Shin Ma Zay

Shin Ma Zay သန့်ရှင်းလတ်ဆတ်သောအသားငါးများကို လူမျိုးမရွေး ဘာသာမရွေး ဝယ်ယူနိုင်ပါတယ်။

29/10/2020
သဘဝအလှ # #ဒုဌဝတီ ြမစ် တစ်နေရာCredit
23/10/2020

သဘဝအလှ # #ဒုဌဝတီ ြမစ် တစ်နေရာ

Credit

 #ခေတ်ရေစီးနှင့်_ပြောင်းလဲခြင်းမြန်မာလူမျိုးတွေလည်းပဲ ယဉ်ကျေးမှုအရ အများကြီးဆုတ်ယုတ်လာတယ်လို့ ပြောရမယ်။ ဒါ လူတွေက ခေတ်မီ...
23/10/2020

#ခေတ်ရေစီးနှင့်_ပြောင်းလဲခြင်း

မြန်မာလူမျိုးတွေလည်းပဲ ယဉ်ကျေးမှုအရ အများကြီးဆုတ်ယုတ်လာတယ်လို့ ပြောရမယ်။ ဒါ လူတွေက ခေတ်မီတယ်လို့ ထင်လာကြတာပေါ့နော်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်ဆိုတာ သေသေချာချာ စဉ်းစားတတ်တဲ့ပုဂ္ဂိုလ် သိပါတယ်။

Tradition ‌တွေ ပျက်စီးလာတယ်၊ ဆုတ်ယုတ်လာတယ်၊ စိတ်နေသဘောထားတွေ ဆုတ်ယုတ်လာတယ်ဆိုတာ လောကကြီးရဲ့ ဆုတ်ယုတ်တဲ့အချိန်ပိုင်းမှာ ဘယ်ဘာသာတွေပဲဖြစ်ဖြစ် ဆုတ်ယုတ်လာတာ။ ဘုန်းကြီးတို့ အနောက်တိုင်းသွားတော့ အနောက်တိုင်းက ဒကာ ဒကာမတွေနဲ့ စကားစမြည်ပြောတဲ့အခါမှာ အနောက်တိုင်းမှာဆိုရင် ကြည့်လေ လူငယ်လူရွယ်တွေဟာ ဆယ့်ရှစ်နှစ်ဆိုရင် ကိုယ့်သဘောပဲ၊ နေချင်ရာနေ၊ မိဘက ပြောပိုင်ခွင့်မရှိဘူး။ ကလေးလေးတောင် မိဘက ရိုက်နှက်ဆုံးမတာမျိုးရှိရင် 199 နှိပ်ပြီးတော့ ပုလိပ်ခေါ်ရင် ဒုက္ခရောက်မယ် အဲဒီမှာ။ အနောက်တိုင်းမှာ ယဉ်ကျေးမှုက ဒီလိုဖြစ်သွားပြီ။

မြန်မာပြည်က ကိုယ့်သားသမီး ကိုယ်ဆုံးမလို့ ရသေးတယ်။ ဟိုမှာတော့ ဆုံးမလို့ မရတော့ဘူး။ ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ Living together တွေနဲ့ သူတို့နေချင်ရာ နေတော့တာ။ မိဘက ဘာမှပြောပိုင်ခွင့် မရှိတော့ဘူး။ နောက်ပိုင်းကျတော့ တာဝန်လည်း မယူကြတော့ဘူး။ အဲဒါကို မေးကြည့်တယ်၊ "ဆယ့်ရှစ်နှစ် ကိုယ့်သားသမီးက အခုလိုခွါသွားတာကို သဘောကျလား"ဆိုတော့ ဘယ်သဘောကျမှာတုံး၊ သဘောမကျဘူး တဲ့၊ မတတ်သာလို့ သူတို့ ဒီလိုပဲ လွှတ်လိုက်ရတဲ့ သဘောပဲရှိတယ်၊ ကျေနပ်လို့ မဟုတမဘူး၊ ခေတ်ရေစီးကြောင်းကို မဆို့ပိတ်နိုင်လို့ဖြစ်သွားတာ။

တကယ်ပဲ ခေတ်ရေစီးကြောင်းကို ဆို့ပိတ်လို့မရဘူးလေ။ စဉ်းစားကြည့်ပေါ့။ ဗြိတိသျှ မအုပ်စိုးခင်တုန်းက မြန်မာလူမျိုးတွေကို ဘယ်လိုမြင်ဖူးကြလဲ၊ သျှောင်ကြီးတွေနဲ့ မဟုတ်လား? မြန်မာယောက်ျားတွေရဲ့ ခေါင်းမှာ ဘာကြီးတွေရှိလဲ၊ သျှောင်ကြီးတွေနဲ့ နော်။ ခု ရှိသေးလား သျှောင်ထုံး၊ ဇာတ်မင်းသားတောင် ဘိုကေဖြစ်နေပြီထ ဆံတုတပ်လိုက်တယ်လေ၊ ဇာတ်ကပြီဆိုမှ တတ်တာ။ အမျိုးသမီးတွေဆိုတာလည်း ဆံပင်လေးရှည်ပြီး ကော့နေမှ လှတယ် ဆိုတဲ့ ဆံပင်ရှည်တာကိုပဲ ဂုဏ်ယူတယ်။ အခုကျတော့ ဘယ်ရောက်သွားတုံ၊ ဂုတ်ဝဲတဲ့နော်။ ဂုတ်ကနေပြီးတော့ - ဂုတ်တောင် မဝဲတော့ပါဘူး။

အခု သိပ်ပြီးတော့ အဲဒီလိုပြောင်းလဲလာတာတွေကို ကြည့်ပေါ့။ အကောင်းပြောင်းတာလည်း ရှိကောင်း ရှိမယ်၊ Tradition တွေဆိုတာ ပြောင်းလဲနေတဲ့သဘောပေါ့၊ အဲဒီသဘောကို နားလည်ဖို့လိုတယ်ပေါ့။

ပါမောက္ခချုပ်ဆရာတော်
[လောကသားတို့အတွက် မြတ်‌ဗုဒ္ဓ၏ ကြိုးပမ်းချက်၊ ဒု-တွဲ၊ အခန်း-၃၆၊ စာ-၆၉၃၊ ၆၉၄။ ]

ဦးပေါ်ဦးပြောသော မိမိသည်သာ....(ပုံပြင်) # # #ဦးပေါ်ဦးသည် ပညာလည်းတတ်သည်။ သညာလည်းတတ်သည်။ ဖြတ်ထိုးဥာဏ်ကောင်းသည်။ ဇဝနဥာဏ်လည်း...
21/10/2020

ဦးပေါ်ဦးပြောသော

မိမိသည်သာ....(ပုံပြင်) # # #

ဦးပေါ်ဦးသည် ပညာလည်းတတ်သည်။ သညာလည်းတတ်သည်။ ဖြတ်ထိုးဥာဏ်ကောင်းသည်။ ဇဝနဥာဏ်လည်း ထက်သန်သည်။

ခက်ရာခက်ဆစ် မှန်သမျှကိုလည်း ဖြေရှင်းနိုင်စွမ်းရှိသည်။ သို့သော်လည်း ကျေးဇူးတင်သည်ဟု ဝန်ခံပြောဆိုရခြင်း မရှိသည်မှာ ရှေးက မယ်ကံယုံပုံလို ရှိဘိသည်မှာ ဘိုးတော်ဦးဝိုင်းသည် အထင်တော် ရောက်၍နေသည်။

မိမိကောင်းစွာ သူကောင်းပြုထားပါလျက် မိမိအားပင်လျှင် ကျေးဇူးတင်ကြောင်း ဝန်ခံစကား မပြောရုံသာမက အရှင့်ဘုန်းတော်ကြောင့် ပေါ်လာရသော အမတ်မဟုတ်၊ မိမိ၏ဘဝ၊ ဘဝကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာရသော အမတ်ပါဟုပင် ဆိုချေသေးသည်ကို ဘိုးတော်ဦးဝိုင်းသည် ခံပြင်းလျက်ရှိချေသည်။

သို့ကြောင့် မိမိကား ကျေးဇူးရှင် ဖြစ်ကြောင်း ဝန်ခံစေရန်အတွက် မည်သို့ မည်ပုံလုပ်ရမည် ကြံဆောင်တွေးတောလျက် ရှိလေသည်။

အခါတစ်ပါးသော် ဘိုးတော်ဦးဝိုင်းသည် ညနေခင်း ပန်းခုံတော်ဥယျာဉ်တွင် စံမြန်းနေခိုက်၊ ဦးပေါ်ဦးအား ဤကိစ္စကို ပွင့်လင်းစွာ မေးလေသည်။

ဦးပေါ်ဦးဟာ ရွှေဘိုမြို့နယ်က တန့်ဆည်ရွာသားပဲ၊ ငါ့ဆီကိုသာ ရောက်မလာခဲ့ရင် လယ်ယာလုပ်ကိုင် စားရမယ့် သာမန်ဆင်းရဲသား ကျွန်တော်မျိုးသာ ဖြစ်ရမယ်။

အခု ငါ့ဆီ ရောက်လာလို့ ငါကသူကောင်းပြုထားတော့ လွှတ်တော်ဝန်ကြီး၊ အတွင်းဝန်စတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ လစာရိက္ခာတော်တွေနဲ့ မပူပင် မတောင့်မတ နေရတာဟာ ငါ့ကျေးဇူးပဲ ဖြစ်တယ် မဟုတ်လား မောင်မင်း”

“မှန်လှပါ”

“မှန်မှလဲ မှန်တယ် တင်ပါကွယ်”

“မှန်လှပါတယ်ဘုရား”

“ဒါဖြင့် ငါ့ထက် ကျေးဇူးတင်ထိုက်သူများ ရှိသေးသလား”

“ထားရင်လည်း ရှင်၊ သတ်ရင်လည်း သေရမယ့်ပေါ်ဦးပါဘုရား၊ ဒါပေမယ့် အရှင် ကိုယ်တော်ထက် ကျေးဇူးတင်ရမယ့်သူရှိနေပါသေးတယ် ဘုရား”

“ကဲ…ဒါဖြင့် လျှောက်စမ်း”

“ဒီကိစ္စနှင့် ပတ်သတ်လို့ ကျွန်တော်မျိုး ငယ်စဉ်က အဘိုးပြောသောပုံပြင်ကို တင်လျှောက်လိုပါတယ်ဘုရား”

ဦးပေါ်ဦးပြောသောပုံပြင်

“ရွာတစ်ရွာမှာ ထင်းခုတ်သမား သားအမိ သားအဖ သုံးယောက် ရှိပါတယ်ဘုရား” တစ်နေ့ကျတော့ သားအဖနှစ်ယောက် ထင်းခုတ်ရင်းက အဖေကို ကျားကြီးတစ်ကောင်က ကိုယ့်မယ်အလုပ်မှာ သားက ဓားနဲ့ဝင်ခုတ်လို့ ကျားကြီးစင်းစင်း သေသွားပါရော။

ဒီတစ်ခါ အသေပဲလို့ တွက်ထားတဲ့ အဖေဟာ ကျားသေကြီးကို ကြည့်ပြီး ငါ့မှာ အမေမွေးတဲ့အသက် မရှိတော့ဘူး။

ငါ့သားဟာ ငါ့အသက်သခင် ကျေးဇူးရှင်စစ်စစ်ပါ၊ ငါ့ကျေးဇူးရှင်ကို ငါ ကန်တော့မယ်လို့ စိတ်ထဲတွေးပြီး သားကိုသစ်ငုတ်တိုပေါ်ထိုင်ခိုင်း၊ ခေါင်းမှာ ပတ်ထားတဲ့ တဘက်ကလေးကို အသာလေးခင်းလိုက်တော့ ရိပ်မိပြီး -

“အဖေ ဒါ ဘာလုပ်တာလဲ” လို့ မေးလိုက်တော့

“သားရယ် အဖေ့မှာ အမေက မွေးတဲ့အသက် မရှိတော့ဘူး၊ ငါ့သားကယ်တဲ့ အသက်ပဲ ကျန်တော့တယ်။

ဒါကြောင့် ငါ့အသက်သခင် ကျေးဇူးရှင်အဖြစ်နဲ့ ကန်တော့ချင်လို့ပါ” လို့ ပြောပါတယ်ဘုရား၊ ဒီတော့ သားလုပ်တဲ့သူက -

“အဖေကလဲ မဟုတ်တာပဲ၊ အဖေ သားကို ကန်တော့ရတယ်လို့” ပြောတဲ့အခါ အဖေက “အသက်သခင် ကျေးဇူးရှင်ဆိုတာ ကန်တော့ရတယ်၊ ကန်တော့ကောင်းတယ်၊ မကန်တော့ရင် နေလို့ကောင်းမှာမဟုတ်ဘူးလို့ဆိုပြီး အတင်းကန်တော့မယ်လုပ်တော့ သားကလည်း ငရဲကြီးမှာ ကြောက်တာနဲ့ အကြံထုတ်ပြီး -

“အဖေကလည်း အဖေကျေးဇူးတင်တာ မှားနေပြီ၊ ကျွန်တော် အခုလို ကယ်နိုင်အောင် မွေးပေးတာက အမေ၊ အမေ က မွေးမပေးရင် ကျွန်တော် အခုလို ကယ်နိုင်မှာမဟုတ်ဘူး၊ တကယ်လို့သာ ကျေးဇူးတင်ချင်ရင် အမေ့ကို တင်ထိုက်တာပေါ့၊ အမှန်က ကျေးဇူးရှင်အစစ်က အမေဗျ၊ အမေလို့” ပြောပါသတဲ့ဘုရား။

ဒီတစ်ခါ အဖေလုပ်တဲ့သူက စဉ်းစားပြီး

“အေး…ဟုတ်သဟ၊ သူမွေးလို့ မင်းလူဖြစ်လာပြီ ငါ့အသက်ကို ကယ်နိုင်တာပဲ ဟုတ်သဟ” လို့ ပြောပြီး အိမ်ကို ပြန်သွားကြပါတယ်။

အိမ်ရောက်တော့ ထင်စည်းကလေး ဖုတ်ခနဲချ၊ မီးဖိုထဲချက်ပြုတ်နေတဲ့်မိန်းမ အရေးတကြီး လှမ်းခေါ်လိုက်တော့ မိန်းမကလည်း ဘာများဖြစ်သလဲလို့ ပျာပျာသလဲ မီးဖိုထဲက ပြေးထွက်လာတော့ ခေါင်းရင်းခန်းကို လက်ညိုးထိုးပြပြီး -

“ထိုင်စမ်းပါ၊ ဟိုမှာ ထိုင်စမ်းပါ” ဆိုပြီး အတင်းထိုင်ခိုင်းပါသတဲ့။

မိန်းမကလည်း ဘုမသိ ဘမသိ ကြောင်တောင်တောင်ဖြစ်နေတော့။

အတင်းဆွဲထိုင်ခိုင်းပြီး ခေါင်းပေါင်းထားတဲ့ မျက်နှာသုတ်ပဝါကလေး ဖြုတ်ခင်းပြီး ကန်တော့မယ်လုပ်တော့ မိန်းမကလည်း အံ့အားသင့်ပြီး - “အလိုတော် မလုပ်ပါနဲ့ ငရဲတွေ ကြီးကုန်ပါဦးမယ်၊ ရှင် ဘယ်လိုဖြစ်တာလဲ၊ တောထဲကနေ အပ တွေများ မှီလာသလား ဆိုပြီး အတင်းထမယ်လုပ်တော့ -

“ထိုင်စမ်းပါ ရှင်မရာ၊ ငါ ကန်တော့ချင်လွန်းလို့ပါ”

“ရှင် ဘယ်လိုဖြစ်လာသလဲ၊ ပြောစမ်းပါဦး”

“ တောထဲမှာ ငါ ကျားကြီးတစ်ကောင် ကိုက်တော့မယ်ဆဲဆဲ မင်းသားက ဓားနဲ့ဝင်ခုတ်လို့ ငါ အသက်ချမ်းသာရတယ်၊ မင်းသားကို အသက်သခင် ကျေးဇူးရှင်အဖြစ်လို့ ကန်တော့မယ်အလုပ်မှာ မင့်သားက မင်း မွေးပေးခဲ့လို့ သူ အခုလို ကယ်နိုင်တာတဲ့၊ မင်းသာ မမွေးပေးလို့ရှိရင် ငါ့ကို သူ ကယ်ခွင့်ရမှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့် ငါ့အသက်သခင် ကျေးဇူးရှင်စစ်စစ်ဟာ သူ့ကို မွေးပေးတဲ့ မင်းပဲ ဖြစ်တယ်လို့ ပြောတယ်၊ ငါ စဉ်းစားကြည့်တော့လည်း ဟုတ်တယ်၊ မင်းမွေးပေးလို့သာ အခု ငါ အသက်ရှင်နေတာ၊ နို့မဟုတ်ရင် ကျားစာဖြစ်လို့ အခုသေနေပြီ၊ ဒါကြောင့် မင်းဟာ ငါ့အသက်သခင် ကျေးဇူးရှင်ဖြစ်လို့ ကန်တော့ချင်လွန်းလို့ပါ”ဆိုပြီး အတင်းကန်တော့မယ်လုပ်တဲ့အခါ မိန်းမက ဟက်ဟက် ပက်ပက် ရယ်ပြီးတော့ -

“နေစမ်းပါဦး၊ ရှင် မစဉ်းစားမိဘူးလား၊ ရှင့်သားကို ကျွန်မတစ်ယောက်တည်းအစွမ်းနဲ့ မွေးနိုင်ပါ့မလား၊ ရှင့်ကြောင့် မွေးနိုင်တာ မဟုတ်လား၊ ရှင်က ကျွန်မကို ကျေးဇူးတင်စရာလိုသေးလား” ဟု ပြောတော့မှ အဖေက ခဏစဉ်းစားပြီး “အေး ဟုတ်သားဟလို့ သူ့ကိုယ်သူ ပြောလိုက်ပါတယ်ဘုရား၊ ဒါကြောင့် ပေါ်ဦးသည်လည်း” “တော်ပါတော့ကွယ်၊ မောင်မင်းပုံပြင်” ဟုဆိုကာ ဘိုးတော်ဦးဝိုင်းသည် တစ်ဖက်သို့ လှည့်ပြုံးတော်မူသော အခြားစကားများကို ပြောင်းလဲပြောဆိုနေလေတော့သတည်း။

Credit: Original Uploader.

21/10/2020

⛓️ ကြိုးမဟုတ်တဲ့ကြိုး ⛓️

🔗🔗🔗🔗🔗🔗🔗🔗

တစ်ခါကရွာတစ်ရွာရဲ့အစွန်အဖျားမှာနေတဲ့ ဆင်းရဲတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ တောထဲကထင်းခြောက်တွေကိုကောက်ပြီး ခပ်လှမ်းလှမ်းက စျေးတစ်ခုမှာရောင်းချခြင်းနဲ့အသက်မွေးဝမ်းကျောင်းပြုပါတယ်။

သူ့မှာ တော်တော်အသုံးဝင်တဲ့ ထင်းသယ် မြည်းကလေးတစ်ကောင်လဲ ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ရသမျှထင်းခြောက်တွေကို ဒီမြည်းကလေးပေါ်တင် စျေးအထိသွားပြီး ရောင်းချရလေ့ရှိတယ်။

တနေ့ကျ ထင်းခြောက်များများရဖို့ တောနက်ထဲအထိသွားကောက်ရာကနေ လမ်းပျောက်ပါတော့တယ်။ မြည်းကလေးနဲ့အတူ လမ်းပျောက်ရှာရင်းနဲ့ ညနေသာစောင်းလာတယ် လမ်းကမတွေ့ဘူး။ နောက်ဆုံး ရသေ့ကြီးတစ်ပါးသီတင်းသုံးတဲ့ တဲလေးတစ်လုံးတွေ့တော့ ညအိပ်ခွင့်တောင်းပြီး တဲနဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာနေရာချတယ်။ အိပ်ဖို့ပြင်နေရင်းနဲ့မှ သူ့မြည်းကလေးကို ချည်ဖို့ ကြိုးပါမလာခဲ့ဘူးဆိုတာ သတိရတာ့တယ်။

ဒါနဲ့ ရသေ့ကြီးဆီ ကြိုးရှိပါကတစ်ညတာငှားရန် လျှောက်ထားတဲ့အခါ

ရသေ့ကြီးက " ရသေ့ကြီးဆီမှာကြိုးဆိုတာ မရှိသလို ဘယ်အရာကိုမဆို ကြိုးနဲ့ချည်တတ်တဲ့ အကျင့်မရှိပါဘူး ဒကာကြီး။

" ဒကာကြီးကြည့်ရတာ ခါတိုင်းလဲ ဒီမြည်းကလေးကို သစ်ပင်မှာကြိုးချည်ပြီး အိပ်တယ်နဲ့တူတယ်"

"အမှန်ပါပဲ ရသေ့ကြီး" ထင်းကောက်သမားကရိုသေစွာ ပြန်ဖြေတယ်။

" ဒါဆိုလဲ ခါတိုင်းလိုပဲ သစ်ပင်မှာ ကြိုးချည်တဲ့ဟန်ပြပြီး အိပ်လိုက်ပေါ့"

"ရသေ့ကြီးတော့ ဒီမြည်းကလေး လျှောက်သွားလိမ့်မယ်လို့ မမြင်မိဘူး"

ထင်းကောက်သမားလဲ ရသေ့ကြီးပြောတဲ့အတိုင်း မြည်းကလေးကို သစ်ပင်မှာ ကြိုးချည်ဟန်ပြုပြီး အိပ်ယာဝင်ခဲ့တယ်။ ရသေ့ကြီးဟာသူ့တန်ခိုးနဲ့ မြည်းကလေး မပြေးနိုင်အောင်လုပ်ပေးထားတယ်လို့တွေးထင်ပြီး ထင်းကောက်သမားလေးဟာစိတ်ချလက်ချ အိပ်ပျော်သွားတော့တယ်။

မနက်နိုးလာလို့ ကြည့်လိုက်တော့ သူ့မြည်းကလေးကို ညက သူထားခဲ့တဲ့အတိုင်း သစ်ပင်အောက်မှာ တွေ့ရတယ်။

ထင်းကောက်သမားဟာ ရသေ့ကြီးကိုနှုတ်ဆက်ကာ လမ်းရှာပြီးခရီးဆက်မယ် ပြင်တဲ့အခါ မြည်းကလေးဟာ ညကထားခဲ့တဲ့နေရာကနေ မရွေ့တော့ဘူး။ ထင်းကောက်သမား ဘယ်လို ကြိုးစား ခေါ်ခေါ် မရဘူး။

ဒါနဲ့ထင်းကောက်သမားဟာ ရသေ့ကြီးဆီပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် လျှောက်တင်တဲ့အခါ ရသေ့ကြီးက အကြောင်းစုံကို သိတဲ့ ပုံစံနဲ့ ပြုံးပြီး ပြောလိုက်တယ်

" ဒကာကြီး သစ်ပင်ကကြိုးကို မဖြည်ဘူးလား "

" မဖြည်ပဲနဲ့တော့ ဘယ်သွားလို့ရပါ့မလဲ ဒကာကြီးရယ်"

ထင်းကောက်သမားက ပြန်ဖြေတယ်။

" တပည့်တော်မှ ကြိုးတကယ်မချည်ထားပဲ ရသေ့ကြီး"

"အော် ဖြစ်ရလေ ဒကာကြီး မြည်းကလေးက သူ့ကို ကြိုးနဲ့ တကယ်ချည်ထားတယ်လို့ပဲ ထင်နေတာ"

"ညကအတိုင်းပဲ သစ်ပင်ကကြိုးကို ဖြည်တဲ့ပုံလုပ်ပြီးပြန်ခေါ်လိုက်ရင်လိုက်လာမှာပါ"

ထင်းကောက်သမားလဲ ရသေ့ကြီးပြောတဲ့အတိုင်း ကြိုးဖြည်ဟန် ပြုလုပ်လိုက်ရာ မြည်းကလေးမှာ ရွေ့လျားလာပြီး သူဆွဲတဲ့နောက်ကို လိုက်ပါကာ အတူခရီးဆက်ခဲ့ကြပါတော့တယ်။

*** သင်ခန်းစာ ***

တကယ်တော့ ကျွန်တော်တို့ကို ဘယ်သူကမှ ဘယ်ကြိုးတွေနဲ့မှ ချည်ထားတာပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ကျေကျေနပ်နပ်ချည်ထားတဲ့ ကြိုးမဟုတ်တဲ့ကြိုးတွေပဲ ရှိပါတယ်။ ဒီကြိုးတွေကို ဘယ်သူမှ ဖြည်ပေးလို့မရနိုင်ပါဘူး ၊ ကျွန်‌တော်တို့ကိုယ်တိုင်ဖြည်မှပဲ ရပါလိမ့်မယ်။

ကိုးကား : wise stories

🅒🅡🅓- original uploader ./Writer

 # # အေးချမ်းသာယာ တဲ့ နံနက်ခင်း ​ဖြစ်ပါစေ  #
20/10/2020

# # အေးချမ်းသာယာ တဲ့ နံနက်ခင်း ​ဖြစ်ပါစေ #

Good Morning 💐💐💐💐💐Photo crd
19/10/2020

Good Morning
💐💐💐💐💐

Photo crd

လာပါပြီ!!! လာပါပြီ!!! ရှင်မဈေးမှ သီတင်းကျွတ် promotion!!!🤩🤩🤩အားလုံးပဲမင်္ဂလာပါရှင်။😊😊ရှင်မဈေးမှာ ယခုလအတွင်း (ကျပ်တစ်သိန်...
18/10/2020

လာပါပြီ!!! လာပါပြီ!!! ရှင်မဈေးမှ သီတင်းကျွတ် promotion!!!🤩🤩🤩

အားလုံးပဲမင်္ဂလာပါရှင်။😊😊

ရှင်မဈေးမှာ ယခုလအတွင်း (ကျပ်တစ်သိန်းဖိုးနှင့်အထက်) ဈေးဝယ်ရင်တော့ Free membership ရရှိမှာဖြစ်ပါတယ်ရှင့်😉

ဒီတစ်လအတွင်း Member ရယူသူတိုင်း Deli 50%off ရရှိမည့်အပြင် တခြားအထူးအခွင့်ရေးတွေလည်းပေးမှာပါနော်ရှင့်😊😊😊

ကဲ ဈေးကလည်းသက်သာ Member လည်း ဖြစ်အုန်းမှာဆိုတော့ အမြန်ဆုံး ဝယ်လိုက်ရအောင် သူငယ်ချင်းတို့ရေအခုပဲအော်ဒါတင်လိုက်ပါနော်😎😍😍🍳🥚🥘🍛

မှာမယ်ဆို -
☎☎09 665 668 669/09 677 977 477 ကိုဖုန်းဆက်လို့ရသလို
Page📤 Chatbox ကို စာပို့လိုက်လို့ရပါတယ်ရှင့်။

မှတ်ချက် ~ ည 10နာရီ⏱ အော်ဒါပိတ်ပါသည်(ပိတ်ရက်မရှိပါ)

**** Member အတွက် လက်ခံစာရင်းကို Chat📤 Box တစ်ခုသာ လက်ခံအတည်ပြုပါမည်။****

COVID ဒုတိယလှိုင်း၊ရောဂါအန္တရာယ်တွေကြား လူထူထပ်တဲ့ စျေးသွားနေရတုန်းဆိုရင်တော့ သွားဖို့ မလိုအောင် ရှင်မစျေးရှိတယ်နော်😉ဒီန...
17/10/2020

COVID ဒုတိယလှိုင်း၊ရောဂါအန္တရာယ်တွေကြား လူထူထပ်တဲ့ စျေးသွားနေရတုန်းဆိုရင်တော့ သွားဖို့ မလိုအောင်
ရှင်မစျေးရှိတယ်နော်😉

ဒီနေ့ မှာ # #နောက်နေ့ စော စော # #ပို့ပေးမှာဆိုတော့ ဟင်းချက်နောက်ကျမှာ စိတ်ပူစရာမလိုတော့ဘူး 😁😁

Hotel၊Food Catering နှင့် Resturant တို့အတွက်လည်း အထူးသက်သာသော စျေးနူန်း ဝန်ဆောင်မူတို့ဖြင့် Weekly Package, Monthly Package များဖြင့် စီစဉ်ပေးထားပါတယ် ။ 😊😊

အသားငါးတွေကို ကိုယ်တိုင် ဒိုင်မှာ စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူထားတာမို့ လတ်လတ်ဆတ်ဆတ် နဲ့ အလေးချိန် အပြည့်ကိုလည်း ရရှိမှာပါရှင့်။

Packagingသေချာလုပ်ပေးထားသည့်အတွက် ချက်ချင်း မချက်ဖြစ်ရင်တောင် Refrigerator တွင် သိမ်းထားနိုင် ပါတယ်နော်။ 😎😎

ဘာသာခြား မိတ်ဆွေတို့လည်း စိတ်ချလက်ချ ဝယ်ယူနိုင် ပါတယ်။ 👌👌

Chat Box မှသော်လည်းကောင်း ဖုန်း(☎☎09 665 668 669/09 677 977 477)သို့ လည်းကောင်း မှာယူနိုင် ပါတယ် ရှင့်😍😍😍

Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော် 😘😘
ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ
💙🧡💚💛💜❤️🌹🌹🌹🍀🍀🍀



Address

Hlaing
11052

Telephone

+959677977477

Website

Alerts

Be the first to know and let us send you an email when Shin Ma Zay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share