3702-Warrior's Adventure

3702-Warrior's Adventure P2-3702 Fundraising Page

"ခက်ခဲနေခြင်းကိုက တော်လှန်ရေးမည်၏''ကျနော်တို့ရဲ့ တပ်ရေးအရာရှိက Rollcall စီရင် ပြောလေ့ရှိပါတယ်၊ အရာရာဟာ လွယ်ကူနေမှတော့ တေ...
20/04/2026

"ခက်ခဲနေခြင်းကိုက တော်လှန်ရေးမည်၏''

ကျနော်တို့ရဲ့ တပ်ရေးအရာရှိက Rollcall စီရင် ပြောလေ့ရှိပါတယ်၊ အရာရာဟာ လွယ်ကူနေမှတော့ တော်လှန်ရေးဘယ်မည်ပါ့မလဲ ''ခက်ခဲနေခြင်းကိုက တော်လှန်ရေးပါ'' ဆိုတဲ့စကားလေးပါ၊ အဲ့စကားလေးကို ခက်ခဲလာတဲ့ချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်လည် Remind လုပ်လေ့ရှိပါတယ်။ ကျနော်တို့အားလုံးဟာ ခက်ခဲတဲ့ ခေတ်ကာလတစ်ခုကိုကျော်ဖြတ်နေကြချိန်မှာ သူသူကိုယ်ကိုယ် စိတ်ပင်ပန်း စိတ်ဖိစီးလာကြတော့ ကျနော်တို့အချင်းချင်းကြားမှာ မေတ္တာတရား၊ အကောင်းမြင်စိတ်၊ သည်းခံစိတ်တွေ ပါးလျလာတက်ကြပါတယ်။

ကျနော်တို့ရဲဘော်တွေဟာလည်း နေ့စဥ် အခက်အခဲ၊ စိန်ခေါ်မှု၊ စိတ်ဖိစီးမှုတွေ ကြားထဲမှာ နေထိုင်ရတဲ့အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့၊ အကောင်းမြင်စိတ်​တွေ ထားရှိဖို့က အင်မတန် အရေးကြီးပါတယ်။ ဒီလို အခက်အခဲဆုံး အခြေအနေတွေကို ဖြတ်ကျော်ရတဲ့အခါ ကျနော်တို့မှာ ကြံ့ကြံ့ခံနိုင်စွမ်း ရှိနေဖို့ဟာ မဖြစ်မနေ လိုအပ်လာပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်းအားကောင်းပြီး စိတ်ဓာတ်တူတဲ့၊ ယုံကြည်ချက်ခိုင်မာတဲ့ ရဲဘော်တွေဖြစ်မှသာ ကျနော်တို့ဟာ စစ်အုပ်စုကိုဖြိုချနိုင်မှာပါ။

ကျနော်တို့နဲ့ အပတ်စဥ်အတူတူရဲဘော်တွေထဲကဖြစ်စေ ခံယူချက်အားနည်းကြသူတွေဖြစ်စေ လမ်းခုလတ်မှာအကြောင်းပြချက်ပေါင်းစုံနဲ့ ထွက်ခွာသွားကြတာ​မျိုးကိုကြုံတွေ့ရလေ့ရှိပါတယ်။ အဲ့ဒီလိုလူတွေကို နှမြောတသသဖြစ်နေမယ့်အစား ဘေးနားမှာ ကျန်ရှိနေတဲ့ မိမိတို့ရဲဘော်ရဲ့လက်ကို ပိုမြဲမြဲဆုပ်ကိုင်လိုက်ပါ။ ပိုပြီးနွေးထွေးပေးလိုက်ပါ။ နေသာတဲ့နေ့မှာ အတူတူသွားလာဖို့က လွယ်ကူပေမဲ့ မုန်တိုင်းထန်တဲ့အချိန်မှာမှ အတူတူရပ်တည်ပေးတဲ့သူကသာ "စစ်မှန်တဲ့ ရဲဘော်ရဲဘက်"တွေပါ။ တော်လှန်ရေးကာလမှာဆုံကြပေမဲ့ ကျနော်တို့တွေဟာ ရဲဘော်ရဲဘက်တွေတင်မကပါဘူးအေးအတူပူအမျှ ခံစားကြတဲ့ မိသားစုဝင်တွေလည်း ဖြစ်ပါတယ်။ အခုလို စိတ်ဓာတ်ရေးရာ စိန်ခေါ်မှုတွေကြားမှာ အခက်အခဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း နှစ်သစ်မှာ စစ်မှန်တဲ့ရဲဘော်ရဲဘက်တွေနဲ့အတူ ဆက်လက်တော်လှန်နိုင်ကြပါစေလို့။

တပ်သားသစ်များ စိစစ်ခေါ်ယူနေပါပြီ။
ဆက်သွယ်ရန် _ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

တော်လှန်​​ပြည်သူများ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါရန် ထပ်ဆင့်မျှဝေလိုက်ရပါတယ်..
17/04/2026

တော်လှန်​​ပြည်သူများ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါရန်
ထပ်ဆင့်မျှဝေလိုက်ရပါတယ်..

12/04/2026

""သင်္ကြန်ဆုတောင်းဆိုတာ အားလုံးစိတ်နှလုံး
နှလုံးစိတ်ဝမ်းအေးချမ်းပါစေဆိုရင် လုံလောက်တယ်''

အမေလည်း ကျန်းမာအေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်..

- ​အောင်ဆန်းစုကြည်( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် )

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

တပ်ရင်းထောက်ပို့ထီ ရပ်နားခြင်းနှင့်ပတ်သတ်၍ ထောက်ပို့ပြည်သူအားလေးစားစွာ အသိပေးခြင်း📣လစဥ်ထောက်ပို့တပ်သားများကို နွေးထွေးစွ...
07/04/2026

တပ်ရင်းထောက်ပို့ထီ ရပ်နားခြင်းနှင့်ပတ်သတ်၍ ထောက်ပို့ပြည်သူအားလေးစားစွာ အသိပေးခြင်း📣

လစဥ်ထောက်ပို့တပ်သားများကို နွေးထွေးစွာကြိုဆိုပါတယ်။

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

ထောက်ပို့ပြည်သူ့သို့ လေးစားစွာအသိပေးခြင်း

ဧပြီလတွင် တပ်ရင်းထောက်ပို့ထီရောင်းချခြင်းကို ရပ်ဆိုင်းထားပါကြောင်း ထောက်ပို့ပြည်သူအားလေးစားစွာအသိပေးကြေငြာအပ်ပါတယ်🙏

အခုလို ရာသီဥတုက အပူရှိန်ပြင်းထန်နေတဲ့ နွေမှာ မြေပြင်စ-စ်ရေးအခြေအနေများကြောင့် တပ်ရင်းထောက်ပို့ထီရောင်းချခြင်းကို ယာယီရပ်နားထား​ရခြင်းဖြစ်ပါတယ်၊ (၆)ကြိမ်မြောက် တပ်ရင်းထောက်ပို့ထီပြန်လည်ရောင်းချမည့်အချိန်ကို ထပ်မံအသိပေးသွားပါမယ်ခင်ဗျာ💪📣

တပ်ရင်းထောက်ပို့ထီ​ရောင်းချခြင်းဟာ မြေပြင်ခြေနေကြောင့် ရပ်နားထားရခြင်းသာဖြစ်ပါတယ်၊ မိမိတို့တပ်ရင်းအနေဖြင့် စိုးမိုးထိမ်းချုပ်ထားသည့်နယ်မြေများကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နှင့် ဒီထက်ပိုမိုအားကောင်းတဲ့တိုက်ပွဲဖော်ဆောင်မှုတွေကိုပြုလုပ်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစဥ်အားစိုက်လုပ်ဆောင်နေကြပါတယ်။ တစ်ဖက်မှာလည်း တပ်ရင်းရဲ့ ​မြေပြင်အထွေထွေ လိုအပ်ချက််က များစွာရှိနေတာမို့ ကျနော်တို့ တပ်ရင်းရဲ့ #လစဥ်3702ထောက်ပို့တပ်သား အဖြစ် တာဝန်ထမ်းဆောင်ရင်း ရဲ​ဘော်တွေရဲ့လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ 📣📣

နှစ်သစ် သင်္ကြန်အခါသမယမှာ တော်လှန်ပြည်သူအပေါင်း
''အတာရေစင်လိုအေးမြလန်းဆန်း၍ ဘေးကင်းကျန်းမာကြပါစေ''

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

06/04/2026

မြူမှောင်ဝေကင်းတဲ့ နှစ်သစ်အခါသမယမှာ
ယူနီဖောင်းအောက်က ပင်ပန်းနွမ်းနယ်မှုတွေကို ခဏမေ့ပြီး ရဲဘော်ရဲဘက်တွေနဲ့အတူ ရိုးရာသင်္ကြန်အငွေ့အသက်တွေဆီ ရောက်ဖြစ်ခဲ့တဲ ခနတာ..🎶🎼

နွေဦးအောင်ပွဲတွေကို နောက်တန်းကထောက်ပို့အားတွေနဲ့တွဲလက်ညီညီ ဆွတ်ခူးနိုင်ဖို့ လစဥ်တပ်ရင်းထောက်ပို့တွေလည်း လိုအပ်နေပါတယ်။ ကျနော်တို့တပ်ရင်းရဲ့ မြေပြင်အထွေထွေလိုအပ်ချက်များကိုဖြည့်တင်းရန်အတွက် လစဥ်3702ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက _ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 ရဲ့ Page Messenger မှာ ဆက်သွယ်၍ လစဥ်ထောက်ပို့​တာဝန်ထမ်းဆောင်လို့ရပါပြီခင်ဗျာ📣📣

လက်ကလေးဆွဲထား
Cover Dance By _ ၃၇၀၂တပ်ရင်းရဲဘော်များ

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

"မှတ်တမ်းတင်ဂုဏ်​​​ပြုလွှာ''(၅) ကြိမ်မြောက် ၃၇၀၂တပ်ရင်းထောက်ပို့ထီမှ ပထမဆုနှင့်ဒုတိယဆု ကံထူးသွားသည့် ကံထူးရှင်ထောက်ပို့ရ...
03/04/2026

"မှတ်တမ်းတင်ဂုဏ်​​​ပြုလွှာ''

(၅) ကြိမ်မြောက် ၃၇၀၂တပ်ရင်းထောက်ပို့ထီမှ ပထမဆုနှင့်ဒုတိယဆု ကံထူးသွားသည့် ကံထူးရှင်ထောက်ပို့ရဲဘော်များမှ တပ်ရင်းအတွက် မြန်မာငွေ _ ၁,၀၀၀,၀၀၀ကျပ်စီ ပြန်လည်ထောက်ပို့ပေးမှုအပေါ် ကျနော်တို့ တပ်ရင်းရဲဘော်များမှ အလေးအနက်ဂုဏ်ပြုကျေးဇူးတင်အပ်ပါတယ်။ ထောက်ပို့မှုတွေကိုလည်း တစ်ကျပ်၊ တစ်ပြားမှ အလေအလွင့်မရှိစေဘဲ တပ်ရင်းရဲ့ရှေ့တန်းနောက်တန်းအသီးသီးမှ ရဲဘော်များရဲ့ အထွေထွေလိုအပ်ချက်များအတွက် ဖြည့်တင်းပေးသွားပါမည်။

ခက်ခဲနေတဲ့အချိန်မှာ လက်တွဲမဖြုတ်ဘဲ ယခုလို ထပ်ဆင့်ထောက်ပို့ပေးမှုဟာ ကျနော်တို့အားလုံးအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ခွန်အားတစ်ခုပါ။

မိမိတို့ရဲ့ လူအား၊ ငွေအား၊ စေတနာအားလုံးအပေါ် အစဥ်အမြဲတန်ဖိုးထားဂုဏ်ယူမိပါကြောင်းနှင့် ကျနော်တို့ မြေပြင်ရဲဘော်များမှလည်း တော်လှန်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အလုပ်နဲ့သက်သေပြရင်း ပြည်သူ့တော်လှန်ရေးအောင်မြင်သည်ထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်။

တပ်သားသစ်များကို စိစစ်လက်ခံနေပါပြီ။
ဆက်သွယ်ရန် _ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702

Telegram Channel Link _ https://t.me/battalion3702

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

ထီပေါက်စဥ်တိုက်လို့ရပါပြီရှင့် ကျမတို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 မှ ထောက်ပို့ကံစမ်းထားတဲ့ ထောက်ပို့ပြည်သ...
02/04/2026

ထီပေါက်စဥ်တိုက်လို့ရပါပြီရှင့်

ကျမတို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 မှ ထောက်ပို့ကံစမ်းထားတဲ့ ထောက်ပို့ပြည်သူများရှင့်

(၅)ကြိမ်မြောက် ၃၇၀၂တပ်ရင်းထောက်ပို့ထီပေါက်စဥ်များတိုက်လို့ရပါပြီ။

ပထမဆု -D249
ဒုတိယဆု - B981
တတိယဆု - A103

ကဲကဲ တခြားပေါက်မဲဆုတွေကလည်း
အများကြီးပါတာမို့ ဘယ်သူတွေ
Lucky Noကံထူးရှင်ဖြစ်ကြမလဲ ??
မင်မင်တို့ရဲဘော်တွေလည်းရင်ခုန်နေပါပြီ၊
အမြန်ဆုံးထီလာတိုက်ပြီး ဆုကြေးတွေထုတ်ယူလို့ရပါပြီနော်

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#တပ်ရင်းထီ
#3702ထောက်ပို့တပ်သား
#၃၇၀၂တပ်ရင်းထောက်ပို့ထီ

မနက်ဖြန် ထီထွက်မည်""ထီလက်မှတ်လေးတွေ ကိုင်ပြီး ရင်တုန်နေကြပြီလား? မနက်ဖြန်ကျရင်တော့ '၂၅သိန်း ၊၁၅သိန်း၊၁၀သိန်း 'ဆိုတဲ့ဂဏန်...
31/03/2026

မနက်ဖြန် ထီထွက်မည်"

"ထီလက်မှတ်လေးတွေ ကိုင်ပြီး ရင်တုန်နေကြပြီလား? မနက်ဖြန်ကျရင်တော့ '၂၅သိန်း ၊၁၅သိန်း၊၁၀သိန်း 'ဆိုတဲ့ဂဏန်းကြီးက ရောက်လာတော့မှာပါ။"

(၅)ကြိမ်မြောက်
တပ်ရင်းထောက်ပို့ထီဖွင့်မှာ ဖြစ်ပါတယ်

မနက်ဖြန်ည Live ကို မြန်မာစံတော်ချိန် 7:00 pm
မှာ အတူတူကြည့်ရင်း ကံထူးရှင်က ကိုယ်ဖြစ်နေလားဆိုတာ အတူစောင့်ကြည့်ကြမယ်နော်.

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား
#ထီဖွင့်ရက်

တပ်ရင်းထောက်ပို့ထီ ထွက်ရန် (၂)ရက်သာလိုပါတော့တယ် 📣🍀" မဖြစ်နိုင်တာတွေမှန်းပြီး လွမ်းကြမလား ဖြစ်နိုင်တာတွေရွေးပြီး ကံစမ်းကြ...
30/03/2026

တပ်ရင်းထောက်ပို့ထီ
ထွက်ရန် (၂)ရက်သာလိုပါတော့တယ် 📣🍀

" မဖြစ်နိုင်တာတွေမှန်းပြီး လွမ်းကြမလား
ဖြစ်နိုင်တာတွေရွေးပြီး ကံစမ်းကြမလား ''

ကံထူးရင် တပ်ရင်းထီပေါက်ပြီး
ရဲဘော်တွေရဲ့ မြေပြင်အထွေထွေလိုအပ်ချက်တွေအတွက်လည်း ဖြည့်တင်းပေးနိုင်မဲ့ အခွင့်အရေးတစ်ခုပါနော်

ဗျူဟာ ၂၅ ကွပ်ကဲမှု အခြေစိုက်တဲ့ဒေသမှာ
မြေပြင်ထိတွေ့မှုတွေလည်း ဆက်တိုက်ရှိနေတာမို့
လိုအပ်ချက်တွေကလည်း များပြားနေပါတယ်
ယခုလမြေပြင်ရောင်းအားတွေ လျော့နည်းနေတဲ့အတွက်
ထီလက်ကျန်တွေ အများကြီးကျန်နေပါသေးတယ်
တပ်ရင်းထီ တစ်စောင်မှ မြန်မာငွေ _ ၅၀၀၀ ကျပ်ပဲမို့
အခုပဲ 3702-Warrior's Adventure ရဲ့
Page Messenger ကတဆင့် ကံစမ်းထောက်ကူကြဖို့
တိုက်တွန်းအပ်ပါတယ်ရှင် ✊💪

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သာ

ငါတို့မသေသေးတာပဲရှိတယ် မသေတော့တာမဟုတ်ဘူးသွားနှင့်သူတွေကိုလည်းမမေ့နဲ့ကျန်ခဲ့တဲ့သူတွေကိုလည်းလျစ်လျူမရှုမိစေနဲ့ ~မောင်ဆောင်...
24/03/2026

ငါတို့မသေသေးတာပဲရှိတယ်
မသေတော့တာမဟုတ်ဘူး
သွားနှင့်သူတွေကိုလည်းမမေ့နဲ့
ကျန်ခဲ့တဲ့သူတွေကိုလည်း
လျစ်လျူမရှုမိစေနဲ့

~မောင်ဆောင်းခ~

တပ်ရင်းထောက်ပို့ထီများကို
3702-Warrior's Adventure Page Messenger
မှတဆင့် ထောက်ပို့ကံစမ်းနိုင်ပါတယ်ခင်ဗျာ။

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

20/03/2026

မြေပြင်မှာ ရဲဘော်တွေအပြင်
ပြည်သူတွေလည်း ထိခိုက်မှုတွေရှိကြတဲ့ကာလမို့
တပ်ရင်းထောက်ပို့ထီရောင်းအားတွေ လျှော့ချနေရပါတယ်၊

Online ဦးစားပေးရောင်းချမှ
ရဲဘော်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်မှာမို့
တပ်ရင်းထီ တစ်စောင်ကို မြန်မာငွေ _ [ ၅,၀၀၀ကျပ် ]ဖြင့် အခုပဲ 3702-Warrior's Adventure မှာ
လာရောက်ကံစမ်းကြပါဦးခင်ဗျာ...💪

#ပဲခူးခရိုင်တပ်ရင်း၂
#၃၇၀၂တပ်ရင်း
#ဗျူဟာ၂၅
#တပ်သားသစ်ခေါ်ခြင်း
#၃၇၀၂တပ်ရင်းထောက်ပို့ထီ
#3702ထောက်ပို့တပ်သား

Address

Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09799128615

Website

Alerts

Be the first to know and let us send you an email when 3702-Warrior's Adventure posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 3702-Warrior's Adventure:

Share