13/06/2024
FOUNDATION FLAILURE ဖြစ်ရခြင်း အကြောင်းတရား ၂ ချက်က ...
၁။ Foundation ကို ထမ်းထားတဲ့ မြေသားများ shear falure ဖြစ်သွားတာ။
၂။ အဆောက်အအုံအမျိုးအစား အလိုက် ခွင့်ပြုထားတဲ့ Settlement သို့မဟုတ် displacement ဒီဂရီအဆင့် ကျော်လွန်းသွားတာ။ ခွင့်ပြုတာထက် ပိုများတာ။
လုံခြုံစိတ်ချရတဲ့ ကောင်းမွန်တဲ့ Foundation ဖြစ်ဖြစ်ဖို့ အဓိက အချက်နှစ်ချက်ကလည်း အပေါ်က နှစ်ခုကို ပြောင်းပြန်လှန်ရတာပါပဲ
၁။ သူ့ကိုထမ်းထားတဲ့ မြေသားများရဲ့ shear failure ဖြစ်ခြင်းကို တောင့်တင်းခံနိုင်ရမယ်။
၂။ Settlement သို့မဟုတ် displacement ဖြစ်မှု ပမာဏများပြီး ပျက်စီးမသွားအောင် တောင့်ခံနိုင်ရမယ်။
FOUNDATION SOIL များ shear ဖြစ်နိုင်မှု ယူဆချက် သုံးမျိုး။
၁။ General Shear Failure - Dense Sand သို့ မဟုတ် compact soil တွေမှာ တည်တဲ့ foundation များမှာ foundation အပေါ် သက်ရောက်တဲ့ ၀န်အားမြင့်တက်မှုကြောင့် settlement ဖြစ်ပြီး မြေကြီးကနေ သူထမ်းထားနိုင်တဲ့ ပမဏ၀န်အားကျော်လွန်တဲ့အခါမှာ ဖောင်ဒီရှင်းအောက်ကနေ failure surface လမ်းကြောင်းက extend ဖြစ်ပြီး ground surface အထိရောက်သွားတဲ့ Shear failure ဖြစ်။
၂။ Local Shear Failure - Medium soil တွေမှာ အုတ်မြစ်ချတဲ့အခါမှာ foundation အပေါ် ၀န်အား တိုးပြီး သက်ရောက်သေတဲ့ အခါမှာ settlement ဖြစ်မှုလည်း မြင့်တက်လာမယ်။ သက်ရောက်တဲ့ ၀န်အားနဲ့ မြေကြီးရဲ့ ထမ်းအား ညီမျှသွားတဲ့အမှတ်မှာ moment of foundation ကို ဖြစ်တယ်။ ဒီယူဆချက်မှာ failure surface လမ်းကြောင်း က ground surface ဘက်သို့ extend မဖြစ်ပဲ foundation အောက်ဘက် outward ဘက်ကို ပြန့်ကားသွားတယ်။ အဲ့ဒီ failure surface လမ်းကြောင်းကို ground surface ဘက်ကို extend ဖြစ်ဖို့ အတွက်ဆိုရင် အပေါ်က moment of foundation ကို ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၀န်သက်ရောက်မှုအလိုက် settlement တိုးလာ စေတဲ့ load ကို first shear load လို့ခေါ်ပြီးတော့ q ရဲ့ peak value ကို type of failure ထဲမှာ ထည့်သွင်းစဉ်းစားခြင်း မပြုဘူးဆိုရင် အဲ့ဒါကို Local shear failure လို့ခေါ်။
၃။ Punching Shear Failure - lose soil တွေမှာ တည်တဲ့ foundation တွေမှာ တွေ့ရှိရ။ အပေါ်က အချက်နှစ်ချက်ကလို foundation ကို ထမ်းထားမြေကြီးတွေကနေ ထမ်းအားနဲ့ ထမ်းပြီး သူတို့ရဲ့ ခံနိုင်အားရှိသရွေ့အထိ တောင့်ခံတာ မဟုတ်ပဲ ဒီယူဆချက်မှာ မြေကြီးက လုံး၀မထမ်းနိုင်ပဲ footing က vertical နိမ့်ကျသွားတာကို punching shear failure ဟုခေါ်။
..အပေါ်က အားလုံးဟာ shallow foundation အပေါ် အခြေခံပါတယ်။ ယူဆချက်များက Tarzaghi(1943)နှင့် Vesic(1963) တို့ရဲ့ foundation equation များ ထွက်ပေါ်လာဖို့ အတွက် သူတို့ရဲ့ Concept တွေဖြစ်ပါတယ်။
ပုံ= ဗိယက်နမ်နိုင်ငံကဖြစ်ပါတယ်။
ထန်ပီး(NYRDDC,MDY)
TP-CONSTRUCTION