09/01/2022
Online Shop တွေကနေ Shoeတွေ Boot တွေ ဝယ်တဲ့အခါ မှာ size ရွေးချယ်မှု လွယ်ကူနိုင်ရန် တင်လိုက်ခြင်း ဖြစ်ပါတယ်။
ကိုယ်စီးနေကျ အမှတ်တံဆိပ် မဟုတ်ပဲ အခြားတံဆပ် တစ်ခု ဝယ်တဲ့နေရာမှာ cm အတိုင်း Europe အတိုင်း နဲ့ မဝယ်ပဲ ကိုယ့်ခြေထောက်ရဲ့ US size အတိုင်းနဲ့ ဝယ်မှ size အတိအကျ ရမှာ ဖြစ်ပါတယ်။
လူသုံးအများဆုံး Europe size နဲ့ဆိုရင်တော့ ဖိနပ် တံဆိပ်တွေ များပေမယ့် Group နဲ့ခွဲရရင်တော့ နှစ်ခုပဲရှိပါတယ်။ အောက်ဖော်ပြပါ နှစ်ခုမှာတော့ Group A က Group Bထက် Europe size တစ်ခုပိုကြီးပါတယ်။
ဥပမာ-
Group A( US 10/EU 43) Group B(US 10/EU 44).
Group A. Group B
- LV. - Gucci
- Dr.martens. - Timberland
- Skechers. - Adidas
- Reebok - Nike
- Palladium. - Asics
- Vans. - Hoka
- Fila. - Converse
- Camper. - New Balance
-. Under Armour
-. Red Wings
-. Harley Davidson
-. Puma
Country Boots တွေဖြစ်တဲ့ Tonylama တို့မှာရေးထားတဲ့ 10တို့ 11တို့ကတော့ အကြမ်းဖျင်းအားဖြင့် US sizeလို့ပြောလို့ရပါတယ် ခြေဖျားသေးရင် D, ကျယ်ရင် E/M, ပိုကျယ်တာက Wနဲ့လာလေ့ရှိပါတယ်။ဥပမာ- 10D,10E,10W.
မင်မင့်လို sizeတွေမှားမဝယ်မိေအာင်တင်လိုက်ရခြင်းဖြစ်ပါတယ်😁