28/09/2025
မသမာသူများက AI နည်းပညာကိုအသုံးပြုပြီး Transaction Received စလစ်အစစ်နီးပါးနှင့်တူသည့် စလစ်အတု များကိုအသုံးပြုကာ အမှန်တကယ် ငွေပေးချေခဲ့သည့်ပုံစံ (ငွေလွှဲပြီးကြောင်း စလစ်အဖြစ်)အသုံးပြုလျက်ရှိပါတယ်။
ဒီလိုလိမ်လည်မှုများကို ကာကွယ်ဖို့အတွက် မဖြစ်မနေသိရှိထားရမည့် အချက်တွေကတော့-
📌 ငွေအမှန်တကယ်ရောက်ရှိခြင်းရှိ/မရှိကို သင့်ရဲ့ KBZPay Wallet ရဲ့ Balance ကိုဖြစ်စေ၊ History မှဖြစ်စေ စစ်ဆေးပါ။ ငွေလွှဲပြောင်းမှုမှတ်တမ်း (Transaction History) တွင်မရှိပါက ငွေလက်ခံရရှိခြင်း မရှိသေးသည်ကို သတိပြုပါ။
📌အခြားသူများမှ အမှန်တကယ် ငွေလွှဲပါက KBZPay မှ ငွေလွှဲရောက်ရှိကြောင်း Notification ဝင်လာမည် ဖြစ်သဖြင့် အဆိုပါ Notification ကို စစ်ဆေးအတည်ပြုပါ။
📌 မသင်္ကာဖွယ်ရာအခြေအနေများနှင့်ကြုံတွေ့ပါက KBZPay Call Center -3211 သို့ အချိန်မရွေး ဆက်သွယ် မေးမြန်းအကြောင်းကြားနိုင်ပါတယ်။
KBZPay တွင် Customer Level သည် Level 2 အထိသာအမြင့်ဆုံးဖြစ်ပါတယ်။ App version 5.8.2 နှင့် အထက် version များကို မိမိကိုယ်တိုင်အဆင့်မြှင့်တင်အသုံးပြု၍ KBZPay Account များကို ပိုမိုလုံခြုံစွာအသုံးပြုလိုက်ပါ။