28/03/2026
ဂဏ္ဏာန်းတွေထဲက အမုန်းဆုံးဂဏ္ဏာန်းပြောပါဆိုရင်
🥹 3 🥹ပြောမိမယ်ထင်တယ်
1.3.2017 (အမျိုးသားဆုံး)
3.3.2023 (အားအထားရဆုံးစျေးဆိုင်လေးမီးထဲပါ)
28.3.25 (ငလျင်လှုပ်တာ ကိုယ်လိုစစ်ရှောင်နေတဲ့ ကိုယ့်နယ်က အသိတွေရဲ့အသက်ပေါင်းများစွာပါနာ ထပ်တူခံစားလိုက်ရတဲ့နေ့)
တိုက်ဆိုင်တာပါလို့ပြောလဲ စိတ်ထဲကိုစွဲနေတော့တာမရတော့ဘူး အမုန်းဆုံး 3 ပဲ
လူပေါင်းများစွာရဲ့အသက်တွေကိုရည်ညွန်းပီး ကျွန်တော်ပြုပြုသမျှ ကုသိုလ်ကောင်းမူ့အားလုံး ရကြပါစေလို့ ကုသိုလ်လုပ်တိုင်း ဆုတောင်းမိပါတယ်🙏
ကမ္ဘာကြီးအမြန်ဆုံးအေးချမ်းပါစေ🙏🙏🙏