass လုပ်လို့ရပါတယ်...(Network lock ရှိတဲ့အလုံးတွေ မဆိုလိုပါ)... sim bypass လုပ်ခြင်းအားဖြင့် sim card သုံးလို့ရမယ်.. Untethered bypass ဖြစ်တဲ့အတွက် ပါဝါအဖွင့်အပိတ်... ဘက်ထရီအားလုံးဝကုန်သွားလည်း apple logo လည်ခြင်းမရှိပါ... system update လုပ်လို့မရပါ... icloud ဝင်လို့မရပါ... ဒါက simbypass ပါ...
ios 13.6 တွေ icloud တောင်းနေပြီဆိုရင် icloud bypass ရပါမယ်... normal bypass ပေါ့... အကယ်၍ ဒီလို အလုံးတွေကို sim bypass လုပ်ချင်ရင်လည်း ရပါတယ်... MEID မပါတဲ့ အလုံးတွေဆို ရပါတယ်...
ios 13.6 တွေ icloud ရှိတယ်... Screen lock မရှိဘူး (or) lock (or) disable အနေအထားဆိုရင် sim bypass လည်း လုပ်လို့ရသလို... official remove လည်း ရပါတယ်... official remove ဆိုတာက icloud လုံးဝ off သွားတဲ့အနေအထားပါ... system update လုပ်တာ... icloud ပြန်ဝင်တာ အကုန်လုပ်လို့ရပါတယ်... ဒါပေမယ့် ရတဲအလုံးလည်း ရှိသလို... မရတဲ့ အလုံးလည်း ရှိပါတယ်... အလုံးတိုင်း ရမယ်လို့ မဆိုလိုပါ...
ဒီလောက်ဆို သဘောပေါက်မယ် ထင်ပါတယ်...

Credit- Lashio IT

ADB Command Part (9)  command (part 9)xiaomi phone တွေ lock ဖျက်ချင်တာ... recovery mode မှာ ဝင်တော့လည်း ကွန်ပျူတာနဲ့ ချိ...
30/08/2020

ADB Command Part (9)

command (part 9)
xiaomi phone တွေ lock ဖျက်ချင်တာ... recovery mode မှာ ဝင်တော့လည်း ကွန်ပျူတာနဲ့ ချိတ်ခိုင်းတဲ့ ပုံပဲ ပေါ်နေရင်... ပေးထားတဲ့ Software လေးနဲ့ ဖြုတ်လို့ရပါတယ်... adb command နဲ့ ဖြုတ်ချင်ရင်လည်း adb command မိတ်ဆက်တဲ့အချိန်တုန်းက ကျွန်တော်ပေးထားတဲ့ adb+fastboot.exe ကို install လုပ်ထားရင် ရိုက်ရမယ့် command က adb4 devices လို့ ရိုက်ပြီး computer နဲ့ ဖုန်း ချိတ်ထားခြင်းရှိမရှိ စစ်ပါမယ်... ချိတ်ဆက်မိရင် adb4 format-data လို့ရိုက်ပြီး enter ခေါက်လိုက်ရင် ဖုန်း screen မှာ format ရိုက်နေတဲ့ အတန်းလေး ပြေးနေပါမယ်.. အဲဒါပြီးသွားရင် adb4 reboot လို့ ရိုက်ပြီး ဖုန်းကို reboot ချပါ... ပြန်တက်လာရင် lock ပြုတ်နေပါပြီ..
ဒီနေ့မှာတော့ fastboot command နဲ့ ပတ်သက်တာလေးတွေ ဖော်ပြပါမယ်...
fastboot mode ဝင်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ပြီး Vol down + Power တွဲဖိထားရင် fastboot mode ရောက်ပါမယ်..
ကွန်ပျူတာနဲ့ ချိတ်ဆက်ခြင်းရှိမရှိ စစ်ဖို့အတွက်... fastboot devices ပါ
xiaomi တွေ model သိချင်ရင်... fastboot getvar all (or) fastboot getvar product ပါ... ပုံ(၂-၁)နဲ့ ပုံ(၂-၂)ပါအတိုင်း ပေါ်လာရင် product ဆိုတဲ့နေရာမှာ ကြည့်ပြီး model ခွဲခြားနိုင်ပါတယ်...
Huawei တွေ model သိချင်ရင်.. fastboot oem get-product-model (or) fastboot oem get-build-number နဲ့ စစ်လို့ရပါတယ်... ပုံ(၃)ပါအတိုင်းပါ...
vivo တွေ model သိချင်ရင်... fastboot oem device-name (or) fastboot oem product-model (or) fastboot -i 0x1949 getvar product ပါ.. ပုံ(၄)အတိုင်းပါ...
Oppo ဖုန်းတွေ model သိချင်ရင် lock ကျနေတဲ့ အနေအထားမှာ emergency call ကိုရွေးပါ.. ဖုန်းခေါ်တဲ့နေရာပေါ်လာရင် * #899 # ကို ခေါ်လိုက်ရင် ပုံ(၅-၂)အတိုင်း တွေ့ရပါမယ်... Software version ကို ထပ်ရွေးပါ... တရုတ်စာနဲ့ ဖြစ်နေခဲ့ရင် imei ပါတဲ့နေရာရဲ့ အပေါ်တစ်ကွက်ပါ... ထပ်ပေါ်လာတဲ့အထဲမှာ model ဆိုတဲ့နေရာမှာ ကြည့်ပြီး သိနိုင်ပါတယ်... ပုံ(၅-၃)အတိုင်းပါ...
ဆက်လက်ဖော်ပြပါမယ်...
Model Check by fastboot mode
https://www.mediafire.com/file/g9xava0c8vx8crj/Check+Model+Xiaomi+-+Vivo+-+Huawei.rar/file
Xiaomi Factory Reset
https://www.mediafire.com/file/z9vd4x43e9wh6is/Mi+Factory+Reset.exe/file

Credit- Lashio IT

30/08/2020

ADB Command Part (8)

command (part 8)
ဒီတစ်ခေါက်တော့ command အားလုံးကို စုပြီး ဖော်ပြပေးလိုက်ပါတယ်... ဒီ command တွေကို myanmarmobileapp site ကနေ ကူးယူ ဖော်ပြထားတာပါ... mmas ဆိုတာကတော့ ကျွန်တော်တို့ mobile လောကထဲ စဝင်ကာစမှာ အရင်ဆုံးလေ့လာခဲ့ရတဲ့ site တစ်ခုပေါ့... နောက်ထပ်တော့ ဆရာဖြိုးချမ်း(Regeneration Mobile) တည်ထောင်ခဲ့တဲ့ myanmarmobilesoftwaredeveloper ဆိုတဲ့ mmsd ကိုလည်း ဝင်လေ့လာခဲ့ရပါတယ်... mm-mpxteam.net
တို့စသဖြင့်ပေါ့.. ကျွန်တော်တို့အတွက် လေ့လာခဲ့ရတဲ့ site လေးတွေပါ... အရင်ခေတ်တုန်းက အခုလိုမျိုး paid group ဆိုတာတွေ မရှိဘူးဗျ... အကုန်လုံးက ကိုယ်သိထား တတ်ထားတဲ့ ပညာတွေကို free ရှယ်ပေးတဲ့ ဆရာတွေကြီးပဲ... တစ်ချို့သော mobile လောကသားတွေက စည်းမရှိတော့ အခုခေတ်မှာ paid group တွေ ထွက်လာတယ်ထင်ပါတယ်... ဘယ်သူ့ကိုမှ အပြစ်ပြောခြင်းမဟုတ်ပါ...
Andriod shell command များ
cd = change directory
ls -l =list with details
rm =remove
rm -r=remove directory
mv =move/rename
cat =open text document(or)copy
dd =copy
su =superuser request
reboot =reboot
chmod =change mode(permission)
wipe data =wipe data factory reset
အသုံးချ ADB Commands များ
**********************************
adb devices
adb kill-server
adb push
adb push -p “D\wai la\.” /storage/sdcard0/Music/
adb pull
adb pull -p /sysetm/app/. “C:\Users\MgThu\Desktop\app\.”
adb install
adb install -r
adb install -s (On Sdcard)
adb uninstall
adb shell pm list packages
adb uninstall com.facebook.katana
adb reboot
adb reboot bootloader
adb reboot recovery
adb reboot download
adb backup
adb backup -apk -obb -shared -all -system
adb restore
adb logcat (Show error log)
adb logcat > “c:\Users\MgThu\Desktop\logcat.txt”
adb help
adb get-state (ချိတ်ဆက်ထားသော အခြေအနေကြည့်ရန်)
adb get-serialno
ADB Shell
********
adb shell pm (Permission Manager)
adb shell pm list packages
adb shell pm list packages -f (app နာမည်နဲ့ package တွေကို ယှဥ်တွဲကြည့်ရှုဖို့အတွက် )
adb shell pm list packages -d (disable ပြုလုပ်ထားတဲ့ package တွေကို ကြည့်ရန်)
adb shell pm list packages -e (enable ပြုလုပ်ထားတဲ့ package တွေကို ကြည့်ရန်)
adb shell pm list packages -s ( System packages တွေပဲကြည့်ရန်)
adb shell pm list packages -3 (third party packages တွေပဲကြည့်ရန်)
adb shell pm install
adb shell pm uninstall
adb shell pm install -r
adb shell pm install -t (စမ်းသပ်အသုံးပြုဖို့)
adb shell pm uninstall -k (Data ချန်ပြီး ဖျက်ဖို့)
adb shell pm clear (Data clear လုပ်ဖို့)
adb shell pm disable (အသုံးမလိုတဲ့ app တွေ disable လုပ်ဖို့)
adb shell am start -n (Install လုပ်ထားတဲ့ apk ဖိုင်တွေကို Command လှမ်းဖွင့်ရန်)
adb shell am start -n com.android.settings/.Settings (ဥပမာ- Setting လှမ်းဖွင့်တာ)
adb shell ps (Run နေတဲ့ Process တွေကို ကြည့်တာ)
adb shell date (ဖုန်းထဲက အချိန်နာရီ ကြည့်ရန်)
adb shell netcfg (IP address တွေကို ကြည့်ရန်)
adb shell df (Storage အခြေအနေနဲ့ လမ်းကြောင်းကြည့်ရန်)
adb shell uptime (အသုံးပြုထားသော အချိန်နဲ့ sleep ထားသော အချိန်ကြည့်ရန်)
adb shell getprop (system ထဲက build.prop ကို ကြည့်ရန်)
adb shell getprop ro.build.version.release (Android ဗားရှင်းကြည့်ရန်)
adb shell dumpsys (System ကို Dump လုပ်ရန်)
adb shell dumpsys iphonesubinfo (ဥပမာ- Prefered Network နဲ့ IMEI နံပါတ်တို့ကို ကြည့်ရန်)
adb shell dumpsys SurfaceFlinger (ဖုန်းရဲ့ Screen Layer နဲ့ဆိုင်တဲ့ System Dump အချက်အလက်တွေကို ကြည့်ရန်)
adb shell dumpsys batteryinfo
adb shell dumpsys cpuinfo
adb shell dumpstate>”C:\Users\MgThu\Desktop\dumpstate.txt” (ဖုန်းရဲ့ Information State တွေ အားလုံးကို txt ဖိုင်နဲ့ကြည့်ရန်)
adb shell input keyevent 24 (ဖုန်းအသံမြှင့်ရန် Vol + နှင့်အတူတူပင်)
adb shell input keyevent 25 (ဖုန်းအသံတိုးရန် Vol – နှင့်အတူတူပင်)
adb shell input keyevent 82 (ဖုန်း lock screen ကို ဖွင့်ရန် pattern တို့၊ Pin တို့၊ Password တို့ ခံထားမယ်ဆိုရင် မရပါ)
adb shell su -c “svc wifi enable” (wifi ဖွင့်ရန် Root ရှိရန်လို)
adb shell su -c “svc wifi disable” (wifi ပိတ်ရန် Root ရှိရန်လို)
adb shell su -c “svc data enable” (Mobile data ဖွင့်ရန် Root ရှိရန်လို)
adb shell su -c “svc data disable” (Mobile data ပိတ်ရန် Root ရှိရန်လို)
adb shell screencap /storage/sdcard0/capture.png (ဖုန်းမျက်နှာပြင်ကို Screenshot ဖမ်းပြီး SD ကဒ်ထဲ သိမ်းတာပါ)
adb shell screenrecord /storage/sdcard0/capture.mp4 (ဖုန်းမျက်နှာပြင်ကို Screenrecord ဖမ်းပြီး SD ကဒ်ထဲ သိမ်းတာပါ)
adb shell reboot
adb shell reboot bootloader
adb shell reboot recovery
adb shell reboot download
adb shell shutdown
ဒီလောက်ဆိုရင်တော့ နားလည်သဘောပေါက်မယ်ထင်ပါတယ်... နောက်ရက်များမှာ fastboot command နဲ့ ပတ်သက်တာ ဆက်လက်ဖော်ပြပါမယ်...
Credit: mmas (myanmarmobileapp)

Credit - Lashio IT

30/08/2020

ADB Command Part (7)

command (part 7)
ကျွန်တော်တို့ adb shell ထဲဝင်ပြီး command တွေ သုံးနေတာက ဖုန်းရဲ့ system အောက်ထဲက bin ဆိုတဲ့ အောက်မှာရှိတဲ့ file တွေကို ယူသုံးနေတာပါ... အဲဒီ bin အောက်ထဲမှာ လေ့လာစရာ command တွေ အများကြီး ရှိပါတယ်...
ဥပမာ... ဖုန်းမှာ လက်ရှိပေါ်နေတဲ့ screen ကို ဓာတ်ပုံဖိုင်အဖြစ် screen shot ယူမယ်ဆိုပါစို့... adb shell နဲ့ ဖုန်းအတွင်းထဲ ဝင်ထားပါ... screencap /storage/emulated/0/screenshot.png လို့ ရိုက်ပြီး enter ခေါက်လိုက်ရင် ဖုန်းရဲ့ storage အောက်မှာ screenshot ဆိုတဲ့ နာမည်နဲ့ png ဖိုင်လေး ရောက်နေတာ တွေ့ပါမယ်...
အဲလိုပဲ... Screen Video Record ဖမ်းချင်တယ်ဆိုရင်လည်း သုံးရမယ့် command က screenrecord /storage/emulated/0/screencapture.mp4 ပါ... ဒါဆိုရင် ဖုန်း Storage အောက်မှာ screencapture နာမည်နဲ့ mp4 လေး ရောက်နေတာ တွေ့ပါမယ်...
ဖုန်းရဲ့ cpu (ဥပမာ... MTK, Qualcomm, Hisilicon, Spreadtrum စသဖြင့်) ကို သိချင်တယ်ဆိုရင် သုံးရမယ့် command က cat /proc/cpuinfo ပါ... list လေးတွေကျလာရင် hardware ဆိုတဲ့နေရာကို ကြည့်ပါ...
MT6### လို့ပြရင် MTK (Mediatek)
MSM လို့ ပြရင် Qualcomm
SP,SC လို့ပြရင် Spreadtrum
Hi,K3v2 လို့ပြရင် Hisilicon လို့ ခွဲခြားနိုင်ပါတယ်...
ဆက်လက်ဖော်ပြပါမယ်...

Credit- Lashio IT

Address

No. 125 Block 10, စွန်းလွန်းလမ်း
Lashio
06301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959259041806

Website

Alerts

Be the first to know and let us send you an email when FUTURE-MobilePhone&ComputerServices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FUTURE-MobilePhone&ComputerServices:

Share