U Book Educations

U Book Educations Founded and registered in 2016 with No. 1523/2016-2017(YGN),U-Book Educations Co., Ltd. Have something you want? Shoot us an email or call us.

Provides varieties of educational textbooks, online resources, learning tools, digital platforms and laboratory equipment. From printed to digital books, we will surprise you with the best pricing and quality.

AI နဲ့ Productivity မြှင့်တင်ပေးမယ့် ကမ္ဘာကျော်စာအုပ်များယခုခေတ် လုပ်ငန်းခွင်၊ စီးပွားရေးနဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည် မြ...
28/04/2026

AI နဲ့ Productivity မြှင့်တင်ပေးမယ့် ကမ္ဘာကျော်စာအုပ်များ

ယခုခေတ် လုပ်ငန်းခွင်၊ စီးပွားရေးနဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည် မြှင့်တင်မှုတွေမှာ AI နည်းပညာက မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို အထောက်အကူပြုစေဖို့ ကမ္ဘာကျော် AI ဆိုင်ရာ စာအုပ်ကောင်း (၆) အုပ်ကို ကျွန်တော်တို့ တင်သွင်းဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ မတင်သွင်းခင်မှာ ဘယ်စာအုပ်တွေကို ပိုပြီး စိတ်ဝင်စားကြမလဲဆိုတာကို အရင်ဆုံး သိချင်ပါတယ်။ လူကြီးမင်းတို့ရဲ့ တောင်းဆိုမှုအများဆုံး စာအုပ်တွေကို ဦးစားပေး တင်သွင်းသွားမှာဖြစ်လို့ စိတ်ဝင်စားတဲ့ စာအုပ်နာမည်ကို Comment မှာ ရေးပေးခဲ့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မိတ်ဆွေက AI ကို Business အတွက် ပိုသုံးချင်တာလား၊ Personal Productivity အတွက်လား?

21/04/2026

အပူချိန် ၄၀ ကျော်မှာတော့ Ollie လည်း စာမဖတ်နိုင်တော့ဘဲ ယပ်တောင်ကိုပဲ အမြဲကိုင်ထားရတဲ့ အခြေအနေဖြစ်နေပြီ။

အားလုံးပဲ ဒီရက်ပိုင်း နေပူထဲ သိပ်မထွက်ကြဘဲ အိမ်ထဲမှာပဲ အေးအေးလူလူ နေကြပါလို့ အကြံပေးပါရစေ။ တကယ်လို့ နေ့ခင်းနေ့လယ် အပြင်ထွက်ရရင်လည်း ထီး၊ ယပ်တောင်နဲ့ ရေသန့်ဘူးလေးတွေ မမေ့ဘဲ ယူသွားကြပါဦးနော်။ ✨☀️

နှစ်သစ်ရဲ့ အေးမြတဲ့ အတာရေနဲ့အတူ စိတ်နှလုံးလည်း အေးချမ်းပါစေ။သင်ယူမှုတွေနဲ့ ဖြည့်ဆည်းထားတဲ့ သင့်ရဲ့ အတွေးအခေါ်တွေက ဒီနှစ်...
17/04/2026

နှစ်သစ်ရဲ့ အေးမြတဲ့ အတာရေနဲ့အတူ စိတ်နှလုံးလည်း အေးချမ်းပါစေ။

သင်ယူမှုတွေနဲ့ ဖြည့်ဆည်းထားတဲ့ သင့်ရဲ့ အတွေးအခေါ်တွေက ဒီနှစ်သစ်မှာ သင့်ကို အတောက်ပဆုံး လူတစ်ယောက် ဖြစ်လာစေမှာပါ။ အသိပညာဗဟုသုတတွေနဲ့အတူ စိတ်သစ်၊ လူသစ်၊ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေ။

ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးနေ့လေးဖြစ်ပါစေ။ 🧠💡

WE ARE OUT FOR THINGYAN 💦 ၁၀ ဧပြီ - ၁၉ ဧပြီမနက်ဖြန်ကစပြီး Ollie တို့ U Book Educations ရဲ့ သင်္ကြန်ရုံးပိတ်ရက် စတင်ပါပြီ...
09/04/2026

WE ARE OUT FOR THINGYAN 💦
၁၀ ဧပြီ - ၁၉ ဧပြီ

မနက်ဖြန်ကစပြီး Ollie တို့ U Book Educations ရဲ့ သင်္ကြန်ရုံးပိတ်ရက် စတင်ပါပြီ။

ရုံးပိတ်ထားတဲ့ ကာလအတွင်း Page Messenger က စာပြန်ဖြေတာနဲ့ Delivery ပို့ဆောင်မှုတွေကို ခေတ္တရပ်နားထားမှာပါ။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ Website ကနေတော့ လိုချင်တဲ့စာအုပ်တွေကို အချိန်မရွေး ပုံမှန်အတိုင်း Order တင်ထားလို့ ရနေဦးမှာနော်။

ဧပြီ ၂၀ ရက်နေ့မှာ လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်မှာဖြစ်ပြီး၊ ပိတ်ရက်အတွင်း မှာယူထားတဲ့ Orderတွေကိုလည်း ရုံးပြန်ဖွင့်တာနဲ့ အမြန်ဆုံး ဦးစားပေး ပို့ဆောင်ပေးသွားမှာပါခင်ဗျာ။

အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေ။

"သင်္ကြန်မှာ အတာရေနဲ့အတူ အညစ်အကြေးတွေ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ပါစေ။"

Your Brain is Your Brand.

☀️ သင်္ကြန်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ အေးဆေး Chill မယ့်သူတွေအတွက်... 📖အပြင်မှာကလည်း အရမ်းပူ၊ လူရှုပ်တာလည်း မကြိုက်လို့ သ...
07/04/2026

☀️ သင်္ကြန်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ အေးဆေး Chill မယ့်သူတွေအတွက်... 📖

အပြင်မှာကလည်း အရမ်းပူ၊ လူရှုပ်တာလည်း မကြိုက်လို့ သင်္ကြန်တွင်း အိမ်မှာပဲ ငြိမ်ငြိမ်လေးနားမယ်လို့ စဉ်းစားထားလား? သူများတွေ ရေကစားနေချိန် အိမ်မှာပဲ အေးဆေး ကိုယ့်အတွက်အကျိုးရှိမယ့် စာအုပ်ဖတ်မယ်ဆိုတဲ့သူတွေအတွက် U Book Educations ကနေ အမိုက်စား Self-Development Book Collection တစ်ခုကို ရွေးထုတ်ပေးလိုက်ပါတယ်။

"Your Brain is Your Brand" ဆိုတဲ့အတိုင်း ဒီအားလပ်ရက်ရှည်လေးမှာ ဦးနှောက်ကို အားဖြည့်လိုက်ရအောင်။

Overthinking တွေကို ရပ်တန့်ဖို့၊ အကျင့်ကောင်းတွေ မွေးမြူဖို့နဲ့ လူတွေရဲ့ သဘောသဘာဝကို နားလည်ပြီး Power ကို ကိုင်တွယ်နိုင်ဖို့...

Stop Overthinking
The 7 Habits of Highly Effective People
Unfu*k Yourself
The 48 Laws of Power
The Laws of Human Nature

စတဲ့ ကမ္ဘာတစ်ဝန်းက လူကြိုက်များပြီးသား မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ စာအုပ်တွေကို စုစည်းပေးထားပါတယ်။

စာအုပ်တစ်အုပ်ချင်းစီရဲ့ အသေးစိတ်ကို သိချင်ရင် ပုံလေးတွေကို တစ်ချက်ချင်းစီ ထောက်ပြီး ဖတ်ကြည့်လို့ရပါတယ်နော်။ တန်းပြီး ဝယ်ယူချင်တဲ့သူတွေအတွက်လည်း ပုံတစ်ပုံချင်းစီရဲ့အောက်မှာ Website Link လေးတွေပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ ဒီ Collection က လူကြိုက်အရမ်းများလို့ Stock သိပ်မကျန်တော့တာမလို့ မြန်မြန်လေးဝယ်ထားဖို့တော့ လိုမယ်နော်။

ကျောင်းများအတွက် လိုအပ်သော နိုင်ငံတကာအဆင့်မီ Teaching Resources များကို တစ်နေရာတည်းတွင် အလွယ်တကူ ရရှိနိုင်ရန် Ollie တိို...
06/04/2026

ကျောင်းများအတွက် လိုအပ်သော နိုင်ငံတကာအဆင့်မီ Teaching Resources များကို တစ်နေရာတည်းတွင် အလွယ်တကူ ရရှိနိုင်ရန် Ollie တိို့ U Book Educations မှ ကူညီပေးပါရစေ။ 🦉💼

UK, US နှင့် Singapore Curriculum များဖြင့် သင်ကြားနေသော International Schools များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဆရာ၊ ဆရာမများအတွက် မှန်ကန်သော မူရင်းစာအုပ်များ ရွေးချယ်နိုင်ရန် အလွန်အရေးကြီးပါသည်။

ယခုအခါတွင် ကမ္ဘာ့အကောင်းဆုံး စာအုပ်ထုတ်ဝေရေး လုပ်ငန်းကြီးများဖြစ်သည့် အောက်ပါ Publisher (၁၃) ခုလုံး၏ စာအုပ်များကို Ollie တို့ရဲ့ U Book Educations မှာ တိုက်ရိုက် မှာယူလို့ရပါတယ်နော်။

🎓 McGrawHill | Cambridge | Pearson | Wiley | Elsevier
🎓 Springer | Marshall Cavendish | National Geographic | Gale
🎓 Hachette Learning | Bloomsbury | Taylor and Francis | Penguin

🌟 ဘာကြောင့် Ollie တို့ကို ယုံကြည်စိတ်ချစွာ ရွေးချယ်သင့်တာလဲ??

မြန်မာနိုင်ငံက ကျောင်းတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် နိုင်ငံတကာ ကျောင်းသုံးစာအုပ်တွေကို (၁၀) နှစ်ကျော်တိုင်တိုင် စဉ်ဆက်မပြတ် တင်သွင်းပေးနေတဲ့အပြင်၊ သာမန်ပြန်လည်ရောင်းချသူမဟုတ်ဘဲ အထက်ပါ Publishers ကြီးများ၏ တရားဝင်ကိုယ်စားလှယ် (Authorized Distributor) အဖြစ် ရပ်တည်နေသောကြောင့်—

✅ ၁၀၀% မူရင်းအာမခံချက်: အတုအပနှင့် မိတ္တူစာအုပ်များ လုံးဝ (လုံးဝ) ရောင်းချခြင်းမပြုပဲ ထုတ်ဝေသူများထံမှ တိုက်ရိုက်တင်သွင်းသော Quality အပြည့် မူရင်းစာအုပ်များကိုသာ အာမခံချက်ဖြင့် ရရှိနိုင်ပါသည်။
✅ ပြည့်စုံသော သင်ထောက်ကူများ: ကျောင်းသုံးစာအုပ်များသာမက ဆရာ၊ ဆရာမများ သင်ကြားရေးအတွက် မရှိမဖြစ်လိုအပ်သော Teacher's Guides များနှင့် Digital Resources များကိုပါ လိုအပ်သလို အပြည့်အဝ Provide လုပ်ပေးနိုင်ပါသည်။
✅ B2B Partnerships: ကျောင်းများ၊ သင်တန်းကျောင်းများအတွက် Bulk Order အထူးဈေးနှုန်းများနှင့် ဝန်ဆောင်မှုများကို သီးသန့် စီစဉ်ဆောင်ရွက်ပေးပါသည်။

မိမိတို့ကျောင်းနှင့် သင်တန်းများအတွက် လိုအပ်သော ပြဋ္ဌာန်းစာအုပ်များ၊ Teaching Resources များအကြောင်းကို အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက ယခုပဲ Page Messenger သို့ တိုက်ရိုက် ဆက်သွယ်လိုက်ပါ။

ဘော်ဒါတို့ရဲ့ Manga Shelf မှာ Attack on Titan ရှိပြီလား? 📚Manga Collector တွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ Attack on ...
03/04/2026

ဘော်ဒါတို့ရဲ့ Manga Shelf မှာ Attack on Titan ရှိပြီလား? 📚

Manga Collector တွေအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ Attack on Titan ကို Digital မှာ ဖတ်ပြီးပေမဲ့ Physical စာအုပ်ကို စင်ပေါ်မှာ အစီအရီလေး သိမ်းထားချင်တဲ့သူတွေအတွက် အခုက အကောင်းဆုံးအချိန်ပဲ။

မူရင်းဈေး ၁,၃၀၂,၀၀၀ ကျပ် ရှိတဲ့ Part 1 to 31 တစ်တွဲလုံးကို အခု Website မှာ 50% OFF ပေးနေတာမို့ ၆၅၁,၀၀၀ ကျပ် တည်းနဲ့ ရမှာပါ။ တွက်ကြည့်လိုက်ရင် ၆ သိန်းကျော်တောင် သက်သာသွားမှာနော်။

ဒါပေမဲ့ တစ်ခုတော့ရှိတယ် ဒီ Discount နဲ့က Instock မှာ နောက်ဆုံး 1 စုံပဲ ကျန်ပါတော့တယ်။ အရင်ဦးတဲ့သူကပဲ 50% Discount ဈေးနဲ့ ပိုင်ဆိုင်သွားမှာပါ။

🛒 Grab Your Set :
https://ubookeducations.com/comics-grapic-novels

မနေ့က "စာအုပ်အနံ့" ကြောင့် နှာခေါင်းလေးတွေ နည်းနည်းပွသွားကြပြီလား? 😂April Fool Prank လေးကို အင်တိုက်အားတိုက် ပါဝင်ပေးကြလ...
02/04/2026

မနေ့က "စာအုပ်အနံ့" ကြောင့် နှာခေါင်းလေးတွေ နည်းနည်းပွသွားကြပြီလား? 😂

April Fool Prank လေးကို အင်တိုက်အားတိုက် ပါဝင်ပေးကြလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အနံ့ကတော့ မရသေးပေမဲ့ ၅၀% Discount ကြီးကတော့ တကယ်ပေးနေတာနော်!

ဒါပေမဲ့ သတိပေးစရာလေး တစ်ခုရှိပါတယ် ဒီ Discount က Website Launch အထိမ်းအမှတ်အဖြစ် ပထမဆုံး အယောက် (၁၀၀) အတွက်ပဲ သီးသန့်ပေးထားတာပါ။ မနေ့ကတည်းက အလုအယက် ဝယ်လိုက်ကြတာ အခုဆိုရင် လက်ကျန်က လက်ချိုးရေလို့ ရတဲ့အထိ နည်းနေပြီနော်။ 🏃‍♂️💨

ဘယ်အထိ ရမလဲ? April 5 ရက်နေ့အထိ (ဒါပေမဲ့ အယောက် ၁၀၀ ပြည့်ရင်တော့ ပိတ်သွားမှာပါ)
ဘာတွေရမလဲ? ကိုယ်ကြိုက်တဲ့ International Original စာအုပ်တွေကို တစ်ဝက်စျေးနဲ့!

အရင်ဦးတဲ့သူက အရင်ရမှာမို့လို့ ဖုန်းကိုရှုနေမယ့်အစား Website လေးထဲ အမြန်ပြေးပြီး Checkout လုပ်ထားလိုက်တော့နော်။ Ollie တို့ Team လည်း အော်ဒါတွေ အရမ်းတက်နေလို့ အလုပ်ရှုပ်နေပြီနော်! 🦉

Promo Code - APRILFOOL50

Website Link - ubookeducations.com

🚨စာအုပ်ရနံ့ကို Screen ပေါ်ကနေ ရှူလို့ရပြီဆိုရင် ယုံမလား?ဘယ်သူမှ ယုံမှာ မဟုတ်ပေမယ့် ဒါ တကယ်ဖြစ်လာပါပြီဗျာ။ U Book Educati...
01/04/2026

🚨စာအုပ်ရနံ့ကို Screen ပေါ်ကနေ ရှူလို့ရပြီဆိုရင် ယုံမလား?

ဘယ်သူမှ ယုံမှာ မဟုတ်ပေမယ့် ဒါ တကယ်ဖြစ်လာပါပြီဗျာ။ U Book Educations ရဲ့ ဒီနေ့ Website အသစ် လွှင့်တင်မှုနဲ့အတူ ဖုန်းစခရင်ပေါ်ကနေ စာအုပ်အနံ့ကို လှမ်းရှူကြည့်လို့ရမယ့် Feature အလန်းစားကြီး ပါလာပါပြီ။ ဒီ Feature သစ်ကြီးနဲ့အတူ အားလုံးမျှော်နေကြတဲ့ 50% Discount ကြီးကလည်း အတူတူ လာတာနော်။

ဒါပေမယ့်... ဒီလို အထူးလျှော့စျေးကို ရယူဖို့ဆိုရင်တော့ ပထမဆုံး ဝယ်ယူမယ့် အယောက် (၁၀၀) ကိုပဲ ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ အယောက် (၁၀၀) ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး မိတ်ဆက်လိုက်တဲ့ "Digital Scent Sync" (ဒီဂျစ်တယ် ရနံ့ကူးပြောင်းခြင်း) နည်းပညာကို ကိုယ်တိုင် အရင်ဆုံး စမ်းသပ်ကြည့်ဖို့တော့ လိုပါမယ်။

🔓 50% Discount ကို Unlock ပြုလုပ်ရန် အဆင့်များ -

[ ၁ ] အောက်ပါ Link မှတစ်ဆင့် U Book ၏ Website သစ်သို့ ဝင်ရောက်ပါ။

[ ၂ ] စနစ်အတွင်း ထည့်သွင်းထားသော ရနံ့များထဲမှ မိမိနှစ်သက်ရာ ရနံ့တစ်ခုကို ရွေးချယ်ပါ။

[ ၃ ] သင့်ဖုန်းစခရင်ကို နှာခေါင်းအနီးသို့ကပ်၍ ထိုစာအုပ်ရနံ့ကို သေချာစွာ ရှူရှိုက်ကြည့်ပါ။

သင့်၏ အာရုံခံစားမှုကို စနစ်က အတည်ပြုပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံတကာထုတ် Original စာအုပ်အားလုံးကို တစ်ဝက်စျေးဖြင့် ဝယ်ယူနိုင်မည့် 50% Promo Code ကို ချက်ချင်း မြင်တွေ့ရမည် ဖြစ်ပါတယ်။

နည်းပညာနှင့် စာဖတ်ခြင်းကို ပေါင်းစပ်ထားတဲ့ အတွေ့အကြုံသစ်ကို သူများတွေထက် နောက်မကျအောင် အခုပဲ ဝင်ကြည့်ပြီး Disocunt ကိုရယူလိုက်တော့နော်။

🌐 ဝင်ရောက်စမ်းသပ်ရန်: https://ubookeducations.com/launch

🚨 50% Discount ကြီးနဲ့အတူ သင်္ကြန်မတိုင်ခင် ရောက်လာမယ့် U Book ရဲ့ Surprise ကြီး!စာအုပ်ချစ်သူတွေအတွက် ဒီနှစ် သင်္ကြန်ပိတ...
30/03/2026

🚨 50% Discount ကြီးနဲ့အတူ သင်္ကြန်မတိုင်ခင် ရောက်လာမယ့် U Book ရဲ့ Surprise ကြီး!

စာအုပ်ချစ်သူတွေအတွက် ဒီနှစ် သင်္ကြန်ပိတ်ရက်တွေက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတော့မှာပါ။ U Book Educations ကနေ သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်မယ့် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဒီ ကြီးမားတဲ့ အစီအစဉ်သစ်ကြီးနဲ့အတူ နိုင်ငံတကာထုတ် Original စာအုပ်အားလုံးကို 50% OFF နဲ့ ရယူနိုင်မယ့် အခွင့်အရေးကိုပါ ပေးသွားမှာပါ။

ပိုက်ဆံလေးတွေ ကြိုစုထားပြီး ဧပြီလ (၁) ရက်နေ့ကစလို့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို U Book Educations Page မှာ စောင့်ကြည့်ပေးကြပါဦး။

သင်္ကြန်မတိုင်ခင် စာအုပ်အလန်းတွေ ပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက စာအုပ်စာရင်းတွေ ကြိုလုပ်ထားကြတော့နော်! 📚✨

KBTC Students Day မှာ စာအုပ်ကောင်းလေးတွေ လိုက်ရှာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် U Book ရဲ့ Booth ရှိပါတယ်နော်။ 🎉ဒီပ...
23/03/2026

KBTC Students Day မှာ စာအုပ်ကောင်းလေးတွေ လိုက်ရှာနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် U Book ရဲ့ Booth ရှိပါတယ်နော်။ 🎉

ဒီပွဲလေးမှာ အထူးအစီအစဉ်အနေနဲ့ U Book Educations ကနေ ဘယ်စာအုပ်ဝယ်ဝယ် 10% Discount အပြည့်ချပေးသွားမယ့် ပရိုမိုးရှင်းလေး လုပ်ပေးထားပါတယ်။

Booth မှာ ကိုယ်တိုင်လာရွေးလို့ရမယ့် Original စာအုပ်တွေကတော့ -
✨ Harry Potter ပရိသတ်တွေအတွက်ရော၊ A Song of Ice and Fire Box Set တွေရော ပါမယ်။
✨ Graphic Novels, DC Comics နဲ့ Stranger Things လို စာအုပ်မျိုးစုံလည်း ရှိပါတယ်။
✨ ဒါ့အပြင် ရင်ခုန်စရာ Romance စာအုပ်တွေနဲ့ ညီလေး၊ ညီမလေးတွေအတွက် Children's Novels တွေကိုပါ စုံစုံလင်လင် ခင်းကျင်းပြသပေးသွားမှာပါ။

နိုင်ငံတကာက Original စာအုပ်တွေကို Discount အပြည့်နဲ့ ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ဖို့ U Book Booth ကို အပြေးလေး လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ပွဲမှာဆုံကြမယ်နော် 👋

Address

181 (B), U Mg Mg Soe Lane, A1 Street, Mayangon Township, Yangon
Kamayut

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Alerts

Be the first to know and let us send you an email when U Book Educations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Book Educations:

Share

Category