MTN Online Shop

MTN Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MTN Online Shop, Shopping & retail, Hpa an University Street, Hpa-an.

Permanently closed.
💐ဒီကနေမှာတော့အမေဖြစ်သူကချစ်သမီးလေးအတွက်ဆိုပြီး surprise gift💐Queen Herbal Shampooလေးလာမှာပေးသွားတာဖြစ်ပါတယ်ရှင့်..ဒီaccပ...
06/08/2021

💐ဒီကနေမှာတော့အမေဖြစ်သူကချစ်သမီးလေးအတွက်
ဆိုပြီး surprise gift💐Queen Herbal Shampooလေးလာမှာပေးသွားတာဖြစ်ပါတယ်ရှင့်..ဒီaccပိုင်ရှင်ချစ်ညီမလေးကဆံပင်လဲရှည်တော့ ဆံသားတွက်လုံးဝကောင်းမွန်စေတဲ့ Shampooလေးကို
ကြိုက်နှစ်သက်မယ်လို့ ​မျှော်လင့်ပါတယ်ရှင့်💕💐🌿☘

ပစ္စည်းတွေရောက်ရှိ/ပို့ Loikaw. ဘီးလင်း.မကျီးကျွန်း. #ယုံကြည်စိတ်ချစွာမှာယူအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😻😻😽
03/02/2021

ပစ္စည်းတွေရောက်ရှိ/ပို့ Loikaw. ဘီးလင်း.မကျီးကျွန်း.
#ယုံကြည်စိတ်ချစွာမှာယူအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 😻😻😽

ကိုယ့်bffလေးလဲဟုတ် ☃😍😍 အမြဲတမ်းအားပေးတဲ့customerလဲဟုတ် 😍😍ချစ်စရာကောင်းနေရော❤❤
29/01/2021

ကိုယ့်bffလေးလဲဟုတ် ☃😍😍 အမြဲတမ်းအားပေးတဲ့customerလဲဟုတ် 😍😍
ချစ်စရာကောင်းနေရော❤❤

ဒီလိုမျိုးလေးတွေရောင်းပေးရင်ရောစိတ်ဝင်စားကြမလား အလှအပaccessoriesမျိုးစုံရောင်းပေးဖို့ရှိပါတယ်နော်.💄💋💅 To True beauty👑
01/01/2021

ဒီလိုမျိုးလေးတွေရောင်းပေးရင်ရောစိတ်ဝင်စားကြမလား အလှအပaccessoriesမျိုးစုံရောင်းပေးဖို့ရှိပါတယ်နော်.💄💋💅 To True beauty👑

ဘီးလင်းမှာနေတဲ့ မမချောလေးက ဘားအံထိOrderတင်သွားတာများကြီးဘဲ ကျေးဇူးပါ မရေ❤❤😘😘 #ဝယ်ယူအားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်...
27/12/2020

ဘီးလင်းမှာနေတဲ့ မမချောလေးက ဘားအံထိOrderတင်သွားတာများကြီးဘဲ ကျေးဇူးပါ မရေ❤❤😘😘
#ဝယ်ယူအားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်

အရမ်းလန်းတဲ့crop top​လေး​နော်​..price.9000ks.Size free.Preorder
11/11/2020

အရမ်းလန်းတဲ့crop top​လေး​နော်​..price.9000ks.
Size free.Preorder

ဝက်ခြံ ထွက်တတ်သူများ ကိုယ်ကရော မည်သည့်ဝက်ခြံ အမျိုးအစားထဲ ပါလဲ ကြည့်ရအောင်လေနော့ အဖြစ်များတဲ့ ဝက်ခြံ အမျိုးအစား(၄)မျိုး၁...
27/10/2020

ဝက်ခြံ ထွက်တတ်သူများ ကိုယ်ကရော မည်သည့်
ဝက်ခြံ အမျိုးအစားထဲ ပါလဲ ကြည့်ရအောင်လေနော့

အဖြစ်များတဲ့ ဝက်ခြံ အမျိုးအစား(၄)မျိုး

၁.steroid ဝက်ခြံ

ဝက်ခြံတွေ အပြုံလိုက် ထွက်လာတယ်
မျက်နှာ တစ်ပြင်လုံး ပြန့်သွားတယ်
ချွေးပေါက်တွေ ရှိတဲ့နေရာတွေ အများဆုံးထွက်တယ် steroid ပါတဲ့skincare ကြာရှည်စွာသုံးစွဲမိလို့
အသားအရေအရမ်းပါးပြီး bacterial ပိုးဝင်လွယ်စေပြီးဖြစ်ပေါ်လာတဲ့ဝက်ခြံ

၂.allergyဝက်ခြံ
အဖုသေးသေးလေးနဲ့ မျက်နှာတစ်ပြင်လုံးမှာ ထွက်တတ်ကြပါတယ် ဒီအဆီဖုကို ဖြစ်ရတဲ့ အကြောင်းရင်း ကတော့ မျက်နှာယားယံခြင်း bacterialပိုးဝင်ခြင်း မျက်နှာမှာ အဆီတွေ ပုံမှန်ထက်များနေခြင်း
ရာသီဥပြောင်းလဲခြင်း အရည်အသွေးမမှီတဲ့
Cosmetic တွေသုံးမိခြင်းကြောင့်ထွက်သော ဝက်ခြံ

၃.အဆီဖုဝက်ခြံ

ဒီဝက်ခြံရဲ့ပုံစံကတော့ အဖုလုံးနဲ့ အဆီဖုလိုမျိုး
အဖုသေးသေးလေးတွေလဲရှိတတ်ကြတယ်

ဒီဝက်ခြံကအမျိုအစား(၃)မျိုးထက်ခွဲထားပါတယ်
(close comedo )
အရေပြားပေါ်တွင်ပေါ်လာတဲ့အဖုလုံးတွေပါ
(open comedo) ကတော့
ဆားဝက်ခြံ (သို့)အမည်းဆံ
နောက်တစ်မျိုးကအရေပြားအောက်မှာ မြုံနေတဲ့
ဝက်ခြံတွေ ဒီလိုဝက်ခြံတွေက stress တွေများတဲ့
သူတွေ ဟော်မုန်းကြောင့် နဲ့ အနေအထိုင်အစား
အသောက်တွေ ကြောင့်လည်းထွက်တတ်ကြပါတယ်

၎.ရောင်ရမ်းတဲ့ဝက်ခြံ
ဝက်ခြံ တွေထဲမှာP.ancesဆိုတဲ့ ပိုးတွေ အရမ်းများ
နေတဲ့တွက်ကြောင့် ဖြစ်လာတတ်ကြတယ် ရိုးရိုး
အဆီဖု ဝက်ခြံတွေ ကနေ ပိုးဝင်တဲ့တွက်ကြောင့်
ရောင်ရမ်းတဲ့ ဝက်ခြံတွေ ပြည်တည်တဲ့ ဝက်ခြံတွေ
ဖြစ်စေနိုင်ပါတယ်

ဒီလို ဝက်ခြံ အမျိုးအစားတွေ သိပြီ ဆိုရင်
ကိုယ်ထွက်နေတဲ့ ဝက်ခြံ နဲ့ကိုက်ညီတဲ့
ကုနည်းတွေနဲ့ကုမှပျောက်ကင်းစေနိုင်ပါတယ်နော်

crdphoto

ရန်​ကုန်​က​နေOrderမှာ​ပေးတဲ့ Cute typeမမ​လေး​ကျေးဇူးပါ...😘😘ကျန်​တဲ့order​တွေက ပုံပို့လာ​ပေးတဲ့မှတင်​​တော့မယ်
22/10/2020

ရန်​ကုန်​က​နေOrderမှာ​ပေးတဲ့ Cute typeမမ​လေး
ကျေးဇူးပါ...😘😘
ကျန်​တဲ့order​တွေက ပုံပို့လာ​ပေးတဲ့မှတင်​​တော့မယ်

ရောက်​ရှိ..ပါတယ်​..တစ်​ချို့ပစ္စည်း​လေး​တွေလဲမပါ​သေးပါဘူး​နော်​..စိတ်​ချစွာမှာယူနိုင်​ပါတယ်​ရှင်​..
20/10/2020

ရောက်​ရှိ..ပါတယ်​..တစ်​ချို့ပစ္စည်း​လေး​တွေလဲမပါ​သေးပါဘူး​နော်​..စိတ်​ချစွာမှာယူနိုင်​ပါတယ်​ရှင်​..

26/09/2020

သို့ ချစ်သော (၁)

……………………………………………………

ကိုယ်သူ့ ကို စတွေ့တော့ ကိုယ်ကကိုးတန်းပဲရှိသေးတာ။
ကိုယ်က ယောကျာ်းဆန်တဲ့ပုံစံမျိုးနဲ့ ဆံပင်ကဘေးခွဲ တိုကပ်ကပ် ကျောင်း uniform ကလွဲရင် ကိုယ်ဝတ်တတ်တာဟာ တီရှပ် ပွပွနဲ့ JJ club ဘောင်းဘီ တွေပဲ။စီးတဲ့ဖိနပ်က ကတ္တီပါ ယောက်ကျားစီး။သနပ်ခါးဘယ်တော့မှမလိမ်း။
တချို့တွေဆို ယောက်ကျားလျာလို့ တောင်ထင်ကြသေးတယ်။
(သူလည်းအပါအဝင်ပဲ)ယောက်ျားလျှာမဟုတ်ပေမယ့် ကိုယ်က မိန်းကလေးအဝတ်အစားတွေ အသုံးအဆောင်တွေ ကို စိတ်ကျဉ်းကျပ်တာအမှန်။
ကိုယ်ကအဲဒီရပ်ကွက်ကိုးတန်းနှစ်မှာရောက်တာ။
သူတို့ အိမ်က ကိုယ်တို့ နေတဲ့လမ်းသွယ်ရဲ့ထိပ်ဘက်မှာရှိပြီး လမ်းမကြီးဘက်ကို လှည့်ထားတယ်။
သူတို့ က ရေသန့် လုပ်ငန်းထောင်ထားတာ။အဲ့ဒီရပ်ကွက်ရဲ့ မျက်နှာဖုံးမိသားစုတွေလို့ ပြောလို့ ရတယ်။ပြီးတော့ mini mart လို စတိုးဆိုင်တစ်ခုလည်းတွဲဖွင့်ထားသေးတယ်။
သူဌေးသား ကလေးပဲပေါ့။
သူ့ ကို မတွေ့ခင်ထိ ကိုယ် တစ်ယောက်ယောက်ကို စိတ်ဝင်စားတယ်ဆိုတာမျိုးကို မသိခဲ့ဖူး။အဲဒီအရွယ်ဟာ အချစ်ဆိုတာနဲ့လည်းဘာမှမှမသက်ဆိုင်သေးတာ။
စိတ်ဝင်စားပါတယ်ပေါ့။
သူက ဆယ်တန်း ဒါပေမယ့် စာချည်းတကုတ်ကုတ်လုပ်ပြီး ဖိအားတွေနဲ့ ပိနေတဲ့ သူဌေးသား ဆယ်တန်းကျောင်းသားလေးတော့မဟုတ်ခဲ့ဘူး။
သူက သိပ်လိမ်မာတယ်။အဲ့ဒီအရွယ်ကလေးနဲ့ မိဘအလုပ်ကို သိတတ်တယ်။
သူ့ ကို တွေ့လိုက်ရင် အမြဲပဲ သူတို့ ရေသန့် စက်ရုံက အလုပ်သမားတွေနဲ့တစ်သားတည်းဖြစ်နေတတ်တယ်။
ရေသန့် ဘူး အတင်အချ မှာလည်း သူဝင်ကူတာပဲ။လိုက်ပို့ ရင်လည်းသူပါတာပဲ။ရေသန့် ဘူးတွေဆေးတဲ့နေရာလည်း သူဝင်ဆေးနေတာပဲ။စတိုးဆိုင်မှာလည်းဈေးရောင်းကောင်တာဝင်ထိုင်လုပ်တယ်။တီရှပ် အဟောင်းတစ်ထည်နဲ့ ပုဆိုးကို တိုတိုဝတ်ပြီးတော့ပေါ့။ကိုယ်တွေ့လိုက်တိုင်း အဲ့လိုပုံစံနဲ့များတယ်။သပ်သပ်ရပ်ရပ်ရှိတဲ့အချိန်ဆိုလို့ ကျောင်းစိမ်းနဲ့အချိန်ပဲသေချာတွေ့ဖူးတာ။
စတွေ့တော့ ကိုယ်သူ့ ကို အဲဒီက အလုပ်သမားလို့ ထင်ခဲ့တာ။
ရေသန့် တွေတင်ထားတဲ့ထော်လာဂျီကို သူကမောင်းလို့ ပေါ့။
(ထော်လာဂျီလည်းသူကမောင်းတတ်သေးတာ)အဲ့ဒီတုန်းက ကားမဟုတ်တဲ့ထော်လာဂျီမောင်းတဲ့သူ့ ပုံကို သဘောအကျကြီးကျခဲ့ရတာ။
ကိုယ်က စက်ဘီးနဲ့ လမ်းသွယ်ကနေ လမ်းမဘက်ကို တက်မယ်အလုပ် သူတို့ ထော်လာဂျီက ခေါင်းထွက်လာတော့ ကိုယ်က မတက်ဘဲရပ်နေပေးလိုက်တာ အဲ့ဒီမှာပဲ သူက မောင်းတဲ့နေရာ ကနေ ခေါင်းပြူပြီး ညီလေး ရတယ်သွားသွား တဲ့။
ကိုယ့်ကို စတွေ့ချင်းပဲ ယောက်ျားလေးထင်သွားခဲ့တယ်လေ။
ကိုယ့်သူ့ ကို အဲ့နေ့ မှာစတွေ့ခဲ့တာ။မသိတော့ အော် ဒီစက်ရုံကထော်လာဂျီမောင်းတဲ့အကိုကြီးက ချောချောလေးပါလားပေါ့။
နောက်တော့ ကိုယ်တို့ အိမ်ဘေးက အစ်မကြီးက ပြောမှ သူက ပိုင်ရှင်မှန်းကိုယ်သိရတာ။သူက သိပ်လိမ်မာသတဲ့။သူ့ ညီလေးတွေကိုသိပ်ချစ်သတဲ့။စာလည်းသိပ်တော်သတဲ့။
ဒီလိုနဲ့ ကိုယ့်ဘဝမှာ ပထမဆုံး စိတ်ဝင်စားမိတဲ့ သူဟာ အဲ့ဒီရေသန့် ပို့ တဲ့ထော်လာဂျီကို မောင်းတဲ့ အစ်ကိုကြီးပါပေါ့…………………

…………
သို့ ချစ်သော(၂)

•••••••••••••••••••••••••••

အဲဒီလို နဲ့ ကိုယ့် မှာ သူတို့ အိမ်ရှေ့က ဖြတ်မိတိုင်း သူ့ ကို လှမ်းလှမ်းကြည့်ရတဲ့အလုပ် ကရလာတယ် ။အမြဲ အလုပ်လုပ်နေတာချည်းပါပဲ။
တခါတလေ အလုပ်သမားတွေကြားထဲ ပျောက်ပျောက်နေလို့ ကိုယ်မနည်း ရှာကြည့်ရတာ။
ကိုယ် လှမ်းကြည့်လို့ မတွေ့မိတဲ့ရက်ဆို သိပ်ဝမ်းနည်းရတာ။
သူက အပြုံးအရယ်နည်းတယ်။အကြီးဆုံးသားမို့ အသက်အရွယ်ထက်ပိုပြီးရင့်ကျက်နေတယ်လို့ လည်းကိုယ်ထင်တယ်။
သူနဲ့ ကိုယ်နဲ့ အထက်တန်းကျောင်းချင်းတူပေမယ့် ကျောင်းမှာတော့ သိပ်ကိုဆုံခဲလှပါတယ်။သူတို့ စာသင်ဆောင်နဲ့ ကိုယ့်စာသင်ဆောင်ကလည်း အဝေးကြီးရယ်။အမှတ်တမဲ့လေးတောင်ကိုယ်တို့ မဆုံဖြစ်ကြပါဘူး တစ်ကယ်ပါ။
သူက တစ်ကယ်ထူးဆန်းတာ ဘာလို့ လဲဆိုတော့ ထော်လာဂျီ တဂျိုငိးဂျိုင်းမောင်းနေပြီး စက်ဘီးကျမစီးတတ်တာပဲ။
အဲ့ဒါက ပြဿနာ။သူ ကျောင်းကို ဘယ်လို လာသလဲဆို ရေသန့် ပို့ တဲ့ထော်လာဂျီ နဲ့လိုက်လာတယ်။တခါတလေ သူမောင်းတယ်။တခါတလေတော့ ဘေးမှာထိုင်လိုက်တယ်။ကိုယ့်စက်ဘီး လမ်းတစ်ဝက်လောက်ရောက်ရင် ထော်လာဂျီ သံကို နောက်ကကြားရပြီ။အဲ့အခါကျ အီဖေကို က အရှိန်လေးလျှော့ပြီး ထော်လာဂျီအကျော်ကို စောင့်ရတာပေါ့။ဒင်းကို တွေ့ချင်တာကိုး။
တစ်ရက်ကျ ထော်လာဂျီပါမလာဘူး ကိုယ့်နောက်က။
ကိုယ်က သူ ကျောင်းမတက်ဘူးလို့ ထင်နေတာ။
မကြာပါဘူး ဘေးကနေ စက်ဘီးတစ်စီး ကိုယ့်ကို ကျော်တက်သွားတယ်။ကိုယ်သိတဲ့အမကြီးပဲ ခင်တော့မခင်ဘူး သူနဲ့တစ်အိမ်ကျော်ကပေါ့။
အဲ့ဒီစက်ဘီးနောက်မှာ သူပါလာတယ်လေ။
အဲဒီနေ့ က ကိုယ့်မှာ စိတ်တွေတိုတာ တစ်နေကုန်။အိမ်ပြန်ရောက်တော့ ဟန်တောင်မဆောင်နိုင်။ကိုယ့်အိမ်ဘေးက အစ်မကြီးဆီ သွားမေးတော့တာပဲ။အဲ့အစ်မကြီးက သူတို့ ဆီမှာအလုပ်လုပ်တာ။သူနဲ့ အဲ့ဒီကောင်မလေးနဲ့ဟာ ကြိုက်နေသလားဆိုပြီး။အစ်မကြီးက ပြောပါရဲ့ ရည်းစားမဟုတ်ပါဘူးတဲ့ သူငယ်ချင်းပါတဲ့ တခါတလေတော့ စက်ဘီးနဲ့လမ်းကြုံလိုက်သတဲ့။ဒါနဲ့ သူက ယောက်ျားလေးဖြစ်ပြီး ဘာလို့ မနင်းဘဲ နောက်က လိုက်စီးတာလဲဆိုတော့ သူက စက်ဘီးမှမစီးတတ်ဘဲ တဲ့ ကဲ။ဆိုင်ကယ်ကို လည်း အလကား ဆီကုန်တယ်ဆိုပြီး သိပ်မစီးဘူးတဲ့။ သိပ်ကပ်စေးနှဲတာပဲတဲ့။ဟင့်အင်း အစ်မ အဲ့ဒါ စည်းစနစ်ရှိတာလို့ ကိုယ်စိတ်ထဲက ပြန်ပြောခဲ့ပါတယ်။
နောက်တော့ ကိုယ့်ကို မိန်းကလေးမှန်း သူသိသွားပါတယ်။ဒါပေမယ့် ယောက်ျားစိတ်ပေါက်နေတယ်လို့ သူထင်လားမသိပါဘူး။
ကိုယ်သူ့ တို့ ရှေ့က ဖြတ်ရင် ''ဟေ့ရောင် ''လို့ ခေါ်တာမျိုးကြားတယ်။
အစတော့ သူတို့ အချင်းချင်း ခေါ်ပြောနေကြတယ်ထင်တာ။
ဒါပေမယ့် ကိုယ်ဖြတ်တိုင်း ကြားနေရတာ ကိုယ်လှည့်ကြည့်ရင် ထုံးစံအတိုင်း အလုပ်သမားတွေတစ်အုပ်နဲ့ သူအလုပ်ရှုပ်နေတာပါပဲ။
နောက်တော့ ကိုယ့်ကို ခေါ်တာသူ မှန်းကိုယ်သိသွားတယ်။
ကိုယ်ကျူရှင်ကပြန်လာတဲ့တစ်နေ့  ကိုယ့်နောက်ကထော်လာဂျီအသံကြားတော့ ကိုယ်ဖြေးဖြေးလေးနင်းနေတုန်း ထော်လာဂျီက ကိုယ့်ဘေးကနေ
အ ဖြတ် ''ဟေ့ရောင် ပြန်လာပြီလား'သားကြီး ' ဆိုပြီး ကြားလိုက်ရတာပါပဲ။
ကိုယ်က လေ အာဂသတ္တိခဲ။သူ့ ကို အဝေးကနေ ဖျတ်ခနဲ ဖျတ်ခနဲ ကြည့်ရတာကိုသာ ရဲတာ။သူ့ တို့ Mini mart မှာ သူကောင်တာထိုင်နေတာကို တွေ့ရင် ကိုယ်ဝင်မဝယ်ရဲတော့ဘူး။
ဟိုဘက် တစ်လမ်းအထိ ကိုယ်သွားဝယ်ပစ်လိုက်ရော။
တစ်ည အရေးတကြီး စာရေးကိရိယာလို ဟာမျိုး လိုလာတဲ့အခါကျ ကိုယ်ဟိုဘက်လမ်းမှာ သွားဝယ်မရတော့ပါဘူး။
သူ့ ဆိုင်ဝယ်ဖို့ အကြောင်းကပါလာတော့တယ်။ကိုယ့်ဘေးအိမ်ကအမကြီးကို အဖော်ခေါ်ပီးသွားရတယ်။သူ့ အမေပဲ ကောင်တာထိုင်နေပါစေလို့ ဆုတောင်း ပေမယ့် ဆုတောင်းမပြည့်ခဲ့ဘူး။
သူက ကောင်တာ မှာ ထိုင်နေတယ် စာလုပ်နေတယ်။
သီချင်းဖွင့်ထားတယ်။လွှမ်းမိုးရဲ့ မိုးစက်တင်လေ (သူက လွှမ်းမိုး သိပ်ကြိုက်တယ်)အံ့သြစရာပဲနော် သူ့ အရွယ် ကိုယ့်အရွယ်တွေဟာ အခုခေတ်ပေါ် အဆိုတေိာတွေပဲကြိုက်ကြတယ်မလား။
ကိုယ်တို့ ဝင်လာတော့ သူကမော့ကြည့်တယ် အစ်မကြီးကို နှုတ်ဆက်တယ်။ကိုယ်ကတော့ တန်းခနဲ ဝင်သွားပြီး ကိုယ်လိုတာတွေ ယူပြီး ပိုက်ဆံရှင်းဖို့ ကောင်တာပေါ် တင်ပေးလိုက်တယ်။
သူ့ ကိုယ့်ကို ပြုံးစိစိလုပ်ပြီး ကြည့်နေတာ ကိုယ်သိတယ်။ကိုယ်က သူ့ အနောက်ဘက်က ပိုစတာလို ဟာမျိုးတေကို လိုက်ကြည့်နေမိတယ်။
သူ ပိုက်ဆံပြန်အမ်းတယ် 'ကျေးဇူးပဲနော်သားကြီး' ဆိုပြီး ကိုယ့်လက်ခုံပေါ်ကို ဘောပင်နဲ့ ဆတ်ခနဲ ခြစ်လိုက်တယ်။ပြီးတော့ ရုပ်တည်ကြီးနဲ့ ငုံ့ပြီး စာပြန်လုပ်နေတော့တယ်။
တစ်ကယ်ပါပဲ ကိုယ်ကအဲ့ဒီဘောပင်ရာကို မပျက်အောင် ၃ ရက်လောက် ထိန်းသိမ်းခဲ့သေးတာ…………………………

'ငေးမောခွင့်နဲ့တင်
ဒီချစ်ခြင်းမေတ္တာဟာ
ဆုတောင်းတွေပြည့်ခဲ့ပါတယ်ပေါ့'
……………………………

သို့ ချစ်သော (၃)

………………………………………………………

အဲ့ဒီနေ့က တနင်္ဂနွေနေ့ ကိုယ့်စက်ဘီးလေး ဘီးပေါက်လို့ ပြင်ဆိုင်ပို့ ထားပြီး ခြေကျင်ပဲ ကျူရှင်ကို သွားရတယ်။ ကိုယ်တို့ ကျူရှင် ကနေ နေတဲ့ရပ်ကွက်ထိက နည်းနည်းလှမ်းတယ်။အပြန်ကျတော့ လည်း ခြေကျင်ပဲ ပြန်လာရတာပေါ့ ။ထီးကလေးဆောင်းလို့။မိုးကလည်းခပ်ဖွဲဖွဲကလေးရွာနေတာ။
Mp3 ဖွင့်ပြီး နားကြပ်ပါတပ်လာတာ။
အဲ့ဒီမှာ ကိုယ့်ထီး ရွက်ကို ဘေးက ဆွဲတာ ခံလိုက်ရလို့ နားကြပ်ကို ဖြုတ်ပီး လှည့်ကြည့်လိုက်တော့ လားလား ကိုယ့်ဘေးမှာ ထော်လာဂျီ ရောက်နေပါကောလား။
ရေပို့ ပြီး ပြန်လာတဲ့ပုံပါပဲ။နောက်မှာ တော့အလုပ်သမား နှစ်ယောက်ပါတယ်။
''ဟေ့ရောင် မင်းစက်ဘီးမပါဘူးလား လိုက်ခဲ့ လာ '' ဆိုပြီးခေါ်တယ်။
ကိုယ်ကတော့ ကြောင်ပြီး ရပ်နေတာ အကြာကြီး။
မလိုက်တော့ပါဘူး ရပါတယ် ပြောတာကို
လာစမ်းပါကွာ မင်းအကြာကြီးလျှောက်ရမှာ မိုးကလည်း ရွာနေတာ တက်စမ်းပါ ဆို ပြီး ဆက်ခေါ်နေတာပဲ။
ဒါနဲ့ ကိုယ်လည်း အားနာပါးနာနဲ့ လိုက်ခဲ့ရတော့တယ်။ခေါင်းခန်းက သူ့ ဘေးမှာ ထိုင်လို့ ပေါ့။အံမယ် ဘယ်ဆိုးလို့ လည်း ထော်လာဂျီက အသံသာ ပွက်လောရိုက်နေတာ စီးလို့ တော့အကောင်းသား။
အမှန်တော့ ကိုယ်က ထော်လာဂျီတွေသိပ်မုန်းတာ ရှေ့မတိုးနောက်မဆုတ် လမ်းမှာ ကန့် လန့် တိုက် ကျော်တက်မရ ပြုမရမို့။နားက ငြီးသေး မလား။
ဒါပေမယ့် ထော်လာဂျီကို သူမောင်းတာတွေ့ပြီးတဲ့နောက် ထော်လာဂျီတွေဟာ ချစ်စရာ ကောင်းလာတယ်။အံ့သြစရာပဲနော်။
လူတစ်ယောက်ကို စိတ်ဝင်စားတဲ့အခါ သူ့ နဲ့ဆက်နွယ်နေတဲ့အရာအားလုံးဟာ ချစ်စရာ ကောင်းနေတတ်တာများလား။
ဘေးက သူ့ ကို လှည့်ကြည့်ချင်ပေမယ့် မကြည့်ရဲဘူး။သူကတော့ နောက်က နှစ်ယောက်နဲ့ အလုပ်ကိစ္စတွေ တစ်တွတ်တွတ်ပြောနေတာပဲ။တခြားသပ်သပ်ရပ်ရပ်ဖြစ်နေတဲ့အချိန်ထက် တီရှပ်အဟောင်းကလေးနဲ့ ပုဆိုး တိုတိုဝတ်ပြီး ထော်လာဂျီမောင်းတဲ့အခါ အလုပ်တွေဝင်လုပ်နေတဲ့အခါဟာ ဆွဲဆောင်မှုအရှိဆုံးလို့ ကိုယ်မြင်တယ်။
သူ့ အသံက ငြိမ်းချမ်းတယ် အလုပ်ရှင်ဆိုတဲ့အသံမျိုးမရှိဘူး။သြော် အဲ့လို့ လား ဟုတ်ကဲ့ ဆိုပြီး သိပ်ယဉ်ကျေးတာပဲ။
ကိုယ့်ဘေးအိမ်က အစ်မကြီးဆို သူ့ ကို သိပ်ချီးကျူးတယ်။သူ လည်း အိမ်ထောင်ကျတဲ့အခါ သူ့ လို သားတစ်ယောက်တောင် လို ချင်တယ်တဲ့လေ။သူ့ ညီကလေး နှစ်ယောက်အတွက်လည်း သူပဲဦးဆောင်လုပ်ကိုင်ပေးတာတဲ့။ပညာရေး ကျန်းမာရေးအစ လက်သည်းညှပ်တာ ရေချိုးတာ ထမင်းခူးကျွေးတာကအစ သူ့ အမေလှည့်ကြည့်စရာ မလိုအောင် လိမ်မာနိုင်သတဲ့လေ။အတွေးတွေများနေတုန်း
'မင်း ကောင်မလေးက ချောတယ်နော် ' သူ က ကိုယ့်ဘက် တစ်ချက်လှည့်ကြည့်ပြီး ပြောတယ်။
ဟမ် သူဘာတွေပြောနေတာပါလိမ့်  ကိုယ့်မှာ ဘယ်က ကောင်မလေးရှိလို့ တုန်း။
''ဟမ် ဘာကြီးကိုတုန်း '' ကိုယ်က ပြန်မေးတော့ သူက ရယ်တယ် ။
အံမယ် သူ့ မှာ ပါးချိုင့် ရှိတာ ကိုယ်အခုမှ သိတယ်။
''အံမယ် မသိချင်ယောင် ဆောင်တာလား ဟိုတစ်ပတ်က မုန့် ဈေးတန်းမှာလေ ''
ဟိုက်သေစမ်း အခုမှ သူပြောတာကို သဘောပေါက်သွားတယ်။
အရင်တစ်ပတ်က ကိုယ်နဲ့ ကိုယ်သူငယ်ချင်း မုန့် ဈေးတန်းကအထွက် သူ ကအလာ မျက်နှာချင်းဆိုင်တွေ့ရော။ကိုယ့်သူငယ်ချင်းက ကိုယ် သူ့ ကိုစိတ်ဝင်စားနေတာကို သိတယ်။သူ့ ကိုလည်း လှမ်းမြင်ရော မပြောမဆို ကိုယ့် ပါးကို ရုတ်တရက် နမ်းလိုက်တယ်လေ။သူမြင်သွားတဲ့ပုံ ပဲ။
အဲ့ဒီဟာလေးကြောင့် ကိုယ့်ကို Tom boy လို့ သူ ပို မြင်သွားပီထင်ရဲ့။
''အဲ အဲ့ဒါ ကျနော့ ကောင်မလေး မဟုတ်ပါဘူး သူငယ်ချင်းပါလို့ '' ပြန်ပြောခဲ့ပေမယ့် သူက သြော် သူငယ်ချင်းကို ဆိုပြီး ပြုံးပြုံးကြီးလုပ်နေတော့တာ။မယုံဘူး ဆိုတဲ့သဘော။ပြီးတော့မန္တလေးသူလေမပျောက်တဲ့ကိုယ်က ကျနော်လို့ သုံးမိလိုက်သေး။ အခုသာ ထော်လာဂျီပေါ်က ဆင်းပြေးပြီး အဲ့ဟာမလေးကို တစ်စစီလုပ်ပစ်ချင်တော့တာပဲ။
ဆင်းခါနီးကျ ပြောသေးတယ် ငါမင်းကို ထော်လာဂျီနဲ့ လမ်းကြုံခေါ်တယ်နော်။မင်းစက်ဘီးနဲ့ကျ လမ်းကြုံရင် ငါ့ပြန်ခေါ်ရမယ်တဲ့။ဟင် ဘယ်လို ဟာလား။သူ့ ထော်လာဂျီ ကိုယ်က အတင်း တက်စီးတာလည်းမဟုတ်။ကိုယ်လည်း သူ့ ကို စက်ဘီးနဲ့ လမ်းကြုံခေါ်ဖို့ အကြောင်းမရှိလောက်ပါဘူး။ ဒါပေမယ့် လည်း ဝတ်ကျေတန်းကျေ ''ဟုတ်ကဲ့ ''လို့ ပြန်ပြောခဲ့လိုက်တယ်။
ထူးဆန်းတယ် ကံတရားဆိုတာ သိပ်ကိုထူးဆန်းခဲ့တာပါပဲ…………
……………………………………………
သို့ ချစ်သော (၄)

……………………………

သူက လမ်းလျှောက်ရင် ခါးကိုင်းတယ် အရပ်ရှည်ပေမယ့် လမ်းလျှောက်ရင် smart မကျဘူးပြောရမလား။ကုတ်ချောင်းချောင်းပုံစံမျိုးဖြစ်နေတာပေါ့။
အဲ့ဒါလည်းကောင်းပါတယ် ဘာဖြစ်လို့ ဆို အဝေးကြီးကတောင် ခပ်ကိုင်းကိုင်း လမ်းလျှောက်ပုံကြောင့် သူ့ ကို ကိုယ် တန်း မှတ်မိနေလို့ ပဲ။
တစ်ခါတလေ ကျောင်းဆင်းရင် ကိုယ့်သူ ကို ဘယ်မာတွေ့တယ်မှတ်သလည်း။ကျောင်းရှေ့က ငါးတန်းခြောက်တန်းကလေးတွေ အုံနေတဲ့ ကားတွေ ကစားစရာတွေ ခင်းရောင်းတဲ့ဆိုင်မှာ သူပါဝင်ရွေးနေတာပဲ။တခါတလေကျ ဂျုံနဲ့လုပ်တဲ့အရုပ်ဆိုင်မှာ။တခါတလေ ဆပ်ပြာပူဖောင်းရောင်းတဲ့နေရာ။အစ်မကြီးက ပြောဖူးတာ ကိုယ်သတိရသွားတယ် သူ့ ညီကလေးတွေအတွက် တစ်ခုခု ဝယ်မလာပေးတဲ့နေ့ မရှိဘူးတဲ့။
သိပ်ရှားတဲ့ အစ်ကိုပဲနော်။
သိပ်လည်း ချစ်စရာကောင်းတယ်မလား။
တစ်ရက်ကျ ကိုယ်တို့ ကျောင်းမှာ စာကြည့်တိုက်က စာအုပ်ငှားခွင့်ကဒ်ကလေးတွေရပါရော။ကိုယ်ကတော့ သွားငှားဖို့ အစီစဉ်မရှိပါဘူး။ကိုယ့်အိမ်က ကိုယ့်အဖေရဲ့ စာအုပ်စင်မှာ ဖတ်စရာတွေပုံလို့ ။ဒါပေမယ့် သူငယ်ချင်းဖြစ်သူ(တခါက ကိုယ့်ပါးကို သူ့ ရှေ့မှာနမ်းလိုက်တဲ့) ငါးမွှေထိုးမက သွားချင်တာ တစ်ပိုင်းသေတော့မှာမို့ ကိုယ်အဖော်လိုက်ပေး ရပြန်တယ်။
ကံတရားဟာ ဆန်းကြယ်ပါတယ်လို့ မပြောဘူးလား။ကြည့်လေ စာကြည့်တိုက်မှာ စာအုပ်ငှားစာရင်းမှတ်တဲ့သူက သူဖြစ်နေတာ။(ကျောင်းစာကြည့်တိုက်ကို ပင်မ မတည်သူဟာ သူတို့ မိသားစု လို့ ကိုယ်နောက်တော့သိရတယ်)
ကိုယ်တို့ ဝင်လာတော့ သူက စာဖတ်နေရာ ကမော့ကြည့်တယ်။
ကိုယ်ကို့ တစ်လှည့် ကိုယ့်သူငယ်ချင်းကိုတစ်လှည့်ကြည့်ရင်း ပြုံးစိစိလုပ်နေတာ။သိတယ် ဘာကိုပြုံးတယ်ဆိုတာ။သူက အဲ့ငါးမွှေထိုးက ကိုယ့်ရည်းစားလို့ ထင်နေတာကိုး။
ချောင်း တစ်ချက် ဟန့် ပြီး စာအုပ်လာငှားတာလား ဟေ့ရောင် တဲ့ မေးတယ်။
မဟုတ်ဘူး အဖော်လိုက်ပေးတာ လို့ ပြောတော့လည်း ရယ်နေပြန်ရော။
ဘာလို့ ကိုယ်ရှေ့မှာ မှ ခဏခဏ ရယ်ပြုံးနေပါလိမ့်နော်။အဲ့ဒီ ပါးချိုင့်တွေကို ကိုယ်လောဘ မတက်ချင်ဘူး ဆိုမှ။
ကိုယ်သူ့ ငယ်ချင်းနဲ့ကိုယ်လည်း စာအုပ်စင်တွေဘက် ကို ထွက်လာခဲ့တယ်။ကိုယ့် သူငယ်ချင်းက တော့ တခွိခွိ ကျိတ်ရယ်နေတယ်။
ကိုယ့်သူ့ ကို ဆွဲဆိတ်ပြီး ဒီနေ့ မမွှေနဲ့နော် ငါ ဆွဲထိုးမှာ သိလား ဒီတစ်ခါ လို့ ပြောထားရတယ်။
ကျေးဇူးရှင်က သူလိုချင်တာတွေလည်း ရွေးပြီးရော ရော့ နင်ပဲ မှတ်ခဲ့လိုက် ငါအပြင်မှာ စောင့်နေမယ်ဆိုပြီး စာအုပ်တွေလက်ထဲ ထိုးထည့် ပြီး အပြင်ကိုထွက်သွားပါရောလား။
ကိုယ့်မှာ မနည်းအားတင်း ပြီး သူ့ စားပွဲဆီပြန်သွား စာအုပ်တင် သူ့ မျက်နှာကို မကြည့် အနောက်ဘက်က ဗီရိုထဲက စာအုပ်တွေကို စိတ်ဝင်စားချင်ယောင်ဆောင် အပြူးအပြဲကြည့်။
သူ စာအုပ်ငုံ့ မှတ်တဲ့အချိန်မှ သု့ ကို ခိုးကြည့်။အမလေး မှောင်ခို လုပ်ရသလို ပါပဲ။
ဘာမှမသိနားမလည်တဲ့ဒင်းက ဒီဗီရိုထဲက စာအုပ်တွေငှားချင်လို့ လား ဒီထဲက ဟာဆို ကျောင်းသားကဒ်ပေးခဲ့မှ ရမှာတဲ့ နောက်တစ်ခါ ကျောင်းသားကဒ် ယူခဲ့လေ တဲ့။(တစ်ကယ်တော့ အဲ့ဗီရိုထဲက စာအုပ်အတော်များများ ကိုယ့်အဖေစာအုပ်စင်မှာ ရှိနေတာ)
ဟုတ်ကဲ့ ဆိုပြီး စာအုပ်တွေလှမ်းအယူမှာ ဒုတိယအကြိမ် ကိုယ့်လက်ခုံကို ဘောပင်နဲ့ ခြစ်လိုက်ပါရောလား။တခါတုန်းကလို ခပ်တည်တည် မျက်နှာထားဖြစ်သွားပြီး သူမဟုတ်သလို စားပွဲပေါ်က စာအုပ်တွေ ကို ကောက်စီနေတော့တာ(စီပြီးသားတွေကို)
ကိုယ့်လက်ဖျားတွေ ကအေးစက်သွားလိုက်တာ ပျော်ရင် အဲ့လို ဖြစ်တတ်သလား။
ကိုယ် နောက်တစ်ခေါက်တော့ လာဖြစ်မယ်မထင်။မတွေ့ချင်လို့ တော့မဟုတ်။မတွေ့ရင် မနေနိုင်ဖြစ်သွားမှာစိုးလို့။
ဒီလို နဲ့ အဲဒီ ဒုတိယမြောက် ဘောပင်ခြစ်ရာလေးကို တသသ လုပ်နေခဲ့ပြန်ရောပေါ့။
တတ်နိုင်ရင် ပုလင်းလေးထဲ ထည့်ပြီး သိမ်းထားချင်တဲ့အထိ……………။

#နောက်အပိုင်းကျ ကိုယ် အဲ့ ဂျရှည်ကိုင်း ကောင်ကို စက်ဘီးနဲ့တင်နင်းရဦးမှာသိလား
…………

သို့ ချစ်သော (၅)

……………………………

တစ်ရက် ကိုယ်အိမ်ရှေ့ဘက်က နေ ထော်လာဂျီသံကြား တယ် ။သိတယ်မလား ကိုယ်ကလည်းထော်လာဂျီ အသံဆိုတာနဲ့ အိမ် ရှေ့ပြတင်းပေါက်ကို အမြန်နှုန်းနဲ့ရောက်သွားရောပဲ။အမလေး ကိုယ်တော်က မောင်းလို့  ကလေးတွေတစ်အုပ်က အနောက်က ဟေးဟား နဲ့ ပျော်လို့ ။ကိုယ်တို့ အိမ်ရှေ့ ဘက်မှာ အားကစားကွင်းလို ကွင်းကျယ်ကြီးတစ်ခုရှိတယ် အဲ့ဒီပတ်ပတ်လည်အိမ်ရှေ့ တွေမှာ ကွန်ကရစ် ခင်းထားတာပေါ့။သူ က အဲ့ဒီ ကွင်းကို ပတ်ပြီး မောင်းနေတော့ ကိုယ်အိမ့် ရှေ့ကိုလည်း ပြန်ပြန်ရောက်လာတာပေါ့။ခေါင်းခန်းက ကလေးနှစ်ယောက်ကတော့ သူ့ ညီလေးတွေနေမယ်။ကြည့်ရတာ ကလေးထိန်းနေတဲ့ပုံ။
ကိုယိ့မှာအဲ့ဒီနေ့ က ကွင်းကို ပတ်နေတဲ့ ထော်လာဂျီကို မမူးစတမ်း လိုက်ကြည့်နေခဲ့တာပေါ့။
ကြည့်နေရင်းက မြင်ကွင်းထဲ က ပျောက်သွားမှာ တောင် တစ်ထိတ်ထိတ်နဲ့။သုံး လေး ပတ်လောက် မှာ ကိုယ်အိမ့် ရှေ့ကို ပြန်ရောက်လာတယ်။ ဟေ့ရောင် ပြန်ပြီဟေ့ ဆိုပြီး သူတို့ အိမ်ဘက်ပြန်မောင်းသွားရော။အင် ကိုယ်ကြည့်နေတာ ဒင်းသိတယ်ပေါ့။

ကိုယ်လည်း မင်းသားက မင်းသမီးကို စက်ဘီးနောက်မှာတင်ပြီး ကြည်နူးတဲ့အခန်းမျိုး စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့။ကိုယ့်အလှည့်ကျမှပြောင်းပြန်။
ဒီလို ဒီလို ကိုယ်ကျူရှင်က ပြန်လာတဲ့ တစ်ရက် ကိုယ့်နောက် ကယ်ရီယာကို အဆွဲခံရတာမို့  ကိုယ်စက်ဘီးပေါ်က ခုန်ဆင်းရကော။
ကိုယ့် အာခေါင်တွေ ခြောက်ကပ်လာရော။ကိုယ့် ကယ်ရီယာကို ဆွဲပြီး ရယ်ပြနေတယ်လေ။မီးခိုးရောင် လက်ရှည်နဲ့ ယောပုဆိုးအနက်နဲ့ မသိရင် လူကြီးပါပေါ့။
'ဟေ့ရောင် ပြန်မှာမလား ငါ လိုက်မယ်နော် ' တဲ့ အာဂယောကျာ်းလေး
ဘယ်နှယ့် မိန်းကလေးနင်းတဲ့စက်ဘီးကို နောက်က ခပ်တည်တည်လိုက်စီးချင်သေး
သြော် သူ က ကိုယ့် ယောကျာ်းလေးလို မြင်နေတာကိုး။
ကျနော် မနိုင်ဘူး ထင်တယ် မှောက်တော့ ဘယ်လို လုပ်မလည်း လို့ မေးတော့
ရတယ် တဲ့။
သူက တော့ ရတာပေါ့။ကိုယ်သာ တစ်ဆတ်ဆတ်တုန်နေတဲ့ လက်တွေနဲ့ စက်ဘီး handleကို ဘယ်လို ကိုင်စီးရမယ့် မသိတာ။
အဲ့ဒါနဲ့ သူ့ ကို ကိုယ်စက်ဘီးနဲ့ တင်လာရော။
ရယ်ရတယ် ကိုယ့်စက်ဘီးက နိမ့် တော့ သူ့ ခြေထောက်က မြေကြီးနဲ့ တိုက်နေမှာ။ကွေးထားရင်လည်း ခြေထောက်က ညောင်းမာကိုး။အဲ့တော့ မြေကြီးနဲ့ ဖွဖွလေး တိုက်လာတယ်။
မှတ်ပီလား နည်းတောင်းနည်းသေးတယ်။ကိုယ့်မှာ မနည်းသတိထားနင်းနေရင်းက ကျိတ်ရယ်မိသေး။
'မင်း စက်ဘီးက ပုလိုက်တာ ကွာ 'တဲ့
အဟက် တစ်ကယ်တော့ ကိုယ်အရပ်ကပုပုလေးမို့  စက်ဘီးအနိမ့် ကလေးပဲ တမင်ဝယ်ထားတာလေ။မင်းအရပ်က ပုလိုက်တာနော် လို့ မပြောတာ ကျေးဇူးတင်ရမလို။
သူ့ ဆီက သင်းတဲ့ အနံ့တစ်ခုမျိုးရတ
ယ်။ရေမွှေး နံ့လို့ မထင်မိဘူး။ဒီတိုင်း ကိုယ်သင်းနံ့လို မျိုး။
ကိုယ်လည်း စက်ဘီးက မပုပါဘူး အကို့ အရပ်က သာ ပုံမှန်မဟုတ်တာ လို့ ပြောတော့ အသံထွက်ပြီးရယ်တယ်။
အချစ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ ရယ်သံလေးထဲမှာလည်း ရှိနေတတ်ပါသေးတယ်။
ငြိမ်ငြိမ်လေး ထိုင်လိုက်မလာပါဘူး။စကားသိပ်များတယ် ။ကိုယ့် တို့ ကိုးတန်း ကဗျာ လက်ရွေးစင်မှာ ဘယ်ကဗျာကို ကြိုက်သလည်းတဲ့။
စကားပြေ မှာကော ဘယ်အကြောင်းကို စိတ်အဝင်စားဆုံးလည်း။
ပိတောက် ရွှေဝါ ကဗျာကို ကြိုက်တယ်ဆိုတော့ သူ့က ဆရာဇော်ဂျီ ရဲ့ ကဗျာတွေအကြောင်း တမေ့ တမော ပြောနေပြန်ရော။
အာမိတ်ကို ကြိုက်တယ်ဆိုတော့ သူ လည်း ကိုးတန်းတုန်းက အာမိတ်အကြောင်း သင်ပြီး ငိုခဲ့ဖူးကြောင်း။သူ့ အိမ်က ခွေးကလေးကိုလည်း ပိုဂရုစိုက်ဖြစ်ကြောင်းပြောပြတယ်။ဘဝမှာ ကိုယ့်အဖေပြီးရင် စာပေအကြောင်း ပြောပြဖူးသူဟာ သူပါပဲ။
ကိုယ်လေ တစ်ကယ် လေးစားမိသွားတာ။ဆယ့် ခြောက်နှစ်သားဟာ အရွယ်နဲ့မလိုက်အောင် စာတွေဖတ်ထားတာကိုး။ ကိုယ်တစ်ကယ်ပျော်ပါတယ် ကိုယ့်အပေါ်တရင်းတနှီးနဲ့ စကားတွေပြောနေပေးလို့။ကိုယ်လည်း သူ့ ကို သိပ်မကြောက်တော့သလိုပဲ။
အဲပြီးတော့ ပြောသေးတယ် ငါ စက်ဘီးစီး သင်ပြီးရင် မင်းကို ပြန်တင်နင်းပါ့မယ်သားကြီးရာတဲ့။
(အခုထိ စက်ဘီးစီးတတ်သွားပြီလား မတတ်သေးဘူးလားတော့ မသိပါဘူး)
ပြန်ရောက်တော့ သူ့ လွယ်အိတ်ထဲက နေ Jet ဝေဖာ နှစ်ခု ထုတ်ပေးသွားလေရဲ့။
အဲ့ဒီ ဝေဖာလေးနှစ်ခုဟာ အရည်ပျော် မှိုတက်တဲ့ အထိ ကိုယ့် အံ့ဆွဲလေးထဲမှာ ရှိနေခဲ့ဖူးတယ်။
အချစ်က ကိုယ်မစားရက်ခဲ့တဲ့ Jetဝေဖာ တွေလို မှိုတက်သွားနိုင်တာတော့ ကိုယ်အဲ့ဒီအချိန်က မသိခဲ့ပါဘူး……………

……………………………………

သို့ ချစ်သော ၆

……………………………………

ကိုယ်လည်းသူထော်လာဂျီကို တစ်ခါစီးပြီး သူလည်းကိုယ့်စက်ဘီးနောက်က လိုက်စီး ပြီး အဲ့ဒီနောက်ပိုင်း မှာ ကိုယ်နဲ့ သူနဲ့ ပိုခင်သွားတယ်ထင်ရပါတယ်။ကိုယ်ကတော့ သူ ခင်မင်တာထက့် ကိုစိတ်ဝင်စားနေတာဖြစ်ပေမယ့်
သူက ကိုယ့်ကို ယောက်ျားစိတ်ပေါက်နေတဲ့ Tom boy လေးတစ်ယောက်လို့ ပဲထင်ပြီး ညီလေးတစ်ယောက်ကို ခင်သလို ချစ်သလိုမျိုးဆိုတာ သိပ်ငြိမ်းချမ်းတဲ့ သူ့ မျက်ဝန်းတွေကို ကြည့်ရုံနဲ့ ကိုယ်သိပါတယ်။ဒါလည်းကောင်းပါတယ်လေ ကိုယ်သာ မိန်းကလေးပုံစံ နူးနူးညံ့ညံ့ဖြစ်နေရင် သူနဲ့ရင်းနှီးလာမှာမဟုတ်လောက်ဘူး။
ကိုယ့်အိမ်ကို ပထမဆုံး သူရောက်လာတုန်းကပေါ့။တမင်လာလည်တာ မဟုတ်ဘူး။ရေလာ ပို့ ပေးတာ။
ကိုယ့်အိမ်ရှေ့ခန်းက အဖေ့ရဲ့စာအုပ်စင်ကြီးကို တမြတ်တနိုးငေးမော့ကြည့်နေခဲ့တဲ့ ပုံလေးဟာ သိပ်ချစ်စရာကောင်းတာပါပဲ။
ဘာစကား မှ မပြောဘဲ ကြာကြာကြီးငေးကြည့်နေခဲ့တာ ပါဆို။
ဟေ့ရောင် အရမ်းခန့် တာပဲနော် မင်းမှာ ဒီလိုစာအုပ်စင်ကြီး ရှိမယ်လို့ မထင်ခဲ့ဖူးဘူး။
မင်း လည်း စာအုပ်ဖတ်တယ်လား တဲ့။
ဖတ်ပါတယ် ဒါပေမဲ့ ဒါတွေက အဖေစုဆောင်းခဲ့တာ အဖေ့ စာအုပ်စင်ပါလို့ ပြောတော့
မင်းကံကောင်းတာပေါ့ မင်းမှာ ဒီလို အဖေမျိုးရှိတာ ဆိုပြီးပြောတယ်။
ကိုယ့်မျက်နှာကို တော့ မကြည့်ပါဘူး
စာအုပ်ကလေးတွေကို လက်ချောင်းကလေးတွေနဲ့ဖြည့်းဖြည်းချင်းထောက်ပြီး
သေချာကြည့်နေတာ။အမြဲပဲ အလုပ်လုပ်ပြီး ထော်လာဂျီ မောင်းနေတဲ့ သူ့ လက်ချောင်းကလေးတွေဟာ မယုံနိုင်လောက်အောင် ပန်းရောင်သန်းပြီး လှနေခဲ့တယ်။
ကိုယ်ကတော့ သူ့ ဘေးက ရပ်ရင်း သူ့ ရဲ့ ဘေးစောင်းမျက်နှာထားလေးကို ငေးကြည့်နေတာ။
နှာခေါင်းချွန်ချွန်ကလေးဟာ ဘေးကကြည့်မှ ပိုလှနေခဲ့ပါတယ်။
ကိုယ့်မှာ အဲ့ဒီကြယ်ကလေးရဲ့ တောက်ပမှုထဲမျောနေတုန်း
ဆတ်ခနဲသူက ကိုယ့်ဘက်လှည့်လာတယ်။
ကိုယ့် လည်း ဆတ်ခနဲဆိုသလို ယောင်ပြီး စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်မိကော။
ဟေ့ ရောင် ဆိုပြီး ခေါ်တယ်။
ဘာတုန်း ဆိုတော့
ဗျာ လို့ ထူးတဲ့ ။
အောင်မာ ကိုယ့်များ သူ့ ညီတွေနဲ့ ရွယ်တူမှတ်နေလားမသိ။
ကိုယ်လည်း စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကုပ်ပြီး ဗျာ လို့ ထူးတော့ မှ ကျေကျေနပ်နပ်ကြီးပြုံးသွားတယ်။
ကြည့်လို့ ကောင်းလိုက်တာသိလား။ဒီလို အမြဲပြုံးပြမယ်ဆို ဗျာလို့ ဘယ်နှစ်ကြိမ်ထူးပြရထူးပြရပါပေါ့။
အန်တီရော တဲ့ ကိုယ့်အမေကိုမေးတယ်။ကိုယ်က မီးဖိုဘက်ကို မေးဆတ်ပြတော့ သူမီးဖိုထဲဝင်သွားရော။ကိုယ်လည်းသူ့ နောက်ကလိုက်သွားကရော။
အန်တီ ကျေးဇူးပြု၍ စာအုပ်လာငှားပါရစေ တဲ့။
ကိုယ့် အမေဆိုတာလည်း ဘေးအိမ်က အမကြီးရဲ့ အပြောတွေကြောင့် သူ့ကို ကြွေဆင်းနေတာမလား။
ဘာပြော ကောင်းမလည်း ရတာပေါ့ သားရယ် လာငှားပါ သားကြိုက်တာသာ ယူဖတ်ပါတဲ့ ကဲ။
ဟိုတစ်ယောက်မှာ တစ်ပြုံးပြုံးနဲ့ မှိုပိဿာ လောက်ရတဲ့ မျက်ခွက် ကြီးဖြစ်ရော။ပြီးတော့ ငါ့မှာလည်း စာအုပ်တွေရှိတယ် မင်းဖတ်ပြီးသား လည်း ဖြစ်ချင်ဖြစ်နေမှာ မဖတ်ရသေးဘူး ဆိုရင်လည်း ငါပေးဖတ်မယ်တဲ့။
စိတ်ချပါ ကိုယ်ဘယ်လောက်ဖတ်ထားပြီးသားဖြစ်ပါစေ သူ့ စာအုပ်တွေမို့ တမင်ကိုငှားဖတ်ဦးမှာလို့ တွေးနေမိတယ်။
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေတာ သူ့ လက် ချောင်းကလေးတွေ ကိုယ့်ဆံပင်ခပ်တိုတို တွေကို ထိုးဖွပစ်လိုက်မှ သတိဝင်လာတော့တယ်။
တစ်ကယ်တော့ ကိုယ့်ဆံပင်တွေ လေတိုက်လို့ ပုံပျက်ရင်တောင်ကိုယ်သိပ် စိတ်ဆိုးတာ။ကိုယ့်သူငယ်ချင်းတွေသာဆို ကျောထုခံရတာခဏခဏ။
အခုကျ ကိုယ့် စိတ်ထဲ ပန်းတွေပွင့်သွားတယ်ထင်ရ။
အချစ်က သိပ်မျက်နှာလိုက်လွန်းတယ်နော်။
ဟာ ဗျာ ကေ ပျက်တယ် ဆိုပြီး ကိုယ့်ဆံပင်တွေကို ပုံကျအောင် ပြန်လုပ်နေတဲ့ ကိုယ့်ကို ကြည့်ပြီး မင်း တော်တော် လှချင်တဲ့ကောင် ဆိုပြီး ရယ်နေခဲ့သေးတယ်။
အင်း အဲ့လို့ မျိုး စနောက် လို့ ရတဲ့အထိ ကိုယ်တို့ ခင်နေကြပါပြီပေါ့။
ဒါနဲ့ မင်းဖေဖေ ရောတဲ့ ။ကိုယ့် အဖေက ကိုယ်ရှစ်တန်းတုန်းက ဆုံးသွားပြီဖြစ်ကြောင်း ကိုယ့်အဖေဟာ ပန်းချီသိပ်ကျွမ်းကျင်ကြောင်း
စာသမား ပေသမား ကြီးဖြစ်ပြီး သိပ်အတွေးအခေါ်ကောင်းတဲ့သူဖြစ်ကြောင်း ပြောပြတော့
မင်းအတွက်စိတ်မကောင်းလိုက်တာ မင်းဖေဖေဟာ သိပ်နှမျောစရာကောင်းတာပဲဆိုပြီ့း ညိုရီတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကို ပြောခဲ့တာ။
အချစ်က အဲ့ဒီ နွေးထွေးတဲ့မျက်ဝန်းညိုတွေထဲမှာ တစ်သက်စာ ခိုလှုံချင်မိတဲ့ စိတ်အလုံးစုံ လည်း ဖြစ်ခဲ့သေးတယ်…………………
………………………

သို့ ချစ်သော ၇

……………………………

သူက တစ်ကယ့် ဘုရားစူး ၁၆ နှစ်သား
အခုခေတ်လတ်တလော နာမည်ကြီး အဆိုတော်တွေကို မကြိုက်ဘူး
Rapping တွေမကြိုက်ဘူး
အဲ့ဒီအစား လွှမ်းမိုးကြိုက်တယ် စိုင်းထီးဆိုင်ကြိုက်တယ် ထူးအိမ်သင်ကြိုက်တယ် မာရဇ္ဇကြိုက်တယ် ကိုယ်နဲ့စကားပြောရင်း
ထူးအိမ်သင်ရဲ့ နွေဦးကံ့ကော်သီချင်းကို ခပ်တိုးတိုးလေး ညည်းနေတတ်သေးတယ်။
အဲ့ဒီမပီမပြင် သီချင်းသံကလေးဟာ ကိုယ့်စိတ်ကို ချည်နိုင်တဲ့ကြိုးလည်းဟုတ်တယ်။
ဂစ်တာတို့ piano တို့  တယောတို့  စိတ်ဝင်တစား တီးကြသင်ကြတဲ့အချိန်မှာ သူဆိုတဲ့အာဂလူသားဟာ စောင်းတီးသင်ချင်ပါသတဲ့။
ကျနော်က ဂစ်တာ သိပ်တီးတတ်ချင်တာ ကျနော်ဂစ်တာ တီးသင်ဦးမှာလို့ပြောတော့
ငါကတော့ စောင်းတီးသင်ချင်တာတဲ့ ကဲ။
ကျနော်က သူ နောက် နေတယ် ထင်ပြီး မျက်မှောင်ကျုတ်ပြီး ကြည့်နေတော့ သူရဲ့ မျက်လုံးကလေးတွေကို ထောင့်ကပ်ပြီး
''ဘာလည်း ငါ့ကို ကြောင်တယ်လို့ ပြောချင်နေတာမလား တစ်ကယ်ပြောတာ ကွ ငါတစ်ကယ်စောင်းတီး တတ်ချင်တာ ''တဲ့။
သူက တဂိုးရဲ့ ကဗျာ တွေကို သိပ်ချစ်တယ်။
စိတ်ရှည်လက်ရှည်လည်း ကိုယ့်ကို ရွတ်ပြတတ်ပါသေးတယ်။
'အဲ့ကဗျာလေး သိလားဟင် ဆိုပြီး ကိုယ်က ဘာမှမှ ပြန်မဖြေခင် အတင်းကိုဆိုပြတော့တာပဲ။
အမှန်တော့ ကိုယ်လည်း တဂိုးရဲ့ ကဗျာ တွေကို ဖတ်ဖူးပြီးသိပ်ကြိုက်ခဲ့တာပါပဲ။
ဒါပေမယ့် မသိချင်ယောင် မဖတ်ဖူးချင်ယောင်ဆောင်နေလိုက်တာပဲ။
သူ ဆရာလုပ်နေတာလေးကို သဘောကျလို့။
သူ နဲ့စကားပြောရင်း အင်းလို့ ဖြေမိရင် မကြိုက်ဘူး ချက်ချင်းပြောလက်စကို ရပ်ပြီး ဟုတ်ကဲ့လို့ ပြောတဲ့ ကဲ ဘယ်လောက် အလေးစားခံချင်တဲ့လူလည်း။

''ငွေစင်ရော်နှင့်လှိုင်းခေါင်းဖြူတို့၏
ဆုံစည်းခြင်းမျိုးဖြင့်
ကျွန်ပ်တို့ ဆုံစည်းမိကြသည်။
ငွေစင်ရောတို့ ပျံပြေးသွားကြ
လှိုင်းခေါင်းဖြူတို့ 
ဆုတ်ခွာသွားကြသလိုပင်
ကျွန်ပ်တို့ ခွဲခွာကြရပြန်သည်။'' ဆိုတဲ့ တဂိုးရဲ့ အဲ့ဒီကဗျာကို သူသိပ်ကြိုက်တယ်တဲ့။
လောက ဆိုတာ တွေ့ကြုံဆုံကွဲတဲ့ကွ တဂိုးက အဲ့ဒီ သဘောတရားကို လှလှပပလေး ရေးပြသွားတာ ဆိုပြီး ကိုယ့်ကိုဆရာ လုပ်သေးတယိ။
ကိုယ်နဲ့သူဟာ ငွေစင်ရော်နဲ့ လှိုင်းခေါင်းဖြူတွေ ဖြစ်လာလိမ့် မယ်လို့ 
အဲ့ဒီတုန်းက မတွေးခဲ့ဖူးဘူး။
…………………………………………
ကိုယ်တို့ အမြဲ တော့ မတွေ့ဖြစ်ကြဘူးပေါ့။
သူ့မှာ ဆယ်တန်း ကလည်းဆယ်တန်း အိမ်အလုပ်တွေကိုလည်း ဦးရစီးရနဲ့ မအားလပ်ဘူးမလား။ဒါပေမယ့်လည်း ကိုယ်ကြည့်တာတော့ စာကျက်နေတာထက် အလုပ်လုပ်နေတာက ပိုများနေတယ်ထင်တာပဲ။
ကိုယ် ကျူရှင်က ပြန်လာတဲ့ အချိန် သူ့ အိမ်ရှေ့က ကိုယ့်စက်ဘီးလေး ဖြတ်သွားတိုင်း ဘယ်လောက်အလုပ်လုပ်နေပါစေ အဲ့ဒီအေးချမ်းတဲ့မျက်ဝန်းတွေနဲ့ ကိုယ့်ကို လှမ်းကြည့်ရင်း ပြုံးပြတတ်ပါတယ်။ကိုယ်သူ့ ဆိုင်မှာ ဈေးသွားဝယ်တဲ့အခါတိုင်း ကိုယ့်လက်ခုံကို ဘောပင်နဲ့ ခြစ်ဖို့ လည်း ဘယ်တော့မှ မမေ့ ဘူး။
ကိုယ့်ဆီစာအုပ်လာငှားတဲ့အခါ ရယ် လာပြန်ပေးတဲ့ အခါရယ်မှာပဲ ကိုယ်တို့ သေချာတွေ့ဖြစ် စကားပြောဖြစ်ကြတယ်။
တစ်ခါကြတော့ ကိုယ့်ဆီစာအုပ်လာပေးတာ ထူးထူးဆန်းဆန်းပါပဲ။
ဆိုက်ကား တစ်စီးကို နင်းပြီး ရောက်လာတယ်။
ဒင်းဟာ စက်ဘီးကလွဲရင် ရှိသမျှယာဉ်အကုန် စီးတတ်တယ်ထင်ရ။
အဲ့ဒီနေ့ က ပိုဆိုးတိုတို မဟုတ်ပဲ ဘောင်းဘီ ဒူးဖုံး အနက်ရောင်ကို ဝတ်ထားတာ။
တီရှပ်အပြာရောင်ကလေးနဲ့ကိုယ့်ရဲ့ကောင်းကင်ကလေးဟာ ဆိုက်ကားလည်း နင်းတတ်ခဲ့ပါတယ်။
'ဟင် အကို့ဆီမှာ ဆိုက်ကားလည်းရှိတာလား ' လို့ ကိုယ်တအံ့တသြမေးတော့
ကိုယ့်ဆံပင်တွေကို ဖွလိုက်ပြီး 'မဟုတ်ပါဘူးကွ အိမ်ရှေ့ဂိတ်က ခဏ ငှားစီးလာတာ လာတက်' တဲ့။
ကိုယ့် ကို ကူရှင်တစ်ခု ကို ရှေ့ဘက်မှာ ချပေးတယ်။
သူငှားထားတဲ့စာအုပ်တွေကိုလည်း ကိုယ့်ကို လှမ်းပေးတယ်။
'ဟင် ဘယ်သွားမလို့ လဲ ကျနော်က ဘယ်လိုက်ရမှာတုန်း 'လို့ မေးတော့
မင်းကို မုန့် လိုက်ဝယ်ကျွေးမလို့ လေ တဲ့။
ဆိုက်ကား နဲ့သွား မှာ ဟုတ်လား ဆိုတော့
အေးလေ ဘာလို့ လည်း မင်းက ဆိုက်ကားစီးရမှာ ရှက်လို့ လားတဲ့။
ကိုယ်လည်းဘာမှပြန်မပြောဘဲ ဆိုက်ကားပေါ်တက်ထိုင်ပစ်လိုက်တော့တယ်။
ငါတို့ ဈေးထိပ်က မုန့် ဟင်းခါးသွားစားကြမယ်။အဲ့ဆိုင်က လက်ရာသိပ်ကောငိးတာ တဲ့။
ဒါနဲ့ အကိုက ရှိသမျှဘီးတပ်ယာဉ်တွေ အကုန်စီးတတ် ပြီး စက်ဘီးကျဘာလို့ မသင်သလဲ လို့ မေးတော့ သူရယ်တယ်။
အင်း အဲ့ဒါအကြောင်းရှိတယ် ကွ ငါ ငယ်ငယ်တုန်းက စက်ဘီးစီးသင်တုန်းကပေါ့ မြောင်းထဲလှိမ့် ကျပြီး ရဲယိုပင်ဂွကြားမှာ ညပ်နေခဲ့တာ ကျတဲ့အရှိန်ကတော်တော်ပြင်းတာ အဲ့ဒီနေ့ ကစပြီး ငါဆက်မသင်တော့တာပဲ။
ကိုယ်လေ အသံထွက်အောင် ရယ်မိတော့။
'ဟာ ဟေ့ရောင် အဲ့လောက်မရယ်နဲ့ လေ လူကို ရှက်အောင်လို့ ' တဲ့။
ကိုယ်မြင်နေရတဲ့ ဘေးတိုက်မျက်နှာလေးမှာ ပန်းရောင်နည်းနည်းလေး သန်းသွားတာကို ကိုယ်မြင်နေရတယ်။
ပြီးတော့ ဘာပြောတယ်မှတ်လဲ
'ဘီးတပ်ယာဉ်မှန်သမျှ ငါးမစီးတတ်ပါဘူးကွာ လေယာဉ်ကျန်ပါသေးတယ်တဲ့ ' …………။
……………………………………………………………………………

သို့ ချစ်သော ၈
…………………………

ဆယ်တန်းစာမေးပွဲအတော်နီးကပ်လာတဲ့အချိန်ကျ သူ့ ကို တွေ့မြင်ရဖို့ ကခက်လာရော။
ကျောင်းလည်းသိပ်မတက်ရတော့ဘူး။
အလုပ်တွေလည်း နားပြီး စာလုပ်နေရတာပေါ့။ထော်လာဂျီတစ်ဂျိုင်းဂျိုင်းလည်း မလုပ်နိင်ရှာ
အဲ့ဒီတော့ ကိုယ်ရဲ့ စက်ဘီးကလေး သူ့ အိမ်ရှေ့ကဖြတ်တဲ့အခါ သူ့ ကိုမတွေ့ရတော့ဘူး။
စာအုပ်ဖတ်တာလည်း နားထားတာမို့  ကိုယ့်ဆီစာအုပ်လာမငှားဖြစ်ဘူး။
ကိုယ့်မှာ သူ့ ဆိုင်ကို ဈေးဝယ်သွားတဲ့အချိန်လေးပဲတွေ့ရ
သူ့ ခမျာ ကောင်တာမှာ ထိုင်ရင်း စာကျက်နေလေရဲ့။
ဒါပေမယ့် လည်း နေ့ တိုင်းတော့ ကိုယ်ဘယ်ရောက်ပါ့မလည်း။
ကိုယ်ရောက်တဲ့အချိန်တိုင်းတော့ စာလုပ်တာ ရပ်ပြီး ကိုယ့်နဲ့ စကားပြောတယ်။
ကိုယ့် လက်ခုံကို ဘောပင်နဲ့ ခြစ်ပြီးမှ မင်းပျောက်နေလိုက်တာ
စာမေးပွဲနီးလို့ သာ မင်းဆီမရောက်ဖြစ်တာ ငါမင်းကို သတိရတယ်ကွ ဆိုပြီး

Address

Hpa An University Street
Hpa-an

Telephone

+959678023985

Website

Alerts

Be the first to know and let us send you an email when MTN Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share