January 21 - VLA

January 21 - VLA online shop

04/12/2021

Hello
☃❄🌨

👴💕👵
27/11/2021

👴💕👵

27/11/2021


#ကိုယ်ရှင်သန်ရမယ့်အချိန်တွေအတွက်အကျိုးမရှိ မဖြစ်ဖို့
😇
လမ်းဘေးမှာ ရပ်ထားတဲ့ ကျွန်တော့်ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်တယ်။ ဘရမ်းနယူး ကားအသစ်မို့ နှမျောစိတ်က ရင်ကို စို့တယ်။ လမ်းဘေးမှာ လွတ်လွတ်ကင်းကင်း ရပ်ထားရက်နဲ့ လာတိုက်တဲ့သူကို ဒေါသထွက်တယ်။

ပုံစံကြည့်တော့လည်း တရုတ်ဆိုင်ကယ်အစုတ်နဲ့ မီးသွေးတင်တဲ့ အလုပ်သမား ထင်ပါရဲ့..။ လျော်နိုင်ပုံလည်း လုံးဝ မပေါ်။

"မင်းဘာဖြစ်သွားလဲ..''ဆိုပြီး မေးတော့
"ဘာမှ မဖြစ်ဘူး..''တဲ့။

"ဘာမှမဖြစ်ရင် ငါတို့ သွားပြီကွာ..''ဆိုပြီး
ကျွန်တော် ကားပေါ်တက် မောင်းထွက်လာခဲ့တယ်။

အတူပါလာတဲ့ သူငယ်ချင်းက "နှမျောစရာကြီးကွာ..မင်း မလျော်ခိုင်းဘူးလား.. ကိုယ်က အမှန်..သူက အမှား..
မင်း စိတ်မတိုဘူးလား..'' ဆိုပြီး မေးတယ်။

ကျွန်တော်က "နှမျောတာပေါ့...စိတ်တိုတာပေါ့..သူငယ်ချင်းရယ် ဒါပေမဲ့
#ကိုယ့်သက်တမ်းကိုသူများဆီခွဲမပေးနိုင်ပါဘူး'' လို့ ပြန်ပြောလိုက်တယ်။

သူ့ပုံစံကြည့်ရတာ လျော်နိုင်ပုံ မပေါ်။
နောက်တစ်ချက်က ... ကျွန်တော့်ကားက အာမခံထားတယ်။
နောက်တစ်ချက်က ... အာမခံ မလျော်ပေးလည်း
ဒီ ပမာဏကို ကျွန်တော် ပြင်နိုင်တယ်။
ဒီပမာဏဟာ ကျွန်တော့်အတွက် ဘာမှ မဟုတ်ပေမယ့်
သူ့အတွက်တော့ ဘဝတစ်ခုစာလည်း ဖြစ်နိုင်တယ်။ မိသားစု သုံးလေးလ ထမင်းငတ်လို့လည်း ရတယ်။

တော်ပြီ..အစစ အရာရာ တွက်ချက်ပြီးတဲ့နောက်
ကျွန်တော့်ကားကို ဆိုင်ကယ်က တိုက်တယ်ဆိုတဲ့ဖြစ်စဉ်ကို အဲဒီနေရာမှာပဲ ကျွန်တော်ထားခဲ့လိုက်တယ်။

#ကျွန်တော်တို့သက်တမ်းကသိပ်တိုပါတယ်

အချိန် မိနစ် စက္ကန့်ပေါင်းများစွာ ကျွန်တော်တို့ ဖြတ်သန်းလာပြီးပြီ။ နောက်ထပ် ဘယ်လောက် နေရအုံးမယ် မသိ။
နောက် ဆယ်နှစ်လား..
နောက် တစ်နှစ်လား..
နောက် တစ်လ လား..
မနက်ဖြန်လား..

ဘယ်နေ့သေမယ် မသိတဲ့ သက်တမ်းတစ်ခုမှာ ကိုယ်ရှင်သန်နေရတဲ့ အချိန် နာရီ မိနစ် စက္ကန့်တိုင်းကို ကျွန်တော် လောဘကြီးပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်သုံးမှာပေါ..။

သူများအတွက် စိတ်တိုနေဖို့ ၊
သူများကို မနာလို ဖြစ်နေဖို့ ၊
သူများအကြောင်း စဉ်းစားနေဖို့ ဖဲ့မပေးနိုင်ပါဘူး။

ကျွန်တော်နဲ့ ရင်းနှီးသူတိုင်းသိတဲ့ အကြောင်းအရာတစ်ခု ရှိပါတယ်။
"ကိုယ့်ရဲ့ မကောင်းကြောင်းကို (. ......)က ပြောနေတယ်''လို့ တစ်စုံတစ်ယောက်က လာပြောရင် ကျွန်တော် သူ့ကို ပြန်ပြောမှာက ဒီလိုပါ။

"သူ့ မကောင်းကြောင်းကိုရော ကျွန်တော် ခင်ဗျားကို ပြောဖူးလား..''

"မပြောဖူးပါဘူး..''

"ဒါဆို ရပါပြီဗျာ..
သူဘာတွေပြောလဲ လာမပြောပါနဲ့.. ကျွန်တော် မသိချင်ပါဘူး..''

ဒါဟာ..ကျွန်တော် စိတ်ကောင်း နှလုံးကောင်းရှိတာ စိတ်ဓာတ်မြင့်မြတ်တာ မဟုတ်ဘူးနော်..။
သူတော်ကောင်းကြီး လုပ်တာ မဟုတ်ဘူးနော်။

လူဖြစ်တာမို့ ကျွန်တော့်မှာ လောဘ ဒေါသ မောဟ ရှိတယ်။ ကိုယ့်မကောင်းကြောင်းပြောရင် စိတ်တိုတာပေါ့။
ကိုယ့်ပစ္စည်းဥစ္စာ ထိခိုက်သွားတာ နှမျောတာပေါ့။
မနာလိုစိတ်လည်း ရှိတယ်။ စိတ်ပုတ် စိတ်ယုတ်လည်း ရှိတယ်။

ဒါပေမဲ့ ကျွန်တော်......... အဲဒီနေရာမှာပဲ ရပ်တယ်။

"ငါ့ရှင်သန်ရမယ့် အချိန်တွေကို သူများဆီ ဖဲ့ပေးရတော့မယ်'' ဆိုပြီး သတိကပ်တယ်။

စဉ်းစားကြည့်ဗျာ..
ကိုယ်နဲ့ မကြည်တဲ့ လူတစ်ယောက်အကြောင်း ခင်ဗျားတွေးနေရင်းနဲ့ နှလုံးသားထဲမှာဆယ်မိနစ်လောက် တနုံ့နုံ့ ဖြစ်နေတယ်ဆိုပါစို့။

ခင်ဗျား ဘဝအဆက်ဆက် ကုသိုလ်ကောင်းမှုပြုလို့
ရှားရှားပါးပါး လူဖြစ်လာရတဲ့ ဒီဘဝရဲ့ သက်တမ်း ဆယ်မိနစ်ကို အဲဒီလူအတွက် ဖြုန်းလိုက်သလိုပဲ။ မတန်ဘူး..

မနေ့က အစ်မတစ်ယောက်တင်တဲ့ ပိုစ့်လေးထဲမှာတော့ ဒီသဘောကို သူက တိုတို ထိထိလေး ရေးထားတယ်။

"လှုပ်သာ လှုပ် ၊ မလုပ်မိစေနဲ့..''...တဲ့။

သူကတော့ ... တရား သဘောနဲ့တင်ထားတာ။
အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ မြင်တာ ကြားတာတွေကို စိတ်ကသိတယ်။ အဲဒါကို လှုပ်တယ်လို့ခေါ်တယ်။

အဲဒီ မြင်တာ ကြားတာတွေအပေါ် ဒေါသထွက်မယ် လောဘတက်မယ် စိတ်မချမ်းမသာဖြစ်မယ်။
ဒါကိုတော့ လုပ်တာလို့ခေါ်တယ်။

လှုပ်ရုံ လှုပ်တာက ပြဿနာမရှိဘူး..
အဲဒီအပေါ်မှာ နောက်ဆက်တွဲတွေ ဆက်ဖြစ်ပေါ်လာဖို့ (ဆက်မတွေးဖို့) သတိကပ်စေချင်တာ။

အမှန်ပါပဲ..
ကျွန်တော်တို့လည်း လူမှုဘဝမှာ သွားလာနေထိုင် လှုပ်ရှားနေရင်း လောဘ ဒေါသ မောဟ မာန်မာန မနာလိုမှု ဝန်တိုမှု တွေဖြစ်လာကြမှာပဲလေ ကြုံလာကြမှာပဲလေ.....လူကိုး...။
လှုပ်တာပေါ့..လှုပ်တာပေါ့..
တဖျတ်ဖျတ်ကို ခါယမ်းလှုပ်ခါတာပေါ့..

ဒါပေမဲ့ ... ဆက်မလုပ်မိဖို့ သတိကပ်တယ်။

ကိုယ့်သက်တမ်းတိုတိုလေးကို ကိုယ့်အတွက်ပဲ သုံးမှာပေါ့။
ဘာလို့ သူများအတွက်နဲ့ ဖဲ့ပေးနေရမှာလဲလေ..။

👉 ©️ lin htike soe ©️😇

 #မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ===============================၁ ဧက  = ၄၃,၅၆၀ စတုရန်းပေ ၁ ဧက  = ၂၀၈.၇၁ ပေ × ၂၀...
24/11/2021

#မြေ(၁) ဧကမှာ ရှိတဲ့ အတိုင်းအတာ ယူနစ်များ
===============================
၁ ဧက = ၄၃,၅၆၀ စတုရန်းပေ
၁ ဧက = ၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ
၁ ဧက = ၆၆ ပေ × ၆၆၀ ပေ
၁ ဧက = ၁ သံကြိုး (အလျား) × ၁ ဖာလုံ (အနံ)
၁ ဧက = ၄၀,၄၇ စတုရန်းမီတာ

၁ စတုရန်းပေ = ၀.၀၉၂၉ စတုရန်းမီတာ
၁ စတုရန်းမီတ = ၁၀.၇၆၄ စတုရန်းပေ
၁ မီတာ = ၃.၂၈၁ ပေ

Sq.ft ကို ဧကဖြင့် သိလိုလျှင်...
Sq.ft ÷ 43,560 = ( ) ဧက
ဥပမာ: 20,000 Sqft ကို ဧကဖြင့် သိလိုရင်
20,000 ÷ 43,560 = 0.459 ဧက

ဧကကို Sq.ft ဖြင့် သိလိုလျှင်...
ဧကအကျယ် × 43,560 = ( ) Sq.ft
ဥပမာ - 0.5 ဧကကို Sq.ft ဖြင့် သိလိုရင်
0.5 × 43,560 = 21780 Sqft

၁ ဧက = ၄၃,၅၆၀ စတုရန်းပေ ဆိုတာက လက်မ၊ ပေ၊ ကိုက်၊ သံကြိုး၊ ဖာလုံ၊ မိုင် စတဲ့ အတိုင်းအတာ ယူနစ်များနဲ့ တွက်ချက်ထားတာ ဖြစ်ပါတယ်။

၁၂ လက်မ = ၁ ပေ
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး ( ၆၆ ပေ )
၁၀ သံကြိုး = ၁ ဖာလုံ ( ၆၆၀ ပေ )
၈ ဖာလုံ = ၁ မိုင် ( ၅,၂၈၀ ပေ )

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၁ ဟက်တာ = ၂.၄၇၁ ဧက
၁၀၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

- မူရင်းရေးသားသူ

24/11/2021


ကြိုက်လို့ save ထားပါသည်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း============================မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှ...
24/11/2021

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
============================
မြေဧကကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧကတွက်နိုင်ပါသည်။
လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
======================
၂၀၈.၇၁' × ၂၀၈.၇၁' ÷ ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ: ၁၀၀ ပေပတ်လည် အကွက်ဖြစ်လျှင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ဝ. ၂၂၉ ဧက
နှစ်နားညီ စတုဂံပုံစံ ဖြစ်ပါက
===================
(လ x န)' ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
(၄၀'×၆၀') ÷ ၄၃၅၆၀ = ဝ.၀၅၅ ဧက
(၆၀'×၁၀၀') ÷ ၄၃၅၆၀ = ဝ.၁၃၇ ဧက
နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
========================
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ဝ.၀၈၉ ဧက
တြိဂံပုံစံဖြစ်ပါက
===========
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ... ဧက
ဥပမာ:
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ဝ.၀၅၇ ဧက
ထောင့်မှန် တြိဂံပုံစံဖြစ်ပါက
===================
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ: ၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ဝ.၀၅၇ ဧက
စက်ဝိုင်းပုံစံဖြစ်ပါက
==============
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = .... ဧက
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ... ဧက ( ပုံသေမြှောက်ကိန်း .၇၈၅၄ )
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့် စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်။ )
ဥပမာ:
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ဝ.၀၄၅ ဧက
အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား (၁ ဧက = ၄၃၅၆၀ စတုရန်းပေ)
#ရှယ်မြေ #မြေ #စိုက်ပျိုးရေး #စိုက်ပျိုးမြေ #နည်းပညာ
Credit

အရေပြားရောဂါခံစားနရသောမိတ်ဆွတွေအတွက်သတင်းကောင်းလေး ပါးချင်ပါသည်➖➖➖➖➖➖➖➖➖➖➖➖အရေပြား၌ ဖြစ်တတ်သော ပွေး ၊နှင်းခူး၊ယားနာ၊ခေါင...
20/11/2021

အရေပြားရောဂါခံစားနရသောမိတ်ဆွတွေအတွက်
သတင်းကောင်းလေး ပါးချင်ပါသည်
➖➖➖➖➖➖➖➖➖➖➖➖

အရေပြား၌ ဖြစ်တတ်သော
ပွေး ၊နှင်းခူး၊ယားနာ၊ခေါင်းပေါ် အကွက်ကွက်ထနေသော ဓာတ်ပွေးများ၊ခြေသည်းလက်သည်းပိုးစားခြင်း၊အရေပြားယားယံခြင်း ၊ခြေဖနောင့်ကွဲခြင်း၊ ဦးရေပြား၌ဗောက်ထခြင်း............

အစရှိသောရောဂါများခံစားနရသော မိတ်ဆွေများအတွက်
တရုတ်ရိုးရာ ဆေးဝါးတစ်လက်ဖြစ်သော
ပရဆေး အဆီကို သုံးကြည့်ရန် တိုက်တွန်းအပ်ပါသည်
Price 8000
ပျောက်ကင်းသွားကြသည့် မိတ်ဆွေများ
အများအပြားရှိပြီဖြစ်ကြောင်းပုံနှင့်တကွဖော်ပြထားပါသည်။
မိတ်ဆွေတို့ခံစားနေရသော ဝေဒနာများအား အမြန်ဆုံးသက်သာပျောက်ကင်းရန် ဤဆေးကိုသုံးကြည့်ပါ
မထင်မှတ်သောကောင်းကျိုးတွေ့ရှိရမှာအမှန်ပင်ဖြစ်ပါသည်။

ပြန်လည်ရောင်းချလိုသူများအတွက် အထူးစျေးနှုန်းများဖြင့်
တစ်ဆင့်ပြန်လည် ရောင်းချပေးပါမည်
🚔နယ်ဝေးမှ မှာယူလိုသူများအတွက် deliveryဖြသင့်ပို့ပါသည်
သက်သာသွားတဲ့သူတွေအများကြီးပါ။side effect လုံးဝမရှိကြောင်း😇

အရေပြားရောဂါ အမျိုးမျိုးကို ​ပရဆေးအဆီယားနာပျောက်ဆေး သုံးစွဲခြင်းဖြင့် အမြစ်ဖြတ်ပါ ➖➖➖➖➖➖➖➖➖➖➖➖➖➖အရေပြား၌ ဖြစ်တတ်သော ၁ ဗူ...
20/11/2021

အရေပြားရောဂါ အမျိုးမျိုးကို ​ပရဆေးအဆီ
ယားနာပျောက်ဆေး သုံးစွဲခြင်းဖြင့် အမြစ်ဖြတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖

အရေပြား၌ ဖြစ်တတ်သော
၁ ဗူး -8000
အသင့်ရှိ

✅ ပွေး ၊နှင်းခူး၊ယားနာအမျိုးမျိုး
✅ ခေါင်းပေါ် အကွက်ကွက်ထနေသော ဓာတ်ပွေးများ
✅ ခြေသည်းလက်သည်းပိုးစားခြင်း၊
✅ အရေပြားယားယံခြင်း ၊
✅ ခြေဖနောင့်ကွဲခြင်း၊
✅ ဦးရေပြား၌ဗောက်ထခြင်း............

💁 အစရှိသောရောဂါများခံစားနရသော မိတ်ဆွေများအတွက်
တရုတ်ရိုးရာ ဆေးဝါးတစ်လက်ဖြစ်သော
ပရဆေး အဆီကို သုံးကြည့်ရန် တိုက်တွန်းအပ်ပါသည်

♻ တစ်ခါသုံးပြီးသည်နှင့် ထပ်ခါထပ်ခါ ပြန်မှာပြီး
ဆောင်ထားချင်လောက်အောင် ကောင်းသော
ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါသည် ။

🙅 side effect လုံးဝ(လုံးဝ) မရှိ

Amen
14/11/2021

Amen

Address

Lashio

Telephone

+959675558079

Website

Alerts

Be the first to know and let us send you an email when January 21 - VLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share