Pearl Mart

Pearl Mart ChaungTha

11/08/2023
ချောင်းသာဘောင်းဘီဖောက်သည်ယူသွားတဲ့ အန်တီ ကျေးဇူးပါ
09/02/2023

ချောင်းသာဘောင်းဘီဖောက်သည်ယူသွားတဲ့ အန်တီ ကျေးဇူးပါ

🥰🥰🥰🥰
05/10/2022

🥰🥰🥰🥰

12/09/2022

အဲ့လိုတွေဖြစ် ချစ်ကာကာတို့ရေ နားလည်ပေးနော် 🥰🥰

09/09/2022

ချောင်းသာ ရောက်ရင်ဖိတ်ခေါ်ပါတယ်ရှင်

မင်္ဂလာ ညနေခင်းလေးပါရှင့်
10/04/2022

မင်္ဂလာ ညနေခင်းလေးပါရှင့်

31/12/2021
B&G Merlot vs DesireeWine လေးစမ်းသောက်ချင်လို့၊ ဘယ်ဟာစမ်းသောက်ရမလဲ ဆိုတဲ့သူတွေအတွက်ပါ။Taste တွေ Aroma တွေပုံကြီးမချဲ့တော...
31/12/2021

B&G Merlot vs Desiree

Wine လေးစမ်းသောက်ချင်လို့၊ ဘယ်ဟာစမ်းသောက်ရမလဲ ဆိုတဲ့သူတွေအတွက်ပါ။Taste တွေ Aroma တွေပုံကြီးမချဲ့တော့ပဲ ဘာရွေးသင့်လည်းပဲ ပြောပြပေးမှာပါ။

B&G ကျတော့ အဲ့လိုမဟုတ်ပါဘူး။ အရမ်းလည်း sweet မဖြစ်သလို အရမ်းလည်း smooth မဖြစ်ပါဘူး။ Little sweet & delicate finish လို့ပြောလို့ရပါတယ်။ ပြီးတော့ သူ့ရဲ့ fruity ဖြစ်တဲ့ taste လေးကလည်း ပေးရတဲ့စျေးနဲ့ တန်ပါတယ်။ B&G က ပြင်သစ်ဝိုင်ပါ။

အဲ့တော့ ဘယ်ဟာရွေးရမလဲဖြစ်လာပါပြီ။
အချိုကြိုက်ရင် Desiree ရွေးပါ။ Sweet တယ် အီတယ် ဆိုပေမယ့် အရမ်းမဆိုးပါဘူး။ သောက်နေကျမဟုတ်တဲ့သူတွေဆိုရင် သတိထားမိမှာတောင် မဟုတ်ပါဘူး။ မိန်းကလေးတွေ ဆိုရင်လည်း Desiree ရွေးတာပိုအဆင်ပြေမယ်ထင်ပါတယ်။

B&G ကတော့ စျေးလည်းပိုသက်သာတယ်။ ထက်ဝက်လောက်ထိကို သက်သာပါတယ်။ တစ်ခါတစ်‌ေလသောက်တတ်တဲ့ occasional drinker တွေက wine ကို စမ်းပြီးစသောက်ကြည့်မယ်ဆိုရင် B&G Merlot ရွေးပါ။ Desiree ဆိုရင် ချို/အီနေမှာဆိုးလို့ပါ။
သူငယ်ချင်းတွေ စုံကြမယ်။စျေးကလည်းသက်သာတော့ မတရားသောက်မယ့်သူတွေပါတောင် အဆင်ပြေပါတယ်။

Girls Date တို့ / Staycation တို့/ ခရီးသွားတာတို့မှာ ချိုချိုလေးလည်းကြိုက်တယ်၊ အများကြီးလည်း မသောက်ချင်ဘူးဆိုရင်တော့ Desiree ရွေးပါ။ အီမှာကို အရမ်းတော့ မကြောက်ပါနဲ့။

နောက်တစ်ခုက B&G Merlot ဖြစ်ဖြစ် Desiree ဖြစ်ဖြစ် chill ရပါမယ်။ အဲ့တာအရေးကြီးပါတယ်။ သေချာ chill ပြီးမှ သောက်ပါ။ အဲ့တာမှ wine ရဲ့အရသာ/အနံ့ ပေါ်လွင်မှာပါ။
Food Pairing အနေနဲ့ကတော့ B&G ဆိုရင် Red Wine နဲ့လိုက်ဖက်တဲ့ Steak, Cheese, Meat စတာတွေနဲ့ pair လို့ရပါတယ်။ Desiree ကတော့ desert wine လိုမျိုးဖြစ်တဲ့အတွက် food pairing ကတော်တော်များများနဲ့ အဆင်ပြေမှာပါ။
Price ကတော့ B&G Merlot ဆိုတစ်လုံးကို 10000-15000 လောက်ရှိပါတယ်။ Desiree ကတော့ 30000 ဝန်းကျင်ပါ။

ထပ်မံရောက်ရှိလာသော Item ၄ မျိုးPearlMart မှာ ၀ယ်ယူအားပေးနိုင်ပါပြီ။
25/12/2021

ထပ်မံရောက်ရှိလာသော Item ၄ မျိုး
PearlMart မှာ ၀ယ်ယူအားပေးနိုင်ပါပြီ။

ထပ်မံရောက်ရှိလာတဲ့ရှမ်းပြည်မှ အေးသာယာ Localbrand လေးအ‌ကြောင်း ‌ကြော်ညာပါရစေ။PearlMart မှာ ၀ယ်ယူအားပေးနိုင်ပါတယ်ရှင်။  - ...
25/12/2021

ထပ်မံရောက်ရှိလာတဲ့ရှမ်းပြည်မှ အေးသာယာ Localbrand လေးအ‌ကြောင်း ‌ကြော်ညာပါရစေ။
PearlMart မှာ ၀ယ်ယူအားပေးနိုင်ပါတယ်ရှင်။

- MYANMAR

မြန်မာတွေက ကိုယ့်နိုင်ငံကဝိုင်ဆိုရင် အထင်သေးချင်ကြပါတယ်။ Aythaya Vineyard ကို လည်း ဝိုင်သောက်ဖို့ထက် view လှလို့သွားချင်ကြတာက များနေသလိုပါပဲ။ အဲ့တော့ view လှတဲ့အကြောင်းတွေက Traveller တွေ review ပါလိမ့်မယ်။ မင်မင်ကတော့ wine အကြောင်းပဲ ရေးမှာပါ။

ပထမဦးဆုံးပြောချင်တာက Taunggyi ဘက်မှာ Aythaya & Red Mountain ဆိုပြီး Vineyard က ၂ ခုရှိပါတယ်။ နှစ်ခုလုံးက ကုမ္ပဏီကြီးတွေပါ။ အများအားဖြင့်တော့ red wine ဆို Red Mountain ကို ပိုကြိုက်ကြပြီး white wine ဆိုရင် Aythaya ကို ပိုကြိုက်ကြပါတယ်။ Red Mountain အကြောင်းကနောက်မှ သက်သက်ရေးပါ့မယ်။ အခုက Aythaya ကထွက်တဲ့ wine တွေရယ်၊ အဲ့ထဲကမှ သုံးဆောင်လို့ကောင်းတဲ့ wine တွေရယ်ကို ရေးမှာပါ။

(Aythaya မှာ Aythaya ရယ် Monte Vino ရယ်ဆိုပြီး ဝိုင်တံဆိပ်နှစ်မျိုး ထုတ်ပါတယ်။ Monte Vino ကိုလည်း နောက်မှ post သက်သက်ရေးပါ့မယ်။ အခုက Aythaya တံဆိပ် ဝိုင်တွေအကြောင်းပဲ အရင်ရေးပါမယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး Vineyard Estate ဖြစ်တဲ့ Ayethaya ဟာ တောင်ကြီးနားက အေးသာယာဆိုတဲ့ မြို့လေးမှာတည်ရှိပါတယ်။ နာမည်ကိုလည်း ရွာနာမည်ကိုယူပြီး Aythaya လို့ပဲ ပေးခဲ့တာပါ။ တည်ထောင်သူကတော့ Bert Morsbach ပါ။ Aythaya ဟာဆိုရင် “A better wine every year” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဝိုင်ကောင်းတွေကို ထုတ်လုပ်ရင်း ကမ္ဘာမှာ အောင်မြင်မှုတစ်ခု ရယူထားနိုင်ပါတယ်။

Aythaya Sauvignon Blanc 2017

အနံ့လေးလည်း ကောင်းတယ်။ အရသာကလည်း balance ဖြစ်တယ်။ Harmony ဖြစ်နေတဲ့အရသာလေးနောက်မှာ ဝိုင်ဖြူတွေရဲ့ထုံးစံအတိုင်း အချဉ်အရသာ (acidity) လေးကိုခံစားရမယ်၊ ပြီးရင်တော့ အရမ်းမပြင်းတဲ့ အခါးလေးနဲ့ အဆုံးသတ်သွားပါတယ်။ အနံ့ကော အရသာကော က fresh ဖြစ်တယ်ပြောရမယ်၊ မဆိုးပါဘူး။

Aythaya Sauvignon Blanc Late Harvest 2017

ဒီကောင်ကကြိုက်ပါတယ်။ အပေါ်က Sauvignon Blanc နဲ့ ဆင်ပါတယ်။ ဒါပေမယ့် Late Harvest က ပိုပြီး balance ဖြစ်တယ်၊ ပိုညက်ညောတယ်၊ ပိုသောက်ကောင်းပါတယ်။ Aroma မှာလည်း Late Harvest က အနံ့ပိုကြွယ်ဝပါတယ်။ စပျစ်သီးတွေရဲ့ ရနံ့အပြင် နာနတ်နံ့လေးလိုလို ငှက်ပျောနံ့လေးလိုလို ကိုလည်း ခံစားရမှာပါ။ Acidity ကလည်း အရမ်းမစူးတော့ပဲ၊ အရသာကလည်း ပိုကြာလာပါတယ်။ အဆုံးသတ်မှာတော့ အခါးပေါ့ပေါ့လေးနဲ့ ခံတွင်းရှင်းသွားစေမှာပါ။

Aythaya Rose (ရိုစေး လို့ဖတ်ရပါတယ်၊ ရို့စ် မဟုတ်ပါဘူး)

အရောင်လေးက romantic အရောင်လေးပါ။ ကမ္ဘာပေါ်မှာ rose ကို romantic ဝိုင်လို့ တင်စားကြပါတယ်။ Romantic ဆန်ဆန် ညက်ညက်ညောညော လေးပါ။ Smooth ဖြစ်ပါတယ်။ ခါးတာထက် အဖန်ဓာတ်အနည်းငယ်လေးနဲ့ အဆုံးသတ်သွားတာပါ။
(ခုနှစ်က မမှတ်မိတော့လို့ပါ၊ ဝိုင်တွေမှာ ခုနှစ်က အရေးကြီးပါတယ်၊ ခုနှစ်မတူရင် အရသာမတူပါဘူး)

-dry 2018

ကြိုက်သွားစေရပါမယ်။ Rose နဲ့ဆင်ပါတယ်။ ဒါပေမယ့် ပိုသောက်လို့ကောင်းပါတယ်။ ဒါကတော့ ပိုတောင် recommend ပါ။

(Shiraz & Dornfelder)

Red မှာတော့ red mountain ကိုပိုကြိုက်ပါတယ်။ Aythaya ကို သိပ်မကြိုက်ပါဘူး။


ကောင်းကောင်းတစ်လုံးဆိုလည်း အနည်းဆုံး ၁ သိန်းနားပါ။



ဒီနှစ်မှ အသစ်ထွက်တာပါ။



ကောင်းပါတယ်။ သူက အချိုဘက်သွားပါတယ်။ ဒါပေမယ့် သူ့စျေးတန်းမှာ သူ့ကိုယှဉ်နိုင်တာတွေ အများကြီးပါ။ အရမ်းတော့ recommend မပေးချင်ပါဘူး။ အချိုကြိုက်သူတွေနဲ့တော့ အဆင်ပြေမှာပါ။



Aythaya က ဝိုင်အပြင် fruity brandy လည်း ထုတ်ပါသေးတယ်။ Grappino Muscat နှင့် Fiesta Lychee Brandy ပါ။



Tequila အပြင်းစားနဲ့ ပိုတူပါတယ်။ အနံ့က almonds ရနံ့နဲ့ပါ။ သူ့ထက် Lychee Brandy က ပိုမိုက်ပါတယ်။

Aythaya ဝိုင်တွေဟာ မကောင်းဘူးလို့ပြောရင် ကျွန်တော်လက်မခံပါဘူး။ ကောင်းပါတယ်။ ကမ္ဘာမှာလည်း အဆင့်အတန်းတစ်ခုထိ ထိုးဖောက်အောင်မြင်နေတာပါ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာထုတ်တာတွေကို စျေးသက်သက်သာသာနဲ့ ကောင်းကောင်းသောက်ရမယ်ထင်ထားတာ၊ လက်တွေ့ကြ စျေးနည်းနည်းများနေပါတယ်။

ကျန်တဲ့ဝိုင်တွေကလည်း စျေးနည်းနည်းပိုသက်သာရင် တော်တော်အဆင်ပြေမှာပါ။ ဥပမာ Late Harvest ဆို ၂၀၀၀၀ အစား ၁၆၀၀၀ လောက်ဆိုရင် တခြား ၁၆၀၀၀ တွေထဲမှာ ဒီကောင်က တော်တော် ကောင်းနေပါပြီ။ ဝိုင်တွေအားလုံးကို စျေးလေးနည်းနည်းလျော့လိုက်ရင် တော်တော်အဆင်ပြေပါပြီ။ မဟုတ်ရင် ကိုယ့်နိုင်ငံမှာလုပ်တဲ့ ၂၀၀၀၀ တန်ဝိုင်ကို နိုင်ငံခြားက import လာတဲ့ ၂၀၀၀၀ တန်ဝိုင်က ယှဉ် fight နိုင်နေသလိုတွေ ဖြစ်နေပါတယ်။

Recommend တာကတော့
Aythaya Rose Semi-dry
Aythaya Rose
Lychee brandy
Aythaya Sauvignon Blanc Late Harvest ပါ။

Aythaya Vineyard ရောက်လို့ ဝိုင်ဝယ်မယ်ဆိုရင်တော့ စျေးကွက်ကို မတင်ပို့တဲ့ ဝိုင် ၂ မျိုးရှိပါတယ်။ Sauvignon Blanc Grand Reserve နှင့် Shiraz Grand Reserve ဆိုတဲ့ Reserve ဝိုင် တွေပါ။ အဲ့တာက အပြင်မှာဝယ်လို့မရပါဘူး။

ဒီ post က Aythaya က စပွန်ဆာပေးတာမဟုတ်ပါဘူး။ အခု Aythaya Vineyard ကပြန်ဖွင့်နေပါပြီ။ Red Mountain ကတော့ ပိတ်ထားတုန်းပါ။

Address

Chaungtha

Telephone

+9595202132

Website

Alerts

Be the first to know and let us send you an email when Pearl Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share