AOC - Aung Online Class

AOC - Aung Online Class 😍ရာသက်ပန် သင်တန်းကြေး-၅၀၀၀ကျပ်😍

သင်တန်းကြေး - 2500 ကျပ်သွင်းထားယုံဖြင့်တစ်သက်စာ Freeနော်....................New Year Promotion❗❗❗❗❗အခုJoin_အခုသင်_အခုလေ့...
25/12/2024

သင်တန်းကြေး - 2500 ကျပ်သွင်းထားယုံဖြင့်
တစ်သက်စာ Freeနော်....................New Year Promotion❗❗❗❗❗

အခုJoin_အခုသင်_အခုလေ့လာ_အခုချက်ချင်း အသုံးပြုလို့ရမဲ့ သင်ခန်းစာများ အပြင် အခြား Bonus Lessons များလဲ ပါဝင်တာ မလို့ အခုဘဲ သင်တန်းကို Join ဖို့ ဖိတ်ခေါလိုက်ရပါတယ်။

သင်တန်းကြေး -ပုံမှန် 5000ks ❌ဖြစ်ပေမဲ့

50% Discount ရှိထားပါတယ်။

သင်တန်းကြေး-2500ks ✅သာကျသင့်မည်။

သင်ကြားပေးမည့် သင်ခန်းစာများ
----------------------------------------------------------------------------
1.ကြော်ငြာ စိတ်ဝင်စားအောင်ရေးနည်း
2.Contact Marketing & Copy Writing အကြောင်း
3.ရောင်းအားတက်အောင် Boost လုပ်နည်း
4.Gmail ဖောက်နည်း
5. page ထောင်နည်း
6.page Auto Reply System ထည့်နည်း
7.VISA Card လျောက်နည်း
8.ကိုယ်ပိုင် Logo ဆွဲနည်း
9.Facebook Group အကြောင်း သိထားစရာ
10.Facebook Account မှတိပုံတင်နည်း
11.လက်ရှိသုံးနေတဲ့ Facebook Account မှ Page ခ်ျန်းနည်း
12.Facebook Marketing & Contact Writing အကြောင်း

သင်ကြားမည့်ပုံစံ
--------------------------
Facebook Private Group ရဲ့ Guide မှာ Video Lessons များကို ကြည့်ပြီး(အချိန်မရွေး)လေ့လာနိုင်ပါတယ်။

Video Classဖြစ်လို့ သင်တန်းချိန်မကန့်သတ်ထားပါဘူးနော်

မိမိအဆင်ပြေတဲ့အချိန်မှာ‌လေ့လာသင်ယူနိုင်ပါတယ်။

မရှင်းတာရှိရင် Page Chats 🎁 မှာ မေးမြန်းလိူ့ရပါတယ်‌နော်။စာကိုအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ 50% Discount ရှိထားတာမို့ သင်တန်းကို လာ Join ဖို့ ဖိတိခေါလိုက်ရပါတယ်။

25/12/2024

Merry Christmas To You All Followers 🎄🎁

ပျော်ရွှင်စရာ ခရစ်စမတ်လေးဖြစ်ပါစေ။နှစ်သစ်မှစ ပိုပြီးပျော်ရွှင် ကျန်းမာ ချမ်းသာ ကြပါစေလို့ AOC - Aung Online Class မှဆုမွန်တောင်းပေးပါတယ်ရှင့်။🥰

BM Mobile Phone Accessories နဲ့ပက်သက်ပြီး ဘာဘဲဝယ်ဝယ် 20%Off Promotion ရှိထားတယ်နော်။
11/12/2024

BM Mobile Phone Accessories နဲ့ပက်သက်ပြီး ဘာဘဲဝယ်ဝယ် 20%Off Promotion ရှိထားတယ်နော်။

💸ဘာပဲဝယ်ဝယ် 20% off အစီအစဉ်လေး 12:12 တစ်ရက်ထဲရပါမယ်ရှင့် 🎉

လိပ်စာ - ရပ်ကွက်(၄)၊ဦးဆမ်သန်းအိမ်ဆောက်ပစ္စည်း ဆိုင်တန်းနား၊အပြာရောင်ဆိုင်ခန်း၊လေယာဉ်ကွင်းလမ်း၊ကျိုင်းတုံမြို့

အချစ်မခံရသူ နှစ်ယောက် အကြည့်ဆုံနေပုံ:)
20/11/2024

အချစ်မခံရသူ နှစ်ယောက် အကြည့်ဆုံနေပုံ:)

ဝက်သားတုတ်ထို: စားချင်နေသောခွေ:၃ကောင် အကြည့်ချင်းဆုံနေပုံ🤭စိတ်မဆိုးကြေး😁🤭
18/11/2024

ဝက်သားတုတ်ထို: စားချင်နေသောခွေ:၃ကောင်
အကြည့်ချင်းဆုံနေပုံ🤭

စိတ်မဆိုးကြေး😁🤭

🙏🙏🙏တန်ဆောင်တိုင်ဆုတောင်း🙏🙏🙏🌕 နိုဝင်ဘာလ ၁၅ ရက်နေ့, သောကြာနေ့မှာကျရောက်လာမည့် တန်ဆောင်တိုင်လပြည့်နေ့မှာ...🙏 အားလုံးဘေးဘယာက...
15/11/2024

🙏🙏🙏တန်ဆောင်တိုင်ဆုတောင်း🙏🙏🙏

🌕 နိုဝင်ဘာလ ၁၅ ရက်နေ့, သောကြာနေ့မှာကျရောက်လာမည့် တန်ဆောင်တိုင်လပြည့်နေ့မှာ...

🙏 အားလုံးဘေးဘယာကင်းကွာစွာဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ..



#တန်ဆောင်တိုင် #တန်ဆောင်တိုင်လပြည့်

မင်းအကြောင်းတွေ ပြောမှာ မကြောက်ပါနဲ့ ဖတ်ကြည့်နော်..." မင်းသာ အမှားမလုပ်ခဲ့ဘူး ဆိုရင် အမှန်တရားက မင်းဘက်မှာ ရှိနေပါလိမ့်မ...
14/11/2024

မင်းအကြောင်းတွေ ပြောမှာ မကြောက်ပါနဲ့ ဖတ်ကြည့်နော်...

" မင်းသာ အမှားမလုပ်ခဲ့ဘူး ဆိုရင် အမှန်တရားက မင်းဘက်မှာ ရှိနေပါလိမ့်မယ် " တဲ့ ။

ဒီတော့... မင်းကိုယ်မင်း ယုံကြည်တယ် ဆိုရင်

မင်းရဲ့အကြောင်း ကောင်းကောင်း မကောင်းကောင်း ပြောချင်ရာတွေ ပြောကြပါစေ။

မင်းရဲ့နောက်ကွယ်မှာ မင်းအကြောင်းတွေကို ပြောလေလေ… မင်းက အောင်မြင်လေလေပဲ။

မင်းအကြောင်းတွေ သူတို့ခေါင်းထဲမှာ ရှိနေလေလေ… မင်းက သူတို့ကို လွှမ်းမိုးနေလေလေပဲ။

သူတို့တွေ မင်းအကြောင်းတွေကို တွေးမှာ... သူတို့တွေ မင်းအကြောင်းတွေကို ပြောမှာ သူတို့တွေ မင်းကို ဝေဖန်မှာကို လုံးဝမှ ကြောက်မနေပါနဲ့။

မင်း ကြောက်ရမှာက … မင်းကိုယ်မင်း ယုံကြည်မှုမရှိမှာကိုပဲ ကြောက်ပါ။

မင်းကိုမင်း ယုံကြည်မှု မရှိရင်… မင်းဟာ အမြဲတမ်း ရှုံးနိမ့်နေမှာပဲ။

သူများပြောစကားတွေကြောင့် လမ်းမဆုံးပါစေနဲ့။

အပင်မြင့်ရင် လေဒဏ်ခံရမယ်
လူမှန်ရင် ဝေဖန်ခံရမယ်။

မင်း အောင်မြင်ချင်ရင်တော့ ဝေဖန်ခံနိုင်ဖို့ လိုတယ်။

ကျွန်တော်လက်ခံထားတဲ့ Branding ဒဿန (၇) ခု➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖Branding နဲ့ပတ်သက်ရင် စဉ်းစားတဲ့ပုံစံမျိုးစုံရှိပါ တယ်။ဒီ ၇ချက်က...
13/11/2024

ကျွန်တော်လက်ခံထားတဲ့ Branding ဒဿန (၇) ခု
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Branding နဲ့ပတ်သက်ရင် စဉ်းစားတဲ့ပုံစံမျိုးစုံရှိပါ တယ်။

ဒီ ၇ချက်ကတော့ Branding နဲ့ ပတ်သက်ပြီး ကျွန်တော်လက်ခံထားတဲ့ သဘောတရားတွေဖြစ် ပါတယ်။

၁။ မတူအောင် လုပ်တတ်ရင် ပြိုင်ဖို့မလိုဘူး။

၂။ ကိုယ်ဟာကိုယ်ဖြစ်နေရင် ဘယ်သူနဲ့မှ ပြိုင်ဖို့မ လိုဘူး။

၃။ မတူအောင်လုပ်ဖို့ ကိုယ်ပိုင် Brand Story ရှိဖို့ လိုတယ်။

၄။ ပြိုင်ဘက်တွေကြား မတူကွဲထွက် ဦးဆောင်ပါ။

၅။ Brand တည်ဆောက်ချင်ရင် ကတိတည်ပါ။

၆။ စီးပွားရေးလုပ်တာ အမြတ်ရဖို့ထက် ပိုတယ်။

၇။ လူတွေချစ်တဲ့ Brand တည်ဆောက်ပါ။

သင်တန်းကြေး - ၅၀၀၀ ကျပ်သွင်းထားယုံဖြင့်တစ်သက်စာ Freeနော်....................အခုJoin_အခုသင်_အခုလေ့လာ_အခုချက်ချင်း အသုံးပြ...
05/10/2024

သင်တန်းကြေး - ၅၀၀၀ ကျပ်သွင်းထားယုံဖြင့်
တစ်သက်စာ Freeနော်....................

အခုJoin_အခုသင်_အခုလေ့လာ_အခုချက်ချင်း အသုံးပြုလို့ရမဲ့ သင်ခန်းစာများ အပြင် အခြား Bonus Lessons များလဲ ပါဝင်တာ မလို့ အခုဘဲ သင်တန်းကို Join ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

သင်တန်းကြေး -ပုံမှန်10000ks ❌ဖြစ်ပေမဲ့

50% Discount ရှိထားပါတယ်။

သင်တန်းကြေး-5000ks ✅သာကျသင့်မည်။

သင်ကြားပေးမည့် သင်ခန်းစာများ
----------------------------------------------------------------------------
1.ကြော်ငြာ စိတ်ဝင်စားအောင်ရေးနည်း
2.Contact Marketing & Copy Writing အကြောင်း
3.ရောင်းအားတက်အောင် Boost လုပ်နည်း
4.Gmail ဖောက်နည်း
5. page ထောင်နည်း
6.page Auto Reply System ထည့်နည်း
7.VISA Card လျောက်နည်း(လတ်တလောမရသေးပါ။)
8.ကိုယ်ပိုင် Logo ဆွဲနည်း
9.Facebook Group အကြောင်း သိထားစရာ
10.Facebook Account မှတိပုံတင်နည်း
11.လက်ရှိသုံးနေတဲ့ Facebook Account မှ Page ခ်ျန်းနည်း
12.Facebook Marketing & Contact Writing အကြောင်း

သင်ကြားမည့်ပုံစံ
--------------------------
Facebook Private Group ရဲ့ Guide မှာ Video Lessons များကို ကြည့်ပြီး(အချိန်မရွေး)လေ့လာနိုင်ပါတယ်။

Video Classဖြစ်လို့ သင်တန်းချိန်မကန့်သတ်ထားပါဘူးနော်

မိမိအဆင်ပြေတဲ့အချိန်မှာ‌လေ့လာသင်ယူနိုင်ပါတယ်။

မရှင်းတာရှိရင် Page Chats 🎁 မှာ မေးမြန်းလိူ့ရပါတယ်‌နော်။စာကိုအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ 50% Discount ရှိထားတာမို့ သင်တန်းကို လာ Join ဖို့ ဖိတိခေါလိုက်ရပါတယ်။

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ?ခေါင်းစဉ်လေးက သိပ်လှတယ်။ ဘာတဲ့  စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတ...
13/12/2023

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ?

ခေါင်းစဉ်လေးက သိပ်လှတယ်။ ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်ပါတယ်။ ကျွန်‌တော်လည်းတွေ့ စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပာယ်လဲပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော် ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့ တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျွန်တော်စာ ဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်က ဟာမေ့နဲ့နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ကိုယ့်ကို တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့သူဘဲ ဘာမှသုံးစားမရတဲ့သူပေါ့။ ဒါပေမဲ့ ဒီစာပုဒ် လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်။ ကျွန်တော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့….......

တစ်နေ့တော့ မြေးအဖိုးနှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။မြေး ငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲတဲ့ မေ့သွားမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲတဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်းပါ မြေးလေးလို့ပြောလိုက်တယ် မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို ယူခဲ့တယ် "ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေးလို့ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အမျိုးခိုင်းတဲ့အတိုင်းဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ပြန်မှလိုက်တယ် ရေကပါမလာဘူး။ အဖိုး သူ့ကိုဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါ အုံး မြေးလေးလို့ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အအရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူသေးလားလို့
မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ် တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ် သလိုပါဘဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာ မှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ် ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့ တဲ့။ ဒါဟာ စာဖတ် ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ်။ စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆို တာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခု တော့ ရလိုက်ပါတယ်။အဲ့ဒီအသိစိတ်ကကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ်။ တရုတ်စာ ရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်း တစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ်။ကျွန်တော်တို့ ပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့နဲ့အတူ သူတို့ အမြဲတမ်း ရှိနေပါတော့တယ် စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်းဖြစ်ပါတယ်။
ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ် ဆိုတာ ကျွန်တော်တို့ ထင်တာပါ။တကယ်တော့ စာအုပ်တွေဟာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်း နေစေခဲ့ပါတယ်။

“ အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ ”လူအများစုက ဝါသနာနဲ့လက်တွေ့ ထပ်တူမကျတဲ့အခါ လက်ရှိအလုပ်အပေါ် စိတ်ကုန်နေတတ်ပါတယ်။လက်ရှိအလုပ်မှာ လ...
12/12/2023

“ အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ ”

လူအများစုက ဝါသနာနဲ့လက်တွေ့ ထပ်တူမကျတဲ့အခါ လက်ရှိအလုပ်အပေါ် စိတ်ကုန်နေတတ်ပါတယ်။

လက်ရှိအလုပ်မှာ လူမှုရေးအဆင်မပြေ၍ဖြစ်စေ၊ လစာ အဆင်မပြေ၍ဖြစ်စေ၊ အထက်နဲ့အောက် မ ညီမျှမှုတွေကြောင့်ဖြစ်စေ၊ ဝါသနာနဲ့ထပ်တူမကျ လို့ စိတ်မပျော်ရ၍ဖြစ်စေ အလုပ်ထွက်ချင်ကြပါ တယ်။

အကယ်၍ ဒီစာဖတ်နေစဉ်မှာ သင်ကိုယ်တိုင်လည်း လက်ရှိ အလုပ်ကနေ ထွက်ချင်ရင် ဒီစာကို အဆုံး ထိ ဖတ်ရှုပေးပါ။

အလုပ်ရှိတဲ့လူက ပထမအချက်အနေနဲ့ စိတ်ကို အနားမပေးတဲ့အတွက် စိတ်ဓာတ်ကျခြင်း နည်းပါး ပါတယ်။ ဘယ်လို အလုပ်ပဲဖြစ်နေပါစေ အလုပ်ရှိ ခြင်းကိုက ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။

လက်ရှိအလုပ်ကို စိတ်ကုန်လို့ နောက်ထပ်အလုပ် ကို ပြောင်းချင်ရင်လည်း နောက်ထပ်အလုပ်မှာ မတူညီတဲ့ အခက်အခဲတွေ ကြုံတွေ့ရဦးမှာပါ။ အလုပ်တိုင်းမှာ အဆင်မပြေမှုတွေ ၊ အခက်အခဲ တွေ ရှိတာကို သိထားရပါမယ်။
​ဘယ်အလုပ်မှာမဆို 100% အဆင်ပြေတယ်ဆို တာ မရှိပါဘူး။

အလုပ်လုပ်ပြီး စိတ်ညစ်နေရတာထက် အလုပ်မဲ့ ဖြစ်နေခြင်းက ပိုပြီး ရှုံးပါတယ်။

ဒါကြောင့် လက်ရှိအလုပ်မှာ အဆင်မပြေမှုတွေကို အဆင်ပြေအောင် ဘယ်လိုပြုပြင်နေထိုင်မလဲဆို တာကိုပဲတွေးပါ။ အလုပ်အလွယ်တကူထွက်ခြင်း က အချိန်ကုန်ပြီး လူကို အတွေးများစေနိုင်လို့ အလုပ်တစ်ခုကို အတည်တကျလုပ်ပြီး ဘဝမှာ အောင်မြင်မှုကို ရှာဖွေပါ။

Address

Lashio
06301

Website

Alerts

Be the first to know and let us send you an email when AOC - Aung Online Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AOC - Aung Online Class:

Share