Auto Home

Auto Home �မင်္ဂလာပါ�
Auto Home မှ ကြိုဆိုပါသည်
အော်တိုစနစ် အိမ်သုံးပစ္စည်းများရောင်းဝယ်ရေး

ဖုန်းခေါ်ရင် အားရဲ့လား စကားပြောလို့ရရဲ့လား မေး... ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး...သူများအခန်းထဲဝင်လာမယ်ဆိုရင် ခ...
02/07/2024

ဖုန်းခေါ်ရင် အားရဲ့လား
စကားပြောလို့ရရဲ့လား မေး...
ဖုန်းချခါနီး ဖုန်းချတော့မယ်လို့ အသိပေး...
သူများအခန်းထဲဝင်လာမယ်ဆိုရင်
ခွင့်တောင်းပြီးမှဝင် ...
သီချင်းနားထောင်ရင်
ကိုယ်တစ်ယောက်ထဲကြားလောက်ရုံပဲ
နားထောင် ... Earphone သုံး ...
တစ်ဖက်လူစကားပြောနေရင်
ဆုံးတဲ့ထိ အရင် နားထောင်ပြီးမှ
ကိုယ်ပြောချင်တာကို စပြော ...
Library လိုနေရာမျိုးမှာ
ဘာကိစ္စပဲရှိရှိ တိတ်တိတ်ဆိတ်နေ ...
ကျေးဇူးတင်စရာရှိရင်
မတုံ့မဆိုင်း ချက်ချင်းတင် ...
အမှားလုပ်ထားရင်
ချက်ချင်း ပြန်တောင်းပန် ...
ရုပ်ရှင်ရုံမှာ ခြေထောက်ကို ငြိမ်ငြိမ်ထား ...
ရှေ့ခုံကို မကန်နဲ့ ...
ခုံတန်းရှည်မှာ
ဘေးလူနဲ့ထိုင်ရင် ဒူးမလှုပ်နဲ့ ...
လူကြားထဲ
စတိုင်ကျသလိုလိုနှင့်
ဆေးလိပ်တွေ ထထမဖွာနှင့်
second smoker တွေဘဝကို
ကိုယ်ချင်းစာပါ...
ကိုယ်မလုပ်ပဲရောဂါခံရအောင်...
ဖြစ်သင့်မဖြစ်သင့်တွေး..
စားသောက်နေတဲ့လူတွေရှိတဲ့
ဆိုင်မှန်သမျှ တဝေါ့ ဝေါ့ တထွီထွီ
သလိပ်မဟပ်နှင့်...နှပ်မညှစ်နှင့်...
နီတိထဲမှာ ဒါတွေပါတယ်..
ဒင်းတို့က ခေတ်နဲ့အညီ
အထာလည်း ကျချင်သေးတယ် ...
ယဉ်ကျေးမှုက တစ်စက်မှ မရှိ ...
အထာကျတယ်ဆိုတာ
သူများကို စိတ်အနှောက်အယှက်မပေးပဲ
နေထိုင်တတ်တာကို ခေါ်တယ် ...
ဗရမ်းဗတာ နေထိုင်ရင်
ဗရမ်းဗတာ ဘဝပဲရမယ် ...
သင် ပြုမူနေသမျှ အပြုအမူအားလုံးဟာ
သင့်ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းပဲ ...။

မူးရင်းရေးစားသူအား လေးစားစွာဖြင့်

Admin - Theint

.      မတန်လို့•••••••••••    " မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"   သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင...
30/05/2024

.
မတန်လို့
•••••••••••

" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ
စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။

မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့
နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ
မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော်
ရအောင်ယူပေးပါ။ "

ဪနှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..
"ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ
ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်
မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..
အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်
အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး
နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့
ဟန်ဆောင်ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ
ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင်
ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး
အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့
စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..
ဆိုပြီးခိုင်းတယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ်
အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက်
မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက
သင်္ကန်းကိုချွတ်လိုက်တော့
အောက်ကလူဝတ်ကိုလည်းမြင်ကော
" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့
ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့်
မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့
ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား လို့
လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့
မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ
လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး
ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။

#𝘾𝙧𝙚𝙙𝙞𝙩
#𝑠𝑎𝑖𝑝𝑜𝑛𝑒𝑙𝑜𝑎𝑛𝑤𝑛

မင်းလိုချင်တဲ့   အရာထက်     လိုအပ်တဲ့အရာကိုပဲအရင်   လုပ်သင့်တယ် ခဏတာကို  မကြည့်နဲ့     တစ်ဘ၀စာကို   ကြည့်တတ်ပါစေ တစ်ချို...
29/05/2024

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...

မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ

ထီးမပါတဲ့ ကလေးဟာ
မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျား ကောင်းဟာ
မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းချုပ်တိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

🥴🥴🥴
19/06/2023

🥴🥴🥴

15/06/2023

ကားစျေးတွေက လှုပ်လှုပ် လှုပ်လှုပ်နဲ့ကြားလို့
ဒီနေ့သွားစုံစမ်းတာ
စျေးက၂ မျိုးဖြစ်နေတယ်
ဓာတ်ခဲပါရင်တမျိုး
ဓာတ်ခဲမပါရင်တမျိုးတဲ့🥴

Credit

အခုခေတ် ♠️ တက်တူးထိုးထားတဲ့သူက      အိုက်တတ်လာတယ်.♠️ iPhone သုံးတဲ့သူတွေက      အိတ်ကပ်မရှိတော့ဘူး.♠️ စျေးကြီးနာရီပတ်ထားရ...
14/06/2023

အခုခေတ်

♠️ တက်တူးထိုးထားတဲ့သူက
အိုက်တတ်လာတယ်.
♠️ iPhone သုံးတဲ့သူတွေက
အိတ်ကပ်မရှိတော့ဘူး.
♠️ စျေးကြီးနာရီပတ်ထားရင်
ခြေထောက်ခဏခဏဖုန်ခါတယ်.
♠️ ရွှေသွားတပ်ထားရင်
စကားပြောများလာကြတယ်.။

အခုခေတ်မှာ လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.

လက်ထပ်ထားတယ့် သူတွေက
လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်.
♠️
တိရစ္ဆာန်တွေက လူတွေလို အကျီင်္င်္ဝတ်လာတယ်.
လူတွေက တိရစ္ဆာန်တွေလို
အသားတွေပေါ်လာကြတယ်.
♠️
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်
(နွားအို မြက်နုကြိုက်)

မိန်းကလေးက ယောက်ျားလေးလို
မိုက်ရဲလာကြတယ်.
ယောက်ျားလေးက မိန်းကလေးလို
ခြောက်လာကြတယ်
♠️
ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်

သူဌေးသားက အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်
♠️
တိတ်တိတ်ပုန်းက မယားကြီးထက်
ပိုချစ်ပြလာကြတယ်

မယားကြီးက စွန့်ပစ်ခံရမှာကြောက်လို့
အချိန်ပြည့် စိုးထိတ်နေကြရတယ်
♠️
သူဌေးတွေက မမြတ်ဘူးလို့ညဉ်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်

လခစားတွေက လစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်.
♠️
တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့
သ်ိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့
အချိန်က အတူတူပါပဲ
♠️
ငါးရာတန်ဆေးလိပ်နဲ့ငါးသိန်းတန်ဆေးလိပ်
ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
♠️
ပေသုံးဆယ်ပတ်လည်အိမ်နဲ့
ပေသုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ
♠️
ရိုးရိုးတန်းမှစီးတာနဲ့BUSSINESS Class မှာ
စီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
♠️
တစ်နေ့သင်လည်း နားလည်လာလိမ့်မယ်
ငါတို့တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား
ဒါမှမဟုတ်
ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား
♠️
လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့
စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ
ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်လာပါလိမ့်မယ်

✏️အရမ်းကောင်းလွန်းလို့ဖတ်စေချင်ပါတယ် ညီမလေးတို့ ✏️ ရွာတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ် ။သူ့မှာ သိပ်လှတဲ့မြေးမလ...
13/06/2023

✏️အရမ်းကောင်းလွန်းလို့ဖတ်စေချင်ပါတယ် ညီမလေးတို့ ✏️

ရွာတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ် ။သူ့မှာ သိပ်လှတဲ့မြေးမလေးတစ်ယောက်ရှိတယ် ။

အဘုိးအိုးဟာ သိပ်ကျွမ်းကျင်၊သိပ်တော်၊သိပ်ထက်မြတ်လွန်းလှတဲ့ မျက်လှည့်ပညာကိုပိုင်ဆိုင်ထားတယ် ။အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးဝမ်းပြုခဲ့တယ် ။

သူ့မြေးမလေးကိုလည်း အဲ့ဒီပညာသင်ပေးထားတယ် ။တစ်နေ့တော့ လူစီကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့ ။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ၊ကြိုးကနေ ေမွဖြစ်သွားတာတွေစတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။

အားလုံးပြီးသွားရင်လည်း ပရိတ်သတ်ပေးတဲ့ငွေကိုပဲ ယူတယ် ။အခုပြတဲ့ပွဲမှာ အဘုိးအိုက ထူးဆန်းတဲ့စကားတစ်ခွန်း ပြောတယ် ။မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်းခိုးစွမ်းအားတွေမရှိပါဘူး ။

လိမ်တာလည်း မဟုတ်ပါဘူး ။မျက်လှည့်ပညာမှာလျို့ဝှက်ချက်တွေ ရှိပါတယ် ။အဲ့ဒီလျို့ဝှက်ချက်တွေ မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာပါ ။

လျို့ဝှက်ချက်တွေ ပြောပြတော့မယ်ဆိုတော့ ပရိတ်သတ်တွေဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ် ။

ကြုိးကနေ မြွေဘယ်လိုဖြစ်သွားသလဲ ၊ပန်းကနေ ဘယ်လို ငွေစက္ကူဖြစ်သွားသလဲ စသည်ဖြစ်ပေါ့....။

ခဏကြာတော့ အဘုိးအိုက လျို့ဝှက်ချက်တွေ အကုန်ရှင်းပြခဲ့တယ် ။ပရိတ်သတ်တွေလည်း ပြောတုန်းခဏတော့ စိတ်ဝင်စားကြတာပေါ့ ။

သိလည်းသွားရော အော်ဒီလိုလုပ်တာလား ဒါလေးများဆိုပြီးဟုဆိုပြီ မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့ ။

နောက်တစ်နေ့မြေးလေးကို ခေါ်ပြီးမျက်လှည့်သွားပြတာပေါ့ ။ပရိတ်သတ်တစ်ယောက်မှ မလာကြတော့ဘူး ။

မြေးလေးရေ ပရိတ်သတ်တစ်ယောက်မှမလာကြပါလား? ဘာကြောင့်လည်း? မြေးလေးကပြန်ပြောတယ် အဘုိးက မနေ့ကပွဲမှာ လျို့ဝှက်ချက်တွေ အကုန်ပြောလိုက်တာကိုး ဘယ်သူစိတ်ဝင်စားမလဲ ။

"အေးဟုတ်တယ် မြေးလေး"
အဘုိးတစ်သက်လုံး အသက်မွေးဝမ်းကြောင်းပြုပြီး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့လျို့ဝှက်ချက်လည်းပြလိုက်ရော ဘယ်သူမှ စိတ်မဝင်စားတော့ဘူး ။တန်ဖိုးလည်း မရှိတော့ဘူး ။

မြေးလေးမှတ်ထားပါ လျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ကိုယ်ခန္ဓာအလှကိုလည်း ဘယ်သူမှ မပြရဘူးကွဲ့ ။

ဒူးဖော် ၊ပေါင်ဖော် ၊ရင်သားတွေပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိဖြစ်သွားလိမ့်မယ် ။

ပြတုန်းခနပဲ သူတို့တန်ဖိုးထားကြတာ ။ဒါကြောင့် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ပါ ။အဘိုးအိုဟာ သူ့ပညာနဲ့ရင်ပြီးတော့ မြေးလေးကိုဆုံးမခဲ့တယ် ။

ညီမငယ်လေးတွေလည်း အဘိုးအိုရဲ့ဆုံးမစကားကို နာလည်းနိုင်ကြပါစေ ။

#ခွန်အားဖြစ်စေသောစာများ

10/06/2023

မကြည့်လိုက်ရဘူး ခညားးးးးး😁

07/06/2023

စိတ်ထားကောင်းလိုက်တာ

23/05/2023

ဖတ်ကြည့်နော် သိပ်ကောင်းတယ်
ဘဝနေထိုင်နည်း
==========

( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ ချည်းပါပဲ

Crd

02/03/2023

🤣🤣🤣

Address

Lashio

Website

Alerts

Be the first to know and let us send you an email when Auto Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share