29/05/2025
Linkedin ကနေ အလုပ်ဘယ်လိုရှာမလဲ???
#1 – ပရော်ဖက်ရှင်နယ် LinkedIn ပရိုဖိုင်ပုံကို တင်ထားပါ။
Recrutior များ ပထမဆုံးသတိပြုမိတဲ့ အရာက LinkedIn ပရိုဖိုင်ဖြစ်ပြီး မန်နေဂျာများက သတိပြုမိနိုင်ခြေ 14 ဆ ပိုမိုများပြားပါတယ်။သို့သော် ဓာတ်ပုံရိုက်ရုံမျှနှင့် မပြီးပါ။ တင်သင့်သည်များကတေ့ာ-
ယုံကြည်မှု၊ သဘောကျနိုင်မှုနှင့် အရည်အချင်းတို့ကို ပေါ်လွင်စေသော ပရိုဖိုင်ပုံတစ်ပုံရှိရန် ရိုက်ချက်များကို သတိထားပါ
မြင့်မားသော resolution ရှိပါစေ။ Resolution မြင့်လေ ဓာတ်ပုံ ပိုကြည်လင်လေ ဖြစ်ပါတယ်။ Resolution 400 x 400 pixels ရှိသော ဓာတ်ပုံတစ်ပုံကို တင်ပါ။
အဖွဲ့ဓာတ်ပုံများမှ သင့်ကိုယ်သင် ဖြတ်တောက်ပြီးတင်ခြင်းကို ရှောင်ကြဉ်ပါ။ ဒါကပရော်ဖက်ရှင်နယ်ဆန်သည့်ပုံမပေါ်စေပါ။
Linkedin Format .jpeg သို့မဟုတ် .png သို့ပြောင်းပြီးတင်ပါ။
#2 – နောက်ခံဓာတ်ပုံကို မမေ့ပါနဲ့။
နောက်ခံဓာတ်ပုံကလူအများ၏အာရုံစိုက်မှုကိုဖမ်းစားရန်၊ကိုယ်ရည်ကိုယ်သွေးကို တစေ့တစောင်းဖော်ပြရန် အခွင့်အလမ်းကောင်းတစ်ခုပေးပါတယ်။ဝန်ဆောင်မှုများ၊ ကျွမ်းကျင်မှုများနဲ့ စိတ်ဝင်စားမှုများကိုပြသတဲ့ နောက်ခံဓာတ်ပုံဖန်တီးပါ။ ဥပမာ -Software Engineer ၏နောက်ခံဓာတ်ပုံသည် "Jobscan ရှိ Software Engineer" ဟူသောခေါင်းစီးအား အားဖြည့်ပေးသည့် ကွန်ပျူတာကုဒ်လိုင်းများဖြစ်ပါတယ်။ ကိုယ် အလုပ်လုပ်နေတဲ့ ပုံတွေကို လျှပ်တစ်ပြက်ရိုက်ပြီးတင်နိုင်သလို ဆွဲဆောင်မှုရှိတဲ့ ဆောင်းပါးတစ်ပုဒ်ရေးတာ၊ ကိုယ့်အသိုင်းအဝိုင်းကို အကူအညီပေးတာ၊ ဒါမှမဟုတ် လူတွေရှေ့မှာ စကားပြောနေတဲ့ ပုံလည်းတင်နိုင်ပါတယ်။ ဥပမာ သင်သည် ဓာတ်ပုံဆရာဖြစ်ပါက၊ အကောင်းဆုံးဓာတ်ပုံများထဲမှ တစ်ခုကို တင်ခြင်းဖြင့် နောက်ခံဓာတ်ပုံက Portfolio အဖြစ်လုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။
ဝါသနာ သို့မဟုတ် စိတ်ဝင်စားမှု သင်နှစ်သက်သည့်အရာတွေကို တင်နိုင်ပါတယ်။ကိုယ်အကြိုက်ဆုံး တောင်တက်လမ်း သို့မဟုတ် ကမ်းခြေပုံလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှုများ သို့မဟုတ် ဆုများပုံကို တင်ခြင်းဖြင့် သင့်လုပ်ငန်း၏တန်ဖိုးနှင့် အရည်အသွေးအကြောင်း ပြပါ။ အကောင်းဆုံးအရည်အသွေးအတွက် 1584 x 396 Pixel ကြည်လင်ပြတ်သားမှုရှိသော ဓာတ်ပုံတစ်ပုံကို တင်လုပ်ပါ။
#3 – LinkedIn ပရိုဖိုင် URL ကို စိတ်ကြိုက်ပြင်ဆင်ပါ။
ကိုယ့်အမည်အပြည့်အစုံ နဲ့ စိတ်ကြိုက်ပြုလုပ်ခြင်းဖြင့် ပိုမိုမှတ်မိရန်နှင့် လွယ်ကူစေပြီး
ရှာဖွေမှုရလဒ်များတွင် ပရိုဖိုင်ကို ပေါ်အောင်လုပ်နိုင်တဲ့အပြင်အလုပ်ရှာနေတယ်ဆိုရင် အလွယ်တကူရှာတွေ့နိုင်ဖို့ အတတ်နိုင်ဆုံး မြင်သာစေနိုင်ပါတယ်။ အမည်အပြည့်အစုံအပြင် သင့်တွင်ရှိသော အသိအမှတ်ပြုလက်မှတ်များကိုပါ ထည့်သွင်းပါကRecrutior များက ကိုယ့်ကို အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပါတယ်။
# 4 – ခေါင်းစီးတစ်ခုရေးပါ။
LinkedIn ခေါင်းစီးက စာလုံး 220 သို့မဟုတ် ထိုထက်နည်းမယ့် ကိုယ့်ကိုယ်ကို ဖော်ပြပေးမယ့် စာတစ်ခုကိုရေးထားပါ။ သင့်ပရိုဖိုင်ပုံနှင့် နောက်ခံပုံအပြင်၊Recrutior များ သင့်ပရိုဖိုင်နှင့် ပတ်သက်၍ ပထမဆုံးသတိပြုမိသည့်အရာများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။
အလုပ်ခန့်သူများသည် LinkedIn တွင် လူများကို ရှာဖွေတဲ့အခါ ခေါင်းစီးက အမှန်တကယ် ကူညီပေးနိုင်တာကြောင့် ကိုယ့်ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုများကို ရေးပါ။
ထူးထူးခြားခြား ခေါင်းစီးတစ်ခုကို ဘယ်လိုရေးရမလဲဆိုရင်-
ဆွဲဆောင်မှုရှိပြီး တိုတိုတုတ်တုတ်ဖြစ်သင့်တဲ့အပြင် ကိုယ်အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အရာနှင့်ဘာကြောင့် သင့်ကို အလုပ်ခေါ်သင့်လဲဆိုတာ ဖော်ပြနေသင့်ပါတယ်။
အလုပ်နဲ့ပက်သက်တဲ့Keyword တွေထည့်ပါ။အထောက်အထားများ၊ အောင်မြင်မှုများနှင့် ဆုများအကြောင်း ရေးပါ။သင်ဝါသနာပါသော အကြောင်းရင်းများကို မျှဝေပါ။အဓိက အရည်အချင်းကို ဖော်ပြပါ။
#5 – Summary ကဏ္ဍတွင် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ဇာတ်လမ်းကို ပြောပြပါ။
ပုံပြင်တစ်ပုဒ်လိုမျိုး ကိုယ် ဘယ်လိုစတင်လဲ၊ သင်အောင်မြင်ပြီးပြီလဲကိုရေးပါ။
Jobscan ကဲ့သို့သောကိရိယာကိုသုံးပြီး ရှောင်ရှားရန် စကားလုံးများကို ဖယ်ကာ အလုပ်နဲ့ပက်သက်တဲ့Keyword တွေထည့်ပါ။ fluff များကို ရှောင်ကြဉ်ပြီး ရေးနိုင်သမျှ များများရေးပါ။
#6 – ဘယ်မှာနေတယ်ဆိုတာ ထည့်ပါ။
တည်နေရာတစ်ခုက သင့်ပရိုဖိုင်ကို ရှာဖွေမှုများတွင် ၂၃ ဆ ပိုမိုမြင်နိုင်စေပြီး LinkedIn က သင့်တည်နေရာနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများကို ပြသသောကြောင့် တည်နေရာတစ်ခုထည့်သွင်းခြင်းသည် သင့်ဧရိယာအတွင်း သို့မဟုတ် အနီးနားရှိ အလုပ်အကိုင်များကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေပါတယ်။
နည်းလမ်းက-
“Open to work” အကွက်ရှိ Editခလုတ်ကို နှိပ်ပါ။
"Locations" အောက်တွင်၊ သင်အလုပ်လုပ်လိုသည့်နေရာများကိုထည့်ရန် "တည်နေရာထည့်ရန်" ကိုနှိပ်ပါ။
“Save” ကိုနှိပ်ပါ။
#7 – ကိုယ်လုပ်တဲ့ industry ကို ညွှန်ပြပါ။
သက်ဆိုင်တဲ့ လုပ်ငန်းကို ညွှန်ပြခြင်းက သင့်ပရိုဖိုင်ကို အလုပ်အမျိုးအစားအလိုက် ရှာဖွေသော အလုပ်ခန့်ထားသူများကို ပိုမိုမြင်နိုင်စေပြီး သင့်အလုပ်ရှာဖွေမှုကို အရှိန်မြှင့်ပေးပါတယ်။
သင့်လုပ်ငန်းကို ထည့်ရန် သို့မဟုတ် ပြောင်းလဲရန်-
သင့်နောက်ခံဓာတ်ပုံအောက်ရှိ Edit ခလုတ်ကို နှိပ်ပါ
“လက်ရှိအနေအထား” ကဏ္ဍအောက်ရှိ “Industry” အကွက်ကို နှိပ်ပြီး ရရှိနိုင်သောစက်မှုလုပ်ငန်းရွေးချယ်မှုများထဲမှ ရွေးချယ်ပါ။
ပြီးသည်နှင့် "Save" ကိုနှိပ်ပါ။
#8 – contact infoကို အပ်ဒိတ်လုပ်ပါ။
ကုမ္ပဏီများစွာသည် Linkedin မှ AI ကိရိယာကို အသုံးပြုကာ စုဆောင်းသူများထံ SMS မှတစ်ဆင့် လျှောက်ထားသူများထံ တိုက်ရိုက်ရောက်ရှိရန် contact များကို စုဆောင်းကြပါတယ်။ထို့အပြင်၊ လူသစ်စုဆောင်းသူအများအပြားက Messaging မှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားကြတာကြောင့် စုဆောင်းသူများအတွက် ပိုမိုလွယ်ကူစေရန်၊ ကိုယ့်ဆီရောက်ရှိနိုင်သော နည်းလမ်းများစွာကို အမြဲထည့်သွင်းပါ။ ဥပမာအားဖြင့်၊ LinkedIn သည် သုံးစွဲသူများက ဖုန်းနံပါတ်နှင့် အီးမေးလ်အပြင် Skype နှင့် Google Hangouts ကို ထည့်သွင်းကြပါတယ်။
#9 - ကိုယ့် ထိပ်တန်းအရည်အချင်းများကို စာရင်းပြုစုပြီး သိမ်းပါ။
Recrutior များက သက်ဆိုင်ရာ အရည်အချင်းရှိသူများကို ရှာဖွေလေ့ရှိတာကြောင့် သင့်ပရိုဖိုင်ကို ရရှိကြောင်း သေချာစေရန် အကောင်းဆုံးနည်းလမ်းမှာ အလုပ်အပေါ် အခြေခံ၍ လိုအပ်သော အရည်အချင်းများကို ဖော်ပြပါ။ အနည်းဆုံးကျွမ်းကျင်မှုငါးခုကို စာရင်းပြုစုပါ။ အရည်အချင်းများကို မည်သည့်နေရာတွင် အသုံးပြုသည်ကို ပြောပြပါ။ ထိပ်တန်း အရည်အချင်း သုံးခုကို Highlight ပြပါ။ စုဆောင်းသူများသည် သင့်ပရိုဖိုင်ကိုကြည့်ရှုသည့်အခါ ၎င်းတို့ကိုချက်ချင်းမြင်နိုင်မည်ဖြစ်ပါတယ်။ LinkedIn Summaryတွင် ဒီအရည်အချင်းများအကြောင်း ဆွေးနွေးပြီးတတ်နိုင်သမျှ ဂဏန်းများဖြင့် ကျွမ်းကျင်မှုတစ်ခုစီကို ဖော်ပြနိုင်ပါတယ်။
#10 – အရည်အချင်းတွေကို လူတွေရဲ့ ထောက်ခံချက်များရအောင်လုပ်ပါ။
ထောက်ခံချက်များက ပရိုဖိုင်တွင် သင်ဖော်ပြထားသော ကျွမ်းကျင်မှုများကို ကျောထောက်နောက်ခံပြုရန် အတွက် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ကိုယ်စာရင်းသွင်းထားသော အရည်အချင်းများကို အမှန်တကယ်ပိုင်ဆိုင်ခြင်းရှိမရှိ ဆုံးဖြတ်လိုသော စုဆောင်းသူများအတွက် အသုံးဝင်သောအရင်းအမြစ်တစ်ခုဖြစ်လာစေပါတယ်။
ထောက်ခံချက်ရယူရန်၊ သင်နှင့်တွဲလုပ်ဖူးသူများထံ ဆက်သွယ်ပြီး ယဉ်ကျေးစွာ ထောက်ခံချက်တောင်းပါ။ သင်ပုံမှန်ပြောဆိုဆက်ဆံပုံပေါ်မူတည်၍ အီးမေးလ် သို့မဟုတ် LinkedIn မက်ဆေ့ဂျ်မှတစ်ဆင့် တောင်းပါ။သင့်ကွန်ရက်ရှိ လူများ၏ ပရိုဖိုင်များကို လည်းထောက်ခံချက်များပေးပါ။ Network ကိုချဲ့ထွင်ပြီး ပရော်ဖက်ရှင်နယ် ဆက်ဆံရေးရှိသူများနှင့် ချိတ်ဆက်ပါ။
#11 - ကျွမ်းကျင်မှုကိုစစ်ဆေးပါ။
ကျွမ်းကျင်မှုအပိုင်းကို မြှင့်တင်ရန် ပရိုဂရမ်းမင်း၊ SEO နှင့် Microsoft ကိရိယာများကဲ့သို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို ဆုံးဖြတ်ရန် LinkedIn မှ ကမ်းလှမ်းသည့် အွန်လိုင်းစမ်းသပ်မှုမျာယူပါ။ဒီအကဲဖြတ်ချက်များသည် ပုံမှန်အားဖြင့် မြန်ဆန်ပြီး ရွေးချယ်စရာမေးခွန်းပုံစံများဖြင့်း ၁၅ မိနစ်အတွင်း ပြီးမြောက်နိုင်ပါတယ်။ အကယ်၍ သင်သည် ထိပ်တန်း 30 ရာခိုင်နှုန်းအတွင်း ရမှတ်ရပါက၊ သင့်ပရိုဖိုင်တွင် ပိုမိုယုံကြည်စိတ်ချရမှုကို ပေါင်းထည့်နိုင်သည့် ကျွမ်းကျင်မှုတံဆိပ်ကို သင်ပြသနိုင်မည်ဖြစ်ပါတယ်။
#12 - ကိုယ်ကမ်းလှမ်းထားသောဝန်ဆောင်မှုများကိုပြသပါ။
သင့်ပရိုဖိုင်ကို ပိုမိုမြင်သာစေရန် အခြားနည်းလမ်းမှာ ဝန်ဆောင်မှုများကို အပ်ဒိတ်လုပ်ရန်ပါ။ဒါက client base ကိုချဲ့ထွင်လိုသော သူများအတွက်လည်း အလွန်အသုံးဝင်ပါတယ်။
#13 – စုဆောင်းသူများ ရှာဖွေနေသည့် Keywordများကို ပေါင်းစပ်ပါ။
အခြားသူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အကောင်းဆုံးနည်းလမ်းမှာ အလုပ်ခန့်ထားသူများ ရှာဖွေသည့် Keywordများကို ပေါင်းစပ်ခြင်းဖြစ်ပါတယ်။
အလုပ်ခေါင်းစဉ်/ ထိပ်တန်းကျွမ်းကျင်မှုများက သင့်ပရိုဖိုင်ကို မြှင့်တင်ပေးနိုင်သည့် Keyword များ ဖြစ်နိုင်ပါတယ်။ Jobscan ရဲ့ LinkedIn optimization tool ကိုအသုံးပြုခြင်းဖြင့်၊ လိုအပ်သောKeyword များ က ပရိုဖိုင်နဲ့ မည်မျှကိုက်ညီကြောင်းကို သင်တွေ့မြင်နိုင်ပါတယ်။
ကိုယ်အမှန်တကယ်သက်ဆိုင်သည့်သော့ချက်စကားလုံးများသာ ထည့်သွင်းပြီး ရေးတဲ့စာကြောင်းတွေကိုလည်း သဘာဝအတိုင်းဖြစ်အောင်ရေးပါ။
#14 – သင့်လုပ်ငန်းအတွေ့အကြုံအပိုင်းကို ဖြည့်စွက်ပါ။
ပရိုဖိုင်ရဲ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုသည် သင့်လုပ်ငန်းအတွေ့အကြုံဖြစ်ပြီး အသိပညာ၊ အရည်အချင်းနှင့် ဆက်စပ်မှုအကြောင်းများ အရှိဆုံးအရာဖြစ်တဲ့အပြင်၊ လူသစ်စုဆောင်းသူအများစုက ဆက်စပ်ရာထူးတစ်ခုတွင် ယခင်အတွေ့အကြုံရှိသူများကို ခန့်အပ်လေ့ရှိသောကြောင့် အရေးကြီးပါတယ်။လုပ်ငန်းအတွေ့အကြုံတစ်ခုစီ၏ အသေးစိတ်ဖော်ပြချက်ပေးပါ။ ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လိုပြဿနာတွေအတွက် ဖြေရှင်းချက်ပေးခဲ့တယ်၊ လုပ်ငန်းဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေမှာ ရရှိခဲ့တာတွေကို ရေးးပါ။အောင်မြင်မှုများကို ပြပြီး ရလဒ်များနဲ့ အောင်မြင်မှုများအကြောင်း ဆွေးနွေးပါ။
ယခင်က တခါမှ မရောက်ဖူးသော အောင်မြင်မှုတစ်ခု သို့မဟုတ် ကုမ္ပဏီတွင် ထပ်တလဲလဲ ဖြစ်နေသည့် ပြဿနာကို ဘယ်လိုဖြေရှင်းလဲဆိုတာကို ရေးနိုင်ပါတယ်။
#15 - buzzword များကိုရှောင်ပါ။
LinkedIn ပရိုဖိုင်တွင် “rockstar” သို့မဟုတ် “guru” ဟူသော စကားလုံးများကို မြင်ဖူးပါသလား။ ဒါတွေကခေတ်နောက်ကျနေပြီး အလွန်အကျွံအသုံးပြုနေသည်မှာ ကြာပါပြီ။
အရည်အချင်းများကို ဖော်ပြရန် ပိုမိုကောင်းမွန်သောနည်းလမ်းမှာ လက်တွေ့အလုပ်များတွင် အောင်မြင်နိုင်သည့်ရလဒ်များကို ပြသတာပါပဲ။ဥပမာအားဖြင့်၊ သင့်ကိုယ်သင် “rockstar အရောင်းကိုယ်စားလှယ်” အဖြစ် ဖော်ပြမည့်အစား ၊ “ကျွန်မရဲ့ လစဉ် $100,000 ရောင်းအားကို ကျော်လွန်ပြီး 'တစ်နှစ်တာ အကောင်းဆုံး အရောင်းသမား' ဆုကို ငါးနှစ်ဆက်တိုက် ရရှိခဲ့ပါတယ်" စသဖြင့်ရေးလို့ရပါတယ်။
#16 - ကိုယ့်အလုပ်ရှင်များရဲ့ LinkedIn စာမျက်နှာများသို့ ချိတ်ဆက်ပါ။
လုပ်ငန်းအတွေ့အကြုံကို စာရင်းပြုစုသည့်အခါ LinkedIn ရှိ ယခင်အလုပ်ရှင်များရဲ့ ကုမ္ပဏီစာမျက်နှာများသို့ အမြဲချိတ်ဆက်ပါ။ ဒါက ယခင်အလုပ်လုပ်ခဲ့သည့်ကုမ္ပဏီများကိုရှာဖွေနေသူများအတွက် သင့်ပရိုဖိုင်ကိုပိုမိုမြင်နိုင်စေမည်ဖြစ်ပါတယ်။
#17 - ပညာရေးကဏ္ဍကိုဖြည့်စွက်ပါ။
အချို့သောအလုပ်ရှင်များသည် သို့မဟုတ် ကျောင်းတက်ရောက်ခဲ့သည့်အပေါ် အခြေခံပြီး လူရွေးကြပါတယ်။ အကယ်၍ အလုပ်အတွေ့အကြုံမရှိသေးရင်တောင်ကျောင်းလှုပ်ရှားမှုများ သို့မဟုတ် ပရောဂျက်များမှတစ်ဆင့် အလုပ်အတွက်လိုအပ်သော အရည်အချင်းများရရှိထားကြောင်း ပြသနိုင်ပါတယ်။ ကျောင်း၏ LinkedIn စာမျက်နှာသို့ လင့်ခ်ချိတ်တာက အလုပ်ခန့်သူများသည် ကိုယ်တက်ရောက်ခဲ့သည့်ကျောင်းကို ရှာဖွေသောအခါ ပရိုဖိုင်ကို မြင်နိုင်မည်ဖြစ်ပါတယ်။သင်ရိုးညွှန်းတမ်း ပြင်ပလှုပ်ရှားမှုများကို ဖော်ပြပါ။ သင်ရရှိခဲ့သည့်ဆုများအကြောင်း ဆွေးနွေးပါ။
#18 - စေတနာ့ဝန်ထမ်းအတွေ့အကြုံကို ပြသပါ။
LinkedIn တွင် စေတနာ့ဝန်ထမ်း အတွေ့အကြုံကို ပေါင်းထည့်ခြင်းက ာ အခြားသူများထက် သာနိုင်ပြီး သင်၏စေတနာ့ဝန်ထမ်းအလုပ်သည် သင်ရွေးချယ်ထားသော အသက်မွေးဝမ်းကြောင်းနှင့်ပင် သက်ဆိုင်နေစရာမလိုပါ။ ကလေးတွေကို သင်ကြားပေးနေတာ ဒါမှမဟုတ် သင့်ရပ်ရွာရဲ့ သန့်ရှင်းမှုမှာ ပါဝင်တာပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းကို ပြန်ပေးဖို့ စိတ်အားထက်သန်မှုရှိကြောင်း Recrutior တွေကို ပြောပြပါတယ်။
#19 – ဆုတွေကို ပြပါ။
ယခင်အလုပ်အတွေ့အကြုံတွင် ဆုများရရှိခဲ့ပါက ပြသသင့်ပါတယ်။ဆုပေးပွဲများကို ဖော်ပြခြင်းကသင့်အရည်အချင်းများကို သက်သေပြရန် သာလွန်ကောင်းမွန်သော နည်းလမ်းဖြစ်ပြီး ဥပမာ၊ ကိုယ်က ထိရောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ရိုးရှင်းစွာဖော်ပြနိုင်ပါတယ် ။သက်ဆိုင်ရာအလိုက် သင့်ဆုများကို စာရင်းပြုစုပြီး လျှောက်ထားနေသောအလုပ်နှင့် အကိုက်ညီဆုံးများကို အရင်ရေးပါ။ပညာသင်ဆုများနဲ့ ဘာလို့ရတယ်/ဘယ်နယ်ပယ်မှာ ရခဲ့လဲဆိုတာကိုရေးပါ
#20 - အသိအမှတ်ပြုလက်မှတ်များနှင့် လိုင်စင်များကိုပြပါ။
ဆုများနှင့် အသိအမှတ်ပြုမှုများလိုပဲ လက်မှတ်များနှင့် လိုင်စင်များကိုလည်း ပြသင့်ပါတယ်။ LinkedIn ပရိုဖိုင်ကပထမဆုံး အသိအမှတ်ပြုလက်မှတ် သုံးခုကိုသာ ပြသမည်ဖြစ်တာကိုတော့သတိပြုပါ
#21 - အကြံပြုချက်များတောင်းပါ။
LinkedIn တွင် အသုံးပြုသူများက အတွေ့အကြုံများ သို့မဟုတ် အလုပ်အကိုင် စွမ်းဆောင်ရည်ကို ချီးကျူးထိုက်သော ကျွမ်းကျင်ပညာရှင်များကို အကြံပြုနိုင်စေမည့် နေရာတစ်ခု ရှိပါတယ်။အကြံပြုချက်များကို လက်ခံရရှိခြင်းက အလွန်ကောင်းပါတယ်။
ဥပမာအားဖြင့်၊ "ခေါင်းဆောင်မှု" ကို ထိပ်တန်းကျွမ်းကျင်မှုတစ်ခုအဖြစ် စာရင်းသွင်းထားပြီး တစ်စုံတစ်ဦးကသင့်အား အကြံပြုထားပါက စုဆောင်းသူများကိုလည်း သိစေပါတယ်။ အကြံပြုချက်များကို ရယူရန် လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်ပါ။သင် အမှန်တကယ် လက်တွဲလုပ်ကိုင်ရတာကို နှစ်သက်တဲ့သူတွေကို အကြံပြုပေးပါ။ သင့်အား အကြံပြုရန် အခြားသူများကို အားပေးရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ဦးစွာအကြံပြုရန်ဖြစ်သည်။ သူတို့ကို ဘာကြောင့် ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် အကြံပေးတာလဲ၊ သူတို့နဲ့ အလုပ်လုပ်ရတာ နှစ်သက်ရတဲ့အကြောင်းနဲ့ သူတို့ ထူးချွန်တယ်လို့ သင်ယုံကြည်တဲ့အကြောင်း ပြောပြပါ။လူများထံမှ အကြံပြုချက်များကို ယဉ်ကျေးစွာ တောင်းဆိုနိုင်ပါတယ်။
#22 - Network ကိုချဲ့ထွင်ပါ။
LinkedIn သည်ချိတ်ဆက်မှုများတည်ဆောက်ရန်နှင့် Network ကိုချဲ့ထွင်ရန်အတွက်ကောင်းမွန်ပါတယ်။ Networking ပွဲများတွင် သင့်အား လူများပိုမိုသိရှိလာစေရန်နှင့် သင့်လုပ်ငန်းနှင့်သက်ဆိုင်တဲ့ သက်ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လာစေရန် ကူညီပေးနိုင်ပါတယ်။ အခြားလုပ်ငန်းဆိုင်ရာ အသိပညာများရရှိစေရန် ကူညီပေးသည့် ဆောင်းပါးများ သို့မဟုတ် မီဒီယာများ ကိုလည်းရနိုင်ပါတယ်။ မျက်နှာချင်းဆိုင် အပြန်အလှန်ဆက်သွယ်မှုများဖြင့် LinkedIn ချိတ်ဆက်မှုများနှင့် ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်
။ ဒါပေမယ့် အမှန်တကယ်သိသူများနှင့် ချိတ်ဆက်ပါ။ သင့်အသက်မွေးဝမ်းကြောင်းကို ကူညီပေးနိုင်သူများနှင့် ချိတ်ဆက်ပါ။
#23 – publication လုပ်ပါ။
LinkedIn တွင် ဒီကဏ္ဍကို လူအနည်းငယ်သာ အသုံးပြုကြတာကြောင့် publication သင့်ပရိုဖိုင်ကို လူပိုမြင်စေပါတယ်။ စာအုပ်တစ်အုပ်ကို ရေးသားတာ သို့မဟုတ် သိပ္ပံနည်းကျဂျာနယ်၊ ပညာရေးဆိုင်ရာ ထုတ်ဝေမှု သို့မဟုတ် မဂ္ဂဇင်းတစ်ခုတွင် ထုတ်ဝေခဲ့လျှင် publication လုပ်ပါ။စာအုပ်ထုတ်၀ေပြီးရင် ကိုယ့်စာအုပ် ခေါင်းစဥ်ကိုထည့်လိုက်ရုံပါပဲ။
#24 - LinkedIn တွင်တက်ကြွစွာနေပါ။
LinkedIn ကိုအမြဲအသုံးပြုသူတစ်ဦးဖြစ်ခြင်းက လူများ၏ feeds များတွင် ပိုမိုမကြာခဏမြင်တွေ့ရပြီး သင့်လုပ်ငန်း သို့မဟုတ် နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သင့်ကိုတည်ဆောက်ရန် ကူညီပေးပါတယ်။ထို့အပြင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်မှု သို့မဟုတ် အလုပ်သစ်တစ်ခု ပေါ်ပေါက်လာသောအခါတွင် လူအများက သင့်ကို သတိရစေနိုင်ပါတယ်။ ဒါကြောင့်အမြဲ လူတွေရဲ့ ပို့စ်တွေကို မှတ်ချက်ပေးပါ။ အထောက်အကူဖြစ်စေသော အရင်းအမြစ်များကို မျှ၀ေပါ။ ထောက်ခံပြီး လူတွေကို အကြံပြုပါ။
အကြောင်းအရာကို မျှဝေပါ သို့မဟုတ် ပြန်လည်တင်ပါ။
#25 - သင်၏ကိုယ်ရေးအကျဉ်းကို LinkedIn မှာတင်ပါ။
Easy Apply လုပ်ဆောင်ချက်ကို အသုံးပြုပြီး ကိုယ်ရေးအကျဉ်းကို LinkedIn မှာတင်နိုင်ပါတယ်။လုပ်ရတာ တော်တော်လွယ်ပါတယ်။ လမ်းညွှန်ဘားတွင် "Me" ကိုနှိပ်ပါ။
“အကောင့်” အောက်တွင် “Settings & Privacy”. ကိုနှိပ်ပါ။
“Job seeking preferences” အောက်တွင်၊ “Job application settings” ကိုနှိပ်ပါ။
သင့်ကိုယ်ရေးရာဇဝင်ကို တင်ရန် သို့မဟုတ် စီမံခန့်ခွဲနိုင်သည့် စာမျက်နှာတစ်ခုဆီသို့ သင့်အား လမ်းညွှန်ပါလိမ့်မည်။လျှောက်ထားနေသောအလုပ်နှင့် ကိုက်ညီစေရန် ကိုယ်ရေးအကျဉ်းကို စိတ်ကြိုက်ပြင်ဆင်ထားရန် လိုအပ်ပါတယ်။သို့သော်၊ ကိုယ်ရေးအကျဉ်းက သင်၏ LinkedIn ပရိုဖိုင်နှင့် ကိုက်ညီရပါမယ်-အလုပ်ရက်စွဲများ အားလုံးကို တူညီကြောင်းစစ်ဆေးပါ။LinkedIn ပရိုဖိုင်ရှိ အလုပ်ခေါင်းစဉ်များ နှင့် ကိုယ်ရေးအကျဉ်းများ ကိုက်ညီအောင်လုပ်ပါ။အလုပ်အကိုင် ကွာဟချက်များရှိခဲ့ရင်ရှင်းပြပါ။
#26 – Creator မုဒ်ကို ဖွင့်ပါ။
တီထွင်ဖန်တီးမှုကို ပိုခံစားရအောင် LinkedIn Live နှင့် LinkedIn Newsletter ကဲ့သို့သော နောက်ထပ်ကိရိယာများကို အသုံးပြုရန်အတွက် LinkedIn ရှိ Creator မုဒ်ကို ဖွင့်ပါ။
Creator မုဒ်က လူများ သင်နှင့်း အလွယ်တကူ ဆက်သွယ်နိုင်လာပါတယ်။ ဘာလို့လဲဆိုတော့ာ connect အစား Follow လုပ်ရန်သာလိုအပ်မည်ဖြစ်ပါတယ်။ ကိုယ် ရွေးချယ်ထားသော နယ်ပယ်တွင် ကိုယ့်ကိုလူသိအောင်လုပ်နိုင်ပြီး သို့မဟုတ် ခေတ်စားနေသော အကြောင်းအရာများ ပါဝင်နိုင်ပါတယ်။
#27 - အလုပ်ခန့်ထားသူများကို အလုပ်ရှာနေကြောင်း အသိပေးပါ။
LinkedIn ၏ open to work feature ကိုအသုံးပြုခြင်းဖြင့် အလုပ်ခန့်ထားသူများကို အလုပ်ရှာနေကြောင်း အသိပေးပါ။
ဒီလိုလုပ်ဖို့-
သင့်ခေါင်းစီးအောက်ရှိ သင်၏ "အလုပ်ဖွင့်ရန်" အကွက်ရှိ edit”" ကို နှိပ်ပါ။
သင်နှစ်သက်သောအလုပ်ခေါင်းစဉ်များထည့်ပါ။
သင်နှစ်သက်သော အလုပ်တည်နေရာ အမျိုးအစားနှင့် တည်နေရာကို ရွေးချယ်ပါ။
သင်စတင်မည့်ရက်စွဲနှင့် လိုချင်သော အလုပ်အမျိုးအစားကို ရွေးချယ်ပါ။
"အလုပ်ခန့်အပ်သူများသာ" သို့မဟုတ် "LinkedIn အဖွဲ့ဝင်အားလုံး" အတွက် အလုပ်ဦးစားပေးများကို မြင်နိုင်စွမ်းကို သတ်မှတ်ပါ။
တံဆိပ်၏အားသာချက်တစ်ခုမှာ LinkedIn မှအလုပ်ရှာနေကြောင်း သိသောအခါတွင် သင့်ပရိုဖိုင်ကိုပြန်ရည်ညွှန်းခွင့်ပြုခြင်းဖြစ်ပါတယ်။
#28 – သင့်ပရိုဖိုင်ကို ပုံမှန် update လုပ်ပါ။
အလုပ်တစ်ခုအတွက် တက်ကြွစွာရှာဖွေနေချိန်မှာ ဒါက အထူးအရေးကြီးပါသည်။ ပရိုဖိုင်ရှိ အချက်အလက်များကို ပုံမှန်မွမ်းမံပြင်ဆင်ခြင်းနှင့် ပလပ်ဖောင်းပေါ်တွင် တက်ကြွစွာနေခြင်းဖြင့် သင့်ပရိုဖိုင်ကို ပုံမှန် update လုပ်ဆောင်နိုင်ပါတယ်။