12/05/2025
ပြန်လည်သင့်မြတ်ခြင်း ( နန္ဒာစာရ )
တန်ဖိုး ~ 11500
ဤစာအုပ်သည် ဇင်ဘုန်းတော်ကြီးသစ်နက်ဟန်၏ တရားပွဲများနှင့် Inner Child ကိုကုစားခြင်း အမည်ဖြင့် ကျင်းပခဲ့သော တရားစခန်းတွင် ဝင်ရောက်ခဲ့ကြသော ယောဂီတို့၏ အတွေ့ အကြုံများကို အခြေခံထားပြီး လက်ရှိခေတ်တွင် လူသိများနေသည့် ဗုဒ္ဓဘာသာကျင့်စဉ်များကို စိတ်ကျန်းမာရေးအတွက် အသုံးပြုခြင်းဆိုသည့် ကဏ္ဍအတွက် များစွာ အထောက်အကူဖြစ်စေပါသည်။
ဤစာအုပ်သည် မိမိတို့၏ စိတ်ခံစားချက်များအပေါ်တွင် ကောင်းစွာသတိရှိခြင်းနှင့် မသင့်မြတ်သည့် ဆက်ဆံရေးများကို ပြန်လည်ကုစားခြင်းတို့ကို ဦးစားပေးပြောကြားထားပြီး တရားထိုင်ခြင်းအပါအဝင်အခြားသောကျင့်စဉ်များကို အခြေခံကာ မိမိတို့ ငယ်ဘဝက ကြုံတွေ့ခဲ့ရသည့် ဒုက္ခဆင်းရဲများကို ကောင်းစွာ အသိအမှတ်ပြုပေးခြင်းနှင့် ပြောင်းလဲခြင်းတို့ကိုပြုလုပ်ရန် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။
အနောက်တိုင်းတွင် Mindfulness ဖခင်ကြီးဟု သတ်မှတ်ခံထားရသော ဆရာတော်သစ်ဟန်နက်သည် အာနာပါန ကမ္မဋ္ဌာန်းများအားထုတ်ခြင်း၊ တရားထိုင်ခြင်းနှင့်မိမိတို့၏ စိတ်ခံစားချက်များကို စကားပြောခြင်းအားဖြင့် အတွင်းမှ ဒေါသ၊ ဝမ်းနည်းမှုနှင့် အကြောက်တရားတို့သည် ပီတိ၊ ပဿဒ္ဓိတို့အဖြစ် ပြောင်းလဲနိုင်ပုံကိုဖော်ပြထားသည်။
ဤစာအုပ်သည် ကလေးဘဝမှ စိတ်ဒဏ်ရာများကို ခံစားနေကြရသည့် မည်သို့သောသူမျိုးမဆို၊ မည်သည့်ဘာသာဝင်မဆို ဖြေရှင်းရန်နှင့် ကုစားနိုင်ရန်အတွက် နည်းလမ်းများကို စနစ်တကျ ဖော်ပြထားသော စာအုပ်ဖြစ်သည်။
MYA YOON PYO's Mini Bookstore
MYA YOON PYO
#နန္ဒာစာရ
#ပြန်လည်သင့်မြတ်ခြင်း
#မူရင်းရေသားသူအားcredit