Hakha Bookstore

Hakha Bookstore Hakha Bookstore is a store which stores, sells and buys all kinds of books.

Hakha Bookstore aim to provide a better life with a better access to education, knowledge and experiences through books.

08/12/2025
💝🎉 Happy Blessed Birthday!🎉 💝 🎀An daw i an bochan tu na hawikom tha👭 nih na chuahcamh👶 an sunhlawih 🥳pinak langhter nak ...
25/09/2021

💝🎉 Happy Blessed Birthday!🎉 💝

🎀An daw i an bochan tu na hawikom tha👭 nih na chuahcamh👶 an sunhlawih 🥳pinak langhter nak caah a sunglawi tuk💝 mi Birthday Present 🎁an kuat!

"Happy Birthday 🎂🎊 Chuahni sunglawi lawmhnak na cung ah um ko seh..Kan Dawt tuk muh ❤️📔mah cauk hi na nunnak ah lam Tha an chim chin tu si hram seh law..hawi le nih Bochan khawh mi si peng ko mu❤️" tiin 🥳lawmhpi nak le👭 bochan mi na sinak langhter nak messages he "သူများပါစပ်ဖျားမှလမ်းဆုံးမှာလား..." timi rel a phu tuk mi, theihhngalhnak📚 tampi lawng si lo in thazaang💪 lak nak caah a tha tuk mi cauk📙 he na sunlawinak a langhter.💝💌

💌Friend a si mi nih account rak mention hna usih💌

🧑ကိုယ့်အတွက်အမြဲတမ်းအကောင်းဆုံးမျှော်မှန်းပေးပြီး၊ 💗ဂရုစိုက်တတ်လွန်းသူကြီးက 💁‍♀️ဒီအကောင့်ပိုင်ရှင်လေးအတွက် ဆိုပြီး 🏛Hakh...
17/09/2021

🧑ကိုယ့်အတွက်အမြဲတမ်းအကောင်းဆုံးမျှော်မှန်းပေးပြီး၊ 💗ဂရုစိုက်တတ်လွန်းသူကြီးက 💁‍♀️ဒီအကောင့်ပိုင်ရှင်လေးအတွက် ဆိုပြီး 🏛Hakha Bookstore မှာ Surprise Gift 🎉🎁🎉 မှာပေးသွားပါတယ်🥰။

💬"Dam te le Dawh tein um khawh peng rak i zuam caa tam pi rak rel cun na rel dih in ka chim than ve te" 💬ဆိုတဲ့စာကြောင်းလေးနဲ့ 🤗ကိုယ့်အတွက် အမြဲအရေးပါကြောင်း၊ ဂရုစိုက်ကြောင်း🥰 ပြောပြရင်း "Becoming" & "CHI GUEVERA" 📚စာအုပ်ကောင်းနှစ်အုပ် ကိုလက်ဆောင်ပါးလိုက်ပါတယ်နော်💝

🎀📙အာနက်စတို ချေဂွေဗားရား၏ ခရီးစဉ်များတွင် ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုတို့ကိုဖတ်ခြင်းအားဖြင့် မညီမျှမှုတို့ကို ပယ်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးလိုအပ်ကြောင်း ဖော်ပြရေးသားထားတဲ့စာအုပ်၊ မို့ဖတ်ရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်📙🎀

🎀📕"Becoming " စာအုပ်ကိုဖတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဖြစ်တည်မှုကိုသိရှိရန်အရေးပါပုံ၊ မိမိကိုယ်ကိုယ်လက်ခံနိုင်ခြင်း၏အရေးပါပုံ၊ Relationshipတစ်ခုရဲ့ လေးနက်တဲ့ညှိယူမှု၊ သည်းခံမှု၊ အပြန်အလှန် ချစ်ခင် လေးစားမှု၊ ယုံကြည်အားကိုးမှုတွေကို အံ့ဩရလောက်အောင် သိမြင်ခံစားခဲ့ရစေတဲ့ နှစ်သက်စရာစာအုပ်ကောင်း တစ်အုပ်မို့ မျှော်လင့်သည်ထက်ပိုကောင်းပြီး ဖတ်ရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်။📕🎀

🏛Hakha Bookstore အနေနဲ့လည်း 👩👩Account ပိုင်ရှင်လေးတွေကို "You Are Blessed" 💌လို့ ပြောပြချင်ပါတယ်ရှင့်🥰🤗💝

🥰Acc ပိုင်ရှင်လေးကို mentioned ခေါ်ပေးကြပါရှင့်

🥰ချစ်ရ၊ 🤗လွမ်းရတဲ့ သူငယ်ချင်းလေးတွေ👧👧အတွက်ဆိုပြီး Hakha Bookstore မှာ Surprise Gift 🎀🎁🎀 မှာပေးသွားပါတယ်🥰။  💌"Kan ngai tu...
15/09/2021

🥰ချစ်ရ၊ 🤗လွမ်းရတဲ့ သူငယ်ချင်းလေးတွေ👧👧အတွက်ဆိုပြီး Hakha Bookstore မှာ Surprise Gift 🎀🎁🎀 မှာပေးသွားပါတယ်🥰။

💌"Kan ngai tuk hna"💌ဆိုပြီး လွမ်းဆွေးတမ်းတနေကြောင်းပြောပြရင်း ချစ်သူငယ်ချင်းလေးတွေကို 📙"ငါ့အတွက်ငါရှိတယ်" 📙စာအုပ်ကောင်းလေးနဲ့ လက်ဆောင်ပါးလိုက်ပါတယ်နော်💟

📙ငါ့အတွက်ငါရှိတယ် စာအုပ်လေး ကိုဖတ် ပြီး 🗓နေ့ရက်တွေတိုင်းမှာ 👧👧ကိုယ့်ဘ၀နဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုတိုင်းမှုကို တခြားသူနဲ့ယှဥ်ပြီး သိမ်ငယ်စိတ်မထားဘဲ မိမိကိုယ်ကို 💪ယုံကြည်ချက်ထားပြီး ရှင်သန်နိုင်ရန် ပြဿနာ အခက်များကို 👧တစ်ယောက်တည်းဖြစ်စေ 👭👫အဖော်မွန်ကောင်းများနှင့် ဖြစ်စေ ကျော်လွှားနိုင်ပြီး 🏃‍♀️🏃‍♂️နေ့သစ်🗓များဆီသို့ 🏃‍♀️ရှေ့ဆက်နိုင်စေရန် 🛌ပြိုလဲကျသွားတဲ့ အချိန်တိုင်းမှာ 👤သိမ်ငယ်အားငယ်တတ်တဲ့ စိတ်မရှိစေရန် စိတ်ဓာတ်ကျ အားငယ်မနေစေရန် 💪“ငါ့အတွက်ငါရှိတယ် ” ဆိုပြီး မိမိကိုယ်ကို ယုံကြည်တတ်တဲ့စိတ်ရစေနိုင်ပြီး စိတ်ကျန်းမာချမ်းသာမြေ့မှုကိုပေးစွမ်းမည့် စာအုပ်ကောင်းလေးမို့ ဖတ်ရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်။💝🥰

🏛Hakha Bookstore အနေနဲ့လည်း 👩👩Account ပိုင်ရှင်လေးတွေကို "You Have You" 💌လို့ ပြောပြချင်ပါတယ်ရှင့်💟

📘စစ်မှန်သောမိမိကိုယ်ကိုတွေ့ဆုံခြင်း📘🗨ထိုင်ဝမ် စာရေးဆရာမ ကျန်းသယ်ဖန်းရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်ကို သက်တန့်(မေရီ) ကဘ...
10/09/2021

📘စစ်မှန်သောမိမိကိုယ်ကိုတွေ့ဆုံခြင်း📘

🗨ထိုင်ဝမ် စာရေးဆရာမ ကျန်းသယ်ဖန်းရဲ့ အောင်မြင်ကျော်ကြားတဲ့ စာအုပ်ကို သက်တန့်(မေရီ) ကဘာသာပြန်ဆိုထားပါတယ်။ အောင်မြင်၊ ပျော်ရွှင်၊ သာယာချမ်းမြေ့

ချမ်းမြေ့တဲ့ ဘဝပုံစံမျိုးကို ရရှိပိုင်ဆိုင်နိုင်အောင် ကူညီပေးနိုင်မယ့် စာအုပ်ဖြစ်ကြောင်း ဆိုထားပါတယ်။ တက်ကျမ်းတစ်ကျမ်းလို ဆောင်းပါးသဘောမျိုး ရေးသားထားတာမျိုး မဟုတ်ဘဲ ဝတ္ထုဇာတ်လမ်းအဖြစ် ပုံဖော်ဖန်တီးထားတာမို့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်နော်။ ‘ကျွန်မတို့သည် အခြားလူများပေါ်သို့ အားစိုက်ပြီး ပြင်ပရှိ အရာဝတ္ထုများမှ အဖြေနှင့် ပျော်ရွှင်မှုများကို ရှာဖွေနေကြသည်။ နောက်ဆုံးတွင်မူ သဲထဲရေသွန် အချည်းနှီးသာ ဖြစ်ကုန်၏။ အကြောင်းရင်းမှာ ကျွန်မတို့သည် နေရာမှားပြီး ရှာဖွေနေကြ၍ ဖြစ်သည်။ ဤအချက်သည် ကျွန်မကို ဤဝတ္ထုရေးဖြစ်စေသည့် အဓိက တွန်းအားတစ်ရပ် ဖြစ်ပါသည်။ ဤဝတ္ထုကို အမျိုးသမီးတစ်ဦးအား ဇာတ်လိုက်အဖြစ် ထားရှိလျက် ကျွန်မတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့ရလေ့ရှိသော ကိစ္စရပ် မျိုးစုံဖြင့် ဇာတ်အိမ်ဖွဲ့ထားပြီး ပြင်ပအရာများတွင်သာ အာရုံစိုက်နေတတ်မှုကို တဖြည်းဖြည်းနှင့် အတွင်းစိတ်ပေါ်သို့ ရောက်ရှိလာအောင် ရေးဖွဲကထားပါသည်။ ဤဝတ္ထုမှတစ်ဆင့် ကျွန်မတို့သည် မိမိ၏ အတွေးနှင့် စိတ်ခံစားချက်တို့၏ အစေခံ ကျွန် ဖြစ်နေပါလား ဆိုသည်ကို မြင်တွေ့လာရပါမည်’ (မူရင်းစာရေးဆရာမ ကျန်းသယ်ဖန်း … အမှာစာမှ) လက်တွေ့ အကျိုးရှိပြီး လူ့ပတ်ဝန်းကျင်၊ လူ့စိတ်သဘောတွေကို မြင်တွေ့ရမယ့်အပြင်၊ အကြောင်းအရာကောင်းကောင်း၊ အကျိုးကျေးဇူးကောင်းကောင်းတွေ ရရှိမယ့် စာအုပ်တစ်အုပ်မို့ စာချစ်သူတို့ လက်မလွတ် ဖတ်ရှုနိုင်ဖို့အတွက် ညွှန်းဆိုလိုက်ပါတယ်။

#စစ်မှန်သောမိမိကိုယ်ကိုတွေ့ဆုံခြင်း

🚶‍♂️🚶‍♀️ငြိမ်းချမ်းရေးခြေလှမ်းများ🚶‍♀️🚶‍♂️💌Peace is Every Step💌📔ယခုစာအုပ်သည် ဗီယက်နမ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သစ်(ခ)နက်ဟန...
10/09/2021

🚶‍♂️🚶‍♀️ငြိမ်းချမ်းရေးခြေလှမ်းများ🚶‍♀️🚶‍♂️
💌Peace is Every Step💌

📔ယခုစာအုပ်သည် ဗီယက်နမ်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သစ်(ခ)နက်ဟန်ရဲ့ ဟောပြောချက်တွေနဲ့ ရေးသားချက် လက်ရာတွေ စုစည်းထားတာဖြစ်ပါတယ်။ ဆရာတော်ကြီးသည် စာအုပ်ပေါင်း ၁၀၀ ကျော်ကို အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့ပြီး ကမ္ဘာတစ်ဝှမ်းပေါ်၌ အုပ်ရေ ၅ သန်းကျော် ရောင်းချထားပြီးဖြစ်ပါတယ်။
📔‘ငြိမ်းချမ်းရေးခြေလှမ်းများ’ ဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတိုင်းကို သတိတရားဖြင့် ငြိမ်းချမ်းစွာနေထိုင်ဖို့ သတိပေးချက်တွေပါတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ်ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားမှာ စိတ်ငြိမ်းချမ်းမှုကို လက်လွတ်ဆုံးရှုံးမခံရစေဖို့ ဆရာတော်ကြီးရဲ့ အရှင်းလင်းဆုံးနဲ့ အပြည့်စုံဆုံး သင်ကြားပို့ချချက်တွေလို့ ဆိုရပါမယ်။

📓ဟိုမိုဒူးရပ်စ်📓(လူသားတို့၏အနာဂတ်သမိုင်းအကျဥ်း)💾Homo Deus💾❤The Brief History of Tomorrow❤၂၀၁၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ...
10/09/2021

📓ဟိုမိုဒူးရပ်စ်📓
(လူသားတို့၏အနာဂတ်သမိုင်းအကျဥ်း)

💾Homo Deus💾
❤The Brief History of Tomorrow❤

၂၀၁၅ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Yuval Noah Harari ရဲ့ Homo Deus
စာအုပ်ကို ဆရာ ညီနောင်(Humber) မှ ဘာသာပြန်ဆိုပြီး ယခု
စာအုပ်အဖြစ်ထွက်ရှိလာပါပြီ။ Homo Deus မတိုင်ခင်ထွက်ရှိခဲ့တဲ့
Sapiens: A Brief History of Humankind စာအုပ်နဲ့ Yuval Noah Harari
ဟာ နာမည်ကျော်ခဲ့ပြီး ၎င်းစာအုပ်နှစ်လုံးမှာ လူသားတို့ရဲ့
သမိုင်းနဲ့အနာဂတ်ကို နက်နက်ရှိုင်းရှိုင်းမြင်တွေ့ရတာကြောင့်
တစ်ကမ္ဘာလုံးရဲ့ချီးမွမ်းထောပနာပြုခြင်းကိုခံခဲ့ရပါတယ်။

Homo Deus စာအုပ်ရဲ့ တစ်နေရာမှာ လူသားတွေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး - သေခြင်းတရား၏ နောက်ဆုံးနေ့ရက်များ- အမည်ရ ခေါင်းစဉ်နဲ့ စာတစ်ပိုဒ်ကို စိတ်ဝင်စားဖွယ်ဖတ်ရှုရပါတယ်။

( ၂၁ ရာစုမှာဆိုရင် လူသားတွေရဲ့ မသေခြင်းနဲ့ ပတ်သတ်ပြီး အလေးအနက်ထား
လေ့လာကြဖို့ရှိပါတယ်။ အသက်အရွယ် အိုမင်း၊ရင့်ရော်ခြင်းနဲ့ သေဆုံးခြင်းကို
ရင်ဆိုင်ရုန်းကန်ကြရာမှာ အစာရေစာ ငတ်မွတ်ခြင်း၊ရောဂါဘယနဲ့ စစ်မက်ဘေးတွေကို
ရင်ဆိုင်ခဲ့သလို ဆက်လက်ကိုင်တွယ်ကြမှာဖြစ်ပြီး၊ လူ့အသက်ရဲ့တန်ဖိုးဆိုတဲ့ လက်ရှိ လူ့ယဉ်ကျေးမှုရဲ့ စံနှုန်းကို သိသာပေါ်လွင်စေပါလိမ့်မယ်။

စကြာဝဠာ ကမ္ဘာလောကမှာ လူ့အသက်ဟာ အဖိုးတန်မွန်မြတ်ဆုံးဆိုတဲ့ စကားကို
ကျွန်တော်တို့ ထပ်တလဲလဲ ကြားနေခဲ့ရပါတယ်။ စာသင်ကျောင်းထဲက
ကျောင်းဆရာတွေ၊လွှတ်တော်ထဲက နိုင်ငံရေးသမားတွေ၊ တရားရုံးကရှေ့နေတွေနဲ့
ပြဇာတ်ရုံက သဘင်သည်တွေဟာ ဒီစကားကိုပြောနေခဲ့ကြပါတယ်
ဒုတိယ ကမ္ဘာစစ်အပြီး ကုလသမဂ္ဂအဖွဲ့က လက်ခံကျင့်သုံးခဲ့တဲ့
လူ့အခွင့်အရေး၊ကြေညာစာတမ်းဟာဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ
အခြေခံဥပဒေလို လက်ခံကျင့်သုံးနေကြပြီး အခန်းလိုက်ရေးသားထားတဲ့
အဲ့ဒီထဲမှာဆို လူသားတို့ရဲ့ အခြေခံအကျဆုံး စံတန်ဖိုးဟာ အသက်ရှင်ခွင့်ရယ်လို့
ရေးသားဖော်ပြထားကြပါတယ်။ သေခြင်းတရားဟာ ဒီအခြေခံရပိုင်ခွင့်ကို
ဖျက်လိုဖျက်ဆီးလုပ်နေတဲ့အတွက် သေခြင်းတရားဟာ လူသားဝါဒအပေါ်ကျူးလွန်တဲ့
ရာဇဝတ်မှုပဲဖြစ်ပြီး ဒါကိုတိုက်ဖျက်ဖို့ ကျွန်တော်တို့လူသားတွေ
အားထုတ်ကြပါလိမ့်မယ်။ )

- လူသားတို့ရဲ့ လုပ်ငန်းစဉ်သစ်

(၁)။ လူသားတို့ ကမ္ဘာလောက အား လွှမ်းမိုးအောင်နိုင်ခြင်း
(၂)။ လူသားတို့ ကမ္ဘာလောကအတွက် အနက်အဓိပ္ပါယ်ဆောင်ကြဉ်းပေးခဲ့ခြင်း
(၃)။ ဟိုမိုဆေပီယန်လူသားတို့ ကမ္ဘာလောကကို မထိန်းချုပ်နိုင်တော့ခြင်း‌

စတဲ့ အပိုင်းသုံးပိုင်းကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါ။

📙မာတင်လူသားကင်ဂျူနီယာ📙🏮Martin Luther King Jr.🏮📖မာတင်လူသားကင်ဂျူနီယာသည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး အမေ...
10/09/2021

📙မာတင်လူသားကင်ဂျူနီယာ📙
🏮Martin Luther King Jr.🏮

📖မာတင်လူသားကင်ဂျူနီယာသည် အာဖရိကန်-အမေရိကန် သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသောသူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သောဂုဏ်ရည်မှာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်သောအဆင့်အဖြစ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်းအား ယနေ့တိုင်ပင် လူ့အခွင့်အရေးသင်္ကေတတစ်ခုအဖြစ် မကြခဏရည်ညွှန်းပြောဆိုလေ့ရှိကြသည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသောမိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေးအမြင်များအား နိုးကြားစေခဲ့သော သူကိုယ်တိုင်သည်လည်း အမေရိကန်သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။ သူ၏ အကြမ်းမဖက်ရေးလှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။ ကင်းသည် ၁၉၈၆ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့နယ်တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက်လည်း သူ့အား ဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

#မာတင်လူသားကင်ဂျူနီယာ

♦️ချေဂွေးဗားရား♦️  ♦️GUEVARA♦️💬"ပြည်သူတွေ သူတို့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကျူပ်တို့ဟာ သူတို့ကို စိတ်ဓာတ်အာဖြင...
10/09/2021

♦️ချေဂွေးဗားရား♦️
♦️GUEVARA♦️

💬"ပြည်သူတွေ သူတို့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကျူပ်တို့ဟာ သူတို့ကို စိတ်ဓာတ်အာဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးအရ အတွေ့အကြုံကြွယ်၀လာအောင် သင်ကြားပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။"💬

📙အာနက်စတို ချေဂွေဗားရား (၁၉၂၈-၁၉၆၇) ကို အယ်လ်ချေ သို့မဟုတ် ချေဟု အများကခေါ်ကြသည်။ သူသည် အာဂျင်တီးနားနိုင်ငံသား မာ့က်စ်ဝါဒတော်လှန်ရေးသမား၊ ဆရာဝန်၊ စာရေးဆရာ၊ ပညာတတ်၊ ပြောက်ကျားစစ်ဆင်ရေးကျွမ်းကျင်သူ၊ သံတမန်နှင့် စစ်ရေးသီအိုရီ ဖော်ထုတ်သူဖြစ်သည်။ ကျူးဘားတော်လှန်ရေးတွင် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏မျက်နှာပုံသည် ယဉ်ကျေးမှုကို ဆန့်ကျင်ပုန်ကန်သူတို့၏ ပြယုဂဂ်အဖြစ် နေရာအနှံ့တွေ့နိုင်ပြီး ခေတ်သစ်ယဉ်ကျေးမှုအတွက် တစ်ကမ္ဘာလုံးက လက်ခံသုံးစွဲသည့် အမှတ်အသားတစ်ခုလည်းဖြစ်သည်။
ချေဂွေဗားရားသည် ငယ်ရွယ်စဉ် ဆေးကျောင်းသားဘ၀ လက်တင်အမေရိကတစ်လျှောက် ခြေဆန့်ခရီးထွက်ခဲ့ပြီး ပြည်သူတို့ ဆင်းရဲတွင်းနက်နေမှုများကို တွေ့မြင်ခဲ့ရာမှ အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်။ ထိုခရီးစဉ်များတွင် ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုတို့အရ ဒေသအတွင်း စီးပွားဥစ္စာမညီမျှမှုတို့သည် အရင်းရှင်စနစ်၊ လက်ဝါးကြီးအုပ်မှု၊ ကိုလိုနီလက်သစ်စနစ်နှင့် ပဒေသရာဇ်စနစ်တို့ကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ ထိုမညီမျှမှုတို့ကို ပယ်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးလိုအပ်သည်ဟုလည်း ယူဆခဲ့သည်။

⚖🎭နီးခြင်းဝေးခြင်းတစ်ဘဝစာ🎭⚖🖼လွတ်လပ်ခွင့် နဲ့ အမှန်တရားတွေ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံ 🔮ရှင်သန်နေရတ...
08/09/2021

⚖🎭နီးခြင်းဝေးခြင်းတစ်ဘဝစာ🎭⚖

🖼လွတ်လပ်ခွင့် နဲ့ အမှန်တရားတွေ ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံ

🔮ရှင်သန်နေရတဲ့ ဘဝများစွာမှာ ‌မျှတတဲ့ အခွင့်အရေး တွေ ပျောက်ဆုံးခဲ့ရတာတွေ ကို ဒီစာအုပ်လေးဖတ်မှ ပိုသိခွင့်ရခဲ့တယ်

🔮သတင်းသမားဆိုတာ စူးရှတဲ့ အမြင် ၊ အတွေး ၊ အကြားအာရုံတွေ ကို သာမာန်လူတွေထက် ပိုခံစားရတဲ့သူတွေ ၊ ထက်မြတ်တဲ့ ကလောင်သွား အရေးအသားတွေကြောင့် အာဏာရှင် တွေ ရဲ့ အကြောက်ဆုံး ၊ အမုန်းဆုံးတွေပေါ့

🔮အမှန်တရားတွေ ကို ရေးသားဖော်ထုတ်ရင်းမှာ ‌အသက်‌ေတွပျောက်ဆုံး ၊ ဘဝတွေ အာမခံချက်မရှိတော့ တဲ့ သတင်းသမားတွေရဲ့ ဘဝတွေ

🔮ပြည်သူတွေရဲ့ စကားသံတွေ ကို နားထောင် ၊ လိုအပ်ချက်တွေ နားထောင် ၊ အတူတူမျှဝေခံစား ၊ ဒါပေမယ့် မိမိတို့ရဲ့ မိသားစု တွေ ရဲ့ ဘဝတွေကို လှစ်လှူရှူခဲ့ ရင်း ရှူခဲ့ကြနေရတဲ့ သတင်းသမားတွေ ရဲ့ ဘဝ

🔮ခြိမ်းခြောက်မှု ၊ အကျပ်ကိုင် မှု တွေကြားက အမှန်တရားတွေ ၊ လွတ်လပ်ခွင့်တွေကို ရေးသားနေကြရတဲ့ ကျွန်တော် နိုင်ငံက သတင်းသမား တွေ

🔮ငွေကြေးအင်အား ခိုင်မာသူ တစ်စု နဲ့ ပြည်သူတွေ့ရဲ့ လွန်ဆွဲ ပွဲတွေ့ကို တွေ့မြင်ရတဲ့ စာအုပ်

🔮အမှန်တရား နဲ့ တရားမျှတမှုကို ပေးပါလို့ တောင်းဆိုနေကြတဲ့ ပြည်သူတွေကို ခံစားနားလည်ပေးနေတာ သတင်းသမား ၊တဖက်မှာ အာဏာရှင်တွေရဲ့ စက္ကူစုတ်ပမာ လုံးချေခံရနေရတဲ့ သတင်းသမား တွေ

🔮ဒီစာအုပ်လေး ဖတ်နေရင်း ဪ မမျှတတဲ့ဘဝ ၊ လျစ်လှူရှူခံရတဲ့ဘဝတွေ ၊ လွတ်လပ်ခွင့်မရှိတဲ့ဘဝတွေ ၊ ခြိမ်းခြောက်ခံရတဲ့ဘဝတွေ ၊ လုံခြုံမှု ဘဝအာမခံချက်မရှိတွေ တဲ့ ဘဝတွေ ကို မြင်နေရတယ်

🔮မိမိတို့ရဲ့ ကိုယ့်ပိုင်ဘဝတွေပျောက်ဆုံး ၊ မိသားစု အတွက် အချိန်ပေးမှု တဲ့ ပျောက်ဆုံးနေရတဲ့ ဘဝတွေမြင်နေရတယ် ။

🔮ဒီစာအုပ်လေးကို ဖတ်ရတာ မိမိနိုင်ငံရဲ့ အဖြစ်အပျက်တွေကို အပေါ်စီး ကနေမြင်နေရသလိုပဲ

🔮အသံတွေကြားနေရတာ ၊ ဘာအသံတွေလဲဆိုတော့

🔮အမှန်တရား ၊ လွတ်လပ်ခွင့် တွေ တောင်းဆိုနေကြတဲ့ အသံတွေ ၊ မျှတတဲ့တန်းတူအခွင့်အရေး အသံတွေ

🔮ဖတ်ကြည့်ပါ တိုက်တွန်းချင်ပါတယ် ခင်ဗျာ ၊ ဖီးအကြိုက်ဆုံးစာအုပ်ထဲက တစ်အုပ်အပါအဝင်ပါပဲ

🔮ဆရာမကြီးက ပထမ ဇာတ်အစအဖွင့် နဲ့ အရေးအသား ဆွဲဆောင်မှု နဲ့အတူ ဘောလုံးကွင်းထဲကိုရောက်ရှိသွားသလိုခံစားရစေတယ် ။ မြေယာသိမ်းခံရမှုအတွက် ဆန္ဒထုတ်ဖော်ပြသတဲ့ အခန်းမှာ သစ်သစ် နဲ့ အတူ လူအုပ်ထဲ ရောက်ရှိသွားသလိုပါပဲ

🔮မြတ်ထွန်းအောင် အနှောင့်အယှက်ခံရတဲ့ အခန်းရေးရာမှာလဲ သူ နဲ့ အတူ လိုက်ပါခံစားရစေပါတယ် ။ သစ်သစ် တို့ခံစားရတဲ့ စိတ်အခြေအနေကို ရေးပြသွားတာ ပိုခံစားစေပါတယ် ။

🔮စာဖတ်ခြင်းဖြစ် အမှား /အမှန် ကို ခွဲခြားနိုင်ပြီး
စာဖတ်ခြင်းဖြစ် မွေ့လျော်သောသူများဖြစ်ကြပါစေ

ီးဖီး

🕯ဖြစ်တည်ခြင်း🕯💡"ဖြစ်တည်မှု"ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့ သူတိုင်း ဒီစာအုပ်လေးကို ဖတ်သင့်ပါတယ်။လူတိုင်း လူတိုင်းမှာ ဖြစ်တ...
08/09/2021

🕯ဖြစ်တည်ခြင်း🕯

💡"ဖြစ်တည်မှု"ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့ သူတိုင်း ဒီစာအုပ်လေးကို ဖတ်သင့်ပါတယ်။
လူတိုင်း လူတိုင်းမှာ ဖြစ်တည်မှု ကိုယ်စီ ရှိကြပေမယ့် တကယ်တော့ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးစေတဲ့ နည်းလမ်းတွေ ကို ရွေးချယ်ထားမိတတ်ပါတယ်။ ကိုယ်ဟာ ဘယ်လိုလူစားလဲ
ကိုယ့်ရဲ့အားသာချက်က ဘာလဲ၊
အားနည်းချက်က ဘာလဲ၊
ဘယ်လို အရာတွေ ဟာ ကိုယ့်ရဲ့
လက်ရှိအနေအထားကို ပိုမိုကောင်းမွန်စေလဲဆိုတာသိဖို့ အရေးကြီးလှပါတယ်။
ကိုယ်တိုင်က သိဖို့မကြိုးစားတော့တဲ့ အခါ
ဖြစ်တည်မှု ပျောက်ဆုံးနေတယ်လို့ ခံစားလာရပါလိမ့်မယ်.....လို့
စာအုပ်ကို ဖတ်ရင်း နားလည်ရပါတယ်။

🔖နောက်တစ်ချက်က မိမိကိုယ် မိမိ လက်ခံနိုင်ခြင်း ပါပဲ။မိမိမှာ မရှိတာကို
ရှိတယ်လို့ မထင်ဖို့အရေးကြီးပါတယ်။
ဟန်မဆောင်ရပါဘူး။ရိုးသားရပါမယ်။
ရှိတဲ့ အတိုင်းပဲ ကောင်းကောင်းဆိုးဆိုး
လက်ခံထားနိုင်ရပါလိမ့်မယ်။
မိမိသည် အရေးပါ အရာရောက်သောသူ
ဖြစ်လာဖို့ကို ဆုတောင်းနေလို့လည်းမရသလို ထိုင်စောင့်နေလို့လည်းမရဘူး။
လုပ်ယူမှ ရပါမယ်။ဖန်တီးယူရပါမယ်။
တည်ဆောက်ယူရပါမယ်။ ဒါကို
ဘယ်သူမှ အသိအမှတ်မပြုသည့်တိုင်
မိမိကိုယ်မိမိ အသိအမှတ်ပြုရပါလိမ့်မယ်။

💘နောက်ဆုံးတစ်ခု သိလိုက်တာက
Relationshipတစ်ခုမှာပြီးပြည့်စုံဖို့
အောင်မြင်ဖို့ အတွက် မိမိ လက်တွဲဖော်ဆီက ဘာတွေ ရနိုင်မလဲ လို့ မျှော်လင့်နေခြင်းဟာ မှားယွင်းပါတယ်။
သူ့ကို မိမိဟာ ဘယ်လောက်ဖြည့်ဆည်းပြီးပြီလဲ။
ဘယ်လောက် နားလည်ပေးပြီးပြီလဲ။
ဘယ်လောက် တိုင်ပင်ညှိယူခဲ့ပြီလဲ။
သူဟာ မိမိကို မျက်နှာချင်းဆိုင် ဆွေးနွေးလို့ ရလောက်တဲ့ အထိ မိမိဟာ သူ့အတွက်
ရင်ဘက်ချင်းနီးသူ၊ ယုံကြည်ရသူတစ်ယောက် ဖြစ်နေပြီလားဆိုတာကို သိအောင်ကြိုးစား သင့်ပါတယ်......စသည်ဖြင့်
မစ်ရှယ်လ်‌ရော်ဘင်ဆင်အိုဘားမားသာ
မရှိရင် ဘားရက်အိုဘားမား ဆိုတာ
ရှိမလာနိုင်တော့ တဲ့ အထိ
Relationshipတစ်ခုရဲ့ လေးနက်တဲ့
ညှိယူမှု၊ သည်းခံမှု၊ အပြန်အလှန်
ချစ်ခင် လေးစားမှု၊ ယုံကြည်အားကိုးမှုတွေ ကို အံ့ဩရလောက်အောင် သိမြင်ခံစားခဲ့ရတဲ့ နှစ်သက်စရာ
စာအုပ်ကောင်း တစ်အုပ်ပါပဲ။

📕မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား📕📚စာအုပ်အညွှန်း📚📗လောက်လောက်လားလား တက်ကျမ်းတွေက၊ လောက်လောက်လားလား အရည်အသွေးတွေကို တည်ဆောက်...
08/09/2021

📕မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား📕

📚စာအုပ်အညွှန်း📚

📗လောက်လောက်လားလား တက်ကျမ်းတွေက၊ လောက်လောက်လားလား အရည်အသွေးတွေကို တည်ဆောက်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ရလာစေသည်။ တက်ကျမ်းတိုင်းကား၊ လောက်လောက်လား လား ရှိကြသည် မဟုတ်။ တော်တော်များများက ယေဘုယျ သဘောတရားတွေ ပြောပြီး ပြီးသွားသည်သာ ဖြစ်သည်။

🎗ခင်ဗျားဘဝမှာ စာအုပ်ထဲက အကြောင်းအရာတွေကို တသွေ မတိမ်းလိုက်နာခဲ့ဖူးတဲ့ ကာလတစ်ခု ရှိခဲ့ဖူးသလား။

🎗ကျွန်တော့်မှာတော့ ရှိခဲ့ဖူးသည်။ ကာလအတော်ကြာကို ရှိခဲ့ဖူး သည်။ ယခင်က လုပ်ခဲ့ဖူးသည့် အကျင့်အတိုင်း ယခုပင် အရှိန်က မကုန်ချင်သေး။ သို့သော် ဆယ်ကျော်သက် ဘဝက လိုတော့ စာအုပ်တွေကို ဘုရားလို မကိုး ကွယ်ဖြစ် တော့တာ အတော်ကြာပြီ။ ဆယ်ကျော်သက်ဘဝမှာတော့ ကျွန်တော်က စာအုပ်တွေကို ဘုရားလို ကိုးကွယ်ဖူးသည်။ မှားခြင်း၊ မှန်ခြင်း၊ သင့်ခြင်း မသင့်ခြင်းကို အသာထား… ဖြတ်သန်းခဲ့ဖူးသည့် အတွက် ဖြတ်သန်းသလောက် အကျိုး အပြစ်နှင့်ပက်သက်၍ အတွေ့အကြုံတော့ ကျွန်တော် ရခဲ့ သည်။

🎗နောက်ဆုံး အစွန်းရောက် အယူအဆများ စွဲမြဲလာသည့်တိုင်၊ လူ့ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ မဖြစ်ခဲ့သည့် ဆိုးကျိုးများကနေ၊ မနည်း ဆွဲထုတ်ခဲ့ရသည်။ ဤသို့ ဆွဲထုတ်ရာတွင်၊ ကျွန်တော့် သူငယ်ချင်းကောင်းများနှင့် ကျွန်တော် ချစ်ရသောသူ (များ)၏ ကျေးဇူး များစွာ ပါဝင်သည်။ သူတို့၏ အကူအညီနှင့် ကျေးဇူးများကြောင့် ကျွန်တော် လူ့ပတ်ဝန်းကျင်နှင့် အတော်အသင့် သဟဇာတ ဖြစ်သော သူတစ်ယောက်ဖြစ်လာသည်။ ပတ်ဝန်း ကျင်တွင် အတော်အတန် ဝင်ဆန့်လာသည့် လူတစ်ယောက်ဖြစ်လာသည်။ မိသားစုနှင့် အသိုက်အဝန်းက အတော်အတန် အသိအမှတ်ပြုပေးခြင်း ခံရသည့် လူတစ်ယောက်ဖြစ်လာသည်။ စာအုပ်လောကနှင့် လူ့လော ကကို ဟာမိုနီဖြစ်စွာ အံဝင်ခွင်ကျဖြစ်ဖို့ ကိုယ်ကိုယ်တိုင်အပေါ် မူတည်သလို၊ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက် မြတ်နိုးတွယ်တာရသူ များ၏ စေတနာကူညီမှုများအပေါ်တွင်လည်း များစွာ မူတည်နေခဲ့သည်ကို တွေ့ ခဲ့ရသည်။ စာအုပ်လောကထဲ၌သာ ထိတွေ့စဉ်ကာလက အခြေအနေတို့ ကျွန်တော့်ခေါင်းထဲ ရုတ်တရက် ဝင် ရောက်လာခဲ့သည်။

🎗ဆယ်ကျော်သက် ဘဝများကို မကျော်လွန်ခင်က၊ ဖေမြင့် စာအုပ်များ၏ လွှမ်းမိုးမှုကို ကျွန်တော် အတော်ခံခဲ့ သည်။ ကျေကျေနပ်နပ် အလွှမ်းမိုး ခံခဲ့ခြင်းသာ။ ဤသို့သော ကာလက အဆိုအမိန့် တော်တော်များများကို ဦးနှောက်ထဲတွင် မမြဲ နုတ်တိုက် ရွတ်ဆိုခဲ့ဖူးသည်။
“ကိုယ် တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့…ကွ”
ယခုထက်တိုင်၊ ဤအဆိုအမိန့်ကို ကျွန်တော် စွဲစွဲမြဲမြဲ လိုက်နာနေဆဲဖြစ်သည်။ လူတွေဆိုတာ၊ လုပ်လိုက်ရ သည့် ကိစ္စများကြောင့် နောင်တရသည် ဆိုသည့် အဖြစ်မျိုးထက် မလုပ်လိုက်ရသည့် ကိစ္စများကြောင့် ပူဆွေး နောက်တရသည်က ပိုမိုများပြားသည် မဟုတ်လား။ ထို့ကြောင့် ကျွန်တော့် ခေါင်းထဲတွင် ဆက်စပ် အတွေး အခေါ်တစ်ခု အမြဲဝင်လာသည်။ “ဘာမှ မလုပ်ရင် ဘာမှ မဖြစ်လာဘူး၊ တစ်ခုခု လုပ်နေရင်တော့ တစ်ခုခုတော့ ဖြစ်လာမှာပဲ” ကောင်းခြင်း၊ မကောင်းခြင်းက ကိုယ့်လုပ်ရပ်၏ စေတနာ၊ စိတ်ဇောအပေါ်တွင် မူတည်သည် မဟုတ်လား။ အချိန်တိုင်း၊ အချိန်တိုင်း၊ နေ့တိုင်း နေ့တိုင်း တစ်ခုမဟုတ် တစ်ခု၌ အမြဲ လုံ့လထုတ် ကြိုးစားနေ ဖို့ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ မီးထိုးနေခဲ့သည်။ ဗုဒ္ဓ အဟော တရား၌ ဤသို့ ရှိသည် မဟုတ်လား။ “ကုသိုလ်၊ ပညာ၊ ဥစ္စာ” တစ်ခု မဟုတ် တစ်ခုတော့ အမြဲရနေအောင် ကြိုးစားနေရမည် ဆိုသည့် အချက်ဖြစ်သည်။ သုံးခု စလုံး ရရှိလျှင်တော့ အကောင်းဆုံးဖြစ်သည်။

🎗ကျွန်တော်တို့ ဘဝတွင် ကြိုးစားအားထုတ်ပြီးဆုံးရှုံးလိုက်ရသည့် အရာများထက် ကြိုးစားအားထုတ် မကြည့် ရသေးဘဲနှင့် လက်လွှတ်ဆုံးရှုံးလိုက်ရသည့်အရာများက ပိုများသည် မဟုတ်လား။ ဘာပဲပြောပြော လုပ်ကြည့် လိုက်ပါ၊ ကြိုးစားကြည့်လိုက်စမ်းပါ… နောက်ဆုံး မရတော့ဘူးဆိုမှ လက်လျော့လိုက်ကြစို့လား။

🍇🍒🌽“သီးနှံကောင်း ရိတ်သိမ်းလိုလျှင်”

💁‍♀️လူဆိုတာ ကိုယ်စိုက်သော သီးနှံကို ကိုယ်ရိတ်သိမ်းရစမြဲ မဟုတ်လား။ ကျွန်တော် အနေနှင့် ဗုဒ္ဓ၏ ကံ,ကံ၏ အကျိုးကို နက်နက်နဲနဲ ယုံကြည်ထားမိသည်။ ဆရာတော် ဦးသုမင်္ဂလက ဟောဖူးသည်။ ကောင်းတာလုပ်ရင်၊ ကောင်းကျိုးဖြစ်မည်။ ဘယ်အချိန်ဖြစ်မည်လဲ… အကြောင်းညီညွှတ်သော အချိန်တွင်ဖြစ်မည်။ အကြောင်း ညီညွှတ်ခြင်းကို မည်သို့ မည်ပုံ ပမာပြုမည်နည်း။ ဖယောင်းတိုင်က မီးအလင်းရောင် ရသကဲ့သို့ပင်ဖြစ်မည်။ ဖယောင်းတိုင်သည် ဖယောင်းလည်း ရှိပါမှ၊ မီးစာလည်း ရှိပါမှ၊ ထိုမျှမက မီးခြစ်၌ မီးတောက်ရန်၊ ဂက်စ်လည်း ရှိပါမှ၊ ကျောက်လည်းရှိပါမှ၊ ကျောက်ဘီးလည်း ရှိပါမှ၊ ခြစ်လည်း ခြစ်ပါမှ၊ ခြစ်ပြီးလျှင်လည်း ဖယောင်းတိုင်၏ မီးစာနှင့် တို့ပါမှ၊ မီးစာ၌ မီး စွဲစေရန် ရေလည်း မစိုပါမှ၊ လေပြင်းလည်း မတိုက်ပါမှ ဖယောင်းတိုင်မှ မီးအလင်း ရောင်ကို ရရှိမည်ဖြစ်သည်။
💁‍♂️ကျွန်တော်တို့ ဘဝတွင်ဖြစ်ပျက်သော အောင်မြင်မှု၊ ကျရှုံးမှုများသည်လည်း အကြောင်းမညီညွှတ်ပါက၊ အကျိုး များကို ချက်ချင်းလက်ငင်း ကြုံတွေ့ရဖို့ မလွယ်။ အဘိဓမ္မာ၌ စိတ်၏ ဇော (၇) ချက် အကြောင်းတရားများပါ ထည့်ပေါင်းစဉ်းစားလျှင်၊ လုပ်ရပ်များ၏ အကြောင်း၊ အကျိုးဖြစ်စဉ်များကို ရေရေလည်လည် နားလည်နိုင်မည် ဖြစ်သည်။ ထားတော့။ နောက် ဆက်ကြအုံးစို့။

🌽“ကြေညက်အောင် ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ၊ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက် ဘူး..ကွ”

👨‍⚖👩‍🌾ကိုယ်လုပ်သည့် အလုပ်ကို အပေါ်ယံ မလုပ်ဖို့ ကျွန်တော့်ကို ဤအဆိုအမိန့်က အမြဲ တပ်လှန့်နေ သည်။ ကိုယ်လုပ်သည့် အလုပ်ကို ပေါ့ပေါ့တန်တန်၊ အပေါ်ယံ၊ ရေပေါ်စီ သဘောမျိုးလုပ်တတ်သူတွေ ကို ကြုံတိုင်း သူတို့၏ အနာဂတ် လမ်းကြောင်းကို ကျွန်တော်မှန်းဆကြည့်မိလေ့ရှိသည်။ ဘယ်အရာကိုမှ မလေးနက်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတန်းစားတွေ တွေ့ရမြင်ရတိုင်း၊ သူူတို့၏ ဘဝကို ကျွန်တော် စိုးရိမ်ရသည်။ ထို့နောက် ဤအမြင်ဖြင့် ကိုယ့်ဘာသာ ကိုယ်ပြန်ကြည့်မိသည်။ ငါကရော… ငယ်ငယ်တုန်း က မင်းသိင်္ခ ဝတ္ထုတစ်ပုဒ် ထဲတွင် ဖတ်ဖူးမိသော စကားလေးကို အမှတ်ရနေမိသေးသည်။

🧔ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပါ။ သို့ပေမယ့် ပေါ့ပေါ့ မတွေးနဲ့၊ ပေါ့ပေါ့မပြောနဲ့၊ ပေါ့ပေါ့ မလုပ်နဲ့။ စားတတ်၊ ဝတ်တဲ့၊ နေရာမှာ များသောအားဖြင့် အပ္ပကိစ္စောစ ဖြစ်သင့်သည်။ အနက်သဘောမှာကား၊ အမူကိစ္စ နည်းသောသူ ဖြစ်ရမည်။ ပညာရှိ သူတော်ကောင်းတို့၏ ရိုးရှင်းသော ဘဝနေထိုင်မှု ပုံစံကိုတွေ့ရတိုင်း ကျွန်တော် ဤစကား အမြဲသတိရမိသည်။ ေဩာ်… ရဟန်း သူတော်ကောင်းတွေ၊ သူတော်စဉ်တွေနှင့် အောင်မြင်ပေါက်မြောက်သော ဂျီးနီးယက်စ်ကြီးများ၏ ဘဝအခြေအနေများကို လေ့လာရ၊ ဖတ်ရ၊ သိရ မြင်ရ၊ ကြားရတိုင်း အင်မတန် ရိုးရှင်းသော ဘဝတွင် နေထိုင်ကြပါလားဆိုတာ အမြဲသတိရနေမိသည်။

🎗ထိုသို့သော ပုဂ္ဂိုလ်ကျော်များ၏ နေထိုင်၊ စားသောက်၊ သွားလာပုံသည် အင်မတန် ရိုးရှင်းရကား၊ သူတို့၏ လုပ်ရပ်များ၊ အတွေးအခေါ်များ၊ အပြောအဆိုများ သည် ပေါ့ပေါ့ဆဆ မဟုတ်ကြ၊ အပေါ်ယံ မဟုတ်ကြ။ နက်နက်သော အတွေးအခေါ်၊ ကျယ်ပြန့်သော အမြင်၊ တန်ဖိုးရှိသော စကား၊ ခွန်စိုက် အားစိုက် အပြုအမူများဖြင့် ထုံမွှမ်းအပ်သည် ချည်းဖြစ်ပါသလော။ ေဩာ်… လူတစ်ယောက်၏ လုပ်ရပ် များက ထိုလူ၏ ဘဝ ကို ပြဌာန်းသည် မဟုတ်ပါသလော။ “ဘဝဆိုတာ စိတ်၏ ရောင်ပြန်ဟပ်မှုပါပဲ”။

🎗“ရှေ့တစ်မိုင်သာ စဉ်းစားပါ”

ကွန်ဖြူးရှပ်က ပြောဖူးသည်။ မိုင်တစ်ထောင်ခရီးအတွက်၊ ခြေတစ်လှမ်းက စတင်ရသည်… ဟူ၍။ မော်စီတုန်းကလည်း သူ၏ မဟာခရီးရှည် ချီတက်ပွဲကြီး၌ ဤသို့ ပြောခဲ့ဖူးမည် ထင်သည်။ “ဘယ် လောက် ဝေးဝေးကြီး သွားရအုံးမည် ဆိုတာ မစဉ်းစားနဲ့၊ ရှေ့တစ်မိုင်အတွက်ကိုပဲ စဉ်းစား၊ အဲ့ဒါဆို မင်းတို့ ရောက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်” (စာ – ၂၂၂)

🎗ကျွန်တော့်ဘဝ၌ အတော်အတန်အကြာအထိ အနာဂတ်ကို လောကြီးစွာဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ ရှေ့ မရောက်သေးသည့် ကိစ္စရပ်တွေအပေါ် အာရုံပြုရင်း၊ နဘေးနားက တန်ဖိုးရှိသည့်အရာများနှင့် လွဲချော် ခဲ့သည့် အရေအတွက်ကား မနည်းတော့။ ယခုတောင် ဤသို့ ကြုံနေဆဲဖြစ်သည်။ ကျွန်တော်တို့သည် ဟိုးအဝေးကြီးက လကမ္ဘာနှင့်ဂြိုလ်များကို လေ့လာဖို့ ကြိုးစားရင်း၊ ကိုယ့်အိမ်နဘေး စမ်းချောင်းလေး ထဲက လိပ်သည်းကျောက်ကလေးကို ကောက်ယူတန်ဖိုးထား မြတ်နိုးဖို့ မေ့လျော့နေခဲ့ကြသည်။ ေဩာ်…. ဝေးလွန်းမှ မမြင်ရသည် မဟုတ်၊ နီးလွန်းလျှင်လည်း မမြင်ပါ့လား… ဆိုတာ သတိချပ်မိသေး သည်။ ဘဝကို ကျွန်တော်တို့ မည်သို့ မည်ပုံ ဖြတ်သန်းနေကြသနည်း။

🎗လွန်ခဲ့သော ၄ နှစ်ခန့် (၂၀၁၃ ခုနှစ်) က၊ မြန်မာပြည်တောင်တက်အသင်းနှင့် ချင်းပြည်နယ် မင်းတပ်မြို့ အတွင်းရှိ နတ်မတောင် (ခေါ်) ဝိတိုရိယ တောင်ကို ကျွန်တော် တက်နိုင်ခဲ့သည်။ ပင်လယ် ရေမျက်နှာပြင် အထက်၊ ပေ ၁၃,၀၀၀ ကျော်မြင့်သော တောင်တန်းကြီးဖြစ်သည်။ မင်းတပ်မှသည် ခြေလျင်ခရီးဖြင့် အသွားအပြန် သုံးည အိပ် လေးရက် ခရီး ဖြစ်သည်။ ခရီးစဉ် အစအဆုံး ဆိုလျှင် ၁၀ ရက်ခန့်ကြသည်။ တောင်တက်ခရီးစဉ်က မိုင်ပေါင်း ၈၀ ကို ခြေလျင်ခရီးဖြစ်သည်။ ကျောမှာ ဝန်ဖြင့် ခရီးသွားရခြင်းဖြစ်သည်။ တောင်တက်အသင်း ဥက္ကဋ္ဌက ပြောသည်။ “ကျောဗလာနဲ့တက်တာ တောင် တက်သမား မမည်ဘူး…” တဲ့။ ကျောပိုးအိတ်မှာ ကိုယ့်အတွက်တာ ကိုယ့်ဝန်ကို ကိုယ်သယ်ပြီး တောင်ထိပ်ရောက်အောင် တက်နိုင်မှ တကယ့် တောင်တက်သမားကောင်းလို့ ကျွန်တော် ခံယူမိသည်။

🎗ကျွန်တော်တို့တတွေ ကျောဗလာဖြင့် တောင်ထိပ်ကို အရောက် တက်နိုင်ခြင်းကို အောင်မြင်မှုအဖြစ် မှတ်ယူပြီး သာယာ မှိန်းမော နေသည့် သူများကို တွေ့ရသောအခါ အဆိုပါ ဒဿနက ကျွန်တော့် ဦးနှောက်ကို တွန်းထိုးနေသည်။ ကျွန်တော်ကိုယ်တိုင် ဘဝအခက်အခဲနှင့် ပြဿနာများကို ဝန်များ ချီ၍ အရောက်တက် နိုင်ဖို့ ကြိုးစားနေဆဲဖြစ်သည်။ အလွတ်တမ်း တောင်ထိပ်ရောက် လျှင် ပြီးရော ဆိုသည့် သဘောဖြင့် ဝန်များကို ကျွန်တော် မငြင်း ပယ်တော့။ ဝန်များကို လိုလိုချင်ချင် သယ်ယူပြီး ထမ်းတက် ချင်သည့် ခံယူချက်က ကျွန်တော့်ထံတွင် ကိန်းဝပ်လာသည်။

🎗ထိုခရီး၌ ကျွန်တော် လေ့ကျင့်သား မကျသေးဘဲ ကျွန်တော် ရောက်ခဲ့သည်။ လေ့ကျင့်မှုကို တစ်ခါမှ မလုပ်ဘဲ၊ ကျွန်တော် အရောက်သွားနိုင်ခဲ့သော ဘဝ မှတ်တိုင် တစ်ခုဖြစ်ခဲ့သည်။ တကယ်တော့ တောင်တက်အသင်းက အပတ်စဉ် စနေ၊ တနင်္ဂနွေ (၂) ရက် ရက်သတ္တပတ် အတော်အကြာ မန္တလေးတောင်နှင့် ကျုံး တစ်ပတ် လေ့ကျင့်မှု အမြဲ လုပ်ရသည်။ ဤသို့ မလုပ်ဖြစ်ဘဲ ကျွန်တော် အတင်းကာရော စာရင်းပေး၍ ကျွန်တော် ရောက်တက် ခဲ့ခြင်းဖြစ်သည်။ ပေပေါင်း တစ်သောင်း သုံးထောင်ကျော် အမြင့်ကို ကျွန်တော် ခွန်အားက ဗလာ၊ စိတ်ဓာတ်က တစ်ရာဖြင့် အရောက်သွား နိုင်ခဲ့သော စမ်းသပ်မှုကို ကျွန်တော် ဖြတ်သန်းနိုင်ခဲ့သည်။ ထို့နောက် လေ့ကျင့်မှု မကျေ ညက်လျှင်၊ ဒဏ် ပိုခံရသည်ဆိုသည့် အမြင်ပါ တွဲဖက်ပြီး ရလာသည်။ ထားတော့။ လေ့ကျင့်မှုမရှိဘဲ သွားခဲ့သည့် တောင်တက်ခရီးတစ်လျှောက်လုံး၊ ကျွန်တော့် ခေါင်းထဲ အမြဲဝင်လာသည့် စကားက၊ ရှေ့ ခြေတစ်လှမ်းအတွက်ပဲ စဉ်းစား၊ ရှေ့ခြေတစ်လှမ်းပဲ လှမ်းနိုင်အောင်ကြိုးစား ဟူသော စကားဖြင့် ကျွန်တော် ရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့် ကိုယ်တွေ့ဖြစ်သည်။ စာတွေထဲကအရာတွေကို၊ လက်တွေ့ဖြင့် ပီပီပြင်ပြင် ပေါင်းစပ် အသုံးပြုနိုင်ခြင်းသည်ပင် ပညာဖြစ်သည်။ တန်ဖိုးဖြစ်သည် ဆိုတာ ကို ကျွန်တော် နက်နက်နဲနဲ နားလည်သွားရသည်။

🎗ကျွန်တော်တို့ အင်ဂျင်နီယာ စကားတွင် ရှိသည်။ “သီအိုရီမသိရင် အကန်း၊ လက်တွေ့ မသိရင် အကျိုး” တဲ့။ မော်စီတုန်းကလည်း သူ၏ တော်လှန်ရေး သဘောတရားတွင် ဤသို့ပင် မိန့်ခဲ့သည် မဟုတ်လား။ “သဘောတရား မသိတဲ့သူက အကန်း၊ လက်တွေ့ မသိတဲ့သူက အကျိုး”…ဟူ၍။
ကျွန်တော်တို့သည် စာနှင့် လက်တွေ့များကို ဖြတ်သန်းရင်းသာ၊ ရင့်ကျက်ပြည့်ဝလာကြသည်။
ထို့အတူ၊ စာပါ ကိစ္စရပ်များကို မလေ့လာလျှင်လည်း၊ လက်တွေ့၌ အပြောင်မြောက်ဆုံး မလုပ်နိုင်ကြ။
လက်တွေ့ချည်းသာ အားကိုးကြလျှင်လည်း၊ ကိစ္စအားလုံးက မတွင်ကျယ်၊ မပေါက်မြောက်ကြ။ သေးဖွဲသော အရာများဖြင့်သာ၊ အချိန်များ ဘဝများ ကုန်ဆုံးနေရသည်။

🎗ဗုဒ္ဓက ဟောခဲ့ဖူးသည်။ “ဗဟုသုတများခြင်းသည်၊ အာသဝေါများခြင်း၏ အကြောင်း…” ဟူ၍။
အသိများကို အကျင့်ဖြင့် တိပေး၊ ညှိပေးမှု မလုပ်ပါက၊ သံသရာ၌ တာဗိုအင်ဂျင်တပ်၍ လည်လိမ့်အုံးမည်။

💌နောက်ဆုံး သာသနာ (၃) ရပ် သာဓကဖြင့် ကျွန်တော် ချုပ်လိုက်ချင်သည်။
ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဒ

📕သင်ယူခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ သင်ယူသမျှ ကျင့်သုံးသမျှများကို ဆင်ခြင်ခြင်း… ဖြင့်သာ
အောင်မြင်၊ ပေါက်မြောက် သည့် ဘဝ ခရီးလမ်းကို ကျွန်တော်တို့ အရောက်လျှောက်နိုင်လိမ့်မည် ဟူ၏။

်းသေ့

Address

Haka
03011

Website

Alerts

Be the first to know and let us send you an email when Hakha Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hakha Bookstore:

Share

Category