22/03/2023
FCP ဈေးဝယ်စာအုပ် အသုံးပြုကြသော ရင်းနှီးမြှုပ်နှံသူ လူကြီးမင်းများသို့ မေတ္တာရပ်ခံချက်
Flower Group သည် လူကြီးမင်းတို့ ဈေးဝယ်ယူကြရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ လားရှိုးမြို့ရှိ စားသောက်ကုန် လူသုံးကုန်ဆိုင်များနှင့် ချိတ်ဆက်၍ ဈေးဝယ်ယူသည့် FCP စနစ်ကို လည်ပတ်ခဲ့ပါသည်။
FCP စနစ်အား လည်ပတ်ရာတွင် ရင်းနှီးမြှုပ်နှံသူများအား ဈေးဝယ်စာအုပ်အား ကိုင်ဆောင်စေ၍ FCP နှင့်ချိတ်ဆက်ထားသော ဆိုင်များအား FCP မှ ထုတ်ပေးထားသော ဘောက်ချာစာအုပ်အား ကိုင်ဆောင်စေကာ နှစ်ဖက်သွင်း စာရင်းပုံစံဖြင့် စာရင်းရေးသွင်းစေခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများဝယ်ယူလိုက်သော စာရင်းပမာဏသည် မိမိတို့ရရှိမည့် အမြတ်ပမာဏထဲမှ ပြန်လည်နှုတ်ယူသည်ကိုလည်း လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါသည်။
သို့ရာတွင် ကုမ္ပဏီ၏ လတ်တလော ဖြစ်ပေါ်လာသော အခက်အခဲများကြောင့် ၁၆.၂.၂၀၂၃မှ စ၍ FCP စနစ်ဖြင့် ဈေးဝယ်ယူခြင်းကို ယာယီ ပိတ်သိမ်းကာ စာရင်းများ ပြန်လည်စီစစ်ခဲ့ပါသည်။
ယခု စာရင်းများ ပြန်လည်စီစစ်နေစဉ် ကာလအတွင်း FCP နှင့်ချိတ်ဆက်ထားသော ဆိုင်များမှ မိမိတို့ မူလရောင်းချထားသော ပစ္စည်းများအား ရင်းနှီးမြှုပ်နှံသူများထံမှ ပြန်လည် သိမ်းယူပြီး ရင်းနှီးမြှုပ်နှံသူ၏ ဈေးဝယ်စာအုပ်တွင် စာရင်းပြန်ဖျက်လိုက်သော်လည်း ဆိုင်များဘက်မှ စာရင်းရေးသွင်းလိုက်သော ဘောက်ချာများတွင် ရင်းနှီးမြှုပ်နှံသူများဝယ်ယူခဲ့သော စာရင်းများကို ပယ်ဖျက်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများမှ စာရင်းများ စီစစ်ရာတွင် ပိုမိုမြန်ဆန်စေရန်အတွက် မိမိ၏ ဈေးဝယ်စာအုပ်များအား ပြန်လည်စစ်ဆေး၍ ဆိုင်များမှ ပြန်လည်သိမ်းယူလိုက်သော ပစ္စည်းများတန်ဖိုးများအတွက် ပယ်ဖျက်ထားသော စာရင်းများရှိပါက FCP ရုံးချုပ်၏ Hotline ဖုန်းနံပါ
တ် 09-949099923 , 09-949099924 သို့ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။