Hein min phyo

Hein min phyo လူတစ်ချို့က
အသက်တွေဘ ဝတွေ ရင်းနှီးမြုပ်နှံပြီး
ဇာတိမြေကိုကာကွယ်နေကြတဲ့။

တစ်ချို့ လူအများစုကကျတော့..

20/08/2023
14/08/2023
14/08/2023

ဖေဖေ ဦးလေးကဘာလို့နေ့တိုင်းခရမ်းရောင်ပန်းကို
ကိုင်ပြီး အပြင်သွားသွားနေတာဟင်
ဦးလေးကို ကြည့်လိုက်တိုင်း ဝမ်းနည်းမှု့တွေအပြည့်နဲ့

သားလေးရဲ့မေးသံကြောင့်လွန်ခဲ့တဲ့၂၅နှစ်ကို
ပြန်သတိရမိသွားတယ်...
ဖေဖေပြောပြရင် သားက နားထောင်မှာလား

ဟုတ်

သားသိချင်တယ်ဖေဖေ"

////////////////////လွန်ခဲ့သောနှစ်က//////////////////

ကျွန်တော့်နာမည်က သော်ခအောင်ပါ
ကိုယ်ပိုင်ခြံလေးမှာ ပန်းတွေစိုက်ပြီး
အသက်မွေးဝမ်းကြောင်းပြုပါတယ်
ပန်းခြံနာမည်ကိုတော့ (ခရမ်းမြိုင်)လို့ပေးထားတယ်
ပန်းတွေကတော့အစုံပါပဲ
ဒါပင်မဲ့ ခရမ်းရောင်ပန်းတွေကတော့
ရောင်းဖို့မဟုတ်ပဲ ကျွန်တော့အတွက်စိုက်တာပါ
ဖေဖေနဲ့ မေမေကတော့ ကျွန်တော်ငယ်ငယ်ထဲက
မရှိကြတော့ပါဘူး ကျွန်တော့ဘဝမှာ
ပန်းတွေနဲ့ စာအုပ်တွေပဲရှိပါတော့တယ်
မေ့နေသေးတာ ကျွန်တော့မှာချစ်ရတဲ့
စကူဘီလို့ ခေါ်တဲ့ ခွေးလေးလဲရှိသေးတယ်ဗျ
မနက်ခင်းဆို ပန်းတွေကိုခူးပြီးသူနဲ့အတူ
စက်ဘီးနဲ့ စျေးကိုပို့တယ်
ရလာတဲ့ အခငွေကို ကျွန်တော့အတွက်ရယ်
သူ့အတွက်ရယ် လိုတာဝယ်ပြီး....
စာအုပ်တွေဖတ်လိုက် သူနဲ့ဆော့လိုက်
အပူအပင်သိပ်မရှိပဲ အေးအေးချမ်းချမ်းပါပဲ

တစ်နေ့မှာ....///

ကျွန်တော်စာအုပ်ဖတ်နေတုန်း
ခြံရှေ့က အော်သံတစ်သံကြားလိုက်တယ်
စကူဘီရဲ့ ဟောင်သံကိုရောပဲ
ကျွန်တော်လဲ ဘာများလဲဆိုပြီးခြံရှေ့သွားကြည့်တော့
ခရမ်းရောင် ဝါဝန်လေးနဲ့ မိန်းခလေး
စက်ဘီးမှောက်နေတာ သူ့ခြေထောက်ပေါ်
ပိနေတာမို့ မထနိုင်ဘူးဖြစ်နေတယ်

ကျွန်တော်လဲ စက်ဘီးကိုမပြီး သူမကိုထူပေးလိုက်တယ်

ဘယ်လိုဖြစ်တာလဲခလေးမဆိုတော့

ခွေးက ရုတ်တရက်ထွက်လာတာဆိုတော့လန့်ပြီးလဲကျတာပါတဲ့

စကူဘီက လူမကိုက်တတ်တော့ တော်သေးတယ်ဗျာ...
မဟုတ်ရင် ကျွန်တော်လဲ မလွယ်ဘူးလေ

ဘယ်ကိုသွားမှာလဲ ခလေးမ
လမ်းလျှောက်ကြည့်ပါအုံးရရဲ့လားလို့

အားးးးနာတယ်

ခြေခေါက်သွားတယ်ထင်တယ်

အကိုလိုက်ပို့ပေးရမလား

ဆေးတော့ထည့်ပေးလို့တော့ရတယ်
အကိုကတစ်ယောက်ထဲနေတာဆိုတော့
ဒီမှာပဲ စောင့်နေပေးနော်
အကိုဆေးယူပြီး ပြန်လာခဲ့မယ်

ဟုတ်အကို

ကျွန်တော်ဆေးတွေယူပြီးပြန်လာတော့
ခြံရှေ့မှာက အဲ့ခလေးမလေးမရှိတော့ဘူး

ကြောင်တော့ကြောင်သွားတယ်
ဘာများလဲပေါ့

ကျွန်တော်ထင်လိုက်တာက
သူကြောက်ပြီး ထွက်သွားတာလားပေါ့

နောက်နေ့...///

ကလင်ကလင်

စက်ဘီးကလင်သံက မကြားစဖူး
ထူးထူးခြားခြားမို့ ခြံရှေ့သွားကြည့်တော့
ဟိုနေ့က ခလေးမဖြစ်နေတယ်

မင်းဟိုနေ့က ခလေးမလေးမလား

ဟုတ်ရှင့်

အကိုက မင်းကြောက်ပြီး ထွက်သွားတာလို့ထင်တာ

မဟုတ်ပါဘူး

အပြင်ထွက်တာ ကြာလို့ မေမေတို့လိုက်လာတာလေ
အဲ့တာ တွေ့တာနဲ့ ပြန်ခေါ်သွားတာ

ခုကော သက်သာတယ်မလား

ဟုတ် သက်သာတယ်ရှင့်

ဒါနဲ့ အခုလာတာက ဘာကိစ္စများလဲ

ဟို ညိီမလေ

မနေ့က အကို့ခြံထဲက ခရမ်းရောင်ပန်းလေးတွေ့လို့
သဘောကျလို့ အဲ့တာ ခူးသွားမိတာ
အကိုကလည်း ဆေးသွားယူနေတာမလာသေးတာနဲ့
မေမေတို့ကလည်း ခေါ်သွားတာဆိုတော့ ခွင့်မတောင်းမိလိုက်တာ အဲ့တာအခု အကို့ဆီလာတောင်းပန်တာပါ

ကျွန်တော်သိသိချင်းတော့ ဒေါသထွက်သွားတယ်
ကျန်တဲ့ပန်းတွေကိုထိလို့ရပင်မဲ့
ဒီပန်းတွေကတော့ ကျွန်တော်အရမ်းသဘောကျလို့
ညှိုးသွားမယ်ရင်တောင် အပင်မှာပဲ အညှိုးခံလိုက်တာမျိုး

ခလေးမလေးကလည်း လာတောင်းပန်နေတာဆိုတော့
သဘောထားကြီးတဲ့အနေနဲ့ ကျွန်တော်ကပဲ ခွင့်လွှတ်ပေးလိုက်ပါတယ်

ရပါတယ်

အခုကော မပြန်သေးဘူးလား

မင်းအမေတွေလိုက်လာအုံးမယ်

ဟီးးးး

တောင်းစရာလေးရှိလို့

ဘာများလဲ

ခရမ်းရောင်ပန်းလေး တစ်ပွင့်လောက်ထပ်လိုချင်လို့
ပေးမယ်မလားဟင် လူကြီး

ဘယ်သူလဲလူကြီးက

အကို့ကိုခေါ်တာလေ

ပေးမယ်မလားဟင်🥺

သူခေါ်တဲ့ နာမ်စားလေးကလဲ သဘောကျစရာပါ
ဒီအရွယ်ထိ တစ်ယောက်ထဲနေတဲ့ကျွန်တော်တောင်
ရိုးတိုးရွတ တောင်ဖြစ်လာတယ်

လိုချင်တယ်ဆို ယူသွားလေ

လူကြီးခူးပေးလေ

ဆားလဲစိုက်ရ ဆီလဲစိုက်ရလဲနော်...

ဟီးးးလူကြီးကလည်း

ရပါပီဗျာ...ရော့

ကျွန်တော်ပေးလိုက်တော့ သူမက နားရွက်နားလေးမှာ
ပန်လိုက်တယ် အရင်က အပင်မှာပဲ လှတဲ့ထင်တဲ့
ကျွန်တော်က အခုတော့ သူမရဲ့ ခေါင်းပေါ်က ပန်းက
ပိုလှသွားတယ်လို့မြင်မိတယ်

ကျွန်တော်ဘာတွေ တွေးနေမိပါလိမ့်

ပြန်တော့မယ်နော်လူကြီး

ဟုတ်ပါပီဗျာ...

ဒီလိုနဲ့ သူမလာတိုင်း လာတိုင်း
ကျွန်တော့ဆီက ပန်းတစ်ပွင့်တစ်ပွင့်တောင်းလေ့ရှိတယ်

စကူဘီကော လူကြီး

အထဲမှာ ခလေး

စကူဘီရေ...

ကျွန်တော်ခေါ်ရင် ချက်ခြင်းမလာတတ်တဲ့စကူဘီက
သူမခေါ်တော့ ပြေးလာလိုက်တာများ တန်းနေတာပဲ

ဘာဆေးတွေများကျွေးထားလဲ ခလေးရေ...

ခလေးက ချစ်ဖို့ကောင်းလို့ စကူဘီက
ခင်သွားတာပါ လူကြီးရဲ့

ဟုတ်တယ်မလားစကူဘီ

သူမကဖြူစင်တယ် သူမကိုမြင်နေရရင်
စိတ်ချမ်းသာတယ် ခရမ်းရောင်ပန်းတွေနဲ့
သူမနဲ့ရှိနေရင် သဘာဝကြီးက ပိုလှပသွားသလိုပဲ

သမီးရေ...

ရှင့် မေမေ

သမီးက ဒီရောက်နေတာကို

ပြန်ရအောင်လေ သမီး

သမီးဖေဖေ ခေါ်နေပြီ

ဟုတ်မေမေ

လာပြီရှင့်

ပြန်တော့မယ်နော်လူကြီး

ဟုတ်ပြီဗျ

လူကြီးက မေ့နေပြန်ပြီ

ဘာများလဲ

ခလေးကို ပန်းမခူးပေးရသေးဘူးလေ

ဟုတ်သားပဲ

ရပါပီဗျာ...

ပန်းပန်လိုက်တဲ့အခါတိုင်း ပြုံးရယ်လိုက်တဲ့အပြုံးလေးနဲ့ ပေါ်လာတဲ့ သွားထက် လေးက အရမ်းစွဲဆောင်မှု့ရှိတယ်

နောက်နေ့....////

ရောက်နေ့ကျအချိန်မှာ သူမ ရောက်မလာခဲ့ဘူး

မအားလို့လားမသိဘူးတွေးနေတုန်းမှာပဲ
သူမရဲ့အမေရောက်လာခဲ့တယ်

အော် အန်တီ ထိုင်လေ

အန်တီလာရတာက သားကိုပြောစရာလေးရှိလို့ပါ

ဟုတ်ကဲ့ဗျ

အန်တီ့သမီးနဲ့ သားတို့ဘယ်ခြေနေရောက်ပြီလဲ

ဗျာ!!! ဘယ်ခြေနေမှ မရောက်သေးပါဘူးဗျ

အန်တီက သဘောရိုးနဲ့မေးကြည့်တာပါ

သားတို့နှစ်ယောက်ရဲ့ မျက်လုံးတွေထဲမှာ
သံယောဇဥ်တွေ အန်တီမြင်နေရလို့ မေးကြည့်တာပါ

အခုထိတော့ ကျွန်တော်တို့က ဒီတိုင်းပါပဲအန်တီ

ဒီနေ့ကော သူဘာလို့ မလာတာလဲအန်တီ

အဲ့အကြောင်းပြောပြမလိုပါပဲ

မင်းညီမလေးမှာက ဦးနှောက်ကင်ဆာရှိနေတယ်လေ

ဗျာ!!!

ဒီနေ့က ရက်ချိန်းကျလို့ သူ့အဖေနဲ့ ဆေးရုံသွားကြတယ် တစ်ပတ်လောက်တော့ ကြာလိမ့်မယ်

အန်တီနောက်နေတာတော့ မဟုတ်ပါဘူးနော်
သဘောမတူဘူးဆိုလဲ ကျွန်တော်နောက်ဆုတ်ပေးမှာပါ

မင်းတို့ချစ်ခြင်းကို အန်တီမခွဲပါဘူး

အန်တီက အမှန်တိုင်းပြောပြတာပါ

ဒီအကြောင်းတော့ မင်းညီမလေးမသိစေနဲ့နော်
သူက မင်းကိုမပြောပြဖို့ တဖွဖွမှာနေတာ

အင်းပါအန်တီ

အန်တီ ဆေးရုံကိုသွားတဲ့ခါ ပန်းလေးတစ်ပွင့်ယူယူ
သွားပေးပါလား သူအရမ်းသဘောကျလို့လေ

သူမေးတဲ့အခါ ခြံရှေ့မှာလာပို့ထားတာတွေ့လို့
ဒီတိုင်းယူလာတာလို့လိမ်ပေးပါနော်အန်တီ

ဟုတ်ပါပီသားရယ်

ဒါဆို အန်တီ ပြန်တော့မယ်နော်

ဟုတ်အန်တီ

ဖြစ်မှဖြစ်ရလေ ခလေးရာ...
ကျွန်တော်ခလေးကို ပိုသနားပြီးချစ်လာတယ်
ကျွန်တော့်အချစ်တွေ ခလေးသိဖို့
ကျွန်တော်ဖွင့်ပြောလိုက်ချင်တယ်

ကျွန်တော် မနက်တိုင်း အန်တီတို့ခြံရှေ့ ပန်းလေးသွားထားပေးတယ် အန်တီကလဲ ယူသွားပေးပါတယ်

ဒီလိုနဲ့ တစ်ပတ်အကြာ///

ကလင်ကလင်

လအတော်ကြာမှ ကြားရတဲ့အသံမို့
ခလေးဖြစ်နေရင် ကောင်းမှာပဲလို့တွေးပြီး
ကျွန်တော်ခြံရှေ့သွားကြည့်တော့
တကယ်ပဲ သူမဖြစ်နေတယ်
နည်းနည်းပိန်သွားပင်မဲ့ သူမကခုထိလှတုန်းပါပဲ

ကျွန်တော် ဝမ်းသာအားရ ဖက်လိုက်မိတယ်
မျက်ရည်တွေကအလိုလိုကျနေမိတယ်

ဘာလို့ငိုနေတာလဲလူကြီး

ဝမ်းသာလို့ ငိုမိတာပါ

ခလေးကို လွမ်းနေတာလူကြီးက

ခလေးလူကြီးဆီပြန်မလာတော့ဘူးထင်တာ
ခလေးမလာလို့ ခလေးတို့ခြံရှေ့မှာလူကြီး
ပန်းတွေ လာလာထားသေးတယ်
ခလေးဘယ်တွေသွားနေတာလဲဟင်

ခလေး ဖွားဖွားတို့ဆီအလည်သွားနေလို့ပါ
ပြန်လာချင်ပင်မဲ့ ဖွားဖွားက ပြန်မလွှတ်သေးတာနဲ့
ကြာသွားတာ

ခလေးလိမ်နေတာကို ကျွန်တော်သိပင်မဲ့
ဘာလို့လိမ်နေရတာလဲဆိုပြီး ကျွန်တော်မမေးရက်ဘူး
ခလေးကိုကြည့်ရင်း ကျွန်တော့်ရင်တွေအောင့်လာတယ် ကျွန်တော်ခလေးနဲ့ မခွဲနိုင်ဘူး...

လူကြီး

လူကြီး

ဗျာ

ဘာတွေတွေးနေတာလဲ

ဘာမှမဟုတ်ပါဘူး စကူဘီလေးနေမကောင်းလို့လေ

ဟုတ်လား

သူအထဲမှာလားခလေးသွားကြည့်လိုက်အုံးမယ်နော်

စကူဘီရေ...

နင်ကနေမကောင်းဘူးလား

လူကြီးမှာက အဖော်ဆိုလို့ နင်ပဲရှိတာလေ
နေကောင်းအောင် နေရမယ်နော်
စကားနားထောင်ရင် နောက်ခါလာရင်မုန့်ဝယ်ကျွေးမယ်

ခလေးရောက်နေတာလဲ ကြာပြီဆိုတော့
ပြန်တော့မယ်နော်လူကြီး

လူကြီးခလေးကိုပြောစရာရှိတယ်

ပြောလေလူကြီး

လူကြီးခလေးကို ချစ်တယ်

သူမကျွန်တော့်ကိုသေချာကြည့်ပြီး

လူကြီးကို ခလေးမချစ်ဘူး
ပြီးတော့ အကိုတစ်ယောက်လိုပဲခင်တယ်

ခလေးမှာလဲလက်ထပ်ရမဲ့သူရှိတယ်

သူမပြောချင်တာပြောပြီးစက်ဘီးနင်းကာထွက်သွားတယ် ဖုံးကွယ်ထားပင်မဲ့ ခလေးရဲ့မျက်ရည်တွေကို
ကျွန်တော်မြင်နေရတယ် သူဘာလို့ဒီလိုပြောလဲ
ဆိုတာလဲ ကျွန်တော်နားလည်ပါတယ် ကျွန်တော်
ခလေးအနားမှာ ဘယ်လိုပဲဖြစ်ဖြစ် နေဖို့ဆုံးဖြတ်ပင်မဲ့
ခလေးကတော့ ကျွန်တော်နာကျင်ပြီး ကျန်ခဲ့ရမှာဆိုးလို့
အချိုဆုံးမုသားသုံးသွားတာကျွန်တော်သိတာပေါ့ဗျာ...

ဒီလိုနဲ့ ခလေးကျွန်တော့ဆီရောက်မလာတော့ဘူး

လရက်တွေအကြာ...///

အန်တီနဲ့ ပြန်ဆုံတယ်

ခလေးအခြေအနေဘယ်လိုလဲဆိုတော့

သိပ်တော့ ခြေနေမကောင်းတော့ဘူးသားတဲ့

ကျွန်တော်ပို့ပေးတဲ့ ပန်းတွေတော့ သူ့လက်ထဲအရောက်ပို့ပေးပါနော်အန်တီ...

အန်တီပို့ပေးပါ့မယ်

ဒီနေ့က စကူဘီလေး ဆုံးနဲ့နေ့ လေ
ကျွန်တော်သံယောဇဥ်ရှိတဲ့အရာတွေထဲက
တစ်ခုတော့...ထွက်သွားလေပြီ....
စကူဘီနဲ့ ဆုံခဲ့တာကလည်း ထူးဆန်းတယ်
ဒီပန်းခြံလေးကို စစဝယ်တဲ့နေ့မှာပဲ
ညဘက်မိုးတွေသည်းတဲ့အချိန်
ခြံထဲကို စကူဘီလေး စရောက်လာတာပဲ
ပိုင်ရှင်တွေ့ရင် ပြန်ပေးမယ်ဆိုပြီး
မွေးထားလိုက်တာ မတွေ့တော့
ကိုယ်တိုင်ပဲမွေးစားလိုက်တော့တယ်
စကူဘီလေးအကြောင်းစဥ်းစားရင်း
ဆေးလိပ်ထိုင်သောက်နေလိုက်တယ်...

ခဏ အကြာတော့

အန်တီကိုယ်တိုင်ရောက်လာတယ်

သား...မင်းညီမလေးနောက်ဆုံးခြေနေရောက်ပြီတဲ့

ကျွန်တော့်ရင်ဘက်တွေ အောင့်တတ်လာတယ်
စကူဘီလေးလည်း ကျွန်တော့ကိုဒီနေ့ပဲထားသွားတယ်
အခုတော့....
ခလေးပါ ကျွန်တော့ကို ထားသွားတော့မှာလားဗျာ...

ကျွန်တော်သူ့ကိုတွေ့ချင်တယ်အန်တီ ဒီတစ်ခါတော့
တွေ့ခွင့်ပေးပါနော်အန်တီ

ကျွန်တော်လက်အုပ်ချီပြီး အန်တီ့ရှေ့အလိုလို
ဒူးထောက်ကျသွားတယ်

အာ့လိုမလုပ်ပါနဲ့သားရယ် ထပါ
အန်တီ လိုက်ပို့ပေးမယ်နော်

ကျွန်တော် သူမ ကြိုက်တဲ့ပန်းလေးတစ်ပွင့်ကို ​ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတယ်

အခန်းရှေ့အရောက်//

ဝင်သွားတော့သား...

ကျွန်တော့ခြေလှမ်းတွေ တုတ်ဆိုင်းဆိုင်းဖြစ်နေတယ်
ခလေးကို မြင်တော့ မျက်ရည်တွေဘယ်လိုမှထိန်းမနိုင်တော့ဘူး ခလေးခုလိုဖြစ်နေတာကို ကြည့်ဖို့
ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး...

ခလေးကတော့ အံ့သြပြီး ကျွန်တော့ကိုကြည့်နေတယ်
သူမ မျက်ဝန်းမှာ မျက်ရည်တွေလည်းပြည့်နေတယ်

မငိုနဲ့လေ ခလေး

မျက်ရည်တွေကိုသုတ်ပေးလိုက်တော့

အားသိပ်မရှိတဲ့အသံလေးနဲ့ လူကြီးတဲ့...

ကျွန်တော်ရူးမတတ်ပါပဲ

လူကြီးရှိတယ်လေ လူကြီးရောက်လာပြီနော်
စကားတွေ ပြောနေရင် ခလေးမောနေမှာပေါ့

ဒီမှာ ခလေးကြိုက်တဲ့ပန်းလေး
လူကြီးယူလာတယ်
လူကြီးကိုယ်တိုင်ပန်ပေးမယ်နော်

ကျွန်တော့လက်တွေ တုန်ရီနေတယ်
ကျွန်တော့ရင်ဘက်တစ်ခုလုံး
မီးလောင်နေသလိုပါပဲ

လူကြီး ခလေးဖြစ်နေတာကို အစထဲက သိနေတာလားခလေးကို မမုန်းဘူးလားဟင်
ခလေးလူကြီးတစ်ယောက်ထဲ ကျန်ခဲ့ရမှာဆိုးလို့
မချစ်ဘူးဆိုပြီးပြောခဲ့မိတာပါ

ဘာလို့ ခလေးကိုမုန်းရမှာလဲ
ခလေးကို လူကြီးအရမ်းချစ်တယ်
နောင်လဲ ချစ်သွားမှာ

ခလေးလည်း လူကြီးကို ချစ်တယ်.......

လူကြီးသိတယ်လေ
ခလေးမပြောလဲ လူကြီးသိပါတယ်ခလေးရာ....

ခလေးမောနေမယ်နော် မပြောနဲ့တော့နော်...

ခလေး...

ခလေး...

ခလေး......

အန်တီ လုပ်ပါအုံး ခလေးခေါ်မရတော့ဘူး

ခလေးးးးး

ကျွန်တော် ဘာမှန်းမသိ ခဏအိပ်ပျော်သွားတယ်
အိပ်မက်ထဲမှာခလေးနဲ့ဆုံတယ်

ခလေးက ခရမ်းရောင်ဂါဝန်လေးနဲ့ပဲ
ခေါင်းမှာလဲ ခရမ်းရောင်ပန်းလေးပန်ထားတယ်
အရမ်းလှ တယ် ကျွန်တော့်ကိုပြုံးပြနှုတ်ဆက်နေတာ
စကူဘီလေးကော ခလေးရဲ့အနားမှာ

ခလေးကိုလွမ်းတိုင်း ခရမ်းရောင်ပန်းတွေဆီလာခဲ့နော်ခရမ်းရောင်ပန်းတွေနဲ့အတူလူကြီးကိုစောင့်နေမယ် ချစ်တယ်....လူကြီးးးးဆိုပြီး သူမပျောက်ကွယ်သွားတယ်....

အဲ့တာပဲ သားလေး...

မင်းရဲ့ဦးလေးက အဲ့တာကြောင့်မို့ သူ့ခလေးလေးရှိရာ
အုတ်ဂူဆီ ခရမ်းရောင်ပန်းတွေလဲစိုက်ရင်း
သူ့ခလေးလေးကြိုက်တဲ့ပန်းလေးတစ်ပွင့်အမြဲယူပြီး သွားသွားတွေ့နေတာ....

ကျွန်တော်လဲ ဖေဖေပြောပြတာ နားထောင်ရင်း...
မျက်ရည်တွေကျလို့ပေါ့

ဒီလိုအချစ်မျိုးဆိုတာလဲ တကယ်ရှိခဲ့တာလားပေါ့ဗျာ.....။

ပြီးးးး///
🌻🤍
#လူကြီးシ

11/08/2023

ထပ်လာပြော
ငါ့နဲ့ဆက်ဆံရေး ပြတ်တောက်ချင်နေကြတဲ့
လူတိုင်း....

06/08/2023

Address

Dawei
DAWEI

Website

Alerts

Be the first to know and let us send you an email when Hein min phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category