31/12/2025
၂၀၂၆ အထိ နောင်တမရဘဲ လုပ်နိုင်ခဲ့တဲ့ အရာတွေဆိုရင် Pan Pan coffee products တွေကို ထုတ်ခဲ့တာ အခုဆို ၅နှစ်ကျော်တောင်ရှိပါပြီ
ဒီ Pan Pan လုပ်ငန်းမှာလည်း ကော်ဖီတင်မကဘူး ဝိုင်အထိပါ ထုတ်ကုန် ၅ မျိုးနဲ့ ပြည်ပပွဲတွေအထိရောင်းချခဲ့ပြီးပြီ
အခုလည်း အဲ့ဒီကော်ဖီလုပ်ငန်း တိုးတက်အအောင်မြင်မှုနဲ့အတူ ကျမရဲ့ long term business plan တွေအများကြီးဆွဲထားနိုင်တဲ့အပြင်
တစ်ဖက်မှာလည်း ကိုယ်၀ါသနာပါတဲ့ကျောက်မျက်သင်တန်းကို entrepreneurial mindset နဲ့ Training လေးစတင်ခဲ့ရာကနေ အခုဆိုနေရာတစ်ခုမှာ ရောက်နေခဲ့ပါပြီ
ဒါတင်မက ကျောက်မျက်အရောင်းအဝယ်ပိုင်းမှာလည်း ၁၅နှစ်တာကာလ ရောင်းဝယ်ခဲ့တာကနေ ယနေ့အထိ မှန်မှန်နဲ့ ဂုဏ်သိက္ခာရှိရှိ အမည်ကောင်းနဲ့ ရပ်တည်နေနိုင်ခဲ့ပြီ
ဒါကြောင့် 2026 မှာလည်း ကျမကိုယ်ကျမယုံကြည်ရင်း လူမှုရေး စီးပွါးရေး မှာ မိဘမျိုးရိုးဂုဏ်ကိုဆက်ထိန်းရင်း သိက္ခာရှိစွာ ဆက်ရပ်တည်မှာပါ 😍
ချစ်ခင်အားပေးကြတဲ့သူတွေတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်
Myo
Director
Pan Pan Coffee
💫committed to excellence💫
Pan coffee #ကျောက်မျက်သင်တန်း #ရန်ကုန် #မန္တလေး
——:——:—-