14/06/2026
Sunscreen လိမ်းလို့ရောဂါဖြစ်မှာမဟုတ်ဘူး။ sunscreen မလိမ်းမှသာ အရေပြားကင်ဆာဖြစ်နိုင်တာ။
sunscreen က endocrine disrupt လုပ်တယ်၊ လိမ်းတာမကောင်းဘူး၊ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ topic တွေက ကြည့်ရတာ တစ်နှစ်တစ်ခေါက် အမြဲလိုလိုပေါ်နေတယ်ထင်တယ်။ အရင်နှစ်တုန်းကလည်း ဒါနဲ့ ပတ်သက်ပြီးတက်လာလို့ ဂျူလီရှင်းပြဖူးတယ်။ Oxybenzone တို့လို old generation UV filter တွေကို ဗဟိုပြုပြီး ထပ်ပေါ်လာတဲ့ misinformation ပဲမို့ အရင်ကရေးခဲ့တဲ့စာကိုပဲ ပြန် copy paste လုပ်ပေးလိုက်ပါတယ်။
Chemical sunscreen တစ်နည်းအားဖြင့် organic sunscreen တွေထဲမှာ ထည့်တတ်တဲ့ "Octocrylene, oxybenzone,avobenzone တို့လို chemical UV filter တွေက ဟော်မုန်းကို disrupt လုပ်တယ်၊ အသားအရေအတွက်မကောင်းဘူး၊ safe မဖြစ်ဘူးဆိုပြီး" misinformation တွေပြန့်နေတာကြာပါပြီ။ အခုထိလည်း evidence တိတိကျကျမရှိတဲ့ ဒီအချက်အလက်တွေကို ကိုင်ပြီး misinformation တွေရှိတုန်းမို့ တကယ်တတ်ကျွမ်းတဲ့ Dr dray, lab muffin, cosmetic chemist နဲ့ toxicologist တွေ ခဏတိုင်း debunk လုပ်နေရတုန်းပါ။
ဆိုတော့ Sunscreen တစ်ဘူးကို formulate လုပ်မယ်ဆို FDA က safe ဖြစ်တယ်လို့သတ်မှတ်ထားတဲ့ ပမာဏကိုသာထည့်သွင်းရကြတယ်။ FDA မှာလည်း ဒါနဲ့ပတ်သက်ပြီး guideline ရှိတယ်။ ဂျူလီတို့လိမ်းသမျှ sunscreen အများစုသည် အသားအရေရဲ့ အပေါ်ဆုံးအလွှာမှာသာတင်ကျန်ပြီး dead skin cell တွေ shedding လုပ်တဲ့အခါ ပါသွားကြတာများပါတယ်။ sunscreen တွေဟာ endocrine ကို disrupt လုပ်ပြီး dangerous ဖြစ်တယ်လို့ reliable evidence မရှိသလို၊ အများစုကောက်ချက်ချပြီး ဆွဲယူပြောနေကြတဲ့ evidence ဆိုတာကလည်း cells in dish ၊ ကြွက်၊ ယုန်တို့လို small animals တွေပေါ်မှာသာ စစ်ဆေးထားတဲ့အရာတွေ။ ပြောရမယ်ဆို နေ့တိုင်းဘယ်သူမှမလိမ်းတဲ့ပမာဏနဲ့ စမ်းသပ်ထားပြီး၊ topical တောင်မဟုတ် orally ကျွေးပြီးစမ်းသပ်ပြီး ကောက်ချက်ချထားတွေပါ ရှိတယ်။ အပြင်မှာ ဘယ်သူမှ sunscreen ကို မစားသလို၊ စမ်းသပ်ထားတဲ့ ပမာဏလောက်ကြီး ဘယ်သူမှလည်း နေ့တိုင်းမလိမ်းဘူး။
အပြောခံနေရတဲ့ oxybenzone ဆို 220% လောက်လိမ်းတောင် harmful ဖြစ်ပြီး human health ကို ထိခိုက်စေမယ်ဆိုတဲ့ အချက်အလက်မရှိပါ။ 220% တောင်နော်။ sunscreen တွေထဲမှာ oxybenzone က EU ဆို 2.2%, US မှ 6% ပဲ ခွင့်ပြုထားတယ်။ (ဘယ်သူမှ နေ့တိုင်းမလိမ်းနေတဲ့ ပမာဏကြီး။) အဲ့ 220% ရဖို့ နေ့တိုင်း တစ်ခန္ဓာကိုယ်လုံးကို sunscreen အထပ် 100 ကျော်လိမ်းရမယ်။ အဲ့ဒါတောင် still not harmful.
endocrine disruptor တွေသာ လိုက်ရှာ လိုက်ကြောက်နေရင် ကျင်လည်နေတဲ့ပတ်ဝန်းကျင်မှာ sunscreen ထက် အဆပေါင်းများစွာ ဆိုးနိုင်တာတွေအများကြီးပဲ။ evidence တောင်ရေရေရာရာမရှိတဲ့ sunscreen ကို အထူးတလည်ကြောက်နေဖို့မလိုပါ။
နောက်ပြီး Sunscreen လိမ်းလို့ ဆိုးကျိုးဖြစ်စေမှာမဟုတ်ဘဲ၊ sunscreen မလိမ်းမှသာ အရေပြားကင်ဆာ ဖြစ်နိုင်တာ။ အရင်ခေတ်ကလူတွေနဲ့ ဒီခေတ်ယှဉ်ရအောင် ခေတ်ကြီးက ဘယ်လောက်တောင်ယို့ယွင်းပြီး ပျက်စီးလာလဲ။ နေဆိုတာ ပူကျစ်တောက်ပြီး များလိုက်တဲ့ UV index ။ facebook က ပေးတဲ့ dollar လေး တစ်ပဲခြောက်ပြားရဖို့ ဘာ research paper မှတောင်မဖတ်၊ မြင်မြင်သမျှ လျှောက်တင်နေတဲ့ video တွေကို မယုံသင့်သလို၊ ကိုယ်နဲ့ ဘာသာစကားမတူတဲ့ လူကပြောတာနဲ့ အကုန်မှန်နေတာမဟုတ်ဘူး။
Sunscreen ဆို physical sunscreen, chemical sunscreen အကုန် သုံးလို့ရတယ်။ ကိုယ်ကြိုက်တဲ့ ၊ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ sunscreen ကို နေ့တိုင်းသာ မှန်မှန်လိမ်း။ zinc oxide, titanium dioxide ကိုသုံးထားတဲ့ physical sunscreen က ပိုကောင်းတာမဟုတ်သလို၊ ပိုပြီး safe ဖြစ်တာလည်း မဟုတ်ဘူး။
ဆိုတော့ skin cancer(အရေပြားကင်ဆာ) မဖြစ်ချင်ရင်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ပြီး တင်းတိပ်၊မှဲ့ခြောက်၊အမဲစက်မပွါးချင်ရင် sunscreen နေ့တိုင်းလိမ်းကြပါ။ Sunscreen မလိမ်းရင် ဘာသုံးသုံး အိတ်ပေါက်နဲ့ဖားကောက်နေသလိုပဲ။ အမေတို့ခေတ် ဒီခေတ်ယှဉ်နေရအောင် ဒီခေတ်က အမေတို့ခေတ်ကလို သစ်ပင်သစ်ရိပ်ရှိတာမဟုတ်ဘူး။ ပူလိုက်တဲ့နေ၊ များလိုက်တဲ့ UV index ။
Sunscreen လိမ်းတဲ့သူနဲ့ မလိမ်းသူဟာလည်း ရေတိုမှာမသိသာပေမဲ့ ရေရှည်ကျ အကြီးကြီးကွာခြားလာလိမ့်မယ်။ အဲ့အချိန်မှ ပြန်ပြင်ဆင်ချင်ရင် ပြင်လို့လည်း မမှီပါ။ sunscreen ဟာ အသက်ငယ်ငယ်လေးတွေကအစ သုံးသင့်တဲ့ ပစ္စည်းပဲ။
Let’s care with
Juliee,
ပုံတွေနဲ့စာသားများအား ပြန်လည်ကူးယူတင်တာ ဆင်တူရိုးမှားပုံတွေစာတွေ copy တာမျိုးလုံးဝမှခွင့်မပြု။