Mon Hom leng

Mon Hom leng 👉ကိုယ့်ဘဝကိုပျော်အောင်နေပါ😇

Permanently closed.
 #မတူလို့ မတုတာပါ============တစ်နေ့မှာ ခွေးလေ ခွေးလွင့်တစ်ကောင်ဟာ တောထဲမှာရှိတဲ့ အခြားတိရိစ္ဆာန်တွေကို ပတ်ပြီးစိန်ခေါ်နေ...
09/04/2024

#မတူလို့ မတုတာပါ
============

တစ်နေ့မှာ ခွေးလေ ခွေးလွင့်တစ်ကောင်ဟာ တောထဲမှာရှိတဲ့ အခြားတိရိစ္ဆာန်တွေကို ပတ်ပြီး
စိန်ခေါ်နေတယ်

လူလိုပြောရရင်တော့

" မိုက်တဲ့ကောင်ထွက်ခဲ့ သတ္တိရှိတဲ့ကောင်ထွက်ခဲ့"

စသည်ဖြင့် လူ့တိရိစ္ဆာန်တွေ သုံးတဲ့စကားလို
ဒါပေမယ့် သူ့ကို အခြားဘယ်တိရစ္ဆာန်ကမှ
အဖက်မလုပ်ခဲ့ဘူး

ဒီလိုနဲ့ တစ်နေရာရောက်တော့
ခြင်္သေ့သားအဖကို သွားတွေ့တယ်

အဲ့ဒီတော့ ခွေးလေခွေးလွင့်ကို
ခြင်္သေ့ကိုပါ စိန်ခေါ်ပါတယ်

ခြင်္သေ့ကို ခွေးစကားတွေ အများကြီးပြောပြီး
စိန်ခေါ်ပါတယ်

သတ္တိရင် သူနဲ့ပြိုင်မယ်
သတ္တိရှိရင် သူနဲ့ ကိုက်မယ်
ဘာညာပေါ့

ခြင်္သေ့က သူ့ကို လှည့်တောင်မကြည့်သလို
သူ့သားလေးရဲ့ ကျောကိုပွတ်သပ်ပြီး ငြိမ်နေတယ်

အဲ့ဒါကို ခွေးလေခွေးလွင့်က

ပြောတော့ တောဘုရင်ခြင်္သေ့ တဲ့
သတ္တိမရှိပါဘူး ပြောပြီး
ကိုယ့်ကိုကိုယ် အောင်နိုင်သူ တစ်ယောက်လို
မော်ကြွားပြီး ထွက်သွားတယ်

ခွေး ထွက်သွားတော့
ခြင်္သေ့သားလေးက သူ့အဖေ ခြင်္သေ့ကြီးကို
မေးတယ်

" အဖေ ဒီခွေးကို အဖေက ကြောက်လို့လား
အဖေကိုက်ရင် တစ်ကိုက်စာတောင် မရှိတဲ့ ခြင်္သေ့ကို ဘာလို့ ဘာတစ်ခုမှ ပြန်မလုပ်တာလဲ
အဖေသူနဲ့ ပြိုင်ပြီး မကိုက်ရဲလို့လား " လို့မေးတယ်

အဲ့ဒီအခါ ခြင်္သေ့ကြီးက ပြန်ပြောတယ်

" ဒီခွေးနဲ့ ပြိုင်လို့ အဖေနိုင်တော့ရော အဖေ ဂုဏ်တက်မှာမို့လား "တဲ့

ဒီပုံပြင်လေးကို သေချာပြန်ဖတ်ကြည့်ပါ

လောကမှာ ခွေးလေခွေးလွင့်စိတ်ဓာတ်ပဲရှိတဲ့
လူတွေ အများကြီးရှိတယ်
ခွေးတစ်ကောင်လို ဟောင်ဖို့လောက်ပဲသိတဲ့လူတွေ
ရှိတယ်

အဲ့ဒီလူတွေကို သူတို့ကို မတူလို့ မတုတာကို
သူတို့ကို ကြောက်နေတယ်လို့ ထင်တတ်ကြတယ်

ခွေးတစ်ကောင်နဲ့ ပြိုင်ကိုက်ရင် ခြင်္သေ့ဟာ
နိုင်မှာမှန်းသူသိတယ်
ဒါပေမယ့် သူဟာ ခြင်္သေ့ဖြစ်တယ်
ခွေးကို ပြိုင်ကိုက်လို့ နိုင်သွားတာ
သူ့အတွက် ဂုဏ်ယူစရာမဟုတ်ဘူးလို့ သူတွေးတဲ့အတွက် ခွေးကို ဖက်မကိုက်ဘူး

ခြင်္သေ့တစ်ကောင်ဟာ ဘယ်ခွေးကို
အဖက်လုပ်ပြီး ပြန်မကိုက်တာဟာ
အရှုံးပေးတာမဟုတ်ဘူး
မတူလို့ မတုတာပါ.........

***-အားနာလို့သာ ပြန်မပြောလိုက်ရတာစိတ်ထဲကတော့ ကသိကအောက်နဲ့ခံရခက်ခဲ့တဲ့ အခိုက်အတန့် တွေကြုံဖူးကြမှာပါ။***-တစ်ခါတလေ လူတစ်ချ...
12/07/2023

***-အားနာလို့သာ ပြန်မပြောလိုက်ရတာ
စိတ်ထဲကတော့ ကသိကအောက်နဲ့
ခံရခက်ခဲ့တဲ့ အခိုက်အတန့် တွေ
ကြုံဖူးကြမှာပါ။

***-တစ်ခါတလေ လူတစ်ချို့က
မပြောပဲ ငြိမ်နေရင်
ကိုယ်ကမှန်နေလို့ ပြန်မပြောရဲဘူးထင်တတ်ကြတာ
မတန်လို့ တန်းမညှိ့လိုက်တာကိုတော့
သိမှာမဟုတ်ဘူး။

***-ကိုယ်ငုံ့ လိုက်တာက
ခေါင်းမဟုတ်ဘူး ကိုယ့်ရဲ့သိက္ခာတွေပါ
တစ်ခါတည်း စိတ်ဓာတ်တွေပါ သိသွားရတော့
ဆင်ချင်သင့်တာတွေ ဆင်ချင်မိသွားတာပေါ့။

***-ပြောမှသိတဲ့ သူတစ်ချို့ တွေကိုတော့
ပြန်ပြောသင့်ရင် ပြန်ပြောလိုက်ရတာပါပဲ
မပြောပဲ ငြိမ်နေရင်
ခေါင်းကိုနင်းသွားမယ့်အတူတူ
လူတိုင်းမှာ ခံစားချက်တွေ ရှိကြတယ်ဆိုတာလေး
သိလိုက်စေချင်လို့ပါ။

***-ငြိမ်နေတိုင်း မှန်နေလို့မဟုတ်သလို
ပြန်မပြောတိုင်း လည်း မှားနေလို့ဘယ်ဟုတ်မလဲ
လူတိုင်းမှာ ခံစားချက်တွေ ကိုယ်စီရှိကြပါတယ်
သူ့ဘက်က မျှမကြည့်ရင်.အရာအားလုံး
အစွန်းရောက်နေမှာပဲလေ...

***-ကိုယ့်ဘက်ကပဲ ကြည့်ပြီး
တစ်ဖက်သက်ကြီး မှားနေတယ်လို့ မထင်ပါနဲ့
ဘယ်အရာကိုပဲ ကြည့်ကြည့်
ကိုယ်ချင်းစာစိတ် နဲ့ မြင်အောင် ကြည့်...
ဘယ်စကားကိုပဲပြောပြော
ကိုယ်ချင်းစာစိတ် နဲ့ပြောပါ...
ကိုယ်ပြောလိုက်တဲ့ စကားရဲ့တန်ပြန်အကျိုးကို
ကိုယ်ပဲခံစားမှာဖြစ်တဲ့အတွက်
ဘယ်သူ့ကိုပဲ ပစ်ပစ် ကိုယ့်ပစ်လိုက်တဲ့
အငြိုးက ကိုယ့်ဆီပဲတန်ပြန်ရောက်တတ်ပါတယ်။

ခံရပေါင်းများတောလဲ ကိုယ့်ကိုကိုဖြေသိပ်တက်နေပီ😇
09/07/2023

ခံရပေါင်းများတောလဲ ကိုယ့်ကိုကို
ဖြေသိပ်တက်နေပီ😇

02/07/2023

တနေ့မှာ လူတချို့က ငါ့မကောင်းကြောင်း
ပြောကြလိမ့်မယ် မင်းကလည်း ယုံလိမ့်မယ်

ဒီလိုနဲ့ တချိန်ကျ မကောင်းတဲ့လူက ငါ မဟုတ်ဘူး
ဆိုတာ မင်း ကိုယ်တိုင် သိသွားလိမ့်မယ်

အဲဒီ အချိန်မှာ မင်းက ငါ့ကို အားနာနေမိလိမ့်မယ် ။

လွန်ခဲ့တဲ့ လပိုင်းတုန်းက လူတစ်ယောက်က သူ ပတ်သက်ဖူးတဲ့ လူရဲ့ မကောင်းတဲ့ အချက်တွေကို လာပြောပြတယ် ။

တဖက်လူဟာ အတ္တကြီးကြောင်း ၊ ရိုင်းစိုင်းကြောင်း ၊ လေးစားမှုမရှိကြောင်း စသဖြင့်ပေါ့လေ ။

ကိုယ်ကလည်း နားနှစ်ဖက်ရှိပါရက်နဲ့ သူပြောတာ

ကို ယုံပြီး တဖက်လူအကြောင်း သေချာ မသိဘဲ မကောင်းဘူး လို့ထင်ခဲ့တယ် ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းသိလာတဲ့အခါ
မကောင်းတဲ့လူဆိုတာ သူ ကိုယ်တိုင်ပဲ လို့
သိသွားတယ် ။

သူ့ကိုလည်း အပေါင်းအသင်း မလုပ်တော့ဘဲ
ရှောင်နေလိုက်တယ် ။ အဲဒီတော့မှ ကိုယ့်ဘက်
က သေချာ မသိဘဲ အထင်လွဲခဲ့မိတဲ့ တဖက်လူကို စိတ်ထဲက အားနာနေမိခဲ့တယ် ။

လူတစ်ယောက်ရဲ့ စိတ်ကိုသိဖို့ဆိုတာ
အဲဒီလူတစ်ယောက်ရဲ့ နေရာကို ကိုယ်က
ရောက်ဖူးမှ သိလိမ့်မယ် ။

သူ့လို ခံစားဖူး ၊ သူ့လို ကြုံဖူးမှပဲ သူ့အခြေအနေ
ကို နားလည်နိုင်လိမ့်မယ် ။

အပြစ်တင်မစောဖို့ ၊ ပြောတိုင်း မယုံဖို့
လူတွေကို အယုံကြည် မလွန်စေဖို့ ..

ဖြစ်နိုင်ရင်
လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လောက်လဲ သတ်မှတ်ဖို့

ကိုယ်ရဲ့ တန်ဖိုးကို အရင် ရဲရဲဝံ့ဝံ့ စစ်တမ်းထုတ်
စေချင်ပါတယ် ။

တဖက်သားရဲ့ အားနည်းချက် ၊ မပြည့်စုံမှုတွေကိုပဲ
ထောက်ပြနေတယ် ဆိုတာ ကိုယ့်ရဲ့ ချို့ယွင်းချက် တွေကို

Cover လုပ်ချင်လို့ အခြားလူတွေရဲ့ အာရုံစူးစိုက်မှုကို ကိုယ့်ဆီမရောက်အောင် လွှဲချလိုက်ခြင်းပဲ ဖြစ်တယ် ။

ဒီလို သနားစရာလူတွေ တကယ်ရှိတယ် ။

Address

Hsi-hseng

Telephone

+959447643898

Website

Alerts

Be the first to know and let us send you an email when Mon Hom leng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mon Hom leng:

Share