Chase Yo' Beauty

Chase Yo' Beauty Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chase Yo' Beauty, Shopping & retail, Dagon.

04/04/2025

"မန္တလေး ငလျင်ဘေးကြောင့် အဆောက်အအုံအောက်ပိမိနေသူများကို မဖော်နိုင်သေးရင် အေသင်ကိုထံဆက်သွယ်အကူအညီတောင်းနိုင်"

"မန်းလေးမြို့တွင်း
db မဖော်ရသေးတဲ့အိမ်များ
ကိုယ်တိုင် ဆက်သွယ်ပေးပါရှင်
လူအားစက်အား အခမဲ့ ကူညီပါမည်။

095135416
095408830
095323295

Credit
အေသင်ကို

04/04/2025

🚨မန္တလေး Update သတင်းပါ 🚨

၂၆ လမ်း ၇၁လမ်းနှင့်၇၂ လမ်းကြားမှာ
( မြို့တော်စည်ပင်သာယာရေးရုံးထဲ)
Japan Medical Team ရှိပါတယ်
ဒီနေ့မှရောက်တာပါ
(4.4.2025) ဒီနေ့ဆိုရင်တော့
နေ့လည် (၁)နာရီမှ စ ကုသလို့ရပါတယ်

နောက်ရက်တွေကိုတော့
မနက် ၉နာရီမှ ညနေ ၅နာရီအထိ ရပါမယ်

လူသိပ်မသိသေးလို့ပါနော်

#ပြန်လည်မျှဝေပေးတာပါ။

03/04/2025

စစ်ကိုင်းကိုသွားလှူမယ့်အလှူရှင်တွေကို idea လေးပေးချင်ပါတယ်။

လှူမယ်ဆို Option (၃) ခုရှိပါတယ်

ဆေးရုံရယ်
Camp ရယ်
ရပ်ကွက်ရယ်

ဆေးရုံကတော့ ကုတင် ၂၀၀ တခုပဲရှိတဲ့အတွက်ရှင်းပါတယ် ဒဏ်ရာရလူနာတွေရှိပါမယ်

Camp က ၇ ခု ရှိပါတယ် အိမ်ယာမဲ့သွားတဲ့သူတွေ နေတဲ့နေရာပါ

-ဇေယျာကွက်သစ်ကွင်း

-မြို့တော်ခန်းမနားကဘောလုံးကွင်း

-မုံချောင်းကွင်း(ငါးထပ်ကြီးဘက်)

-ရန်နိုင်ကျောင်းရှေ့ကကွင်း

-အမှတ်၁ကျောင်းဘောလုံးကွင်း

-"စကုမော်(တံတားဟောင်းအောက်ဖက်)

-တောင်ပေါ် မရောက်ခင် ဇေရာတိုးချဲ့ ကြားနားက ဘုန်းကြီးကျောင်း

ဒီ ၂ နေရာက အလှူရှင်တွေ အရောက်ဆုံးနေရာပါ

ရပ်ကွက်ကတော့ အလှူရှင်တွေ အရောက်နည်းဆုံးနေရာတွေပါ ( တချို့ရပ်ကွက်တွေက လမ်းသင့်တဲ့အတွက် အလှူရှင်တော်တော်များများ ရောက်ပြီး ချောင်ကျပြီး လူသိနည်းတဲ့ရပ်ကွက်တွေကတော့ အကူအညီ သိပ်မရကြပါဘူး

အဲဒါကြောင့်ပဲ ဟိုနေရာရောက်တယ် ဒီနေရာမရောက်ဘူး နည်းတယ်များတယ် ဖြစ်ကြတာပါ

ရက်ကွက်တွေထဲ သွားလှူချင်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ နယ်ခံကို ရအောင်ချိတ်ပြီး လမ်းပြခိုင်းပါ

အလှူပစ္စည်းတွေကို တအိမ်ထောင်စုစာ တခါတည်း ထုပ်ထားရင် အဆင်ပြေပါတယ် ( ပိုးတန်းလို ရပ်ကွက်မျိုးဆိုရင် စနစ်ကျပါတယ် အိမ်ထောင်စုနဲ့ပဲ ဝေတာပါ ၂ ခါတန်းတာတွေ ၃ ခါတန်းတာတွေ မရပါဘူး

စစ်ကိုင်းမှာရှိတဲ့ အိမ်ထောင်စုစာရင်းနဲ့ ရပ်ကွက်တွေကို အောက်မှာ comment မန့်ထားပါတယ်။

အားလုံးကို ဒီမြို့လေးကိုယ်စားကျေးဇူးတင်ပါတယ် ခင်ဗျာ

#စစ်ကိုင်းဒေသခံ

29/03/2025
29/03/2025

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု

Pro Tech Care - ရန်ကုန် တာမွေ
https://www.facebook.com/share/p/1A3ZYMcHWg/

Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/

Nail House by Grace - ရန်ကုန် ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/

AUTO LIFE Car Service - မန္တလေး
https://www.facebook.com/share/p/1A4cRTsnP6/

Aye Myit Tar Store - ပဲခူး
https://www.facebook.com/share/p/12EYmadGetp/

ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး
https://www.facebook.com/share/p/1AXvqUiveD/

အဆွေတော်-ကွမ်းဒိုင် - ပြည်
https://www.facebook.com/share/p/12GMQXExm3H/

A-One ဖိတ်စာဆိုင် - ပြည်
https://www.facebook.com/share/p/1EZkRsCzbm/

Golden Galaxy - ကစားကွင်း - ကျိုက်ထို
https://www.facebook.com/share/p/1BFRiYgkvQ/

စိန်ချယ်-စားသောက်ဆိုင် - လင်းခေး
https://www.facebook.com/share/p/18b33Ncd6Q/

အထင်ကရ မိုဘိုင်း - သာစည်
https://www.facebook.com/share/p/1697JEynWq/

Mobile City - သရက်မြို့
https://www.facebook.com/share/p/1EazGyDe5N/

အောင်မြင်သူ သင်တန်းကျောင်း - မကွေး
https://www.facebook.com/share/p/17L6u97YQg/

ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး
https://www.facebook.com/share/p/1A5eHyq1ny/

Shwe Yi Win Mobile - သနပ်ပင်မြို့
https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk

မိုးမခ Mobile - ပေါင်းတည်မြို့
https://www.facebook.com/share/p/15zr5VZbax/

ထပ်မံ၍ ဖြည့်စွက်ပါမည်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

29/03/2025

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️

1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
📍 လိပ်စာဖော်ပြမထား။

5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A

8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

#ငလျင်

😍
11/02/2025

😍

GDRAGON 3rd album 😍
11/02/2025

GDRAGON 3rd album 😍

04/11/2020

မဲဆန္ဒရှင်များ ဂရုစိုက်ပေးပါ။

နိုဝင်ဘာ_၆ရက်နေ့နောက်ဆုံးထားလို့
ကား ၊ ဆိုင်ကယ် ၊ အနှေးယာဉ် ၊ အိမ် ၊ စျေးဆိုင်များတွင် အသုံးပြုထားသော ပါတီနှင့်ပတ်သက်သည့် မဲဆွယ်ဆိုင်းဘုတ်/အလံ/စတစ်ကာ/နဖူးစီး အားလုံးတစ်ခုမကျန်
ဖြုတ်ယူသိမ်းဆည်းကြပါ။

နိုဝင်ဘာ ၆၊ ၇၊ ၈ ရက်နေ့များတွင် မဲရုံနှင့်ကိုက်၅၀၀အတွင်း
ပါတီတစ်ခုခု၏မဲဆွယ်သင်္ကေတပစ္စည်း အသုံးပြုထားသည်ကိုတွေ့ရှိပါက
#ထောင်ဒဏ်တစ်နှစ်နှင့်ငွေဒဏ်တစ်သိန်း

#မဲထည့်ရန်သွားသောနေ့တွင်
ကား/ဆိုင်ကယ်/အနှေးယာဉ်များတွင် ကပ်ထားသော စတစ်ကာများ ရှိမနေစေရန် မမေ့မလျော့ ပြန်စစ်ကြပါ။

မဲထည့်ရန် သတ်မှတ်ထားသောအချိန်
#မနက်၆နာရီ_ညနေ၄နာရီ သတိပြုပါ။

မဲထည့်မည့်ဦးရေများနေ၍ စောင့်ဆိုင်းရမည်ဆိုလျှင်လည်း စနစ်တကျစိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးပါ။

#အထူးသတိထားရန်
ကိုဗစ်19 ကပ်ရောဂါ ကူးစက်မှု
ကာကွယ်နိုင်ရေး
စည်းကမ်းသတ်မှတ်ချက်များကို
တိကျစွာလိုက်နာပေးပါ။

မဲရုံသို့အဆင်သင့်ရောက်ရှိနေရန် အလွန်အရေးကြီးပါသည်။
ညနေ_၄နာရီကျော်မှ မဲရုံသို့ရောက်ရှိပါက မဲပေးခွင့်ရမည် မဟုတ်သည်ကို အထူးသတိထားပါ။

#ညနေ၄နာရီမတိုင်မှီ
မဲရုံအတွင်းသို့ရောက်နေလျှင် သေချာပေါက်မဲပေးခွင့်ရမည်။

တောင်းယူရမည့်မဲပြားအရေအတွက်
#တိုင်းရင်းသားမဟုတ်သည့် ပြည်သူများအတွက်
#မဲ_၃_မဲပြည့်အောင်တောင်းယူပါ။

၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်

#တိုင်းရင်းသားများအတွက်က တိုင်းရင်းသား လွှတ်တော် တစ်ခုပိုပါတယ်။
#မဲ_၄_မဲပြည့်အောင်တောင်းယူပါ။
၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်
၄။ တိုင်းရင်းသားလွှတ်တော်

အကယ်၍ စာရွက်ညစ်ညမ်း ပေရေပြီး စုတ်ပြဲနေလျှင် အသစ်လဲလှယ်ယူပါ။

မဲပေးရန် တံဆိပ်တုံးထုလျှင် စိတ်အေးအေးထားပါ။

#ကိုယ်ပေးမည့်ပါတီ ဘေးက အကွက်မှာ အလယ်ကျအောင် ကြိုးစားပြီး စိတ်အေးအေးထား၍ ထုနှိပ်ပါ။

#တံဆိပ်တုံးနှစ်ထပ် လုံးဝမဖြစ်ပါစေနှင့်။ နှစ်ကြိမ်ထုမိလို့ နှစ်ထပ်ဖြစ်သွားလျှင် ပယ်မဲဖြစ်မည်။

#တံဆိပ်တုံးထုတာမှားသွားလျှင် မဲပြားပြန်လည် လဲလှယ်၍ရသည်ဆိုတာ သိထားပေးပါ။

တခြားအခက်အခဲရှိလျှင် မဲရုံကြီးကြပ်သူများအား ပြေပြေလည်လည်ပြောပြ၍ အကူအညီတောင်းပါ။

မိမိသိသမျှ မဲပေးခြင်းဗဟုသုတများကို
မိမိမိသားစု မိတ်ဆွေနှင့် နီးစပ်ရာပြည်သူအချင်းချင်း
မျှဝေပြောပြပေးကြပါ။

မဲပေးသည့်နေ့တွင်လည်း စည်းကမ်းဘောင်အတွင်းမှ အချင်းချင်းသတိပေးကူညီပေးကြဖို့
မေတ္တာရပ်ခံပါသည်။

အမှန်တကယ် အရေးအကြီးဆုံးအချိန် ဖြစ်ပါ၍ ပြည်သူအားလုံး ရိုင်းပင်းညီညွတ်ပေးကြပါ။

မဲရုံအတွင်း ဟိုပါတီမဲထည့်ပါ ဒီပါတီမဲထည့်ပါဟု မဲဆွယ်ခွင့်မရှိသည်ကိုလည်း သိထားပေးပါ။

Address

Dagon

Website

Alerts

Be the first to know and let us send you an email when Chase Yo' Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share