Beauty BLOOM

Beauty BLOOM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty BLOOM, Gift Shop, Lashio.

30/06/2020

အားလုံးပဲ မင်္ဂလာပါ…😍😍😍

ဟန်နီ အခု ပြောချင်တဲ့အကြောင်းကတော့ ပိုက်ဆံ မကုန်ဘဲ အိမ်မှာနေရင်း ပိုပြီး လှလာစေမယ့် နည်းလေးတွေ ဖြစ်ပါတယ်…. နည်းလမ်းလေးတွေကတော့ ရေခဲတုံးလေးတွေနဲ့ အိမ်မှာ ပေါ့ပေါ့ပါးပါး Ice Therapy လုပ်ပေးရမှာပါ… တချို့နည်းလေးတွေက ချက်ချင်းသိသာသလို တချို့နည်းလေးတွေကတော့ ဇွဲရှိရှိနဲ့ သေချာလုပ်ဖို့ လိုပါမယ်နော်...ကဲ ဒါဆို အိမ်မှာ ရေခဲလေးရှိရုံနဲ့ အလှအပအတွက် ဘယ်လိုတွေ အသုံးဝင်မလဲဆိုတာ ကြည့်လိုက်ရအောင်...

✨Glow & Radiant skin look ရစေတယ်

မျက်နှာလေးပေါ်ရေခဲတုံးလေးတွေ အသာအယာပွတ်ပေးခြင်းက ပထမဆုံး သွေးကြောလေးတွေကို ယာယီကျဉ်းစေပြီး မျက်နှာပေါ် သွေးအရောက်နှေးစေတယ်.. ရေခဲပွတ်ပြီးလို့ ပုံမှန် skin temperature ပြန်ရောက်တဲ့အခါ သွေးကြောလေးတွေ ပြန်ကျယ်လာပြီး မျက်နှာကို သွေးအရောက် ပိုများလာစေတဲ့အတွက် မျက်နှာပေါ်မှာ သွေးလည်ပတ်အား မျှတအောင် ထိန်းညှိုပေးသလို သွေးလည်ပတ်အား ကောင်းလေ အသားအရေလေး ပိုစိုပြေစေပြီး မျက်နှာကြည်ကြည်လေးနဲ့ Glow skin လေး ရစေမှာပါ..
ဒါကြောင့် ဟန်နီတို့ ကိုယ်သုံးမယ့် night cream, serum လေးတွေကိုလည်း skin ထဲ absorption ကောင်းကောင်း သွေးလည်ပတ်အားကောင်းကောင်းနဲ့ moisture lock ဖြစ်စေချင်ရင် skin care လေးတွေကို ရေခဲသေတ္တာထဲ သန့်သန့်ရှင်းရှင်းထားပြီး အေးအေးလေးသုံးပေးနိုင်ပါတယ်…

✨Make up primer အစား သုံးနိုင်တယ်

မိတ်ကပ်မလိမ်းခင် ရေခဲပွတ်ပေးတာကလည်း ချွေးပေါက်အတော်အသင့်ဖုံးပေးပြီး အဆီထွက်နှုန်းလျှော့ချပေးနိုင်လို့ flawless makeup look အသွင်နဲ့ မိတ်ကပ်ကို ပိုကြာကြာခံစေပါတယ်..

✨အရွယ်တင် နုပျိုစေတယ်

ရေခဲက အသားအရေတင်းရင်းမှုကို ထောက်ပံ့ပေးနိုင်တဲ့အတွက် မျက်နှာပေါ်မှာ အရေးအကြောင်းမဖြစ်အောင် အနည်းနဲ့အများ ကာကွယ်ပေးနိုင်သလို ရှိပြီးအရေးအကြောင်းတွေကိုလည်း အထိုက်အလျောက် လျော့ပါးသက်သာစေတယ်.. ဒါပေမယ့် မှန်မှန်လုပ်ပေးဖို့တော့ လိုပါလိမ့်မယ်နော်.. လည်ပင်းအရေးအကြောင်းပါ သက်သာချင်တယ်ဆိုရင်တော့ လည်ပင်းနေရာလေးကိုပါ သတိတရ ပွတ်ပေးဖို့ မမေ့ပါနဲ့နော်…

✨Skin Exfoliation effect ပေးတယ်

Milk ice cube လေးတွေနဲ့ skin exfoliate လုပ်ပေးနိုင်ပါတယ်...နွားနို့အပြင် သခွားသီး, သံပုရာသီး ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်...အားလုံးကို blender နဲ့ရောမွှေပြီး ရေခဲတုံးလေးတွေ ဖြစ်အောင် ခဲထားလိုက်ပါ… ပင်ပန်းနွမ်းနယ်လာတဲ့ရက်မျိုးမှာ ဒီရေခဲတုံးလေးတွေနဲ့ အလွယ်တကူပွတ်ပေးလိုက်တာက လန်းဆန်းစေတဲ့အပြင် နွားနို့မှာ lactic acid ပါဝင်လို့ dead skin cell တွေကို ဖယ်ရှားပြီး ဖြစ်သလို သခွားသီးက soothing effect ရစေပြီး သံပုရာသီးက brightening action ပေးလို့ မျက်နှာလေးကို နူးနူးညံ့ညံ့ ကြည်ကြည်လင်လင်လေးနဲ့ လှစေမှာပါ...

✨မျက်ဝန်း အလှအပအတွက် အထောက်အကူပေးတယ်

မျက်ဝန်းအလှအပအတွက် ရေခဲက မျက်ကွင်းညိုတာ သက်သာစေပြီး မျက်အိတ်ဖောင်းတာအတွက် အရမ်းထိရောက်ပါတယ်.. Green tea bag လေးတွေကို ရေနွေးစိမ်..ရလာတဲ့ green tea အရည်ကို ice cube tray ထဲထည့်ပြီး အအေးခံထားပါ...ဘယ်လိုလုပ်ရမလဲဆိုရင် ပထမဆုံး မျက်လုံးမှိတ်ထားပြီး ရေခဲတုံးကို မျက်လုံးတဝိုက် circular motion ရွှေ့ပေးပါ...တစ်ခါလုပ်ရင် ၂မိနစ်ထက်မပိုဘဲ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်… green tea မရှိခဲ့ရင် ရှားစောင်း၊ သခွားသီး၊ နွားနို့၊ အာလူးတို့ကိုလည်း အရည်ယူပြီး ရေခဲတုံးလေးတွေအနေနဲ့ အသုံးပြုနိုင်ပါတယ်..

✨အဆီပြန် ချွေးပေါက်ကျယ် ဝက်ခြံသမားတွေအတွက် သင့်တော်တယ်

ရေခဲဟာ ချွေးပေါက်လေးတွေကို ကျဉ်းစေတဲ့အတွက် ချွေးပေါက်ထဲ အဆီ နဲ့ အညစ်အကြေးတွေ ထပ်မပိတ်ဆို့အောင် အနည်းနဲ့အများ လုပ်ဆောင်ပေးပါတယ်...အဆီထွက်နှုန်း နည်းစေပါတယ်...အဆီ ထွက်တာ နည်းလေလေ အဆီဖုနဲ့ ဝက်ခြံဖု မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သလို ရေခဲက နီရဲရောင်ရမ်း နေတဲ့ ဝက်ခြံဖုတွေကိုပါ သက်သာစေပါတယ်.. နီရဲရောင်ရမ်းမှုကိုပဲ သက်သာစေတာဖြစ်တဲ့အတွက် ဆားဝက်ခြံတွေအပေါ် ထိရောက်မှုမရှိပါဘူး...သေချာဂရုစိုက်ရမှာက ဝက်ခြံဖြစ်နေတဲ့အသားအရေဟာ sensitive ဖြစ်လွန်းတဲ့အတွက် သန့်ရှင်းအောင် လုပ်ဖို့ရယ် အသာအယာလုပ်ပေးဖို့ရယ် သတိထားပေးပါနော်..

✨အရေပြားအပူလောင်တာ နေလောင်တာတွေ သက်သာစေတယ်

Heat rash နဲ့ Sunburn လို အရေပြားလောင်တဲ့ပြဿနာမျိုးမှာလည်း ရေခဲက အသားအရေနီမြန်းတာ ရောင်ရမ်းတာသက်သာစေလို့ အရမ်းအသုံးဝင်မှာပါ...ဒီနေရာမှာ ရှားစောင်းအရည်ကို ရေခဲခဲပြီး သုံးတာက ရေခဲသီးသန့်သုံးတာထက် ပိုထိရောက်ပါလိမ့်မယ်…

✨Lip allergy ဖြစ်တာအတွက် သုံးနိုင်တယ်

နှုတ်ခမ်းသား တစ်ခုခုနဲ့ ဓာတ်မတည့်လို့ ယောင်တာအတွက်လည်း ရေခဲ သုံးပေးနိုင်ပါတယ်...hydration အပြည့်အဝရတာကလည်း နှုတ်ခမ်းသား အမြန်သက်သာစေတဲ့အချက်တစ်ချက်ဖြစ်လို့ ရေများများသောက်ပေးဖို့တော့ ဟန်နီ အကြံပေးပါရစေ…

✨မျက်ခုံးမွှေးနှုတ်တဲ့အခါ အနာသက်သာစေတယ်

ဒီအချက်က ဘာမှမဟုတ်ပေမယ့် မျက်ခုံးမွှေးနှုတ်ရင် အရမ်းနာတတ်တဲ့ တချို့ညီမလေးတွေ တွေ့ဖူးလို့ မျက်ခုံးမွှေးနှုတ်တဲ့အခါ အနာသက်သာအောင် ရေခဲလေးကပ်ပြီးမှ လုပ်ရင် ပိုပြီး အနာသက်သာနိုင်ပါတယ်..

✨လက်သည်းနီ အခြောက်မြန်ဖို့ သုံးနိုင်တယ်

လက်သည်းနီိ ဆိုးပြီးတဲ့အခါ ၅မိနစ်လောက် အခြောက်ခံပြီး ဒီတိုင်းထသွားတာထက် ရေခဲရေဇလုံလေးထဲ ၃မိနစ်လောက် လက်သည်းစိမ်ပေးလိုက်တာက ဆိုးဆိုးပြီးချင်း ထိမိရင် ပျက်လွယ်တာမျိုး မဖြစ်တော့ပါဘူး.. ရေခဲရေ အလွယ်မရနိုင်လည်း ရိုးရိုးရေ သုံးကြည့်နိုင်ပါတယ်..

✨ဗိုက်အဆီကျစေတယ်

ဒါကတော့ လက်ခံဖို့ ခက်တယ်ဆိုပေမယ့် ဗိုက်အဆီချတဲ့နေရာမှာလည်း ရေခဲက အသုံးဝင်ပါတယ်… ဗိုက်အဆီနေရာကို ရေခဲအိတ်လေး ၁၅မိနစ်တင်...၃မိနစ်နား..ပြန်တင်...ဒီလိုနဲ့ ၁နာရီကြာ လုပ်ပေးပါ...ရေခဲကို green tea , coffee တို့နဲ့ လုပ်ပေးနိုင်ရင် အဆီလောင်ကျွမ်းနှုန်း လွယ်လွယ်ကူကူနဲ့ ပိုမြန်စေပါတယ်တဲ့...

———————————————————

အခု ဟန်နီ ပြောခဲ့တာတွေကတော့ ရေခဲရဲ့အသုံးဝင်ပုံလေးတွေပါ..

အကယ်လို့ ရေခဲတစ်မျိုးတည်း လုပ်ရတာ ငြီးငွေ့လာတာပဲဖြစ်ဖြစ် ပိုကောင်းတဲ့ Result ရချင်ရင်ပဲဖြစ်ဖြစ်... ဘယ်အသားအရေက ဘယ်လို remedies လေးနဲ့ ပေါင်းစပ်ပြီး လုပ်လို့ရမလဲ ဟန်နီ အကြမ်းဖျဉ်း ပြောပြပေးပါမယ်…

🧊နေလောင်ထားတဲ့ အသားအရေအတွက် Aloe Vera Ice Cubes

🧊ဝက်ခြံအသားအရေအတွက် Green tea / Honey Ice Cubes

🧊အဆီပြန်ပြီး ချွေးပေါက်ကျယ်အသားအရေအတွက် Cucumber / Tomato Ice Cubes

🧊ဝက်ခြံအမဲစက်၊ တင်းတိပ်အသားအရေအတွက် Lemon / Pineapple Ice Cubes

🧊အရေးအကြောင်းအသားအရေအတွက် Watermelon / Egg yolk Ice Cubes

——————————————————

💢 သတိထားရမယ့် အချက်လေးတွေကတော့

-နေ့ခင်းအပြင်က ပြန်လာတဲ့အချိန်..အပူချိန်ပြင်းတဲ့အချိန်တွေမှာ မလုပ်ပါနဲ့နော်...အပူရှပ်မှာ စိုးလို့ပါ.. အကောင်းဆုံးကတော့ ညဘက် အိပ်ခါနီး အချိန်မျိုး လုပ်ပေးတာ အဆင်ပြေပါလိမ့်မယ်..

-အရင်ဆုံး မျက်နှာနဲ့ လက်ကို အသန့်ရှင်းဆုံးဖြစ်အောင် ဆေးပေးပါ.. မျက်နှာကို double cleansing သေချာလုပ်ပေးပါ… မသန့်ရှင်းရင် အညစ်အကြေးတွေစုပြီး ချွေးပေါက်ပိတ်လိုက်သလိုဖြစ်သွားပါမယ်…

-ရေခဲသုံးတဲ့အခါ ရေသန့်ကို ခဲထားတဲ့ ရေခဲသုံးပေးပြီး ရေခဲ ခဲတဲ့နေရာမှာလည်း ပိုးမဝင်အောင် အဖုံးပါတဲ့ ရေခဲခွက်လေးတွေ သုံးတာက ပိုသန့်ရှင်းစေပါတယ်...

-ရေခဲတုံးကို တိုက်ရိုက်မျက်နှာပေါ်မတင်ဘဲ အဝတ်ပါးပါးသန့်သန့်တစ်ခု ဒါမှမဟုတ် plastic bag သန့်သန့်လေးနဲ့ ထုပ်ပြီး သုံးပေးပါ...

-နေ့တိုင်း အချိန်ကြာကြာ ရေခဲ နဲ့ ပွတ်တာက အသားအရမ်းနုလွန်းရင် နီရဲလာတာမျိုးတွေဖြစ်လာနိုင်လို့ တစ်ပတ်ကို ၂ကြိမ် ၃ကြိမ်နဲ့ တစ်ကြိမ်ကို ၅မိနစ် အလွန်ဆုံး ၁၀-၁၅မိနစ်ပဲ လုပ်ပေးပါ...

-ရေခဲပွတ်တဲ့အခါ တစ်နေရာတည်း မှာ ရေခဲတုံးကို တောက်လျှောက် မတင်ထားဘဲ မျက်နှာအနှံ စက်ဝိုင်းပုံ ခပ်ဖွဖွသာ ပွတ်ပေးပါ…

-remedies သုံးရင် လတ်လတ်ဆတ်ဆတ်လေးတွေ သုံးပေးပါ...အသုံးပြုမယ့် ဓား၊ စဉ်းနှီးတုံး သန့်ရှင်းအောင် ဆေးပါ...သဘာဝပစ္စည်းတောင် ကိုယ်နဲ့မတည့်တာ ရှိနိုင်တဲ့အတွက် မျက်နှာပေါ်တန်းမလုပ်ဘဲ အရေပြားအပါးလွှာဆုံးနေရာလေး ( ဥပမာ.. နားအနောက်လိုနေရာမျိုး) မှာ တည့်မတည့်အရင်စမ်းလုပ်ကြည့်ပါ..

-မျက်ဝန်းတဝိုက် လုပ်တဲ့အခါ အခြား remedies တွေ ပါတဲ့အတွက် မျက်လုံးထဲမဝင်အောင် သတိထားပေးပါ..

-remedies ပါတဲ့ ရေခဲပွတ်ပြီးရင် တချို့ရေပြန်ဆေးစရာမလိုပေမယ့် မနေတတ်ရင် ရေသန့်လေးနဲ့ပဲ ပြန်ဆေးပေးပါ...မျက်နှာသစ်ဆေး ပြန်သုံးစရာ မလိုပါဘူးနော်...ရေခဲမပွတ်ခင်ဘဲ မျက်နှာ သေချာသစ်ပေးဖို့ ဟန်နီ ထပ်ပြောပါရစေ...

ဒီနည်းလေးတွေက ဟန်နီလည်း အမြဲလုပ်ဖြစ်နေပြီး အားလုံးလည်း အလွယ်ဆုံး လိုက်လုပ်လို့ရမယ့်နည်းလေး ထင်လို့ ပထမဆုံး DIY beauty tips အနေနဲ့ မျှဝေလိုက်ပါတယ်...လိုက်လုပ်ကြည့်ပြီး ထူးခြားချက်လေးတွေ ရှိရင်လည်း Comment မှာ အားလုံးနဲ့ ပြန်မျှဝေပေးသွားပါဦးနော်.. 😍 နောက်ရေးမယ့် DIY beauty tips တွေမှာလည်း ဘယ်အကြောင်းလေးတွေ ရေးစေချင်လဲဆိုတာ Comment မှာ ပြောသွားလို့ ရပါတယ်… အများစု သိချင်တာကို ဟန်နီ ဦးစားပေး ရေးပေးသွားပါမယ်နော်.. 🥰

❤️ Sharing is Caring ❤️
With much love
Dr.Honey👩🏻‍⚕️

30/06/2020

အားလုံး မင်္ဂလာပါရှင့်။

ဒီရက်မှာတော့ တစ်ချို့မသိကြသေးတဲ့ ဒါဒါတို့ ခန္ဓာကိုယ် (လက်မောင်း၊ ခြေသလုံး၊ နောက်ကျ၊ ဂုတ်) စတဲ့
နေလောင်တတ်တဲ့နေရာတွေ အတွက် အဓိကသုံးတဲ့
body Sunscreen နဲ့ပါတ်သက်ပြီး မှားတတ်တဲ့
SPF (15, 30, 40, 50) တွက်နည်းလေးကို တွက်ချက်ပြမှာဖြစ်ပါတယ်။

1. “The higher the SPF, the stronger the protection” is wrong❗️🔆❗️

SPF အနောက်က နံပါတ်မြင့်လေ နေလောင်ဒဏ်ကာကွယ်ပေးလေ ဆိုပြီး ပြောကြတာဟာ လုံးဝမှားပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဒါဒါတို့အသားအရည်ကို နေလောင်ဖို့ဆိုတာက ၁၀ မိနစ် အချိန်ယူရပါတယ်တဲ့။
(နေရောင်ခြည်အရမ်းနည်းတဲ့ ဥရောပ နိုင်ငံတစ်ချို့ဆိုရင် ၁၅ မိနစ် ကြာမြင့်ပါတယ်တဲ့။ ဒါဒါတို့ မြန်မာပြည်ကိုတော့ ၁၀မိနစ်နဲ့ပဲတွက်ချက်ရမှာဖြစ်ပါတယ်)။

ဒါကြောင့် တွက်ချက်တာတွေလုပ်တဲ့အခါ SPF အနောက်က နံပါတ်ကို ၁၀ မိနစ်နဲ့ မြောက် ပေးရမှာဖြစ်ပါတယ်။

ဥပမာ
SPF 15 ဆိုရင် ။ ။
15 x 10 minutes = 150 minutes (2 hours and 30 minutes)

ရလာတဲ့ အချိန်က နေလောင်ဒဏ်ကို ကာကွယ်ပေးတဲ့ အချိန်ဖြစ်ပါတယ်။
ကိုယ်က SPF 15 ပါတဲ့ Sunscreen တစ်ခု လိမ်းလာပြီ ဆိုပါစို့။
၂ နာရီနဲ့ မိနစ် ၃၀ အတွင်း မိမိ အသားအရည်က နေလောင်ဒဏ်ကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ဒါဆို တခြား SPF 30, 40, 50 တွေကို လည်း တွက်ချက်ရပြီထင်ပါတယ်။

နောက်နေ့ကျရင် နောက်ထပ် SPF နဲ့ပါတ်သက်တာ
ထပ်တင်ဆက်ပေးမှာဖြစ်ပါတယ်။

Sunscreen ဟာ ဒါဒါတို့ အသားအရည်အတွက် ဘယ်လောက်အရေးပါလည်း ဆိုတာ comment မှာ လင့်(ခ်) တစ်ခု ချပေးပေးထားပါတယ်။ ၀င်ဖတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Loves,
Pancake DADA


အသားအရည် မညီလို့ အသားအရည် မလှလို့ဆိုပြီးစိတ်ညစ်စရာမလိုတော့ဖူးနော်...Blink ရဲ့ Gluta maxx ရှိနေပြီနော်Admin ကိုယ်တိုင်လဲစ...
09/06/2020

အသားအရည် မညီလို့ အသားအရည် မလှလို့ဆိုပြီး
စိတ်ညစ်စရာမလိုတော့ဖူးနော်...
Blink ရဲ့ Gluta maxx ရှိနေပြီနော်
Admin ကိုယ်တိုင်လဲစမ်းပြီးမှရောင်းပေးတါပါနော်။

Side effects လုံးဝမရှိတာရယ်
ထိုင်းနိုင်ငံရဲ့ FDA ရှိပြီးသား products တွေဖြစ်လို့
လုံးဝစိတ်ချရပါတယ်နော်

6 ဘူးပါ 1 ကဒ်ကို 14000 ပါ(စျေးကဘာလို့မတူတာလဲဆိုရင်တော့အတုအစစ်ရှိနေလို့ပါနော်...ဗူးကြည့်ရုံနဲ့တော့မသိနိုင်ပါဘူး...အနံ့အရသာကွာတာပါနော်)

စမ်း​ကြည့်ချင်လို့ တစ်ဘူးချင်း ဝယ်ချင်ရင်လည်း ရောင်းပေးပါတယ်

Blink Review လေးတွေကိုလည်း သေချာရှာကြည့်ပြီးမှ စိတ်ချရတယ်ဆိုမှ လာဝယ်ပါနော်
ကိုယ်တိုင်သောက်နေတာမို့လို့အတုတော့လုံးဝမရောင်းပါဘူးနော်💟💟
Instock ရှိပါတယ်😍😍

မိန်းကလေးတိုင်းကိုလှစေချင်တာရယ်ကိုယ်တိုင်လဲလှချင်တာရယ်ကြောင့်ကိုယ်တိုင်မှာသောက်ရင်းရောင်းပေးမယ်နော်Bkk တိုက်ရိုက်မို့လို...
06/06/2020

မိန်းကလေးတိုင်းကိုလှစေချင်တာရယ်
ကိုယ်တိုင်လဲလှချင်တာရယ်ကြောင့်
ကိုယ်တိုင်မှာသောက်ရင်းရောင်းပေးမယ်နော်
Bkk တိုက်ရိုက်မို့လို့အတုလားအစစ်လားစိတ်ပူစရာမလိုပါဘူးနော်💗💗

Blink လေးတွေရောက်တယ်နော်
မှာထားတဲ့သူတွေကိုမနက်ဖြန်ပို့ပေးမယ်နော်
ကျန်တာတွေထပ်ယူချင်ရင်လဲရတယ်နော်
လက်ကားစျေးသပ်သပ်လဲရှိပါတယ်ရှင်

30/05/2020

ခုတလောသူငယ်ချင်းတွေကskin care ဘယ်လိုလုပ်ရမလဲ?ဘယ်လိုအဆင့်တွေသုံးရမလဲလာလာမေးနေတာနဲ့လေ့လာမိထားသလောက်ပြန်ပြောပြထားပါတယ်နော်🌼💛

မနက်ခင်းပိုင်းအတွက်.....Prevention stage
1. Cleanser
2.Toner/Mist
3.Serum/Essence
4.moisturizer (Lotion or emulsion )
5.Cream
6. Sunblock(မလိမ်းမဖြစ်လိမ်းပေးသင့်ပါတယ်)
#အဆင့်လျော့ချင်ရင်cream(သို့)emulsionတခုခုလျော့လဲရပါတယ်ရှင်။

ညအိပ်ယာဝင်ချိန်အတွက်.....Repairing stage
1.Makeup remover
2.Cleanser
3.Toner
4.Ampoule
5.Serum/Essence
6.Sheet mask (သုံးလဲရမသုံးလဲရ)
7.moisturizer (Lotion or Emulsion)
8. Night cream or sleeping mask
(Sleeping mask ကိုတော့တပတ်မှာ ၂ကြိမ် ၃ကြိမ်လောက်ပဲအသုံးပြုသင့်ပါတယ်ရှင်)
#ဒီညပိုင်းအဆင့်ကိုလဲလျော့ချင်ရင်Ampouleကိုလျော့လို့ရပါတယ်နော်။

ကိုယ့်အသားအရည်နဲ့အဆင်ပြေမဲ့ကိုယ့်အသားအရည်လိုအပ်မှုကိုဖြည့်ပေးမဲ့ skin care အမျိုးအစားကိုသေချာရွေးချယ်တတ်ဖို့ဟာလဲအရေးကြီးပါတယ်။

နောက်ရက်တွေမှာအသားအရည်အမျိုးအစားအလိုက်ဘယ်လိုbrandတွေကိုရွေးချယ်သင့်လဲဆိုတာကိုထပ်ပြောပြပါ့မယ်နော်။💛🌼

Collagen နဲ့ Gluta ဘယ်ဟာပိုကောင်းလဲ??? အမေးများဆုံးမေးခွန်းလေးမို့ဒီကနေဘဲ ဖြေလိုက်ပါမယ်နော်Collagen နဲ့ Gluta က အာနိသင်မ...
30/05/2020

Collagen နဲ့ Gluta ဘယ်ဟာပိုကောင်းလဲ???
အမေးများဆုံးမေးခွန်းလေးမို့ဒီကနေဘဲ ဖြေလိုက်ပါမယ်နော်

Collagen နဲ့ Gluta က အာနိသင်မတူပါဘူးရှင့်

ဘယ်ဟာပိုကောင်းလဲဆိုတာထက် ကိုယ်ကဘာလိုချင်လဲဆိုတာသိမှအဆင်ပြေပါလိမ့်မယ်နော်

❣️Gluta ❣️ရဲ့အဓိကအကျိုးက ဖြူစေတာပါ
အသားရေကိုကြည်စေတာလည်းမဟုတ်ပါဘူး
ကိုယ်က ဖြူချင်တယ်ဆို Gluta သောက်ပေးပါ
ခုတော့ gluta out of stock နော်
❗️Gluta Side Effect❗️
ကျောက်ကပ်ထိနိုင်ပါတယ် အဲဒါကြောင့် ရေများများသောက်ပေးပါ☺️
Glutaကိုအစာစားပြီးရင်သောက်ပေးပါနော်

❣️What is collagen?? ❣️
-Collagen ဆိုတာ လူတွေရဲ့ အရေပြားပေါ်မှာရှိတဲ့ ပရိုတိန်း တစ်မျိုးပါဘဲတဲ့
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က collagen ထုတ်စွမ်းတွေကျလာလို့ collagen သောက်ပေးရတာပါ

Collagen Benefits ??
-ခန္ဓာကိုယ် အလေးချိန် ထိန်းချုပ်ရာမှာအထောက်အကူဖြစ်စေတယ်
-joint health (ဒူးနာတာတွေနည်းစေတယ်)
-အရိုးအဆစ်သန်မာစေတယ်
-နေလောင်တာကြောင့်ဖစ်တဲ့အစက်ပျောက်တွေ သက်သာစေတယ် အသားရေလည်းစိုပြေလာစေတယ်
-ဆံပင်နဲ့ လက်သည်းကိုလည်းကျန်းမာသန်စွမ်းစေတယ်
-detox ဖြစ်စေတဲ့အတွက် ဝမ်းမှန်ပီးကျန်းမာစေတယ်
အဲလိုတွေအပြင် အကျိုးကျေးဇူးတွေအများကြီးရနိုင်သေးတယိ
google မှာ ရှာကြည့်ရင်တွေ့ပါလိမ့်မယ် 😁

❓ဆက်တိုက်သောက်ရမှာလား❓
စသောက်ရင် နှစ်ပတ် လောက်ဆက်တိုက်သောက်ရပါတယ်
တယောက်နဲ့တယောက်သွေးသားမတူလို့ သိသာတဲ့အချိန်မတူနိုင်ပါဘူးရှင့်
သိသာလာပြီဆို တစ်ရက်ခြား တစ်ပုလင်းသောက်ပေးလို့ရပါတယ် ❣️

သောက်မယ်ဆိုရင် တစ်လစာလောက်တော့ သောက်ကြည့်ပါ
မသောက်ဘူးဆို လုံးဝစမသောက်ပါနဲ့
တစ်ကဒ် နှစ်ကဒ်နဲ့ မသိသာနိုင်တာလည်းရှိတာမို့ စွဲသောက်သွားမှ အသားရေကလှမှာပါရှင့်
Instockရှိပါတယ်နော်💛စေျးကပုံအောက်မှာပါ
mayar

30/05/2020

Page မှာ supplement ဓာတ်စာတွေရောင်းပေးမယ်နော်ကိုယ်တိုင်tryပြီးရောင်းပေးလို့စိတ်ချလက်ချဝယ်ယူအားပေးကြပါနော်💛💛
လိုချင်တဲ့ပစ္စည်းတွေရှိရင်လဲရှာပေးပါမယ်နော်💛

Address

Lashio
0007

Website

Alerts

Be the first to know and let us send you an email when Beauty BLOOM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category