Khint Paysar

Khint Paysar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khint Paysar, Book shop, Hlaing.

"အေး.. မင်းလိမ္မာသလောက် မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ၊ အဲဒါ ဘာဖြစ်လို့လဲ သိသလား၊ မင်းအမေဟာ စာမတတ်ဘူးကွ၊ ဒါကြောင့် ဒီလေ...
07/02/2022

"အေး.. မင်းလိမ္မာသလောက်
မင်းအမေ မိုက်လုံးကြီးနေတော့တာပဲ၊
အဲဒါ ဘာဖြစ်လို့လဲ သိသလား၊
မင်းအမေဟာ စာမတတ်ဘူးကွ၊
ဒါကြောင့် ဒီလောက်ဆိုးနေတာ "

"မေမေဟာ စာမတတ်လို့ဆိုးတာ မိုက်တာဆိုတော့ ဒေါသကြီးတာလည်း စာမတတ်လို့ပေါ့နော် "

"အေးပေါ့ကွ "

"ဒါဖြင့် မေမေက ကျွန်တော့ကို မချစ်တာကော စာမတတ်လို့ဘဲလားဟင် "

သာဓု ၊ အတာ

ရင်ထဲ နင့်နေအောင် ခံစားရပါတယ် ။
ကလေးလေး တစ်ယောက်ဟာ ဒီလောက်တောင် သဘောထားကောင်းပြီး သည်းခံနိုင်အောင် ဘယ်လိုများတွေး‌နေ
သလဲပေါ့ ။

အတာ ဆိုတဲ့ ကလေးလေးအပေါ် သူ့အမေအရင်းဟာ နှိပ်စက်ခဲ့တယ်။

ပထမ အိမ်ထောင်မှာ သူတို့မိသားစု စားဝတ်နေရေးကြပ်တည်းတဲ့အပြင်မောင်နှမနှစ်ယောက်မှာ အကြီး ဖြစ်တဲ့ အတာ ဟာ ချူခြာလို့ သူ့ကြောင့်ပဲ
ပိုက်ဆံအများကြီး ကုန်နေရပါတယ်။

အဲဒီတော အတာပထမဆုံး အသိထဲ ဝင်လာတဲ့ သူ့အမေရဲ့စကားသံဟာ

"သေနာလေး သေကိုမသေနိုင်ဘူး "တဲ့ ...

နောက်အိမ်ထောင်ကျတော့ အတာကပဲ အဖွားနဲ့ မနေဘဲ သူ့အမေနဲ့ ရန်ကုန် လိုက်သွားတယ်။
ဘယ်လိုနှိပ်စက်သလဲဆိုရင် သူ့ယောင်္ကျား နဲ့ ညနေစာ အပြင်ထွက်စားတိုင်း
သူ့ကို တစ်မူး ဒါမှမဟုတ် နှစ်ပြားကို ပစ်ချပေးခဲ့ပြီး ည ဆယ်နာရီလောက်မှ ပြန်လာတယ် ။
အဲဒီကာလမှာ နှစ်ပြားနဲ့ ဆန်ပြုတ်ရေကြဲ သွားသောက်ပြီး အိပ်ရတဲ့ ကလေးလေးဟာ အတာပေါ့ ။
ဒါကိုတောင် သူ စိတ်မဆိုးရှာဘူး ။
ကျောင်းတက်ချင်လွန်းလို့ အဲဒီ နှစ်ပြားကို စုထားပြီး ရေသောက်အိပ်တဲ့ ကလေးလေး ။

သူတို့ အိမ်ငှားပြီး ထပ်ခိုးမှာနေရတာ ... တစ်ခြား မိသားစုက အစ်မ တွေကလည်း သူ့ကိုဆို သနားပြီး ဝိုင်းချစ်ကြတယ် ။ သူ့အမေအရင်းကို မိထွေးလို့ ခေါ်ကြတယ်။
သူ့ ဖထွေးက ရုံးစာရေး ... ရသမျှ ဝင်ငွေ မိန်းမဆီအပ်တယ်။ အတာကို ကျောင်းထားပေးဖို့ ပြင်ဆင်ပေးနေတာ သူ့အမေ မဟုတ်ခဲ့ဘူး သူ့ ဖထွေးတဲ့လေ ။

အတာလေးဟာ ကျောင်းတက်ဖို့ ပုဆိုးနဲ့ အင်္ကျီဝယ်ပေးမယ်လို့ ဖထွေးက ပြောထားတာမို့ ရုံးကအပြန်ကို စောင့်နေပေမဲ့ ‌ဈေးသွားရောင်းနေတဲ့ အမေက နေ့လည်ကို ပြန်လာပြီး ဖထွေးရုံးက ပြန်လာရင် ကျောင်းကိစ္စနဲ့ ပတ်သက်ပြီး တစ်လုံးမှ မဟရဘူး ဟ လို့ကတော့ ငါ့အကြောင်းသိမယ် ဆိုတာနဲ့တင် မျက်နှာငယ်ကလေးနဲ့ သူ့အမေ မြင်းပွဲလောင်းလိုက်ပြီမှန်း နားလည်တတ်နေခဲ့တယ်။

အတာ ကျောင်းအပ်ဖို့ ပိုက်ဆံကို ဖထွေးက စုထားပေးပေမဲ့ အမေရင်းက မြင်းလောင်းလိုက်သတဲ့ ။

အဲဒါပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

ပိုက်ဆံချေးပြီး ကျောင်းထားပေးပြန်တယ် ။ အဲတော့ အမေရင်းက စိတ်ဆိုးပြီး ဆူပူသတဲ့ ။

စာကို အရမ်းတတ်ချင်တော့ အတန်းထဲမှာ စာတော်တဲ့ ကလေးမို့ ဆရာမက ချစ်တယ် ။ သူဟာ ကျောင်းမှာ အတန်းခေါင်းဆောင် ဖြစ်တဲ့အထိ တက်ကြွတယ်။

သူ့အဖေ အလုပ်ပြုတ်တော့ ကျောက်သမားလုပ်ဖို့ ပညာသင် တစ်ခြားမြို့ကိုသွားတဲ့အချိန် အမေဆီမှာ ထားခဲ့ဖို့ ဖထွေးက စိတ်မချနိုင်ဘူး တဲ့။

သူ့ ကျောင်းလခကို အမေကမပေးတော့ ဆရာမက " ဒီတစ်လ မမစိုက်ပေးပါ့မယ် နောက်တစ်လတော့ ရအောင်တောင်းခဲ့ပေါ့ " ဆိုတော့ မျက်ရည်ကျပြီး ဦးသုံးကြိမ်ချခဲ့တဲ့ အတာ ...

မြင်းပွဲနဲ့ ၃၆ကောင်ကို ကျတော့ တစ်နေ့ ဆယ့်လေးငါးကျပ်လောင်းတဲ့ အမေဆီက ကျောင်း‌လခနှစ်ကျပ်ကို မပြောနဲ့ ကျောင်းမုန့်ဖိုးကိုတောင် အသံကျယ်ကျယ်မတောင်းရဲရှာတဲ့အတာ ။

ကျောင်းက ဆရာမပြောင်းတော့ မျက်နှာထားမာမာနဲ့ စိတ်မထားတတ်တဲ့ဆရာမနဲ့တွေ့တယ်။ သူကျောင်းသွားရတာမပျော်တော့ဘူး ။ ကျောင်းလခ တောင်းတဲ့နေ့ဆို သူငေးငိုင်နေရှာတာ ။

မတော်တဆ တစ်ခုကြောင့် ဆရာမရဲ့မောင်လေး နဖူး‌ပေါက်စေခဲ့မှုနဲ့ ဆရာမ အငြိုးထားတာခံရတော့ အတာဟာ အိမ်မှာလည်း နာကျင်မှု ကျောင်းမှာလည်း နာကျင်မှု ။ ဒါကြောင့် သူကျောင်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ် ။

သူ့အမေ ပြန်ပြောတာက

"ဒါဖြင့်ပြီးရော မသွားနဲ့တော့ " တဲ့ ။

ဒီစာအုပ်မှာ ကလေးတစ်ယောက်ရဲ့ ပေါက်ပေါက်ရှာရှာအတွေးကလေးတွေ ရယ် စာရေးဆရာရဲ့ တိကျပြီး လိုရင်းတိုရှင်းအရေးအသား‌ရယ်ကြောင့် ရင်ထဲထိစေမှာပါ ။

တစ်ချို့ကပြောကြတာက ဒီအဖြစ်အပျက်ဟာ ပုံပြင်ဆန်လွန်းတယ်လို့ ပြောကြပါတယ် ။ကိုယ်လည်း ဖတ်ကြည့်တော့ မဖြစ်နိုင်ဘူး လို့ တွေးမိသေးတယ်။

စာရေးဆရာက ဒါဟာ သူ့ဘဝအကြောင်း ၉၀% ရေးထားတဲ့ ဝတ္ထုပါ တဲ့ ...
review. by May Be Kristen

တန်ဖိုး - 5500ကျပ်
Orchid Colours မှာဝယ်ယူရရှိနိုင်ပါပြီ💛
သာယာလှပတဲ့နေ့လေးတနေ့ဖြစ်ပါစေရှင်💛

#သာဓု
#အတာ

ကြောင်စီးရီးသုခိန်လှိုင်3000ကျပ်"ကြောင့် မှာ တမ်း"ရေးချင်တယ်လူတွေဖတ်တတ်ပါ့မလားသုခမိန်လှိုင်
07/02/2022

ကြောင်စီးရီး
သုခိန်လှိုင်
3000ကျပ်

"ကြောင့် မှာ တမ်း"ရေးချင်တယ်
လူတွေဖတ်တတ်ပါ့မလား

သုခမိန်လှိုင်

25%လျော့ဈေးနဲ့ ယခုလအကုန်အထိ ဝယ်ယူရရှိနိုင်မည့်ဆရာနတ်နွယ်၏ စာအုပ်ကောင်းများ......မှာယူလိုပါက အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်အပြ...
03/02/2022

25%လျော့ဈေးနဲ့ ယခုလအကုန်အထိ ဝယ်ယူရရှိနိုင်မည့်
ဆရာနတ်နွယ်၏ စာအုပ်ကောင်းများ......

မှာယူလိုပါက အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံ
ပေးပြီးမှာယူနိုင်ပါတယ်ရှင်🌻🌻

သူမ နာမည်  " မြိုင် "အငြိမ်းစား စက်ရှင်တရားသူကြီးဟောင်း​၏ သမီး ဘိလပ်ပြန် ဝတ်လုံတော်ရတစ်ဦး​၏ နှမ ရွှေတောင်ကြားရပ်ကွက် ခြံ...
03/02/2022

သူမ နာမည် " မြိုင် "

အငြိမ်းစား စက်ရှင်တရားသူကြီးဟောင်း​၏ သမီး
ဘိလပ်ပြန် ဝတ်လုံတော်ရတစ်ဦး​၏ နှမ
ရွှေတောင်ကြားရပ်ကွက် ခြံကျယ်ကြီးထဲနေ၍ ကြီးပြင်းလာသူ

နှင်းဆီပန်းတွေ စိုက်တယ် ၊ နှင်းဆီပန်းတွေ မြတ်နိုးတယ်

အင်္ဂလိပ်ကျောင်းထွက် တစ်ယောက်ဖြစ်လို့
အင်္ဂလိပ်ကဗျာတွေသာ အမြဲလိုလို ဖတ်တယ် ။

ပီယာနိုတီး ကျွမ်းကျင်တယ်
အထက်တန်းလွှာ ပတ်ဝန်းကျင်မှာ ကျင်းပလေ့ရှိတဲ့
ပျော်ပွဲရွှင်ပွဲ ၊ မွေးနေ့သဘင်ပွဲ ၊ ဘုရားကိုးဆူပွဲတွေဆို
မြိုင့်ရဲ့ စန္ဒရားလက်သံကိုသာ ပွဲတောင်းလေ့ ရှိကြတယ် ။

နှင်းဆီပန်းပင်တွေကြား အင်္ဂလိပ်ကဗျာတွေကြား ပျော်မွေ့တယ်
စိတ်ပါရင် ပီယာနို တီးချင်တီးနေမယ်
ရံဖန်ရံခါ သူငယ်ချင်းဖြစ်သူ လဲ့လဲ့တို့အိမ် သွားလည်မယ်
မြိုင့်ဘဝ ဤကဲ့သို့ ပေါ့ပါးတယ် ။

ရေပေါ်ဆီ ဓနရှင်အသိုင်းအဝိုင်းက မိန်းကလေး မြိုင်
မြန်မာသတင်းစာများကို အထင်မကြီးသော မြိုင်
စာပေမဖတ်တဲ့ မြိုင် ၊ ဘဝအကြောင်း ဘာဆိုဘာမျှမသိတဲ့ မြိုင်
ကမ္ဘာ့အရေး မြန်မာ့အရေး နည်းနည်းမှ စိတ်မဝင်စားတဲ့ မြိုင်

နိုင်ငံရေးဆိုသည်မှာ
အပိုသက်သက် ဝေါဟာရတစ်ခုဟုသာ ထင်နေသော မြိုင်

လူကုံထံ အသိုင်းအဝိုင်းကြားမှာတော့
ပညာတတ် ရုပ်အဆင်းရူပကာ လှပကြော့ရှင်းလို့
အလွန် ဂုဏ်ဝင့်ခဲ့ရတဲ့ မြိုင်

ဂုဏ်ရည်တူချင်း ထပ်ဖို့ရာအတွက်
မိဘချင်း သဘောတူကြည်ဖြူထားသူမှာ " ကိုသက်တင် "

မြိုင် ဖတ်ဖတ်နေသော ကဗျာစာအုပ်တွေထဲမှ
စိတ်ကူးယဉ် မျှော်စိုက်နေခဲ့သော " မောင် "
ထို " မောင် " သည် ကိုသက်တင်တော့မဟုတ် ။

ဆုံမယ့်ဆုံလေတော့ " ကိုတင်ဦး " ဆိုသူနှင့် ...

မြိုင့်အသိုင်းအဝိုင်းအတွက်တော့ ကိုတင်ဦးဟာ
အထင်ကြီးစရာမရှိတဲ့ သတင်းစာတိုက် အလုပ်သမားတစ်ဦးသာ

မြိုင့်အတွက်တော့ သည်လူဟာ ဆန်းကြယ်တယ်
သည်လူကိုမှ စိတ်ဝင်တစားဖြစ်မိ ချစ်မိခဲ့တယ်

မိဘဆွေမျိုးတွေ သဘောမတူ ကန့်ကွက်နေတဲ့ကြားက
ကိုတင်ဦးကို သတ္တိရှိရှိ မင်္ဂလာဆောင်ပစ်ခဲ့တဲ့ မြိုင်

သူမ တစ်သက်လုံး နေထိုင်ခဲ့တဲ့ ခြံဝန်း
သူမ နှစ်သက်စွာ တီးလေ့ရှိသော ပီယာနို
အမြတ်တနိုး ပြုစုပျိုးထောင်ခဲ့ရတဲ့
သူမရဲ့ နှင်းဆီပင်တွေကို အကုန်ထားရစ်ကာ
ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့သူနောက် လိုက်သွားပြီးမှ
တကယ့်လက်တွေ့ဘဝကို ခံနိုင်ရည်မရှိ ရင်မဆိုင်နိုင်ခဲ့တဲ့ မြိုင်

ရွှေဘုံစံ မင်းသမီးဘဝကိုသာ ပြန်တမ်းတတဲ့ မြိုင်

လဲ့လဲ့နှင့်မောင်မောင်လတ်တို့ နှစ်ဦးကြားက အရှုပ်တော်ပုံတွေ
ယောင်းမဖြစ်သူနှင့် အိမ်တွင်းရေး ပြသနာများ
ကိုသက်တင်ရဲ့ အပြုအမူ အပြောဆို ရဲတင်းလာမှုတွေ
အဒေါ်ဖြစ်သူ ဒေါ်စောခင်ရဲ့ ဖိအားတချို့
ထိုအရာတွေနှင့် သောကများနေရတဲ့ မြိုင်

ဆင်ခြင်တွေးခေါ်မှုမရှိ စိတ်ကစား စိတ်အလိုလိုက်ပစ်ခဲ့တဲ့ မြိုင်

မိမိရဲ့မိုက်ပြစ်တွေ ဆိုးပြစ်တွေကြောင့်
မည်သူတစ်ဦးတစ်ယောက်နဲ့မှ မတွေ့ဆုံရဲတော့ဘဲ
တမြေ့မြေ့ နာကျင်ခံစားသွားတဲ့ မြိုင်

ကိုတင်ဦး အကြိမ်ကြိမ် ပြောပြခဲ့ဖူးသော
ပြည်တွင်းစစ် မည်မျှကြောက်စရာကောင်းသည်ဆိုတာ
မြိုင် ကိုယ်တိုင်ကြုံလိုက်ရတဲ့အခါ ....

ဘဝကို အဖော်မပါ တစ်ကိုယ်တည်း ရင်ဆိုင်ကျော်ဖြတ်ရမှ
ပျော်ရွှင်မှု အစစ်မှန် ၊ ဘဝရဲ့ အဓိပ္ပာယ်
အခြေခံလူတန်းစားတွေရဲ့ လက်တွေ့ဘဝကို
မြိုင် သိလိုက်ရသည့် အချိန် ......

🔺 ကိုတင်ဦး

အထက်တန်းကျောင်းမှာတောင် ပညာမသင်ခဲ့ရသူ
ထက်မြက်၍ ရိုးသားတယ် ၊ ဗဟုသုတစုံတယ်
ဖြောင့်မတ်တယ် ၊ တည်ကြည်တယ်
ယောက်ျားပီသတယ် ၊ ခန့်ညားတယ် ။

ကိုသက်ထွန်း တည်ထောင်ထားတဲ့
" ပြည်သူ့အလင်း " သတင်းစာတိုက်မှ အယ်ဒီတာ ၊
သတင်းစာသမားတစ်ဖြစ်လဲ နိုင်ငံရေးသမားတစ်ဦး

ပီယာနိုတီးခတ်မှုမှာ မြိုင့်ထက် ကျွမ်းကျင်သည့်အပြင်
မြန်မာသီချင်းကြီး သီချင်းခန့်တွေလည်း ရ
ဥရောပဂန္တဝင် အမေရိကန်ဘောဂဗေဒတွေ ဝေဖန်သုံးသပ်နိုင်ပြီး
စာပေကျမ်းဂန်မှာလည်း တော်တော်ကိုပင် နှံ့နှံ့စပ်စပ်ရှိသူ

ကြေးရတတ် လူတန်းစားတွေကြားမှာတော့
ကိုသက်ထွန်းမှလွဲ သူ့အား ကြိုဆ်ိုသူမရှိ

ဖိနှိပ်ခံ အလုပ်သမား လူတန်းစားတွေအတွက်တော့
သူဟာ နိုင်ရာဝန်ကို စွမ်းစွမ်းတမံ ထမ်းတဲ့ သူရဲကောင်းတစ်ဦး

တိုင်းပြည် ကောင်းစားချမ်းသာဖို့ ဘာလုပ်ရလုပ်ရ
တိုင်းပြည်အတွက် လူ့အဖိုးတန်တစ်ယောက်

ပိုင်ဆိုင်မှုကတော့
တစ်သက်တာ ဖတ်ရှုလာခဲ့တဲ့ စာအုပ်များစွာရယ်
ရေကျော်က တိုက်ခန်းကျဉ်းလေးရယ်

မြိုင်နှင့် မေတ္တာသက်ဝင် လက်ထပ်ပြီးကြတဲ့အခါ
မပြည့်မစုံ အခြေအနေတွေကြောင့် ရုန်းကန် ပြင်ဆင်ပေမယ့်
မြိုင့်ရဲ့ အလိုဆန္ဒတွေအတိုင်း ဖြစ်စေရဖို့
တတ်နိုင်သည့်ဖက်မှ ကြိုးစား ဖြည့်ဆည်းပေးပေမယ့်
မြိုင်ဟာ မကျေနပ်ခဲ့ မပျော်ရွှင်ခဲ့

နိမ့်ပါးတဲ့ လူတန်းစားတွေနဲ့ မပတ်သတ် မဆက်ဆံလိုခဲ့
သည်အခြေအနေတွေကို နားလည်မပေးနိုင်ခဲ့ လက်မခံချင်ခဲ့

သူတို့နှစ်ဦး ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတဲ့
အိမ်ထောင်ရေးဟာ နောက်ဆုံးမှာတော့ ..........

🔺 ကိုသက်တင်

ဝန်ကြီးကတော် ဒေါ်မိမိခင်​၏ တူ
မြိုင့်သူငယ်ချင်း လဲ့လဲ့နှင့်ဆို မောင်နှမဝမ်းကွဲ
ဆန်စက်သူဌေးသား လူ့ပေါ်ကြော့
အပတ်တိုင်း မြင်းပွဲသွား သုံးဖြုန်းပျော်ပါးနေသူ
ယိုးဒယားသို့ မကြာခဏကူးကာ ပွေလီနေတတ်သူ

မိမိကိုယ်၌မှာ မည်မျှ ပွေရှုပ်နေစေကာမူ
ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်တဲ့ မြိုင့်ကိုသာ လက်ထပ်လိုသူ

အောက်ခြေအဆင့်ဆို ဘယ်သောအခါမှ လူရာမသွင်းတတ်

ကိုတင်ဦးရဲ့ အရည်အချင်းတွေအပေါ်လည်း မနာလို မရှုစိမ့်

သူ့ရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေဟာ
ဘယ်လိုဖုံးဖုံး အချိန်တန်တော့ ပေါ်လာခဲ့တဲ့အခါ .....

ဆရာ့ရဲ့ " မြိုင် " ဝတ္ထုစာအုပ်လေးဟာ
ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ဆောင်ကို
အသားပေး ရေးသားထားတဲ့ ဝတ္ထုမျိုးဖြစ်ပါတယ် ။

အပျော်အပါးမက်လွန်း၍
ဘယ်အရာကိုမှ လေးလေးနက်နက်မရှိ
လူတန်းစား ခွဲခြားဆက်ဆံတတ်တဲ့ သဘောတွေကို
လဲ့လဲ့ ၊ ကိုသက်တင် ၊ လဲ့လဲ့​​၏မိခင်တို့
သုံးနှုန်းသွားတဲ့ စကားပြောတွေကတဆင့် သိနိုင်ပါတယ် ။

ဇာတ်ရံအချို့ ပါဝင်သော်ငြားလည်း
ကိုတင်ဦး ၊ မြိုင် ၊ ကိုသက်တင် တို့ရဲ့
အဓိက ဇာတ်ကောင်စရိုက်များဟာ အပီပြင်ဆုံးပါပဲ ။

မြိုင်နဲ့ ကိုတင်ဦး လက်မထပ်ခင်
သတင်းစာတိုက်မှာ မြိုင့်ကို ပြောဆိုဆုံးမသွားတဲ့
ကိုသက်ထွန်းရဲ့ စိတ်သဘောထား စေတနာတွေ

ရေကျော် တိုက်ခန်းကျဉ်းလေးထဲ ကျင်းပခဲ့ရတဲ့
မြိုင့်ရဲ့ ခြောက်ကပ်ကပ် မင်္ဂလာဧည့်ခံပွဲ

အိမ်ထောင်ပြုအပြီး ကြုံလာရတဲ့ အခက်အခဲတွေမှာ
မြိုင် ခံနိုင်ရည်မရှိခဲ့ပုံတွေ

မြိုင့်ဖခင်ရဲ့ ဆုံးမစကားလေးတွေ

မြိုင် နားမလည်ခဲ့တဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝတွေ

ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်း ၊ စိတ်ဓာတ် ခံယူချက်

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက် အတွေးတွေ

လူကောင်းကို လူဆိုးထင် ၊ လူဆိုးကိုမှ လူကောင်းသကဲ့သို့
မှားယွင်း ကိုးကွယ်မိခဲ့တဲ့ မြိုင့်ကံကြမ္မာ
မြိုင့်ဘဝ အနိမ့်အမြင့် အလှည့်အပြောင်း .....
စတဲ့ ဇာတ်ခုံအဖုံဖုံကို ဖော်ပြညွှန်းဆိုသွားတဲ့
ဆရာ့အရေးအသားတွေဟာ သိပ်ကို ထောင့်စေ့လွန်းပါတယ် ။

ဆရာဟာ ဖဆပလခေတ် အစိုးရလက်ထက်မှာ
ပထမဆုံး အကျဉ်းထောင် ချခံခဲ့ရတဲ့ စာရေးဆရာကြီးတစ်ဦးပါ
ဤ " မြိုင် " ဝတ္ထုရှည်ကြီးကို ထောင်ကျခံနေရသည့်အချိန်
အခန်း ( ၃၃ ) ခန်းရှိသည့်အနက် အခန်း ( ၂၃ ) အထိ
အကျဉ်းထောင်အတွင်းမှာပဲ ရေးသားခဲ့တာပါ ။

၁၉၅၇ ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းမှာ
အခန်းဆက်ဝတ္ထုအဖြစ် ဖော်ပြခြင်းခံရတဲ့ " မြိုင် " ကို
စာမျက်နှာ ၅၆၄ မျက်နှာ ပါရှိပြီး
တန်ဖိုးငွေမှာ ၇,၅၀၀ ကျပ် ဖြစ်ပါတယ်ရှင် ။

" မြိုင် " ဟာ ဆရာ့ရဲ့ အပြောင်မြောက်ဆုံး စာအုပ်တစ်အုပ် ၊
ဇာတ်ကောင် " ကိုတင်ဦး " ဟာ ဆရာဗန်းမော်တင်အောင်ရဲ့ရုပ်ပုံ
​စသည်ဖြင့် ပြောစမှတ်ပြုကြတာကိုလည်း မှတ်သားဖူးပါတယ် ။

နယ်ချဲ့ဆန့်ကျင့်ရေး ၊ နိုင်ငံရေးဗဟုသုတတွေ ၊
ကွန်မြူနစ်ဝါဒ သဘောတရားတွေ ၊
ဘဝသရုပ်ဖော် ပီပြင်မှုတွေ ၊ လူတန်းစား ပဋိပက္ခများ ၊
ဖိနှိပ်ခံ လူတန်းစားဖက်မှ ရပ်တည်ချက်တွေကို
ဆရာ့ရဲ့ အရေးအသားစွမ်းရည် လေးနက်မှုကြား
စိတ်ဝင်စားဖွယ်ကောင်းစွာဖြင့် ဖွဲ့နွဲ့ပုံဖော်ထားလို့
အချိန်ပေး ဖတ်ရှုရကျိုးနပ်စေမယ့်
မြန်မာ့ဂန္တဝင်စာရင်းဝင် ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင် ။ ။
Review by May

မြိုင် - ဗန်းမော်တင်အောင်
တန်ဖိုး -7500ကျပ်
Orchid Coloursမှာဝယ်ယူရရှိနိုင်ပါပြီ🤍
သာယာလှပသောနေ့ရက်လေးဖြစ်ပါစေရှင်🤍
#မြိုင်
#ဗန်းမော်တင်အောင်

သွေး(အစ- အဆုံး)ဂျာနယ်ကျော်မမလေးတန်ဖိုး ၅၅၀၀ကျပ်  *စာရေးသူမိတ်ဆက်-အမှာ* https://www.facebook.com/108529964142302/posts/45...
03/02/2022

သွေး(အစ- အဆုံး)
ဂျာနယ်ကျော်မမလေး
တန်ဖိုး ၅၅၀၀ကျပ်

*စာရေးသူမိတ်ဆက်-အမှာ*
https://www.facebook.com/108529964142302/posts/458332109162084/

၁။https://www.facebook.com/108529964142302/posts/458360782492550/

၂။https://www.facebook.com/108529964142302/posts/458771075784854/

၃။https://www.facebook.com/108529964142302/posts/458849795776982/

၄။https://www.facebook.com/108529964142302/posts/458976335764328/

၅။https://www.facebook.com/108529964142302/posts/459379192390709/

၆။https://www.facebook.com/108529964142302/posts/459483982380230/

၇။https://www.facebook.com/108529964142302/posts/460000508995244/

၈။https://www.facebook.com/108529964142302/posts/460068392321789/

၉-က။https://www.facebook.com/108529964142302/posts/460153935646568/

၉-ခ။https://www.facebook.com/108529964142302/posts/460585618936733/

၉-ဂ။https://www.facebook.com/108529964142302/posts/460699328925362/

၁၀-က။https://www.facebook.com/108529964142302/posts/460777198917575/

၁၀-ခ။https://www.facebook.com/108529964142302/posts/460845175577444/

၁၁-က။https://www.facebook.com/108529964142302/posts/461286282200000/

၁၁-ခ။https://www.facebook.com/108529964142302/posts/461341665527795/

၁၂။https://www.facebook.com/108529964142302/posts/461398915522070/

၁၃။https://www.facebook.com/108529964142302/posts/462022985459663/

၁၄-က။https://www.facebook.com/108529964142302/posts/462116518783643/

၁၄-ခ။https://www.facebook.com/108529964142302/posts/462182912110337/

၁၅-က။https://www.facebook.com/108529964142302/posts/462607898734505/

၁၅-ခ။https://www.facebook.com/108529964142302/posts/462661248729170/

၁၆-က။https://www.facebook.com/108529964142302/posts/462728842055744/

၁၆-ခ။https://www.facebook.com/108529964142302/posts/462780262050602/

၁၇။https://www.facebook.com/108529964142302/posts/462842262044402/

၁၈။https://www.facebook.com/108529964142302/posts/462870345374927/

၁၉။https://www.facebook.com/108529964142302/posts/462890535372908/

၂၀။https://www.facebook.com/108529964142302/posts/462932062035422/
Photo Credit; စားအိုးစည်
ရသလွင်ပြင်

#ဂျာနယ်ကျော်မမလေး
#သွေး
#ဂျပန်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သတ်ရင် မင်မင်က စာအုပ်အတော်များများဖတ်ဖူးပေမဲ့ အခုဒီစာအုပ်ကတော့ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိကို အပြ...
02/02/2022

ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သတ်ရင် မင်မင်က စာအုပ်
အတော်များများဖတ်ဖူးပေမဲ့ အခုဒီစာအုပ်ကတော့
ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိကို အပြည့်စုံဆုံးဖော်ပြထားတဲ့
စာအုပ်လို့ ညွှန်းချင်ပါတယ်။

စာမျက်နှာ ၈၂၅မျက်နှာပါတဲ့ ဒီစာအုပ်မှာ အခန်း ၇ ခန်း
ပါဝင်ပြီး တစ်ခန်းချင်းစီမှာ ခေါင်းစဉ်တိုပေါင်းများစွာနဲ့
ဗိုလ်ချုပ်ရဲ့အကြောင်းကို အပြည့်အစုံဖတ်နိုင်မှာဖြစ်ပါ
တယ်။

စာအုပ်ကိုစီစဉ်သူကတော့ ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရဲထွဋ်
သခင်တင်မြ၊ ရဲဘော်ဘခက်၊ သခင်အုန်းမြင့်၊
သခင်လှကွန်း၊ ကိုကိုမောင်ကြီးတို့က အဓိကစီစဉ်ကြသူ
တွေဖြစ်ပါတယ်။

ဗိုလ်ချုပ်ရဲ့စိတ်နေစိတ်ထား၊ အမူအကျင့်နဲ့ တစ်သက်တာ ဆောင်ရွက်ခဲ့တဲ့ကိစ္စအဝဝကို လေးစားဖွယ်ဖတ်ရှု့
ကြရမှာဖြစ်ပါတယ်။

တန်ဖိုးကတော့ 9000 ကျပ်ဖြစ်ပြီး မှာယူလိုရင်တော့
အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်အပြည့်အစုံပေးပြီးမှာယူနိုင်
ပါပြီရှင်❤️❤️❤️

Comment တွင် မာတိကာများဖော်ပြပေးထားပါသည်။
#ဗိုလ်ချုပ်အောင်ဆန်း
#ဗိုလ်ရဲထွဋ်

ခင့်​ပေစာက​နေကြိုဆိုပါတယ်ရှင့်ခင် တို့ရဲ့စာအုပ်ဆိုင်က​နေ ​နေ့စဥ်ထွက်စာအုပ်​လေး​တွေအပြင် သုတ ရသစာ​ပေအမျိုးမျိုးကို ​ရောင်...
20/01/2022

ခင့်​ပေစာက​နေကြိုဆိုပါတယ်ရှင့်
ခင် တို့ရဲ့စာအုပ်ဆိုင်က​နေ ​နေ့စဥ်ထွက်စာအုပ်​လေး​တွေ
အပြင် သုတ ရသစာ​ပေအမျိုးမျိုးကို ​ရောင်းချ​ပေး​နေပါပြီ
​နော်...... လစဥ် giveaway ​လေး​တွေ​လည်း​ပေးဦးမှာမလို့
page ​လေးကို အမြဲ​စောင့်ကြည့်​ပေးဦး​နော်.......

Address

Hlaing

Telephone

+959785635896

Website

Alerts

Be the first to know and let us send you an email when Khint Paysar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khint Paysar:

Share

Category