Shwe Ei.

Shwe Ei. mingalar par
😊😊😊

30/09/2025

🍀ဘဝရဲ့စာမေးပွဲများ🍀

ကျွန်မက လောကဓံတစ်ခုခုနဲ့ ကြုံတွေ့ရတိုင်း စာမေးပွဲတစ်ခါဖြေရတယ်လို့ သဘောထားတတ်ပါတယ်။ ကိုယ်မျှော်လင့်မထားတဲ့ ပျော်
ရွှင်စရာကောင်းတဲ့ လောကဓံပဲဖြစ်စေ.. အဆင်မပြေစရာ အဆိုးလောကဓံပဲဖြစ်စေ.. ကြုံလာတာနဲ့ ဒီလောကဓံကို ကိုယ်ဘယ်လိုစိတ်နေသဘောထားနဲ့ တုံ့ပြန်သလဲဆိုတာကို အမြဲပြန်ဆန်းစစ်ပါတယ်..။ ပျော်ရွှင်တက်ကြွစရာလောကဓံနဲ့ကြုံရတဲ့အခါ… စိတ်ထဲမှာ လိုချင်မက်မောတဲ့လောဘလေးတွေ ငါဆိုတဲ့မာနလေးတွေဖြစ်လာရင်.. အဆိုးလောကဓံနဲ့ကြုံရတဲ့အခါ စိတ်ပူပန်သောကတွေဖြစ်လာရင် စာမေးပွဲကျတယ်လို့ ခံယူပါတယ်..။

ကိုယ်ထင်မထားလောက်အောင် အဆင်ပြေကံကောင်းတာတွေနဲ့ကြုံရလည်း..ဒါလည်းလောကဓံပဲ.. ခဏလေးပဲ အဆင်ပြေကောင်းမွန်နေတာလေးကို အကြာကြီးမြဲမြံနေလိမ့်မယ်လို့ ခံစားမနေနဲ့နော်.. ခဏလေးပဲ.. ဒါလည်းပြီးသွားမှာပဲ လို့ သတိလေးနဲ့ ဆင်ခြင်နိုင်ရင် စာမေးပွဲအောင်ပါတယ်..။

စိတ်ပင်ပန်းစရာ ပူပန်သောကရောက်စရာ အဖြစ်အပျက်လေးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ.. ဒါ အဆိုးလောကဓံပဲ… ဖြစ်စရာရှိလို့ဖြစ်တာ.. သူလည်းမမြဲဘူး ..ခဏလေးပဲ… ပြီးသွားမှာပဲလို့ သတိလေးနဲ့ ဆင်ခြင်ပြီး သောကမများအောင် စိတ်နှလုံးအေးဆေးတည်ငြိမ်စွာနဲ့ ကိုယ်လုပ်စရာရှိတာလေးတွေကို တည်တည်ငြိမ်ငြိမ်လုပ်နေနိုင်တယ်ဆိုရင် စာမေးပွဲအောင်ပါတယ်..။

ဘဝမှာ ဖြေဆိုရသမျှ စာမေးပွဲတွေထဲမှာ အခက်ခဲဆုံးနဲ့ အရေးအကြီးဆုံးနောက်ဆုံးစာမေးပွဲကတော့ သေခြင်းတရားကို ရင်ဆိုင်ရမယ့်စာမေးပွဲဖြစ်ပါတယ်..။ သေခြင်းတရားကို ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ဘာမှပြင်ဆင်ထားခြင်းမရှိဘဲ တုန်လှုပ်ချောက်ချားစွာနဲ့ ရင်ဆိုင်ရမယ်ဆိုရင် စာမေးပွဲကျပါလိမ့်မယ်..။

နေ့စဉ်နဲ့အမျှ ဒါန.. သီလ ..ဘာဝနာ.. ဝိပဿနာတရားတွေကို လေ့ကျင့်ပြင်ဆင်ရင်း… သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းစွာနဲ့ ပြုံးပြုံးလေးရင်ဆိုင်နိုင်မယ်ဆိုရင် စာမေးပွဲကို ဂုဏ်ထူးနဲ့အောင်မြင်ပါလိမ့်မယ်…။ ဆရာကြီးဦးဂိုအင်ကာရဲ့ Discourse တွေထဲမှာ.. သေခြင်းတရားဟာ တရားရှိသူတွေအတွက်ဆိုရင် ပရိုမိုးရှင်းဖြစ်တာ.. ဘာကြောက်စရာရှိသလဲ.. ပြုံးပြုံးလေးနဲ့ ရင်ဆိုင်လိုက်ရုံပဲလို့ဆိုပါတယ်..။

ဘဝရဲ့နောက်ဆုံးစာမေးပွဲကို အေးအေးဆေးဆေး ရင်ဆိုင်ဖြေဆိုနိုင်ဖို့အတွက်ဆို ကျွန်မတို့ ရှင်သန်နေစဉ်ကာလတွေမှာ..နေ့စဉ်ပုံမှန်လေ့ကျင့်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ စာမေးပွဲဖြေရသလိုပဲ နေ့တိုင်းစာပုံမှန်ကျက်ထားသူနဲ့ စာမေးပွဲနီးမှ ဘာမှပြင်ဆင်မထားသူနဲ့ စာမေးပွဲဖြေကြပုံချင်းမတူညီနိုင်ပါဘူး…။

နေ့စဉ်..ကိုယ့်ခန္ဓာရဲ့ မမြဲတဲ့သဘောတရားတွေ.. ဆင်းရဲခြင်းဒုက္ခတွေ.. ငါဆိုတာမရှိ.. အစိုးမရ.. ကိုယ့်အလိုအတိုင်းမဖြစ်တဲ့ သဘောတရားတွေကို အလွတ်ပိုင်နိုင်ကျွမ်းကျင်နေအောင် ပြင်ဆင်ထားနိုင်ရင်.. သေခြင်းတရားစာမေးပွဲကို သဘာဝတရားတစ်ခုလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေဆိုနိုင်ပါလိမ့်မယ်..။ နောက်ဆုံးစာမေးပွဲအောင်မြင်ပါလိမ့်မယ်..။

အသေတတ်ဖို့အတွက်ဆိုရင် အနေတတ်ဖို့လည်း လိုပါသေးတယ်..။ အနေတတ်ဖို့ဆိုရင် နေ့စဉ် မမေ့မလျော့ သတိတရားလေးနဲ့ မမြဲတဲ့သဘောတရားလေးတွေကို နှလုံးသွင်းဆင်ခြင်ပြီး ရင်ဆိုင်ရသမျှ ကောင်းတဲ့အတွေ့အကြုံတွေအပေါ်… လိုချင်တောင့်တမှုလောဘတွေ..မကောင်းတဲ့ အတွေ့အကြုံတွေအပေါ် မလိုချင်မုန်းတီးမှုတွေနဲ့ တုံ့ပြန်မှုတွေမလုပ်ဘဲ ဥပေက္ခာကျကျလေးနေတတ်အောင် လေ့ကျင့်ပြင်ဆင်နေခြင်းဟာ အနေတတ်ခြင်းလည်းဖြစ်ပါတယ်..။ အနေတတ်ခြင်းဟာ အသေတတ်အောင် လေ့ကျင့်ပြင်ဆင်နေခြင်းလည်းဖြစ်ပါတယ်…။

ဘဝရဲ့နောက်ဆုံးစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ကြပါစေ…။

#လွန်းထားထား
#ဘဝရဲ့စာမေးပွဲများ

12/12/2023

တစ်ခါတလေ သိပ်လှပတဲ့လမ်းတွေဆိုတာ လမ်းပျောက်ရင်းနဲ့မှ ရှာတွေ့သွားတာ။

09/12/2023

“ အချစ်ဆိုတာကြိုးမဟုတ်ဘူး
အချစ်ဆိုတာ အတောင်ပံတွေ။ ချစ်တဲ့သူကိုလွတ်လပ်ပေါ့ပါးစွာ ပျံသန်းစေချင်တဲ့ အတောင်ပံတွေ။ “

#အကြင်သူ၏ကောင်းကင်
#အချစ်ဦးရဲ့အချစ်ဦး

စင်္ကာပူ နိုင်ငံအတွင်း မြန်မာစာအုပ်ဆိုင် အခြားသော ရသ သုတ ဗဟုသုတ စာပေးများကို စိတ်ကြိုက်မှာယူလို့ရပါပြီနော် 📚🙏

MK Book Store & စင်္ကာပူ
#အချစ် #ရသ

09/12/2023

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်တော့
ဖတ်ကြည့်လိုက်ပါ"
==========================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

ကျနော် အပေါ်ယံတွေကို တကယ်မုန်းတယ်


စာအုပ်စာပေ လူ့မိတ်ဆွေ 👈Follow me 🤗❤

09/12/2023

ဘဝမှာ ရွေးချယ်စရာအခွင့်အရေးတွေများစွာထဲက

တစ်ခုသာရွေးချယ်ရမယ်ဆိုရင်..

စိတ်ချမ်းသာခြင်းကိုသာ ရွေးချယ်ချင်ပါတယ်…။

ကိုယ့်ကိုယ်ကို လက်ဆောင်တစ်ခုပေးပါဆိုရင်…

စိတ်ချမ်းသာခြင်းကိုပဲ လက်ဆောင်ပေးချင်ပါတယ်..။

ကိုယ့်အနီးအနားက ချစ်ခင်မြတ်နိုးရသူတွေအတွက်

လက်ဆောင်တစ်ခုပေးပါဆိုရင်..

စိတ်ချမ်းသာစေခြင်းဆိုတဲ့လက်ဆောင်ကိုပဲ

ပါကင်လေးလှလှထုပ်ပိုးပြီး ပေးခွင့်ရချင်ပါတယ်…။

#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ

09/12/2023

သင့်ကို ပျော်ရွှင်စေချင်တာလည်း အချစ်ပါပဲ။
သင့်ကို လွတ်လပ်စေချင်တာလည်း အချစ်ပါပဲ။
သင့်ကို နွေးထွေးလုံခြုံစေချင်တာလည်းအချစ်ပါပဲ။
အချစ်တွေဟာ ပုံစံမတူနိုင်ဘူး။
တောက်လောင်ပြင်းပြနေတာဟာ အချစ်မဟုတ်ဘူး။
မေတ္တာနဲ့ယှဉ်တဲ့အချစ်ဟာအမြဲတမ်း အေးမြတယ်။ရေရှည်အကျိုးကိုမျှော်ကိုးတယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေ။






Photo
FreeStock

09/12/2023

တချို့လူတွေက
မျက်လုံးနှစ်လုံး လုံးမြင်နိုင်ပါလျက်နဲ့
မျက်လုံးတစ်လုံးသာမြင်တယ်
မျှမျှတတမကြည့်နိုင်တော့
ကျန်တဲ့မျက်လုံးတစ်လုံးက ကန်းနေသလိုပါပဲ ။

တချို့လူတွေကျပြန်တော့
နားနှစ်ဖက်လုံးကြားနိုင်ပါလျက်နဲ့
နားတစ်ဖက်သာကြားကြတယ်
မျှမျှတတ နားမထောင်တတ်ဘူး
သူကြားချင်တာကြားတယ်
ကျန်တဲ့နားတစ်ဖက်က
ကန်း(ပင်း)နေသလိုပါပဲ ။

တကယ်တော့
လူတစ်ယောက်ဟာ
မျက်လုံးနှစ်လုံးနဲ့ကြည့်ရမယ်
နားနှစ်ဖက်နဲ့ကြားအောင်နားထောင်ရမယ်
အဲဒီမျက်လုံးနှစ်လုံးနဲ့နားနှစ်ဖက်က
သေချာ/မျှတ/စိစစ်/ဝေဖန်/သုံးသပ်ပြီးမှ
တစ်ပေါက်ထဲပါတဲ့
ပါးစပ်ကမှန်ကန်သောစကားကို
ပြောဆိုရမယ် ။

ဒါမှ
မျက်လုံးနှစ်လုံး
နားနှစ်ဖက်
ပါးစပ်တစ်ပေါက်ပါတဲ့ " လူ "လို့
ခေါ်ဆိုထိုက်တယ် ။

အဲဒီလိုမဟုတ်ပဲ
ကိုယ်ထင်ရာကိုယ်စိုင်း
ကိုယ်မြင်ရာကိုယ်လုပ်
ကိုယ်ပြောတာ အမှန်ဆိုပြီး
နေရာတကာ
ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီး
မျက်လုံးတစ်လုံးနဲ့သာကြည့်
နားတစ်ဖက်နဲ့သာနားထောင်
မမျှတ/မစီစစ်/မသုံးသပ်ပဲ
ပါးစပ်ပေါက်က
ရမ်းသန်းပြီး
စည်းမရှိ/ကမ်းမရှိ
ပြောချင်ရာလျှောက်ပြော
ဘာမသိ ညာမသိ
ဂဃနဏ မသိဘဲ
စွပ်စွဲပြောဆိုနေလို့ကတော့
၁။မျက်လုံးတစ်ဖက်ကန်းနေတဲ့ " လူ "
၂။နားတစ်ဖက်ကန်း(ပင်း)နေတဲ့ " လူ "
၃။ကိုယ်အင်္ဂါမပြည့်စုံတဲ့ "လူ" လို့ခေါ်ရမှာပဲ ။

လူဆိုတာ
ငါအနိုင်ရရင်ပြီးရော
ငါချမ်းသာရင်ပြီးရော
ငါအသာရရင်ပြီးရောဆိုပြီး
မကောင်းမြင်စိတ်နဲ့
သူတစ်ပါးကို
တစ်ဖက်သတ်နဲ့
ရမ်းသန်းပြီး မပြောရဘူး
မစွပ်စွဲရဘူး ၊

ငါသာမှန်တယ်ဆိုပြီး
ကိုယ့်အတွက်ကြီးပဲ မကြည့်ရဘူး ။

လူမှန်ရင်
အတ္တစိတ်ကို ဘေးဖယ်ပြီး
တစ်ဖက်လူဘယ်လိုဖြစ်သွားမလဲလို့
မျှမျှတတတွေးပေးတဲ့စိတ်ရှိရမယ် ။

လူသားအချင်းချင်း
ကိုယ်ချင်းစာနာတတ်ရမယ် ၊

သူ့ဘက် ကိုယ်ဘက်
မျှတပြီး ကြည့်တတ်ရတယ် ။

သူ့ဘက် ကိုယ့်ဘက်
မျှမျှတတ
တွေးပေးတတ်ရမယ် ။

ဒါမှ
အင်္ဂါပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပါလိမ့်မယ် ၊

လူတစ်ယောက်ဟာ
အတ္တစိတ်တွေလွန်ကဲသွားရင်
၁။ လူကိုလူချင်းမမြင်နိုင်တော့ဘူး ။
၂။ ကိုယ့်အမှားကိုအမှားလို့မမြင်နိုင်တော့ဘူး ။
၃။ ပြိုင်ဆိုင်မှုတွေနဲ့မအေးချမ်းတော့ဘူး ။
၄။ မိတ်ဆွေကောင်းတွေဆုတ်ယုတ်လာတယ် ။
၅။ ပစ္စည်းဥစ္စာတွေဆုံးရှုံးလာတယ် ။
၆။ ဘဝကအထီးကျန်ဆန်လာတယ် ။
၇။ ခိုက်ရန်ဒေါသတွေနဲ့ပူလောင်လာတယ် ။
၈။ အမှားတွေကိုထပ်ထပ်ပြီးလုပ်လာရင်းနဲ့
နောက်ဆုံးအပါယ်ဘုံကိုရောက်သွားရတယ် ။

ဒါဟာ အတ္တကြီးခြင်းရဲ့အကျိုးဆက်တွေပါပဲ ။

အတ္တ/ပရ မျှမျှတတ ထားရှိနိုင်ကြပါစေ ။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
________
" အတ္တဖြေဆေး " စာအုပ်မှ ဖော်ပြသည်

စာအုပ်တန်ဖိုး-SGD8$
MK Book Store & စင်္ကာပူ

စာအုပ်ကိုသဘောကျဖတ်ရှုလို၍
မှာယူလိုပါက page cbတွင် ဆက်သွယ်မှာယူနိုင်ပါတယ်📖🖤

09/12/2023

#ကမ်းနားသစ်ပင်

Address

Po Sar Taw Street
Hinthada

Website

Alerts

Be the first to know and let us send you an email when Shwe Ei. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share