Nge Lay Home Appliances Shop

Nge Lay Home Appliances Shop အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ယုံကြည်စိတ်ချစွာ ဝယ်ယူ အားပေးနိုင်ပါတယ်ရှင်။

crd #
24/12/2021

crd #

12/11/2021
crd
02/11/2021

crd

06/05/2021

"ရေခဲသေတ္တာနဲ့ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်"

၁။ ရေခဲသေတ္တာ၏ အတွင်း၊ အပြင်ကို ရေဖြင့်မည်သည့်အခါမှ ပက်ဖြန်းဆေးကြောခြင်း မပြုရ။
အတွင်း၌ လျှပ်စစ်ပစ္စည်းများ၊ ဝိုင်ယာကြိုးများ တပ်ဆင်ထားသဖြင့် ရှော့ဖြစ်တတ်သည်။

၂။ မီးလောင်စေတတ်သော မှုတ်ဆေးဘူး၊ ဓါတ်ငွေ့ဘူးများကို ရေခဲသေတ္တာအနီးတွင် မသုံးပါနှင့်။ ရေခဲသေတ္တာမှ အပူကြောင့် မီးလောင်တတ်သည်။

၃။ ရေခဲသေတ္တာတံခါးကို အကြာကြီးဖွင့်မထားပါနှင့်။

၄။ ပူနေသေးသော အစားအသောက်များကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ အအေးခံပြီးမှ ထည့်ပါ။

၅။ ကာဘွန်နိတ်အအေးဗူး (ဥပမာ - ကိုကာကိုလာ၊ 100 Plus) စသည်တို့ကို အပေါ်ထပ် အအေးခန်းထဲ မထည့်ပါနှင့်။

၆။ ဓါတုဗေဒဆေးရည်များ၊ ဓါတုဗေဒပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။

၇။ ရေခဲသေတ္တာအတွင်း ပစ္စည်းများကို ကြပ်သိပ်နေအောင် ထည့့်မထားပါနှင့်။ လေလှည့်ပတ်မှုကောင်းအောင် နေရာလပ် ပေးထားပါ။

၈။ ရေခဲသေတ္တာအပေါ်ထပ် ရေခဲခန်းအတွင်း ပုလင်း၊ ဖန်ခွက် စသည်တို့ဖြင့် ထည့်ထားသော အရည်ပုလင်းများ မထည့်ပါနှင့်။ ကွဲတတ်သည်။

၉။ အေးခဲနေသော အသားငါးများနှင့် ယခုမှ ၀ယ်လာသော အသားငါးများကို အပေါ်ရေခဲခန်းအတွင်း အတူပူးကပ်မထားပါနှင့်။ ခွာထားပါ။

၁၀။ မီးလောင်စေတတ်သောပစ္စည်းများ၊ မီးခြစ်၊ ဖယောင်းတိုင်၊ အီသာ၊ ဘင်ဇင်း၊ အယ်လ်ကိုဟော၊ ဓါတ်ငွေ့မီးခြစ်တွင် ထည့်သောအရည် စသည်တို့ကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ပေါက်ကွဲတတ်သည်။

၁၁။ သောက်ဆေး၊ ထိုးဆေးများကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ရေခဲသေတ္တာအတွင်းထည့်ထားပါ ဟု ညွှန်ကြားထား သည့် ဆေးများကိုသာ ထည့်ပါ။

၁၂။ လျှပ်စစ်ပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။

၁၃။ ရေခဲခန်းအတွင်းမှ ခဲနေသော အသားငါးများကို ထုတ်ကာ အရည်ပျော်စေပြီးနောက် ထပ်မံ၍ ရေခဲခန်းအတွင်း မထည့်ပါတော့နှင့်။ အားလုံးကုန်အောင်စားပါ။ ထို့ကြောင့် ရေခဲခန်းအတွင်းထည့်မည့် အသားငါးများကို တစ်ခါချက်လောက်ရုံ ခုတ်ထစ်၊ ရေဖြင့် သေသေချာချာဆေးပြီးမှ သိုလှောင်ပါ။ ထုတ်သည့်အခါတွင်လည်း ထို တစ်ခါချက်လောက်ရုံသာ ထုတ်ပါ။ အခြား မချက်သေးသော အသားငါးများကို အရည်မပျော်ပါစေနှင့်။ ဆက်လက်ခဲထားပါ။

၁၄။ အပူချိန်နိမ့်တွင် အလွယ်တကူ ပျက်စီးစေတတ်သော အသီးများ၊ ဥပမာ - ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ သခွားသီး၊ စသည်တို့ကို ရေခဲသေတ္တာအတွင်း ထည့်သွင်းမသိုလှောင်ပါနှင့်။

၁၅။ ရေခဲသေတ္တာ ကောင်းကောင်းအလုပ်မလုပ်တော့ဟု ဆိုလျှင် ဆက်မသုံးပါနှင့်။ အတွင်းရှိပစ္စည်းများ အားလုံးထုတ်ပါ။ ခလုတ်ကိုပိတ်ပြီး ပလပ်ကို ချွတ်ထားပါ။ ထို့နောက် ရေခဲသေတ္တာပြင်ဆိုင်သို့ပို့ပါ။ အကယ်၍ မတော်တဆ ဝိုင်ယာကြိုးပြတ်၍ ပြင်လိုလျှင် နားလည်တတ်ကျွမ်းသူကိုသာ ပြန်ဆက်ခိုင်းပါ။ တတ်ယောင်ကားများကို ဆက်ခိုင်းခြင်း၊ မသိနားမလည်ဘဲ မိမိ ကိုယ်တိုင်လုပ်ခြင်းသည် ဓါတ်လိုက်မည့် အန္တရာယ်ရော၊ မီးလောင်မည့်အန္တရာယ်ပါ ရှိပါသည်။

၁၆။ ရေခဲသေတ္တာကို (သယ်သည့်အခါ၊ နေရာပြောင်းသည့်အခါများတွင်) မည်သည့်အခါမှ မလှဲပါနှင့်။ ထောင်လျှက်သာ ထားရပါမည်။

ရေခဲသေတ္တာကို မည်ကဲ့သို့ ထိန်းသိမ်းရမည်နည်း

အပန်းမကြီးလှသော ထိန်းသိမ်းမှု အနည်းငယ်မျှ လုပ်လျှင်ပင် ရေခဲသေတ္တာ၏ သက်တမ်းကို ပိုပြီးရှည်စေနိုင်သည်။ ထို့ပြင် ပျက်ချိန်မတိုင်မီ ပျက်မည့်အန္တရာယ်မှလည်း ကြိုတင်ကာကွယ်နိုင်မည်။

အန္တရာယ်ကင်းရေး ပထမ (Safety First)

၁။ ရေခဲသေတ္တာကို သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်တော့မည်ဆိုလျှင် ပထမဦးစွာ ပြုလုပ်ရမည်မှာ ရေခဲသေတ္တာ မီးခလုတ်ကို ပိတ်ကာ ပလပ်ချွတ်ထားခြင်းဖြစ်ပါသည်။ ရေခဲသေတ္တာကို မီးမပိတ်ဘဲ၊ ပလပ်မချွတ်ဘဲ သန့်ရှင်းရေး၊ ပြုပြင် ထိန်းသိမ်းရေး မလုပ်ပါနှင့်။ အလွန်အန္တရာယ်များသည်။

၂။ လေးလံသော၊ ကွဲနိုင်သော ပစ္စည်းများကို ရေခဲသေတ္တာအတွင်းမှ ထုတ်ပါ။

၃။ ရေခဲသေတ္တာကို မီးပိတ်၊ ပလပ်ချွတ်ပြီးလျှင် နံရံမှ ခွာပါ။ ထိုသို့ခွာရာတွင် ရေခဲသေတ္တာ အောက်ပိုင်းကိုသာ ကိုင်ပြီး ဖြေးညင်းစွာ ရွှေ့ပါ။ ကြမ်းပြင်များကို မခြစ်မိ စေရန် သတိထားပါ။

၄။ ရေခဲသေတ္တာ တစ်ပတ်လည် လူ၀င်လို့ရနိုင်လောက်သည်ထိ ခွာထားပါ။

ရေခဲသေတ္တာကို ပြုပြင်ထိန်းသိမ်းခြင်း

ပုံမှန်ပြုပြင်ထိန်းသိမ်းနေပါမှ ရေခဲသေတ္တာ သက်တမ်းရှည်မည်။ အောက်ပါအတိုင်း ပြုပြင်ထိန်းသိမ်းပါ။

၁။ ရေခဲသေတ္တာ အပြင်နံရံများကို ရေနွေးအနည်းငယ် ဆွတ်ထားသော သန့်ရှင်းသည့် အ၀တ်ဖြင့် အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် သုတ်ပေးပါ။ အကယ်၍ အစွန်းအထင်းများကို သာမန်အ၀တ်စဖြင့် သုတ်မရပါက ဆပ်ပြာမှုံ့အနည်းငယ် ထည့်သုံး နိုင်သည်။ အပြင်းစား ချေးချွတ်ဆေးများသည် ရေခဲသေတ္တာတွင်သုတ်ထားသော ဆေးများကို ထိခိုက်စေနိုင်၏။

၂။ သန့်ရှင်းရေး လုပ်သည်ဆိုသော်လည်း ရေခဲသေတ္တာပေါ်သို့
ရေများလောင်းချခြင်း မပြုလုပ်ပါနှင့်။ ဓါတ်လိုက်တတ်သည်။

၃။ တံခါးလက်ကိုင်များကိုမူ သန့်ရှင်းခြောက်သွေ့သော အ၀တ်စဖြင့် နေ့စဉ်သုတ်ပြီး သန့်ရှင်းပေးပါ။

၄။ တံခါးရွက်များတွင် လေလုံစေရန် ရာဘာပြားများ တပ်ဆင်ထားပါသည်။ ထိုရာဘာများကို မပေါက်ပြဲစေရန် ဂရုစိုက်ပါ။ ထို ရာဘာများပေါ်တွင် ချေးညှော်များကပ်နေခြင်းသည် ရာဘာ၏သက်တမ်းကို ကျစေသည်။ ထို့ကြောင့် ထိုရာဘာလိုင်နာများကို မကြာခဏစစ်ဆေးပြီး ချေးညှော်များကို သန့်ရှင်းပေးပါ။

၅။ အတွင်းဘက် စင်များတွင် အစားအသောက်၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များမှကျသော အရည်များဖြင့် ညစ်ပတ်နေ တတ်ပါသည်။ ထိုအရည်များပေနေခဲ့သော် အ၀တ်စသန့်သန့်ကို ဆပ်ပြာရည် အနည်းငယ်ဆွတ်ကာ ချက်ခြင်းသန့်ရှင်းပေးပါ။

၆။ အကယ်၍ အတွင်းဘက်စင်များပေါ်တွင် ဟင်းချက်ဆီများ ပေကျံနေသော် ဆပ်ပြာနှင့် ချက်ခြင်း ဆေးကြောသန့်စင်ပါ။ ထိုဆီများကြောင့် ပလတ်စတစ်စင်များ ကွဲအက်ပျက်စီးတတ်သည်။

၇။ ရက်လွန်နေသော အစားအစာများကို ဆက်ပြီးသိုလှောင်မထားပါနှင့်။ မစားဘဲ ချက်ခြင်းလွှင့်ပစ်ပါ။ ထိုပုပ်သိုးနေသော အစားအစာများမှတဆင့် ကောင်းသောအစား အသောက်များသို့ ကူးကာ နံစော်ပြီး ရောဂါရစေတတ်သည်။

၈။ အကယ်၍ ရေခဲသေတ္တာသည် Frost Free မဟုတ်လျှင် အပေါ်ထပ်ရေခဲခန်း၌ ရေခဲများကပ်တတ်သည်။ ရေခဲများ ကပ်လာခဲ့သော် ရေခဲပြင်အထူလက်မ၀က်ခန့်ရှိလာပြီ ဆိုသည်နှင့် ရေသေတ္တာမီးကိုပိတ်၊ ပလပ်ကိုချွတ်ကာ အအေးကိုလျှော့ ပါ။ ထို့နောက် ရေခဲများပျော်အောင်စောင့်ပါ။
မှတ်ချက်။ ။ ရေခဲအရည်ပျော်အောင်လုပ်ရာတွင် ရေနှင့်လောင်းခြင်း၊ အပူပေးခြင်း၊ ပန်ကာနှင့်မှုတ်ခြင်း၊ ဒါးစသော ချွန်ထက် သည့်အရာများဖြင့် ထိုးခွာခြင်း စသည်တို့ လုံး၀မပြုလုပ်ပါနှင့်။ အီဗာပိုရေတာကွိုင်များ ပျက်စီးစေတတ်သည်။ ရေခဲသေတ္တာ ခလုတ်ပိတ်လိုက်သည်နှင့် အအေးဓါတ်လျော့ကာ ရေခဲများ သူ့အလိုလို အရည်ပျော်ကွာကျကုန်ပါမည်။

၉။ ကွန်ဒင်ဆာကွိုင်များကို သန့်ရှင်းရေးလုပ်ပါ။
ကွန်ဒင်ဆာကွိုင်များသည် ဖုံများတက်နေကာ ညစ်ပတ်နေလျှင် အပူကို ကောင်းကောင်းစွန့်ထုတ်နိုင်မည်မဟုတ်။ ထိုအခါ ရေခဲသေတ္တာအလုပ်ပိုလုပ်ရမည်။ မီးအားပိုကုန်ကျမည်။ သက်တမ်းတိုမည်။ ထို့ကြောင့် ရေခဲသေတ္တာ၏ ကွန်ဒင်ဆာကွိုင်များ ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းသည် အရေးကြီး၏။

မည်သို့ သန့်ရှင်းရေးလုပ်မည်နည်း

လွယ်ပါသည်။ ကွန်ဒင်ဆာကွိုင်များကို vacuum cleaner ရှိပါက vacuum cleaner ဖြင့် ဖုံ၊ အမှုံများကို စုပ်ထုတ်ပါ။ vacuum cleaner မရှိဘူးလား။ လွယ်ပါသည်။ ကြက်မွေးတံမြက်စည်းဖြင့်သုတ်ပါ။ ကြက်မွေးတံမြက်စည်း မရှိလျှင် သန့်ရှင်းသော အ၀တ်စုတ်ဖြင့် သုတ်ပေးပါ။ ကွန်ဒင်ဆာကွိုင်များမှာ ပူနေမည်။ ထို့ကြောင့် လက်အပူလောင်မည်။ သတိထားပါ။ ဤကဲ့သို့ သန့်ရှင်းရေးလုပ်ခြင်းကို အနည်းဆုံး ၆ လ တစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ် လုပ်ပေးပါ။ သို့သော် ဖုံထူသောဒေသများတွင် နှစ်လတစ်ကြိမ်၊ သုံးလ တစ်ကြိမ် စသဖြင့် လုပ်ပေးသင့်ပါသည်။

ကွန်ဒင်ဆာကွိုင်များအောက်တွင် ချွေးခံခွက် (drip tray) ရှိတတ်ပါသည်။ ကွန်ဒင်ဆာမှ ကျလာသောချွေးများသည် ထိုခွက် အတွင်းတွင်စုနေမည်။ ထိုခွက်ကိုလည်း မကြာခဏ သွန်ပေးရန် လိုပါသည်။ ထိုခွက်အတွင်းရှိရေတွင် ခြင်များပေါက်ဖွားနိုင် သည်။
ရေခဲသေတ္တာ၏ မည်သည့်နေရာတွင် ကွန်ဒင်ဆာကွိုင် ရှိသနည်း။

ရေခဲသေတ္တာအမျိုးအစားပေါ်မူတည်၍ ကွန်ဒင်ဆာကွိုင်မှာ ရေခဲသေတ္တာ၏
နောက်ဘက်၊ သို့မဟုတ် အောက်ဘက်တွင် ရှိတတ်ပါသည်။ ထို့ပြင် အချို့ရေခဲသေတ္တာများတွင် ကွန်ဒင်ဆာကွိုင်ကို အုပ်မထားသော်လည်း အချို့ ရေခဲသေတ္တာများတွင် ကွန်ဒင်ဆာကွိုင်များကို အုပ်ထားတတ်သည်။ အုပ်ထားလျှင် ထိုအကာများကို ဖြုတ်ရန် လိုပါသည်။
၁၀။ ပန်ကာများကို သန့်ရှင်းပေးပါ။
ကွန်ဒင်ဆာကွိုင်၊ သို့မဟုတ် အီဗာပိုရေတာများကို လေမှုတ်ပေးသော ပန်ကာများရှိပါသည်။ အထက်ပါပုံတွင်ကြည့်ပါ။ ထိုပန်ကာများတွင် ဖုံများတက်နေပါမည်။ ကွန်ဒင်ဆာကွိုင်ကို သန့်ရှင်းရေးလုပ်သောအခါ ထိုပန်ကာများကိုပါ တစ်ပြိုင်နက် တည်း သန့်ရှင်းရေးလုပ်ပေးပါ။

သတိပြုရမည့် အချက်များ

၁။ မီးပြတ်သွားသော်လည်း မူလရှိသော အအေးဓါတ်ဖြင့် ရေခဲသေတ္တာအတွင်းတွင် ဆက်လက်အေးနေမည်။ သို့သော် ထိုအအေး ဓါတ်ကို ထိန်းထားနိုင်ရန် ရေခဲသေတ္တာဖွင့်ခြင်း၊ ပိတ်ခြင်းကို မကြာခဏမပြုပါနှင့်။ အအေးခန်းမှ အသား၊ ငါးများ ကိုလည်း သည်အတိုင်း ဆက်လက်ထားပါ။ သို့သော် ၂၄ နာရီထက်ကျော်ပြီး မီးပြတ်မီဆိုပါမူ အပေါ်ထပ် အအေးခန်းမှ အသားငါးများကို ထုတ်လိုက်ပါ။ သည်အတိုင်းဆက်မထားပါနှင့်။ အအေးဓါတ်ပြယ်ပြီး ပုပ်ကုန်တတ်သည်။

၂။ ခရီးရက်ရှည်ထွက်တော့မည်ဆိုလျှင် -
၃ ပတ်အတွင်း ပြန်ရောက်မည်ဆိုပါက ရေခဲသေတ္တာကို မပိတ်ဘဲ သည်အတိုင်းထားခဲ့ပါ။ သို့သော် အစားအသောက်များကို တော့ ကုန်အောင် သုံးခဲ့ပါ။
၃ ပတ်ထက်ကျော်ပြီး နေမည်ဆိုပါက ရေခဲသေတ္တာအတွင်း ရှိသမျှ အစားအသောက်အားလုံးကို ထုတ်ပါ။ ရေခဲသေတ္တာကို သန့်ရှင်းပါ။ ခြောက်သွေ့အောင်လုပ်ပါ။ ထို့နောက်မီးပါပိတ်ပြီး ပလပ်ကို ချွတ်ထားလိုက်ပါ။

ဒါတွေသိထားဘို့လိုတယ်

၁။ ရေခဲသေတ္တာနံရံများ ပူနေခြင်းသည် ပုံမှန်ဖြစ်၏။ စိတ်ပူစရာမလိုပါ။

၂။ မီးဖွင့်ထားပြီး ကွန်ပရက်ဆာ မောင်းနေလျှင် တုန်နေ၊ ပူနေပါမည်။ ဤသည်မှာလည်း ပုံမှန်ဖြစ်သဖြင့် စိတ်ပူစရာမလိုပါ။

၃။ မီးပြတ်သွားပြီး မီးပြန်လာလျှင် ပုံမှန်အခြေအနေပြန်ရောက်ရန် (ရေခဲသေတ္တာလိုသည့်အပူချိန်ရောက်ရန်) ၉ နာရီမှ ၁၄ နာရီခန့် ကြာပါလိမ့်မည်။ ချက်ခြင်းပြန်မအေးလာခဲ့သော် စိတ်မပူပါနှင့်။ ရေခဲသေတ္တာကိုသာ တောက်လျှောက်ဖွင့်ထားပါ။

၄။ Frost Free သို့မဟုတ် Self-defrosting ဟုရေးထားသော ရေခဲသေတ္တာများသည် အပေါ်ထပ်၌ ခဲလာမည့် ရေခဲများကို ၆ နာရီမှ ၈ နာရီ ကြာတိုင်း သူ့ဟာသူ ပြန်အရည်ဖျော်ပေးသွားပါလိမ့်မည်။ သီးသန့်ရေခဲဖျော်ပေးရန် မလိုပါ။

၅။ ယခုခေတ်ရေခဲသေတ္တာများ၌ အနံ့ဖျောက်ပေးသည့် Platinum Deodorzing device ပါတတ်ပါသည်။ သို့သော် အပြင်ကကြည့်၍ မမြင်ရပါ။ ရေခဲသေတ္တာအတွင်းမှ အသားငါးများ၏ ညှီနံ့စသော မကောင်းသည့် အနံ့အသက်များကို ဖျောက်ပေးပါသည်။

၆။ အကယ်၍ မိုးသည်းထန်စွာ ရွာနေခဲ့သော်၊ သို့မဟုတ် ရေခဲသေတ္တာထားသည့် ပတ်၀န်းကျင်တွင် အ၀တ်ရေစိုများ လှန်းထား သော် ရေခဲသေတ္တာနံရံ၌ ချွေးပြန်တတ်ပါသည်။ ဤသည်မှာ ဖန်ခွက်အတွင်း ရေခဲထည့်ထားလျှင် ဖန်ခွက်နံရံ၌ ချွေးပြန်သကဲ့သို့ ဖြစ်၏။ ဤသည်မှာ ပုံမှန်ဖြစ်၍ စိတ်ပူစရာမလိုပါ။

၇။ ရေခဲသေတ္တာအောက်တွင် အပေါ်ထပ်ရေခဲခန်းမှ ဖျော်ချလိုက်သည့် ရေ သို့မဟုတ် ချွေးများကို ခံပေးသော ချွေးခံခွက်ရှိပါသည်။ ပုံမှန်အားဖြင့် ချွေးခံခွက်ကို ရေသွန်စရာမလိုပါ။ အငွေ့ပျံပြီး ရေများခန်းသွားပါလိမ့်မည်။ သို့သော် အချိန်ကြာလာသည့်အခါ ထိုခွက်ထဲ၌ မှိုများပေါက်လာတတ်၊ အနံ့အသက်များ ထွက်လာတတ်ပါသည်။ ထိုကဲ့သို့မဖြစ်အောင် ခွက်ကို ပုံမှန်ဆေးကြောပေးရန်လိုပါသည်။

၈။ ရေခဲသည် ရေခဲသေတ္တာထဲမှ အနံ့အသက်များကို စုပ်ယူနိုင်၏။ ထို့ကြောင့် ရေခဲခွက်များ နံနေတတ်ပါသည်။ ရေခဲခွက်များ အနံ့အသက်ပျောက်အောင် ၂ လ တစ်ကြိမ်၊ ၃ လတစ်ကြိမ် ဆေးကြောပေးပါ။
ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ခြင်း

မှတ်ချက်။ ။ တံခါးရွက်တွင် လေလုံအောင်ထိန်းပေးသော ရာဘာလိုင်နာရှိသည်။ ထိုလိုင်နာကို မပေါက်ပြဲ၊ မပျက်စီးစေရန် အထူးသတိပြုပါ။ ထိုလိုင်နာ ကွဲအက်၊ ပျက်စီးပါက ရေခဲသေတ္တာ ကောင်းကောင်းအေးတော့မည် မဟုတ်ပါ။

ဘာပြဿနာ တက်နေသလဲ?

ရေခဲသေတ္တာ လုံး၀အလုပ်မလုပ်တော့လျှင် (မအေးတော့လျှင်) အောက်ပါတို့ကို စစ်ဆေးပါ။

၁။ ရေခဲသေတ္တာ ပလပ်ကို သေသေချာချာ ထိုးထားရဲ့လား?
(ပလပ် မမိတမိဖြစ်နေရင် သေသေချာချာ ပြန်ထိုးပါ။)

၂။ ရေခဲသေတ္တာရဲ့ မီးခလုတ်ဟာ ကောင်းသေးရဲ့လား?
(မီးခလုတ်ကောင်းမကောင်းကို တခြား လျှပ်စစ်ပစ္စည်း တစ်ခုခု (ဥပမာ - မီးပူ၊ ဆံပင်အခြောက်ခံစက်) စတာတွေသုံးပြီး စစ်ကြည့်နိုင်ပါတယ်။ မကောင်းရင် ခလုတ်လဲပါ။)

၃။ ရေခဲသေတ္တာမီးလိုင်းက breaker ကျနေသလား။ Fuse (ဖျူ့စ်) ပြတ်နေသလား?
(Breaker ကျနေရင် ဘာကြောင့်ကျသလဲ အကြောင်းရင်းကို ရှာပါ။ နောက်ပြန်တင်ပါ။ ဖျူ့စ်ပြတ်နေရင် တစ်နေရာရာမှာ
ရှော့ဖြစ်နေသလား စစ်ဆေးပြီး အရွယ်တူ ဖျူ့စ်ကို ပြန်၀ယ်ထည့်ပါ။ ဖျူ့စ်ကို မူလအရွယ်ထက် ပိုကြီးမထားပါနဲ့။ ရေခဲ သေတ္တာ ပျက်စီးတတ်ပါတယ်။ ရေခဲသေတ္တာများအတွက် fuse ဟာ ၁၃ အမ်ပီယာ (13A) ဖျူ့စ် ဖြစ်ပါတယ်။)

၄။ ရေခဲသေတ္တာက ဝိုင်ယာကြိုးကို ကြွက်တွေကိုက်ဖြတ်ထားလို့ ပြတ်နေသလား?
(ဝိုင်ယာကြိုးပြတ်တောက် ပျက်စီးနေရင် ကြိုးအသစ်နဲ့ အစားထိုးပါ။ ပြန်ဆက်ပြီး မသုံးပါနဲ့။)

ရေခဲသေတ္တာ ကောင်းကောင်း မအေးတော့လျှင် အောက်ပါတို့ကို စစ်ဆေးပါ။

၁။ ရေခဲသေတ္တာအတွင်းက အပူချိန်ထိန်းခလုတ်ဟာ နံပါတ် (၁) ကိုရောက်နေသလား?
(ပုံမှန်ဆိုလျှင် ခလုတ်ကို နံပါတ် ၃ မှာထားပါတယ်။ နံပါတ် ၁ မှာဆို အေးမှာမဟုတ်ပါ။ နံပါတ် ၃ သို့ပြန်ပြောင်းပါ။)

၂။ ရေခဲသေတ္တာအနီးမှာ အပူထုတ်တဲ့ (မီးဖို၊ နေရောင်တိုက်ရိုက်ထိုးကျနေခြင်း) အရာတွေ ရှိနေသလား?
(ရေခဲသေတ္တာနားမှာ မီးဖို၊ မီးပူစတာတွေရှိနေရင် ဝေးရာကို ရွှေ့ထားပါ။ ရေခဲသေတ္တာကို နေထိုးနေရင် နေမထိုးတဲ့နေရာကို ရွှေ့ပေးပါ။)

၃။ ရေခဲသေတ္တာတံခါးကို သေသေချာချာပိတ်ထားရဲ့လား။ တံခါးဟနေသလား?
(တံခါးမစေ့ရင် အအေးလျော့ပါတယ်။ ရေခဲသေတ္တာတံခါးကို ပိတ်တဲ့အခါ သေသေချာ စေ့အောင် ပိတ်ဖို့လိုပါတယ်။)

၄။ ရေခဲသေတ္တာရဲ့တံခါးက ရာဘာလိုင်နာတွေ ပေါက်ကွဲပျက်စီးနေသလား?
(တံခါးက လိုင်နာတွေပေါက်ပြဲနေရင် အပြင်ကလေတွေ၀င်နိုင်တာကြောင့် ကောင်းကောင်းအေးမှာမဟုတ်ပါ။ ဆိုင်ပို့ပြီးလိုင်နာအသစ်ပြန်ထည့်ပါ။)

၅။ ရေခဲသေတ္တာတံခါးကို အကြာကြီးဖွင့်ထားသလား?
(ရေခဲသေတ္တာတံခါးကို ပစ္စည်းယူပြီးတာနဲ့ ချက်ခြင်းပြန်ပိတ်ဖို့လိုပါတယ်။ အကြာကြီးဖွင့်မထားပါနဲ့။)

၆။ ရေခဲသေတ္တာထဲမှာ ပူနေသေးတဲ့ အစားအစာတွေ ထည့်ထားသလား?
(ရေခဲသေတ္တာထဲမထည့်ခင် အစားအသောက်တွေကို အရင်အအေးခံပါ။ ပူနေတဲ့ အစားအသောက်တွေ ရေခဲသေတ္တာထဲမထည့်ပါနဲ့။)

၇။ ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့ပစ္စည်းတွေ အရမ်းများပြီး ကျပ်သိပ်နေသလား?
(ရေခဲသေတ္တာထဲ ပစ္စည်းတွေထည့်တဲ့အခါ စနစ်တကျ ထည့်ဘို့လိုပါတယ်။ ပစ္စည်းတွေနဲ့ ကျပ်သိပ်နေရင် လေကောင်း ကောင်းမလှည့်ပတ်နိုင်လို့ ကောင်းကောင်းအေးမှာ မဟုတ်ပါ။)

၈။ ရေခဲသေတ္တာဟာ နံရံနဲ့ သိပ်ကပ်နေသလား?
(ရေခဲသေတ္တာကို နံရံကနေ အနည်းဆုံး ၂ လက်မ ခွာထားရပါမယ်။ နံရံနဲ့ သိပ်ကပ်လွန်းနေရင် ဒါမှမဟုတ် ရေခဲသေတ္တာနဲ့
နံရံအကြားမှာ ပစ္စည်းတွေထည့်ထားရင် လေလှည့်ပတ်မှုမကောင်းလို့ အေးမှာမဟုတ်ပါ။ ရေခဲသေတ္တာနဲ့ နံရံအကြားမှာဘာပစ္စည်းမှ မရှိပါစေနဲ့။

၉။ တကယ်လို့ Damper control ပါခဲ့ရင် mid-position (အလယ်မှာ) ထားပေးပါ။

အောက်ထပ်ရေခဲသေတ္တာခန်းထဲက အစားအသောက်တွေ အေးခဲနေလျှင်
အောက်ပါတို့ကို စစ်ဆေးပါ။

၁။ ရေခဲသေတ္တာအတွင်းက အပူချိန်ထိန်းခလုတ်ဟာ နံပါတ် (၅) ကိုရောက်နေသလား?
(နံပါတ် ၅ ဟာ အမြင့်ဆုံးခလုတ်ဖြစ်လို့ အရမ်းအေးပါတယ်။ မလိုအပ်ရင် နံပါတ် ၃ မှာပဲထားပါ။)

၂။ ရေခဲသေတ္တာထဲမှာ စွတ်စိုနေတဲ့ အစားအစာတွေ ထည့်ထားသလား?
(အရမ်းစွတ်စိုနေတဲ့ ဥပမာ - မျှစ်ချဉ်၊ ချဉ်ဖတ်၊ စိတ်ထားတဲ့ ဖရဲသီး စတာတွေဟာ ရေငွေ့ကိုထုတ်ပြီး တခြား အစားအသောက်တွေကို အေးခဲစေပါတယ်။ တကယ်လို့ ဖရဲသီးစိတ် ထည့်ချင်တယ်ဆိုရင် ဒီအတိုင်းမထည့်ပါနဲ့။ wrapping plastic ဆိုတဲ့ အစားအသောက်တွေကိုပတ်တဲ့ ပလတ်စတစ်အကြည်စ ပါးပါးကလေး ရှိပါတယ်။ အဲဒါနဲ့ပတ်ပြီးမှ ထည့်ပါ။)

ရေခဲသေတ္တာသည် တုန်ခါနေလျှင်၊ အသံများထွက်နေလျှင် အောက်ပါတို့ကို စစ်ဆေးပါ။

၁။ ရေခဲသေတ္တာထားတဲ့ ကြမ်းပြင်ဟာ မညီညာဘဲ ခြေထောက်တစ်ဖက် လွတ်နေသလား?
(ပထမ - ရေခဲသေတ္တာထားတဲ့ ကြမ်းပြင်ဟာ ညီညာတဲ့ ကြမ်းပြင်ဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး ရေခဲသေတ္တာရဲ့ ခြေထောက် လေးချောင်းစလုံး ကြမ်းပြင်နဲ့ထိနေရပါမယ်။ ခြေထောက်တစ်ဖက် လွတ်နေရင် တစ်ခုခုနဲ့ ခုပေးပါ။)

၂။ ရေခဲသေတ္တာနောက်၊ အောက်ဘက်က ကွန်ပရက်ဆာဘက်မှာ တစ်ခုခု၀င်နေသလား?
(အကြောင်းတစ်စုံတစ်ခုကြောင့် ကွန်ပရက်ဆာဘက်ကို သတ္တုပစ္စည်းတစ်ခုခု၀င်နေရင် အသံတွေမြည်နေပါမယ်။ အဲဒီအခါအဲဒီပစ္စည်းကို ရှာပြီးထုတ်ပစ်ပါ။)

၃။ ချွေးခံခွက် (drip tray) ချောင်နေရင်လဲ အသံထွက်တတ်ပါတယ်။ ပြန်ကျပ်ပေးပါ။

၄။ ရေခဲသေတ္တာနောက်၊ အောက်ဖက်မှာ ကာထားတဲ့ အကာတွေ ချောင်နေသလား။ ပြန်ကျပ်ပေးပါ။

ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ

1. Samsung Refrigerator Owner’s Instructions
2. LG Refrigeator Service Manual
3. Toshiba Refrigerator Instruction Manual
4. Hot Point Larger Fridge User Manual

Credit to အေးငြိမ်း

⚛⚛⚛⚛⚛⚛⚛⚛⚛

" ရေခဲသေတ္တာထဲမှာ အနံ့အသက် ပျောက်အောင် လုပ်တဲ့နည်း "

ရေခဲသေတ္တာထဲမှာ နံနေရင် –

၁။ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။

၂။ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။

၃။ ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။

၄။ ဆပ်ပြာမှုံ့ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အဝတ်စမှာဆွတ်။

၅။ ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။

၆။ အားလုံးပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။ အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။

က)မီးသွေးသန့်သန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ခ) ကွေကာအုတ်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ဂ) ကော်ဖီမှုန့်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

ဃ)ရှာလကာရည်ကိုပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။

င)ဘိတ်ကင်းဆိုဒါ(BakingSoda)နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ။ ။
မူရင်း crd # # #
Credit…Original Uploader

Air Cooler လေးတွေ model မျိုးစုံရှိပါတယ်
28/01/2021

Air Cooler လေးတွေ model မျိုးစုံရှိပါတယ်

Crd # # #
17/01/2021

Crd # # #

အသား​အေး ၀တ်လို့​ကောင်း ပွဲတိုးတဲ့ အင်း​လေးချည် ကတ်ရှမီး အ​​​နွေးထည် အပါးသားမို့ ဘယ်ရာသီမဆို အဆင်​ပြေပါတယ်ရှင် ဝတ်လို့အရ...
13/01/2021

အသား​အေး ၀တ်လို့​ကောင်း ပွဲတိုးတဲ့ အင်း​လေးချည် ကတ်ရှမီး အ​​​နွေးထည်
အပါးသားမို့ ဘယ်ရာသီမဆို အဆင်​ပြေပါတယ်ရှင်
ဝတ်လို့အရမ်းကောင်းပါတယ်ရှင်
Lb120/150 ထိရ freesize
ချုပ်ရိုးချုပ်သားကောင်
Cutting ကောင်းကောင်း ဝတ်လို့ကောင်းကောင်း
စျေးချုပ်မဟုတ်ပါ
Ws 8000

Wave Money မှ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အစိုးရပင်စင်စားများကြုံတွေ့နေရသော အချိန်ကြာတန်းစီစောင့်ဆိုင်းရသည့် အခက်အခဲများ လ...
11/01/2021

Wave Money မှ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အစိုးရပင်စင်စားများကြုံတွေ့နေရသော အချိန်ကြာတန်းစီစောင့်ဆိုင်းရသည့် အခက်အခဲများ လျော့ကျစေရန် မြန်မာ့စီးပွားရေးဘဏ်နှင့်ပူးပေါင်း၍ ပင်စင်လစာများအား WavePay မှတစ်ဆင့်လွယ်ကူစွာထုတ်ယူနိုင်ပါပြီနော်။ ☺️😇

ယခုလက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံးမှ မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၂၅၀) ကျော်တွင် WavePay အက်ပလီကေးရှင်းမှတစ်ဆင့် ပင်စင်လစာများထုတ်ယူနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာလိုက်ပါတယ်။😊

Wave Money အနေဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပင်စင်စားဝန်ထမ်းတွေအတွက် ဝန်ဆောင်မှုများကို Wave Money Agent ဆိုင်ပေါင်း (၆၈,၀၀၀) ကျော် မှတစ်ဆင့် ပိုမိုလွယ်ကူ၊လျင်မြန်၊အဆင်ပြေစေရန် မြန်မာ့စီးပွားရေးဘဏ်နှင့်ရှေ့ဆက်၍လည်း ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်နော်။👍

အခုပဲ သင့်ပင်စာလစာ ထုတ်တဲ့ မြန်မာ့စီးပွါးရေး ဘဏ်ခွဲကိုသွားပြီး WavePay အက်ပလီကေးရင်း နဲ့ ထုတ်လို့ရအောင် သွားရောက် လျှောက်ထားလိုက်တော့နော်။😇 crd # #

09/12/2020

လိုအပ်ဆုံးသူထက်
နားလည်ပေးနိုင်ဆုံးသူကိုပိုချစ်ပါ။

အချစ်ရဆုံးသူထက်
မင်းကိုတန်ဖိုးထားဆုံးသူကိုပိုချစ်ပါ။

နံဘေးမှာရှိနေပေးသူထက်
ယုံကြည်မှုအပြည့်ဝပေးနိုင်သူကိုပိုချစ်ပါ။

မလိုအပ်ချိန်မှာရှိနေပေးသူထက်
လိုအပ်ချိန်မှာရှိနေပေးသူကိုပိုချစ်ပါ။

ပျော်ရွှင်မူမပေးနိုင်သူထက်
ပျော်ရွှင်မှုပေးနိုင်သူကိုပိုချစ်ပါ။

မျက်ရည်ကျမှသုတ်ပေးသူထက်
မျက်ရည်မကျအောင်လုပ်ပေးသူကိုပိုချစ်ပါ။

လမ်းရောက်မှလက်တွဲခေါ်သူထက်
လမ်းမရောက်ခင်လမ်းပြပေးသူကိုပိုချစ်ပါ။

မကောင်းသတင်းပြောသူထက်
ကောင်းသတင်းပြောသူကိုပိုချစ်ပါ။

အဆင်ပြေပါစေလို့ဆုတောင်းပေးသူထက်
မင်းအတွက်ငါဘာကူညီပေးရမလဲပြောသူကိုပိုချစ်ပါ။

လိုချင်တာရယူသွားတဲ့သူတွေထက်
မင်းအတွက်ပေးဆပ်ပီးချစ်နေတဲ့သူတွေကိုပိုချစ်ပါ။

မင်းကိုယ်ချစ်ပါတယ်ချစ်ပါတယ်ပြောတဲ့သူတွေထက်
မင်းအပေါ်သစ္စာရှိတဲ့သူကိုပိုချစ်ပါ။

အောင်မြင်ချိန်မှာအားပေးသူထက်
ကျရူံးချိန်မှာနှစ်သိမ့်ပေးသူကိုပိုချစ်ပါ


ရာဟုလာ နှလုံးသား မူရင်း လေးစားစွာဖြင့် crd # #

06/12/2020

#လောကမှာဖုံးကွယ်လို့မရတဲ့အရာ(၃)ခု

၁။ပညာမတတ်တာ
၂။ဆင်းရဲတာ
၃။ချစ်တာ
အဲ့ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ ။
--------------------------------------------------------

လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု

၁။ယုံကြည်မှု
၂။မျှော်လင့်ချက်
၃။ရိုးသားမှု
လက်လွှတ်လိုက်လေလေ(နောင်တ)ရလေလေမို့ပါ ။
-------------------------------------------------------

လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု

၁။အသက်
၂။အချိန်
၃။ချစ်ခြင်းတရား
ဆိုင်းငံ့ထားလေလေ ဝေးကွာလေလေမို့ပါ ။
--------------------------------------------------------

လောကမှာ ဆောင်ထားရမယ့် အရာ(၃)ခု

၁။ရိုးသားမှု
၂။လေးစားမှု
၃။ခင်မင်ဖော်ရွေမှု
ဆောင်ထားလေလေ (နောင်တ)ကင်းလေလေမို့လို့ပါ ။
-----------------------------------------------------------

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ(၃)ခု

၁။လိုမှတမ်းတတဲ့သူငယ်ချင်း
၂။ကွယ်ရာမကောင်းပြောတဲ့မိတ်ဆွေ
၃။နှုတ်စည်းမစောင့်သောအပေါင်းအသင်း
ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။
--------------------------------------------------------

လောကမှာ နောက်ကိုမရွှေ့သင့်တဲ့အရာ(၃)ခု

၁။အလှူ အတန်း
၂။မိဘကျေးဇူးဆပ်ခြင်း
၃။တရားဘာဝနာ
နောက်ရွှေ့လေလေ (နောင်တ)ရလေလေမို့ပါ ။
မူရင်း Crd #

Iphone  X     256gb       Face ID  ကောင်း      အလုံးသန့်   ဘူးပစ္စည်းအပြည့်အစုံ   ၆သိန်း
06/12/2020

Iphone X
256gb
Face ID ကောင်း
အလုံးသန့် ဘူးပစ္စည်းအပြည့်အစုံ
၆သိန်း

Address

Dagon
11191

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nge Lay Home Appliances Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share