ZM21 Online Store

ZM21 Online Store We always care customers.

25/01/2021
AMD CPU အကြောင်းသိကောင်းစရာ 💻============================= ဲ့Laptopလေးကိုစိတ်ဝင်စားရင်09977218630ကိုဆက်သွယ်လိုက်နော်📞📞📞မ...
25/01/2021

AMD CPU အကြောင်းသိကောင်းစရာ 💻
=============================

ဲ့Laptopလေးကိုစိတ်ဝင်စားရင်09977218630ကိုဆက်သွယ်လိုက်နော်📞📞📞
မြန်မာနိုင်ငံရဲ့ CPU ဈေးကွက်ကို Intel ကချုပ်ကိုင်ထားတာကြောင့် ကွန်ပျူတာဝယ်ယူမယ်ဆိုရင် Celeron, Pentium, i3, i5, i7 အစရှိတဲ့ Intel CPU တွေကိုပဲ လူတိုင်းနီးပါး အကျွမ်းတဝင်နားလည်ကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းနီးပါးရဲ့ စိတ်ထဲမှာ ကွန်ပျူတာ System ပိုင်းကောင်းမကောင်းကို Intel CPU အမျိုးအစားတွေနဲ့ပဲ ဆုံးဖြတ်တဲ့အထိ Intel က လွှမ်းမိုးလာခဲ့ပါတယ်။ အဲ့တာဆို Intel က CPU လောကမှာ ပြိုင်ဘက်မရှိတော့တာလား ....

CPU တွေကိုအဓိက ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Intel နဲ့ AMD က ခေတ်အဆက်ဆက် CPU တွေကိုပြိုင်ဆိုင်ထုတ်လုပ်ခဲ့ကြပေမယ့် ၂၀ ရာစုလောက်ကစပြီး Intel ရဲ့ CPU တွေဟာ ပိုမိုကောင်းမွန်လာတာနဲ့အမျှ CPU Market ကို AMD ဆီကလုယူနိုင်ခဲ့ပါတယ်။ AMD အနေနဲ့ သူ့ရဲ့ CPU တွေဟာ Intel ကိုပြန်လည်ယှဉ်ပြိုင်နိုင်ဖို့အတွက် Ryzen ဆိုတဲ့ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းလည်း Intel ထက်သက်သာတဲ့ CPU ကိုမိတ်ဆက်ခဲ့ပါတယ်။

ဒီနေ့မှာ အက်ဒ်မင်ပြောပြမှာက Intel ရဲ့ အဓိကပြိုင်ဘက် AMD Ryzen CPU အကြောင်းပဲဖြစ်ပါတယ်။ Ryzen ဟာ လက်ရှိမြန်မာနိုင်ငံ Market ထဲကိုစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ Ryzen CPU တွေက စွမ်းဆောင်ရည်ကောင်းမွန်ပြီး Intel CPU တွေထက်ဈေးနှုန်းလည်းသက်သာတာကြောင့် ရွေးချယ်သင့်တဲ့ CPU အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Ryzen CPU ဆိုတာဘာလဲ ?

*****

Ryzen ဆိုတာ AMD ကထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်ပြီး x64 နှင့် x86 Microprocessor တွေကို Desktop, Laptop, Mobile အတွက်အဓိကထုတ်လုပ်ပါတယ်။ Ryzen CPU ဟာ Zen and Zen+ microarchitectures ကိုအခြေခံဒီဇိုင်းပြုလုပ်ထားပြီး Entry Level CPU, Flapship Level CPU တွေကို ထုတ်လုပ်ပါတယ်။

Ryzen ရဲ့ Zen microarchitecture ကိုအသုံးပြုထားတဲ့ ပထမဆုံး Product ကို December 2017 မှာ တရားဝင်ကြေငြာခဲ့ပြီး February 2018 မှာထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Ryzen ရဲ့ Second Generation ဖြစ်တဲ့ Zen+ microarchitecture နှင့် 12nm process technology ကိုအသုံးပြုထားတဲ့ CPU ကို April 2018 မှာမိတ်ဆက်ခဲ့ပါတယ်။

Ryzen CPU တွေကို ဘယ်လိုသတ်မှတ်ထားလဲ ?

*****

Ryzen CPU တွေကို Entry, Mainstream, Performance, High-end desktop(HEDT) ဆိုပြီး သတ်မှတ်ထားပါတယ်။ Entry မှာဆိုရင် Ryzen 3, Mainstream မှာဆိုရင် Ryzen 5, Performance မှာဆိုရင် Ryzen 7 နှင့် High-end desktop (HEDT) မှာဆိုရင် Ryzen Threadripper ဆိုပြီး Model လေးတွေခွဲခြားထားပါတယ်။

Ryzen CPU တွေကို ဘယ်လိုကြည့်ပြီးဝယ်ယူရမလဲ ?

*****

Ryzen ဟာ Intel ကိုယှဉ်ပြိုင်ဖို့ CPU တွေကိုထုတ်လုပ်ရာမှာ Customer တွေအနေနဲ့ ဘယ်မော်ဒယ်က ဘယ်လိုမျိုးအတွက်အသုံးပြုလဲဆိုတာကို အလွယ်တကူသိနိုင်အောင်ပြုလုပ်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် Intel ရဲ့ i3 CPU ကဘယ်လို User တွေအတွက် သင့်တော်လဲဆိုတာကို တော်တော်များများသိကြမယ်ထင်ပါတယ်။ Ryzen အနေနဲ့လည်း Intel လိုမျိုး Model တွေကိုအလွယ်တကူသိနိုင်အောင် Ryzen 3, Ryzen 5, Ryzen 7, Ryzen Threadripper အစရှိသဖြင့် သတ်မှတ်ထားပါတယ်။

Ryzen 3 ကတော့ Entry အမျိုးအစားဖြစ်ပြီး 4 Cores, 4 Threads, Base Clock 3.1 GHz မှ Max Clock 4GHz အထိထွက်ပါတယ်။ Ryzen 3 က စာစီစာရိုက်၊ ရုံးသုံး၊ အိမ်သုံး အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i3 CPU နဲ့ တူတူလောက်ဖြစ်ပြီး ဈေးနှုန်းပိုင်းမှာတော့ သက်သာပါတယ်။

Ryzen 5 က mainstream အမျိုးအစားဖြစ်ပြီး 6 Cores, 12 Threads, Base Clock 3.4GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen 5 က Gaming ပိုင်းနှင့် Design ပိုင်း အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i5 CPU နဲ့ တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်သက်သာပါတယ်။

Ryzen 7 က Performance အမျိုးအစားဖြစ်ပြီး 8 Cores, 16 Threads, Base Clock 3.7Ghz မှ Max Clock 4.3GHz အထိထွက်ပါတယ်။ Ryzen 7 က Graphic Design ပိုင်းနှင့် Gaming ပိုင်းကို Professtional ကျကျအသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU နဲ့တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်ပိုသက်သာပါတယ်။

Ryzen Threadripper ကတော့ High-end desktop (HEDT) ဖြစ်ပြီး 32 Cores, 64 Threads, Base Clock 3.1GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen Threadripper က High Performance User တွေအတွက် အထူးသင့်တော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU ထက်ပိုကောင်းပြီး ဈေးနှုန်းပိုင်းကလည်း သင့်တင့်ပါတယ်။

(အပေါ်မှာပြောပြခဲ့တဲ့ Cores, Threads နှင့် Clock Speed တွေက Model အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲမှုရှိနိုင်ပါတယ်။)

အခုလောက်ဆိုရင် Ryzen CPU တွေအကြောင်း သိသင့်သလောက် သိသွားမယ်လို့ယူဆရပါတယ်။

#မူရင်းဆရာများအားလေးစားလျက်🙏
Credit🙏

😲😲😲 Laptop ဝယ်ရင်း Mazda-2 ကားသစ်ကြီးပိုင်ဆိုင်နိုင်မည့်အခွင့်အရေး😲😲😲၁။ အာမခံ ၂နှစ် (😲အခြားဆိုင်တွေမှာ ၁နှစ်ပဲပေးတယ်😲)၂။...
18/01/2021

😲😲😲 Laptop ဝယ်ရင်း Mazda-2 ကားသစ်ကြီးပိုင်ဆိုင်နိုင်မည့်အခွင့်အရေး😲😲😲

၁။ အာမခံ ၂နှစ် (😲အခြားဆိုင်တွေမှာ ၁နှစ်ပဲပေးတယ်😲)

၂။ နောင်တစ်ချိန်တွင် အလဲအထပ်လုပ်ခွင့် (🤔ဘယ်ဆိုင်မှ မရနိုင်သောဝန်ဆောင်မှု🤔)

၃။👉 Mazda2 ကားသစ်ကြီးနှင့် Brand New Laptop ၁၀ လုံး ကံစမ်းခွင့်ရရှိပါမည်။

#အပေါ်က၃ချက်အပြင်တစ်သက်တာလုံးစိတ်ချမ်းသာစေမည့်ဝန်ဆောင်မှုမျိုးပါရမည် #

💻ကြွရွနေသော Dell Brand New Laptopကြီး💻

👉Dell Ryzen 5 (💯Brand New ) 👈

👉DELL- Inspiron 3505

👉Ram 8GB (လုံးဝ...အလွင့်ကြီး)

👉SSD 256GB M2 PCIE(ကွန်ပျူတာဖွင့်လိုက်တိုင်း လေအဟုန်လို့ မြန်ဆန်မှုခံစားရမည်)

👉AMD Radeon 2GB

👉15.6" FHD Display (😋မြင်ကွင်းကျယ်ဆိုတော့ရှယ်ပဲ😋)

🙋ကဲ.....ကားသစ်ကြီးကံစမ်းဖို့ အချိန်မှီအောင် CB or 09977218630 ဆက်သွယ်လိုက်နော်🙋

👉ရန်ကုန်မြို့တွင်းဆို Delivery Freeနော်။ ကိုယ်တိုင်လာကြည့်ချင်လည်းရတယ်နော်။ (လက်ဆောင်လေးတွေလည်းပေးအုန်းမှာ🎁🎁🎁)

11/01/2021

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ZM21 Online Shop ကကြိုဆိုပါတယ်ခင်ဗျာ။

Address

Kamaryut Butaryone Street
Hlaing
11051

Telephone

+959977218630

Website

Alerts

Be the first to know and let us send you an email when ZM21 Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZM21 Online Store:

Share