Myat Taw Win

Myat Taw Win ရွှေထည်နှင့်လက်ဝတ်ရတနာ​ရောင်းဝယ်​?

ခုနှစ်အလိုက်မြန်မာ့ရွှေဈေးနှုန်းများ💸💸💸💸💸💸💸💸💸1990 = 15,000 ကျပ်1991 = 20,000 ကျပ်1992 = 22,000 ကျပ်1993 = 26,500 ကျပ်199...
21/08/2023

ခုနှစ်အလိုက်မြန်မာ့ရွှေဈေးနှုန်းများ
💸💸💸💸💸💸💸💸💸

1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်

2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1780000 ကျပ်
2022 = 2800000 ကျပ်
2023 = 3****** ကျပ်

မြန်မာ့ရွှေဈေးနှုန်းများကို ခုနှစ်အလိုက်သိရှိဗဟုသုတ
ရပြီး အသုံးချနိုင်စေရန် ပြန်လည်ဝေမျှပေးပါသည်။

ထိုင်းနိုင်ငံကလုပ်တဲ့ လောကက် ကော်အိမ်ထဲကဘုရားပုံတော်၊ဘုန်းကြီးပုံတော် အများစုကရွှေ အစစ်နဲ့လုပ်ထားတာမဟုတ်တဲ့အတွက်လောကက်အာ...
17/08/2023

ထိုင်းနိုင်ငံကလုပ်တဲ့ လောကက် ကော်အိမ်ထဲက
ဘုရားပုံတော်၊ဘုန်းကြီးပုံတော် အများစုက
ရွှေ အစစ်နဲ့လုပ်ထားတာမဟုတ်တဲ့အတွက်
လောကက်အားလုံးကို ရွှေ မဟုတ်ဘူးလို့
မယူဆသင့်ပါ။
ဒီနေ့ ကျွန်တော်ကိုယ်တိုင်
လောကက်ကော်အိမ်ကို ခွဲထုတ်ပြီး မှတ်ကျောက်တင်
လောင်မီးချကြည့်တဲ့အခါ ပုံတော်က
ရွှေအစစ်ဖြစ်ကြောင်း သိရတယ်။

ဒါကြောင့် ထိုင်းနိုင်ငံလုပ် ပုံတော်လောကက်တွေမှာ
ရွှေအစစ်နဲ့ လုပ်ထားတာလည်း ရှိတယ်ဆိုတာ
ပြန်လည် ဝေမျှလိုက်ပါတယ်။

ွင့်ပြုသည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ
Myat Taw Win

 #အပျော်သဘောစတာနော်😄😄😄မန့်ထဲမှာ သွေးဆူတော့မယ်ထင်တယ်😁😁😁
17/07/2023

#အပျော်သဘောစတာနော်😄😄😄
မန့်ထဲမှာ သွေးဆူတော့မယ်ထင်တယ်😁😁😁

စိန် နဲ့ ခွဲမရအောင်တူလွန်းတဲ့ ဓါတ်ခွဲခန်းထဲဖန်တီးထားတဲ့ မော်ဇန်နိုက်အကြောင်း--------------------------------------------...
03/07/2023

စိန် နဲ့ ခွဲမရအောင်တူလွန်းတဲ့ ဓါတ်ခွဲခန်းထဲ
ဖန်တီးထားတဲ့ မော်ဇန်နိုက်အကြောင်း
---------------------------------------------------------

မော်ဇန်နိုက်(Moissanite) သည် ရှားပါးပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ဆီလီကွန်ကာဗိုက် (SiC) ဖြင့် ဖွဲ့စည်းထားသော သတ္တုတစ်မျိုးဖြစ်သည်။
ပြင်သစ်ဓာတုဗေဒပညာရှင် Henri Moissan သည် အရီဇိုးနားပြည်နယ်ရှိ ဥက္ကာခဲမီးတောင်ကြားမှ ကျောက်နမူနာများကို စစ်ဆေးနေစဉ် ၁၈၉၃ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် Moissan သည် သူတွေ့ရှိခဲ့သော ပုံဆောင်ခဲများသည် စိန်များဖြစ်သည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် ၎င်း၏ဂုဏ်အသရေဖြင့် အမည်ပေးထားသော သတ္တုအသစ်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

သဘာဝအတိုင်း ဖြစ်ပေါ်နေသော မော်ဇန်နိုက်(
moissanite)သည် အထူးရှားပါးသော်လည်း သိပ္ပံပညာရှင်များသည် ၎င်းကို ဓာတ်ခွဲခန်းများတွင် အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့သည်။ ၎င်း၏ ထူးထူးခြားခြား ထက်မြက်မှု၊ မာကျောမှုနှင့် စိန်များ၏ ပုံပန်းသဏ္ဍာန် တူညီမှုကြောင့် မော်ဇန်နိုက်(moissanite) သည်
လက်ဝတ်ရတနာများတွင် စိန်ကျောက်မျက်ရတနာများ
အစားထိုးအဖြစ် ရေပန်းစားလာခဲ့သည်။

မော်ဇန်နိုက်(moissanite) တွင် အောက်ပါ
အဓိကလက္ခဏာများပါဝင်သည်။

၁။တောက်ပမှု- Moissanite သည် စိန်များထက် ပိုမိုမြင့်မားသော အလင်းယိုင်ညွှန်းကိန်း ရှိပြီး ၎င်းသည် အလင်းကို ပိုမိုထိရောက်စွာ ခွဲထုတ်နိုင်ပြီး
တောက်ပမှုနှင့် မီးတောက်များ
(သက်တန့်ကဲ့သို့ အရောင်တောက်တောက်များ)
ကို ဖြစ်ပေါ်စေသည်။

၂။ မာကျောမှု- သတ္တုမာကျောမှုကို တိုင်းတာသည့်
Mohs စကေးတွင်၊ moissanite သည် 9.25 ရမှတ်ဖြစ်ပြီး ၎င်းသည် အမာဆုံးကျောက်မျက်ရတနာများထဲမှတစ်ခုဖြစ်ပြီး စိန်များ (10 မှတ်ရရှိသည်) ပြီးလျှင် ဒုတိယဖြစ်သည်။ ၎င်းသည် လက်စွပ်များ၊ နားကပ်များနှင့် အခြားလက်ဝတ်ရတနာများတွင် နေ့စဥ်ဝတ်ဆင်ရန်အတွက် moissanite ကို အလွန်သင့်လျော်စေသည်။

၃။ အရောင်- သဘာဝအတိုင်း ဖြစ်ပေါ်နေသော moissanite ကို အရောင်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်သော်လည်း လက်ဝတ်ရတနာများတွင် အသုံးပြုသည့်
ဓာတုဗားရှင်းသည် ပုံမှန်အားဖြင့် အရောင်မဲ့
(သို့မဟုတ်) အရောင်မရှိပေ။

4. ကုန်ကျစရိတ်- Moissanite သည် အရွယ်အစားနှင့် အရည်အသွေးတူသော စိန်များထက် သိသိသာသာ ပိုတတ်နိုင်သောကြောင့် ၎င်းသည် စိန်ထက် ဈေးသက်သာပြီး လှပ လိုက်ဖက်သော
စိန်အစားထိုးရွေးချယ်မှုကို ရှာဖွေနေသူများအတွက်
ဆွဲဆောင်မှုတစ်ခုဖြစ်စေပါသည်။

5. မူလအစတွင် မော်ဇန်နိုက်(moissanite) သည်
သဘာဝတွင် ဖြစ်ပေါ်နေသော်လည်း လက်ဝတ်ရတနာများတွင် အသုံးပြုသည့်
မော်ဇန်နိုက်(moissanite)အများစုကို
ဓာတုငွေ့ထုတ်လွှတ်ခြင်း (CVD) သို့မဟုတ် ဓာတ်ခွဲခန်းရှိ ဖိအားမြင့်၊ အပူချိန်မြင့်ခြင်း (HPHT) နည်းပညာများဖြင့် ဖန်တီးထားသည်။

moissanite သည် စိန်များနှင့် အနီးစပ်ဆုံးတူနေသော်လည်း ကျောက်မျက်ဗေဒပညာရှင်များမှ ထောက်လှမ်းနိုင်သည့် အလင်းဆိုင်ရာ ဂုဏ်သတ္တိများ ကွဲပြားမှုများ ရှိနေသည်ကို သတိပြုရန် အရေးကြီးပါသည်။ အချို့သောလူများသည် ၎င်း၏ထုတ်လုပ်မှုတွင် မိုင်းတွင်း သို့မဟုတ် အချို့ဒေသများတွင် စိန်တူးဖော်ခြင်းနှင့်ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများမပါဝင်သောကြောင့် အချို့သောသူများသည် ကျင့်ဝတ်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းပြချက်များအတွက်
မော်ဇန်နိုက်(moissanite) ကို ရည်ရွယ်ချက်ရှိရှိရွေးချယ်ကြသည်။ အခြားသူများကမူ ငွေကြေးမတတ်နိုင်ခြင်းကြောင့်မဟုတ်ဘဲ ၎င်း၏ထူးခြားသောအလှကို ခံစားကာ စိန်များထက် ပိုတတ်နိုင်သော အစားထိုးတစ်ခုအဖြစ်
မော်ဇန်နိုက်(moissanite) ကို ရွေးချယ်ကြသည်။

စာရေးသူမှတ်ချက် ။ ။
#မော်ဇန်နိုက်နဲ့စိန်အစစ်ကွဲခြားတဲ့အချက်ကတော့အရောင်ဘဲဖြစ်ပါတယ်
#စိန်မှာအရောင်ရှိပြီးအလင်းပြန်အားအလွန်ကောင်းပါတယ်
#မော်ဇန်နိုက်ကတော့အရောင်မရှိအလင်းပြန်အားလည်းနည်းပါးသည်

မြတ်တော်ဝင်ရွှေဆိုင်
ဈေးတန်းလမ်း၊ဘားအံ

ရွှေနဲ့ငွေတွဲပြီး  အော်ဒါထည်‌ ကလေးလက်ကောက်လေးလိုချင်တယ်ဆိုလို့ မီးလင်းနဲ့လုပ်ပေးလိုက်ပါတယ်။ #မြတ်တော်ဝင်ရွှေဆိုင်ဈေးတန်း...
19/06/2023

ရွှေနဲ့ငွေတွဲပြီး အော်ဒါထည်‌ ကလေးလက်ကောက်
လေးလိုချင်တယ်ဆိုလို့ မီးလင်းနဲ့လုပ်ပေးလိုက်ပါတယ်။

#မြတ်တော်ဝင်ရွှေဆိုင်
ဈေးတန်းလမ်း၊ဘားအံမြို့

စိန်အလုံးကြီးကြီးလိုချင်သူများအတွက် Myat Taw Win မြတ်တော်ဝင်ရွှေဆိုင်ဈေးတန်းလမ်း၊ဘားအံမြို့
21/03/2023

စိန်အလုံးကြီးကြီးလိုချင်သူများအတွက်

Myat Taw Win
မြတ်တော်ဝင်ရွှေဆိုင်
ဈေးတန်းလမ်း၊ဘားအံမြို့

😇ဗဟုသုတ အနေနဲ့ တင်ပေးလိုက်ပါတယ်နော်..✌✌✌နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ အထည်ရဲ့ အတွင်းဘက်မှာ...24K , 2...
11/03/2023

😇ဗဟုသုတ အနေနဲ့

တင်ပေးလိုက်ပါတယ်နော်..✌✌✌

နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ
အထည်ရဲ့ အတွင်းဘက်မှာ...

24K , 22K , 21K,18K , . . .
916 , 925, 750, . . .စ သည် ဖြင့် အမှတ်အသားလေးတွေရေးထားတတ်တယ်
အဲဒါတွေက ဘာကိုပြောတာလဲ ဆိုတာကို
မသိသေးတဲ့သူတွေအတွက်မျှဝေပေးချင်ပါတယ်။

အဲဒါတွေကို
အင်္ဂလိပ်လို Hallmarks လို့ ခေါ်ပါတယ်။
သတ္တုတွေရဲ့ သန့်စင်မှူ ပမာဏ ကို ဖေါ်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။

(ကျွန်မတို့ဆီမှာ
၁၄ပဲ ရွှေရည် ။၁၅ပဲ ရွှေရည် ဆိုပြီး ရွှေအရည်အသွေးကို သတ်မှတ်သလိုပါဘဲ။)

*24K , 22K , 21K , 18K , . . . အကြောင်းကို အရင် ပြောပြချင်ပါတယ်။

K ဆိုတာ ကာရက်(Karat) ပါ ။

24 parts ကို အခြေခံပြီးသတ်မှတ်တယ်။

24K ဆိုရင် ရွှေစင် 100 % ပါဝင်တဲ့ ရွှေကို ဆိုလိုပါတယ်။

23K = 95.8 %
22K = 91.6 %
21K = 87.5 %
20K = 83.3 %
18K = 75 %
15K = 62.5 % , 14K= 58.3 %
10K = 41.6 % , 9K = 37.5 %
ရွှေစင် ပါဝင်တယ်လို့ ဆိုလိုတာပါ။

မြန်မာနိုင်ငံသုံး ရွှေရည်နဲ့နှိူင်းယှဉ်မယ်ဆိုရင်. . .

မီးလင်း ရွှေ 24k 999

15.ပဲ2ပြား 23k 958

15.ပဲ 22k 917

14.ပဲ2ပြား 21k 875

14ပဲ 20k 834

13.ပဲ2ပြား 19k 792

13ပဲ 18k 750

12ပဲ2ပြား 17k 708

12ပဲ 16k 667

11ပဲ2ပြား 15k 625

11ပဲ 14k 584

10ပဲ2ပြား 13k 542

10ပဲ 12k 500

9ပဲ2ပြား 11k 458

9ပဲ 10k 417

8ပဲ2ပြား 9k 375

8ပဲ 8k 333

7ပဲ2ပြား 7k 292

Karatကိုရွှေအရည်အသွေးကိုဖေါ်ပြဖို့အတွက်အဓိကသုံးတယ်။

*အထည်ရဲ့အတွင်းဘက်မှာ K မပါဘဲ 24,22,21,18, . . ဆိုပြီး ရိုက်လေ့ရှိပြီး တချို့သော
အထည်တွေမှာ Au 750 , 999 , Au 545 စသဖြင်ရိုက်လေ့ရှိပါတယ်

Credit

ရွှေအ‌ရောင်းအဝယ်လုပ်ရင်းနဲ့ နားရည်ဝလာတာက18K ဆိုတာဘဲဖြစ်တယ်။လောကက်+ဆွဲကြိုး တွဲထားတဲ့ ဆွဲကြိုးကို  အလေးချိန်(1gm)လေးနဲ့ ပ...
25/01/2023

ရွှေအ‌ရောင်းအဝယ်လုပ်ရင်းနဲ့ နားရည်ဝလာတာက
18K ဆိုတာဘဲဖြစ်တယ်။
လောကက်+ဆွဲကြိုး တွဲထားတဲ့ ဆွဲကြိုးကို
အလေးချိန်(1gm)လေးနဲ့ ပြုလုပ်နိုင်တာကိုလည်း
အံ့သြ ချီးကျူးမိတယ်။အလေးချိန်အရမ်းနည်းတဲ့
ဆွဲကြိုးတွေက ပါးလွှာပြီး အသုံးပြုပြီး
မကြာခင်ဘဲ ကြိုးပြတ်သွားကြတာများတယ်။
18K အကြောင်း မသိသူများ သိရအောင်
ကျွန်တော် သိသလောက်မျှဝေလိုက်ပါတယ်။

18K ဆိုတာဘာလဲ

K=Karat ဖြစ်ပြီး
18 ဆိုတာကတော့ ရွှေသန့်စင်မှုတန်ဖိုးကိန်းဂဏန်းဘဲ
ဖြစ်ပါတယ်။
အခုဒီမှာသုံးနေတဲ့ Kက Karat ဆိုတဲ့ရွှေသန့်စင်မှုဖြစ်ပြီး
ကျောက်မျက်ရတနာတွေရဲ့ အလေးချိန်ဖြစ်တဲ့
Carat နဲ့ လုံးဝမတူပါဘူး။
24K မှာ ရွှေသန့်စင်မှုအမြင့်ဆုံးဖြစ်ပြီး အခြားသတ္တုများ
ရောစပ်ပါဝင်မှုမရှိတော့ပေ။
18K မှာ ရွှေပါဝင်မှု (75 % ) ဖြစ်ပြီး အခြားသတ္တုများ
(25%) ရောစပ်ပါဝင်တာ ဖြစ်ပါတယ်။

Myat Taw Win

Address

​စျေးတန်းလမ်း
Hpa-an
13011

Opening Hours

Monday 06:00 - 17:00
Tuesday 06:00 - 17:00
Wednesday 06:00 - 17:00
Thursday 06:00 - 17:00
Friday 06:00 - 17:00
Saturday 06:00 - 17:00
Sunday 06:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myat Taw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share