Hlegu Book Shop

Hlegu Book Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hlegu Book Shop, Book shop, Hlegu.

19/10/2025

T - နင်နိုးပြီလား…? ငါညကတည်းက ရထားစီးနေရတာ…..ညက တစ်ညလုံးရထားပေါ်မှာလိုအပ်တာလေးတွေလုပ်နေရတာနဲ့ညဉ့်နက်သွားတယ် ဖုန်းဆက်လှမ်းပြောမလို့ပါပဲ….နင်အိပ်နေလောက်ပြီထင်လို့….။

K - ဟုတ်လားအဆင်ရောပြေလား….?ညကငါတော်တော်နဲ့အိပ်မပျော်ဘူး….စာရင်းတွေလုပ်နေရတာနဲ့ပို့ရမယ့်ပါဆယ်တွေထုပ်နေရတာနဲ့ ၂ နာရီကျော်မှအိပ်လိုက်ရတာ……

T - ဟုတ်လား….? ဒါဆိုရင် ငါအစောကြီး နိုးလိုက်မိပြီ…အိပ်ရေးပျက်သွားလား….? Sorry ပါကွာ…..

K - ရပါတယ်….နင်လှမ်းမနိုးရင်လဲ ငါအစောထရမှာပဲလေ….

T - ဘာလို့လဲ…..?သွားစရာရှိလို့လား…?

K- မဟုတ်ပါဘူး….ဒီနေ့ ပစ္စည်းတွေ deli အပြီးအပ်ရမှာ ငါညကအလုပ်မပြီးလိုက်ဘူး နေ့လည်လာယူမှာမို့လို့ အခုချိန်ထလုပ်မှအမှီလောက်ပဲလေ……

T - အစာစားပြီးမှအလုပ်လုပ်နော် ……ကြားလား?

K - အေးပါ ငါသိတယ်…..နင့်အတွက်ပဲနင်အရင်စိတ်ပူပါ လမ်းခရီးကအဆင်​ရောပြေလား…..?

T - ပြေပါတယ်….သဘာဝတရားတွေကို ကြည့်ပြီးသွားနေရတာ ငါ့အတွက်တော့ ကြည်နူးလို့မဆုံးပဲ…..နင်သိလား…..?နင်သိပ်ကြိုက်တဲ့ နေကြာပန်းခင်းကြီးကိုအခုဖြတ်သွားနေပြီ …..နေကြာတွေမြင်ရင်နင့်ကိုသိပ်သတိရတယ်…..နေကြာပန်းနဲ့ နင့်ကိုဘယ်တော့မှခွဲမရအောင်ငါ့စိတ်ထဲတွဲမှတ်နေမိပြီ……..

K - ဟာ…ဟုတ်လား ..? ငါလဲ သိပ်ကြည့်ချင်တာပဲ အဲ့ဒီ ရှုခင်းလေးကို …ငါ့ကို လိုင်းပေါ်ကနေပပုံပို့ပေးပါလား…

T - ပို့ပေးမှာပေါ့ဟ….အခုတော့ internet လိုင်းမရသေးလို့ပို့မရသေးဘူး…ငါဓာတ်ပုံရိုက်ထားတယ် ဟိုရောက်တာနဲ့ပို့ပေးမယ်နော်…….

K - ပြီးရောပြီးရော ပို့ပေးဖို့မေ့မနေနဲ့အုံးနော်….ငါစိတ်ဆိုးမှာ….

T - ငါတို့ပတ်သတ်မှုတစ်လျှောက်မှာ ငါနင့်ကိုပေးခဲ့ဖူးတဲ့ ဂတိ ဘယ်နှခါ ဖျက်ဖူးလို့လဲကွာ……ဒီတခါလဲ ယုံကြည်ပါလို့မပြေဘူး စောင့်ကြည့်ပေးနော်……..

ဆက်ရန်ရှိသေး👇👇👇

✍️✍️ အမ်း

19/10/2025

T - နင်အိမ်ပြန်ရောက်ပြီလား.....?

K - ရောက်ပြီပေါ့ဟ....မိုးချုပ်နေပြီ ။ နင်ကပြန်မရောက်သေးဘူးလား..?

T - ငါကအခုမှပြန်ရောက်တယ် ညနေကနင်နဲ့တွေ့ပြီးအပြန် ဟိုကောင်တွေနဲ့ လက်ဖက်ရည်ဆိုင်ခနထိုင်နေလို့ ။

K - ဟုတ်လား...ငါ့ကိုကျောင်းမှာလာတွေ့တုန်းက ပါလာတဲ့ နှစ်ယောက်လား....?

T - ဟုတ်တယ်...သူတို့က ငါ့အပတ်စဥ်တူ ကျောင်းကသူငယ်ချင်းတွေ ....မေဂျာတော့မတူဘူး တစ်ကျောင်းထဲသားတွေလေ အခုရန်ကုန်လာတော့လဲ သူတို့အိမ်မှာလာတည်းဖို့ပြောတယ် ငါက ဦးလေးတွေရဲ့အိမ်မှာပဲနေချင်တာနဲ့ မသွားနေတော့တာ....။

K - ကောင်းပါတယ် ။ နင်သွားမနေတော့ ငါနဲ့ နီးနီးလေးနေရတော့ နင် ရောက်တုန်းလေး ငါနှိပ်စက်လို့ရတာပေါ့......အော်....ဒါနဲ့ ငါ့ကောင်လေးချောတယ်မလား...ဘယ်လိုနေလဲ...?

T - အင်း....မဆိုးပါဘူး ။ နင်စိတ်ချမ်းသာရလား....?သူနင့်အပေါ်ဂရုစိုက်လား....?

K - ဒါပေါ့...ဂရုစိုက်ပါတယ် ။ ငါ့ crush ကငါ့ရည်းစားဖြစ်လာတော့ ဘယ်လိုပြောရမလဲ amazing ပေါ့....🤭🤭🤭

T - အေးပါ အေးပါ .....ဘဲ အကြောင်းပြောနေရရင်တော့ ပြုံးလို့ ရွှင်လို့ပါလား....အမြဲအခုလိုပဲ မြင်ချင်ပါတယ်နော် ...။

K _ အော်...ဒါနဲ့ နင့်သူငယ်ချင်းက နေ့လည်တုန်းကနင့်ကို ဘာကပ်ပြောတာလဲ.....? ငါ့အကြောင်းပြောတာမလား....ငါသိတယ်နော်.....

T - မဟုတ်ပါဘူးဟာ ......မင်းသူငယ်ချင်းက ချောတယ်လို့ပြောတာပါ ....ဟားဟားဟား🤣🤣🤣🤣( ထုတ်မပြောပဲ ရေရွတ်မိခဲ့တာက >>>> မင်းကောင်မလေးနဲ့တွေ့မယ်ထင်လို့လိုက်လာတာ အခုတော့ ရည်းစားကြီးနဲ့ပါလားကွာ တဲ့လေ.....နင်ကငါ့အတွက် ကောင်မလေးတော့ကောင်မလေးပဲ ဒါပေမယ့် အချစ်ရဆုံးမိန်းကလေး ကောင်မလေးပါ )

K _ ငါချောတာ ငါသိပါတယ်...ကျေးဇူးပါလို့ပြောပေးပါအုံး ဟီးဟီး 🤭🤭🤭

T _ တော်ပါပြီ အဲ့အကြောင်းတွေမပြောနဲ့တော့ ....နင်မနက်ဖြန် ဘာလုပ်ဖို့ရှိလဲ....ငါရန်ကုန်မှာ (2) ရက်လောက်ရှိအုံးမယ် နင်စားချင်နေတဲ့ Hotpotဆိုတာကြီး လိုက်ကျွေးမယ်......

ဆက်ရန်ရှိသေး👇👇👇
✍️ အမ်း

19/10/2025

T - ဟဲလို…ဟဲလို….ငါပြောတာကြားရလား ? K - ဟဲလို….. အင်ပြောလေ ။(ငိုသံများဖြင့်)

T - . ငါအခုမှ စာသင်ချိန်ပြီးလို့ အခုပဲအခန်းထဲပြန်ရောက်တယ် ။ အသံကဘာဖြစ်ထားတာလဲ …."နင်ငိုနေပြန်ပြီလား” ?

K - မငိုပါဘူး…..။ နင်မြင်လို့လား (ဂျစ်ကန်ကန်လေသံဖြင့်)

T - နင်တခြားလူတွေကိုသာ ညာလို့ရမယ် ငါ့ကိုမညာနဲ့ ….နင့်ရဲ့အသံအနေအထားပြောင်းလဲတာကအစ မျက်နှာအနေအထားပြောင်းရင်တောင် ဘာဖြစ်ချင်လဲ..? ဘာကြောင့်လဲ? ဆိုတာကို အပြည့်အဝမဟုတ်ရင်တောင် ၈၀% လောက်တော့ငါမှန်းဆနိုင်တယ်……

K - နင်တော်တော်တတ်နေလား….?နင်ကဘာမို့လို့အဲ့လောက်ထိအပြောကြီးနေရတာလဲ…..?

T - ငါက ဘာကောင်ကြီးမှတော့မဟုတ်ဘူး…..ဒါပေမယ့်နင်ကငါအချစ်ရဆုံး မိန်းကလေးသူငယ်ချင်းမို့လို့ နင့်အကြောင်းငါသိသလောက်လေ့လာထားတာကိုပြောပြတာ…….အဲ့ဒါတွေခနထားပါအုံး…….. ပြောပါအုံး......ဘာလို့ငိုနေပြန်တာလဲ...နင့်အတွက်ငါရှိတယ်ဆိုတာ မေ့နေပြန်ပြီမဟုတ်လား.....ပြောပါအုံး အခုဘာဖြစ်တာလဲ ငါဘာလုပ်ပေးရမလဲ...

K - ဘာမှမဖြစ်ပါဘူးဆိုမှဟာ….(ငိုသံတို့ဖြင့်)

T - . ဟာကွာ...မငိုနဲ့တော့ အရင်ဆုံးပြောပြနော်…….

K - ငါ့အိမ်ကပေါ့ဟာ …..မနက်ဖြန်ကျောင်းပိတ်ရက် သူငယ်ချင်းတွေနဲ့ သမ္မတ ရုပ်ရှင်ရုံမှာ အခုထွက်နေတဲ့ သရဲကားသွားကြည့်ဖို့ချိန်းလာခဲ့လိုက်တာ အခု ခွင့်တောင်းကြည့်တာ မနက်ဖြန်ဘယ်မှမသွားခိုင်းဘူး ဘယ်မှမထွက်ရဘူးဆိုလို့လေ ။ ငါအရမ်းစိတ်တို " နေတာ သူငယ်ချင်းတွေကလဲငါမလိုက်ရင်စိတ်ဆိုးကြအုံးမယ်ဟာ…….

T - အော်…..ဘာများဖြစ်တာလဲလို့…..လန့်သွားတာပဲ။😃😃

K - အော်…..နင့်အတွက်တော့ ဘာဖြစ်မှာလဲ ငါ့အတွက်ကတော့အများကြီးဖြစ်တယ်လေ 😒😒😒

T - ဟုတ်ပါပြီ ။ အိမ်ကမသွားခိုင်းရင်လဲ မသွားနဲ့ပေါ့ကွာ….အခုတစ်ခါမသွားနဲ့ ငါရန်ကုန်လာရင် ကျောင်းဖွင့်ရက် နင့်ကိုရုပ်ရှင်ရုံ လိုက်ပို့မယ်ဟုတ်ပြီလား….အကြွေးမှတ်ထားလိုက်နော်……မငိုနဲ့တော့😉😉😉

K - အဝေးကြီးလိုသေးတာကိုဂတိတွေလာပေးနေပြန်ပြီ….။

T - နီးနီး ဝေးဝေးပါ ……ငါဂတိပေးပြီးရင်တည်တယ်ဆိုတာ . နင်သိတယ်မဟုတ်လား……? မငိုနဲ့တော့ …အခုထမင်းရောစားပြီးပြီလား…..?

ဆက်ရန်………👇👇👇👇

✍️ အမ်း

19/10/2025

T_ ရော့...ယူလေ နင်သိပ်ကြိုက်တဲ့ စတော်ဘယ်ရီတွေ🍓🍓🍓နေကြာပန်းကတော့နောက်နှစ်မှယူနော်

🌻K_ ဟာ...အဲ့ဒါ အသီးမှမဟုတ်တာ....ယိုဗူးကို ငါမှမစားချင်တာ။ ငါစားချင်တာ အသီးအစစ်လေ နင်ကလဲလုပ်ပြီ...🙄🙄

T_ ဟုတ်ပါတယ် ....ဒါပေမယ့်ငါပြန်လာတဲ့အချိန်က ပြင်ဦးလွင်မှာ စတော်ဘယ်ရီ ရာသီကုန်နေပြီလေဟာ အဲ့တော့ နင် ကစတော်ဘယ်ရီစားချင်တယ်လို့ငါမသွားခင်ကပြောဖူးတယ်မလား....စတော်ဘယ်ရီမရခဲ့ပေမယ့် စတော်ဘယ်ရီအစစ်နဲ့လုပ်ထားတဲ့ ယိုလေးပဲယူထားလိုက်ပါနော် ........ ဘာပဲဖြစ်ဖြစ် ငါနင်စားချင်တာကိုမရမကလိုက်ရှာခဲ့ပါသေးတယ် တကယ် မတွေ့နိုင်တော့လို့ရှိတာလေးပဲ ၀ယ်လာခဲ့ရတာပါ ....ငါ့ကိုစိတ်မဆိုးပါနဲ့နော်.....😉😉😉

K _ ပြီးရောလေ ......စတော်ဘယ်ရီ ပေါ်ချိန်ရောက်တော့ငါ့ကိုဘာလို့ပို့မပေးတာလဲ......

T _ နင်မေ့နေပြီလား......နင်ပဲ ကား၀င်းမှာ ပစ္စည်းတွေသွားမထုတ်ချင်ဘူးဆို ဘာမှလဲမပို့နဲ့ အိမ်ကသိရင်အဆူခံရမယ်ဆိုလို့လေ......ငါလဲ အားတဲ့အချိန်လေးတွေ နင့်အတွက်လိုမယ်ထင်တာလေးတွေ၀ယ်စုထားတာ ။ ပြန်ခွင့်ရတာနဲ့ ရန်ကုန်ကိုတန်းလာခဲ့လိုက်တာ ငါ့သူငယ်ချင်းလေးကိုတွေ့ချင်လွန်းလို့......

K _ ဟုတ်ပါပြီ ...။ နင့်ရဲ့စေတနာတွေကိုအသိမှတ်ပြုတဲ့အနေနဲ့ ယူလိုက်ပါမယ် ဒါပေမယ့် ငါစိတ်မကျေနပ်သေးဘူးနော်...။အော် ဒါနဲ့......ကျန်တာတွေကရော ဘာတွေလဲ......?

နောက်ထပ်ဆက်ရန်.........➡️➡️➡️
✍️✍️✍️ အမ်း #

19/10/2025

နေ့သစ်တိုင်းမှာ သောကကင်းပြီး စိတ်အေးချမ်းစေဖို့ဆုတောင်းမေတ္တာပို့ပေးပါတယ်….💚💚💚

သင်တွေးနေတာကိုရပ်တန့်ပြီး သင့်ပြသနာတွေကို အဆုံးသတ်လိုက်ပါ........📖သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့📝မိုးရှင်းတန်ဖိုး_၄၀၀၀ ကျပ်
06/03/2024

သင်တွေးနေတာကိုရပ်တန့်ပြီး သင့်ပြသနာတွေကို အဆုံးသတ်လိုက်ပါ........
📖သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့
📝မိုးရှင်း
တန်ဖိုး_၄၀၀၀ ကျပ်

05/03/2024

နှစ်ယောက်လိုပါတယ် မြန်မြန်လေးလာလျှောက်ပေးကြပါ

02/03/2024

နယ်မှလူများလဲလုပ်လိုပါက အဆောင်စီစဉ်ပေးမည်။

Private ဆန်ဆန်လေး အချိန်ပိုင်းကျင်းပချင်သူတွေအတွက်သင့်တော်🤩🤩🤩
02/03/2024

Private ဆန်ဆန်လေး အချိန်ပိုင်းကျင်းပချင်သူတွေအတွက်သင့်တော်🤩🤩🤩

ကိုယ်တိုင်လဲဖတ် လက်ဆောင်လဲပေးလို့ကောင်းတဲ့ စာအုပ်ကောင်းလေးတွေ ဈေးနှုန်း photoအောက်👇👇👇မှာယူလိုပါက page chat boxမှတစ်ဆင့် ...
29/02/2024

ကိုယ်တိုင်လဲဖတ် လက်ဆောင်လဲပေးလို့ကောင်းတဲ့ စာအုပ်ကောင်းလေးတွေ ဈေးနှုန်း photoအောက်👇👇👇
မှာယူလိုပါက page chat boxမှတစ်ဆင့် မှာယူနိုင်ပါပြီ ။ ငွေလွှဲ၀င်တာနဲ့Deliveryအပ်ပေးပါတယ်။

စာအုပ်လေးInstockပြန်၀င်ပါပြီ မှာယူလိုသူများ page chat box မှာလာပြောပေးပါ💌တန်ဖိုး_၄၀၀၀ ကျပ်ငွေလွှဲ၀င်တာနဲ့ Delivery အပ်ပေ...
29/02/2024

စာအုပ်လေးInstockပြန်၀င်ပါပြီ မှာယူလိုသူများ page chat box မှာလာပြောပေးပါ💌
တန်ဖိုး_၄၀၀၀ ကျပ်
ငွေလွှဲ၀င်တာနဲ့ Delivery အပ်ပေးပါတယ်။

Address

Hlegu

Telephone

+959780192863

Website

Alerts

Be the first to know and let us send you an email when Hlegu Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category