05/10/2020
မန်ငြူ ရယ် ဂီယာဘောက် (Manual Gear Box)
၁.ဂီယာထိုးစဉ်အသံမြည်ခြင်း
💡💡💡💡💡💡💡💡💡💡💡💡💡💡
(က) ကလပ်မပြုတ်ခြင်းပြသနာ ရှိ/မရှိ စစ်ဆေးပါ(ရှိပါက. ပြုပြင်ပါ /အသစ်လဲပါ)
(ခ) gearbox ကိုစစ်ဆေးပါ။
(၁)စိုက်ခရိုနိုက်ဇာကွင်းရှိ မြောင်းလိုင်းများ
ကို စစ်ဆေးပါ။(ပွန်စားနေပါက လက်
ဖြင့် လှည့်ပါက ချော်၍လည်နေမည် /
အသစ်လဲလှယ်တပ်ဆင်ပါ )
(၂)ကီး၏ အပေါ်ခုံး (အမောက်) (crest )
စစ်ဆေးပါ(ပွန်းစားပါက အသစ်လဲပါ)
(၃)ကီးစပရိန် ကို စစ်ဆေးပါ(အားပျော့နေ
ပါက အသစ်လဲပါ)
🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕🚕
၂.ဂီယာထိုးရာတွင် ခက်ခဲခြင်း
💡💡💡💡💡💡💡💡💡💡💡💡💡💡
(က) ဂီယာထိုးမှု အဆက်များကို စစ်ဆေးပါ(ဂီယာထိုးတံနှင့် shift fork တို့ကြားရှိ အချိတ်အဆက်များ၏ ဘွတ်များကျယ်လာခြင်းဖြစ်လာပါက ပြုပြင်ပါ /အသစ်လဲပါ)
(ခ) ကလပ်မပြုတ်ခြင်းပြသနာ ရှိ/မရှိ စစ်ဆေးပါ(ရှိပါက. ပြုပြင်ပါ /အသစ်လဲပါ)
(ဂ)gearbox ကိုစစ်ဆေးပါ။
(၁)စိုက်ခရိုနိုက်ဇာကွင်းရှိ မြောင်းလိုင်းများ
ကို စစ်ဆေးပါ။(ပွန်စားနေပါက လက်
ဖြင့် လှည့်ပါက ချော်၍လည်နေမည် /
အသစ်လဲလှယ်တပ်ဆင်ပါ )
(၂)ကီး၏ အပေါ်ခုံး (အမောက်) (crest )
စစ်ဆေးပါ(ပွန်းစားပါက အသစ်လဲပါ)
(၃)ကီးစပရိန် ကို စစ်ဆေးပါ(အားပျော့နေ
ပါက အသစ်လဲပါ
. (၄)interlocking စက်အဖွဲ့ကိုစစ်ဆေးပါ(ပွန်းစားနေလျှင် အသစ်လဲပါ)
🚙🚙🚘🚘🚘🚘🚘🚗🚕🚗🚘🚕🚗🚘
၃.ဂီယာပြုတ်ခြင်း
💡💡💡💡💡💡💡💡💡💡💡💡💡💡
(က)ဂီယာတစ်ခုစီအတွက် thrust clearance ကိုစစ်ဆေးပါ(အထူတိုင်းဂိတ်ဖြင့် တိုင်းတာစစ်ဆေးပါ။
ဂီယာ (၁)အတွက် ၀.၁၀mm မှ ၀.၄၀mm
ဂီယာ (၂)အတွက် ၀.၁၀mmမှ ၀.၄၅mm၊ဂီယာ (၃)အတွက် ၀.၁၀mmမှ ၀.၃၅mm၊ဂီယာ (၄)အတွက် ၀.၁၀mmမှ ၀.၅၅mm
(ခ)အထိန်းဘောသီးရှိ စပရိန်ကိုစစ်ဆေးပါ(အားပျော့နေလျှင် အသစ်လဲပါ)
(ဂ)hub sleeve နှင့် ဂီယာ spline များကိုစစ်ဆေးပါ(ပွန်စားနေလျှင် အသစ်လဲပါ)
🚙🚙🚙🚙🚙🚙🚙🚙🚙🚘🚘🚗🚗🚗
========--------=========---------========
#ကာ-Car အကြောင်းစုံ
Credit...Khin Zaw