MyanmaYoeyar

MyanmaYoeyar မြန်မာ့ရိုးရာဒေသထွက်ပစ္စည်းများ

"ဗောက်ဘာလို့ဖြစ်ရသလဲ?" – Flucos Lotion နဲ့ အမြစ်ပြတ်ဖြေရှင်းနည်းဗောက်ထခြင်းက လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ဦးရေပြားပြဿနာ...
05/12/2025

"ဗောက်ဘာလို့ဖြစ်ရသလဲ?" – Flucos Lotion နဲ့ အမြစ်ပြတ်ဖြေရှင်းနည်း

ဗောက်ထခြင်းက လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ဦးရေပြားပြဿနာတစ်ခုပါ။ ဒါဆို ဗောက်ဘာကြောင့်ဖြစ်ရတာလဲ? နဲ့ Flucos Lotion က ဘယ်လိုအထိရောက်ဆုံးဖြေရှင်းပေးနိုင်မလဲဆိုတာ သိချင်နေပြီလား?

🔍 ဗောက်ဖြစ်ရခြင်း အဓိကအကြောင်းရင်းများ
မှိုပိုးကူးစက်ခြင်း (Malassezia yeast) – ဦးရေပြားပေါ်က အဆီကိုစားပြီး ယားယံမှုနဲ့ အဖေးစားတွေဖြစ်စေတယ်။

အဆီပြန်လွန်းခြင်း – ဆံသားအဆီပြန်သူတွေမှာ ဗောက်ပိုဖြစ်လွယ်တယ်။

ဦးရေပြားခြောက်သွေ့ခြင်း – ဆပ်ပြာ/ခေါင်းလျှော်ရည်မသင့်တာတွေကြောင့်လည်း ဖြစ်နိုင်တယ်။

စိတ်ဖိစီးမှုနဲ့ ဟော်မုန်းအပြောင်းအလဲ – ဒါတွေကလည်း ဗောက်ထစေနိုင်တယ်။

✨ Flucos Lotion က ဗောက်ကို ဘယ်လိုအမြစ်ပြတ်ပျောက်ကင်းစေမလဲ?
✔ Flucpnazole 2% – ဗောက်ဖြစ်စေတဲ့ မှိုပိုးတွေကို သေစေပြီး ပြန်မပေါက်အားနှိမ်နင်းတယ်။
✔ ZPTO 1% – ဦးရေပြားကို သန့်စင်စေပြီး ယားယံမှုကို လျှင်မြန်စွာသက်သာစေတယ်။
✔ အဆီထိန်းညှိပေးခြင်း – ဦးရေပြားအဆီပြန်မှုကို ထိန်းပေးကာ ဗောက်ပြန်မဖြစ်အားကာကွယ်တယ်။

💡 Flucos Lotion အသုံးပြုနည်း
ဆံပင်ကို သန့်စင်အောင်လျှော်ပါ။

ဆေးပုလင်းကို ကောင်းစွာလှုပ်ပြီး ဦးရေပြားပေါ်လိမ်းပါ။

ညင်သာစွာနှိပ်နယ်ပေးကာ ၅-၁၀ မိနစ်ထားပါ။

ရေနဲ့ပြန်ဆေးချပါ (ညအိပ်ရာဝင်ခါနီးလိမ်းပါက မဆေးဘဲထားနိုင်ပါတယ်)။

(သတိပြုရန် : အပြင်သုံးဆေးဖြစ်ပါသည်။ သောက်သုံး၍မရပါ။)

📞 အခုပဲ ဗောက်ကင်းစင်တဲ့ ဦးရေပြားလေးကို ပိုင်ဆိုင်လိုက်ပါ!
☎️ 09 792416945
📲 page : Health and Nutrition - အာဟာရနှင့် ကျန်းမာရေး

#ဗောက်ပျောက်ဆေး #ဗောက်အကြောင်းသိကောင်းစရာ #ဦးရေပြားကျန်းမာရေး

❝ အိမ်တွင်းတနိုင်တပိုင်စီးပွားဖြစ် ❞ ဆပ်ပြာနှင့် လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်နည်း စာအုပ်📝📝📝📝📝📝📝📝📝🟠ပါဝင်တဲ့ မာတ...
04/12/2021

❝ အိမ်တွင်းတနိုင်တပိုင်စီးပွားဖြစ် ❞ ဆပ်ပြာနှင့် လူသုံးအလှကုန်ပစ္စည်းအမျိုးမျိုးပြုလုပ်နည်း စာအုပ်
📝📝📝📝📝📝📝📝📝

🟠ပါဝင်တဲ့ မာတိကာတွေကတော့🟠

၁။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများ၏ အမည်
၂။ ဓါတုဗေဒပစ္စည်းများနှင့် မတည့်သော Soda Ash (or) အထူးရေပြုလုပ်နည်း
၃။ pH အကြောင်းသိမှတ်ဖွယ်ရာများ
၄။ ဆီအကြောင်းသိမှတ်ဖွယ်ရာများ
၅။ ဆပျပွာ၏ မာအားသတ်တိ
၆။ သဘာဝခေါင်းလျှော်ရည်အတွက် သဘာဝအသီးအနှံများအကြောင်း
၇။ Organic (သဘာဝပစ္စည်းသုံးဆပ်ပြာအမျိုးမျိုး) ပြုလုပ်ရာတွင် အသုံးပြုနိူင်သော ပစ္စည်းနှင့် ၎င်းတို့၏ အကျိုးသွားဂုဏ်သတ္တိများ”(ဓါတုလျော့ချနည်း Herbal)
၈။ အရွက်များကို ပြုတ်ရည်ပြုလုပ်ခြင်းနည်းပညာ
၉။ အသီးအရွက်များ၏အာနိသင်များ
၁၀။ ဆပ်ပြာခဲနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ
၁၁။ Rose Water
၁၂။ Toner
၁၃။ Serum
၁၄။ Perfume
၁၅။ အသားဖြူဆန်မှုန့် Toner
၁၆။ Organic Lotion
၁၇။ Organic Cleansing
၁၈။ Organic ဆံသားပြုပြင်နည်း
၁၉။ Whitening Cream
၂၀။ Whitening Toner
၂၁။ Dog Shampoo
၂၂။ Hair Conditioner
၂၃။ Hair GeL
၂၄။ Jelly Soap
၂၅။ Paper Soap
၂၆။ ဝါးမီးသွေးလုပ်နည်းနှင့် အသုံးဝင်ပုံ
၂၇။ ဝက်ခြံနှင့် အမာရွတ်ပျောက်စေရန်နည်း
၂၈။ ဆံပင်ပေါင်းတင်နည်း(Organic)
၂၉။ ဆံပင်ပေါက်ဆေးရည်
၃၀။ Hair Shampoo
၃၁။ ခြင်ပြေးဆေးရည်
၃၂။ MP နှင့်ဆပ်ပြာချက်နည်း (နနွင်းဆပ်ပြာ၊ ရှားစောင်းလက်ပတ်၊ ပျားသံပုရာ၊ ဆန်ဆပ်ပြာ၊ ကော်ဖီနနွင်း၊ သခွားသီး၊ ထောပတ်သီး၊ ဝါးမီးသွေး.. အစရှိသဖြင့်)
၃၃။ Unit ဆက်သွယ်ချက်များ
၃၄။ ပန်းကန်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၅။ လက်ဆေးဆပ်ပြာဆီပြုလုပ်နည်း
၃၆။ အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း
၃၇။ ရေချိုးဆပ်ပြာဆီပြုလုပ်နည်း
၃၈။ ခေါင်းလျှော်ရည်ပြုလုပ်နည်း
၃၉။ ဆပ်ပြာ Cream ပြုလုပ်နည်း
၄၀။ မှန်ကြည်ဆေး ပြုလုပ်နည်း
၄၁။ သွားတိုက်ဆေး ပြုလုပ်နည်း
၄၂။ ရေမလိုလက်သန့်ဆေးရည် ပြုလုပ်နည်း
၄၃။ ကြွေချေးချွတ်ဆေးရည် ပြုလုပ်နည်း
၄၄။ Soap Base ပြုလုပ်နည်း
၄၅။ ဆပ်ပြာမှုန့် ပြုလုပ်နည်း
၄၆။ Body Scrub
၄၇။ Face Scrub
၄၈။ Lip Scrub
၄၉။ Foot Scrub
၅၀။ မျက်မှန် Cleasing ပြုလုပ်နည်း
၅၁။ ဂျယ်လီဖယောင်းပြုလုပ်နည်း
၅၂။ ကြာရှည်ခံအိမ်သုံးဖယောင်းတိုင်လုပ်နည်း
၅၃။ Water Candle ပြုလုပ်နည်း (ရေပေါ်အလှဖယောင်းတိုင်)
၅၄။ ဖယောင်းအလှခဲပြုလုပ်နည်း
၅၅။ Lip Sleeping Mask ပြုလုပ်နည်း
၅၆။ Day Ceram
၅၇။ Night Cream
၅၈။ Hair Conditioner
၅၉။ Hair Mask
၆၀။ Body Lotion
၆၁။ Body Powder
၆၂။ Butter Cream
၆၃။ Petroleum Gel
၆၄။ Vaseline
၆၅။ Natural Deodorant
၆၆။ Lotion Bars
၆၇။ Body Batter Bars
၆၈။ Scrub Soap
၆၉။ Scrub Bar
၇၀။ Lip Moisturizer စသည်တို့ကို အသေးစိတ်သင်ပြပေးထားပါသည်။

⚠️ နားမလည်ရင်လည်း အချိန်မရွေး Viber မှာ လာမေးလို့ရပါတယ်။ ⚠️

👩‍❤️‍💋‍👩သူငယ်ချင်းတွေကို လက်ဆောင်ဘဲပေးပေး
ကိုယ်တိုင်ဘဲလုပ်ရောင်းရောင်းအဆင်ပြေတယ် နော်
မတတ်မှာမပူနဲ့ သေချာသင်ပေးထားပါတယ်။

🌸 သင်ထောက်ကူပစ္စည်း ကုန်ကြမ်းများကတော့ ကိုယ်တိုင်လုပ်ကြည့်မယ်ဆိုမှ ဝယ်ရမှာပါ။

📗 တစ်အုပ်ကို 15000 ကျပ်

🏦 K Pay or Wave Pay အစရှိသည့် 🪙Online Banking တို့ ဖြင့်ပေးချေနိုင်ပါသည်။

ဆက်သွယ်မှာယူရန်📞
☎️ 09 420195443

18/07/2021
လူတိုင်းသိထားသင့်သော Pulse Oximeter အောက်စီမီတာ  တိုင်းတာနည်း💥Pulse Oximeter အောက်စီမီတာ ဆိုတာဘာလဲFingertip pulse oximet...
10/07/2021

လူတိုင်းသိထားသင့်သော
Pulse Oximeter အောက်စီမီတာ တိုင်းတာနည်း

💥Pulse Oximeter အောက်စီမီတာ ဆိုတာဘာလဲ

Fingertip pulse oximeter လို့လည်း ခေါ်ဝေါ်ပါတယ်
အောက်စီမီတာနဲ့ သွေးထဲက အောက်စီဂျင်ပမာဏ အနည်းအများနဲ့သွေးခုန်နှုန်းကို တိုင်းတာနိုင်မှာပါ ဖြစ်ပါတယ်

💥Oximeterတိုင်းနည်း

လက်ချောင်းမှာ စက်လေးကိုအံကျတပ်ပြီး ခလုတ်နှိပ်လိုက်ပါ။ ဂဏန်း (၂) မျိုးပေါ်ပါမယ်။

တခုက အောက်စီဂျင်ပမာဏ
Saturation percent of Oxygen = SPO2 %

နောက်တခုက နှလုံးခုန်နှုန်း(သို့မဟုတ် )
သွေးခုန်နှုန်း Pulse Rate =(PR)bpm ဆိုပီး ဖော်ပြပေးပါလိမ့်မယ်။

✅SpO2 👉 96% ကနေ 100% က အကောင်းဆုံးပါ
95-100% ကောင်းတယ်လို့ သတ်မှတ်ချက်လည်းရှိပါတယ်

⚠️ 92% အောက်ဆိုရင် ဆေးရုံပြဖို့ လိုအပ်ပါမယ်။

✅ Pulse rate - PRbpm မှာ

✔️ လူကြီးနှလုံးခုန်နှုန်းက ၁မိနစ်ကို50 မှ 90 beats/minကြား ပုံမှန်ဖြစ်တယ်

ကလေးနှလုံးခုန်နှုန်းက ၁မိနစ်ကို

✔️အသက် ၁နှစ်မှ၂နှစ် - 80 မှ 130 beats/minကြား ပုံမှန်ဖြစ်တယ်။

✔️အသက် ၃နှစ်မှ၄နှစ် - 80 မှ 120 beats/minကြား ပုံမှန်ဖြစ်တယ်။

✔️အသက် ၅နှစ်မှ၆နှစ် - 75 မှ 115 beats/minကြား ပုံမှန်ဖြစ်တယ်။

✔️အသက် ရနှစ်မှ၉နှစ် - 70 မှ 110 beats/minကြား ပုံမှန်ဖြစ်တယ်။

တချို့စက်မှာ PI နဲ့ RR ဆိုတာလေးလဲ ပါလာတာ တွေ့ရမှာပါ

PI - Perfusion Index -သွေးခုန်နှုန်းရဲ့ အားပြင်းခြင်း
အားပျော့ခြင်းကိုပြပေးတာပါ
( ပုံမှန်နှုန်းထား - 0.02% ကနေ 20% အတွင်းပါ)

RR - Respiratory Rate အသက်ရှုနှုန်း
(လူကြီး - ပုံမှန်တစ်မိနစ်ကို 12 မှ 20 ကြား) normal ဖြစ်ပါတယ်

လက်တစ်ချောင်းထဲ တိုင်းပြီးလဲ နည်းနေရင် စိတ်မပူပါနဲ့ တခြားလက် ဘယ် ညာ ပြောင်းတိုင်းကြည့်ကြပါနော်

ဒီလောက်ဆို တိုင်းတာနည်းကို
အခြေခံလွယ်ကူ နားလည်နိုင်ကြမှာပါ။

Crd;

👩 ဘားမိစ်မှူး 🎁 ဆီတို့ဟူး ဆီတို့ဟူးစစ်စစ်ကိုမှ စားချင်တဲ့မိတ်ဆွေတို့အတွက်ရှမ်းမလေး ဆီတို့ဟူး🍽 လာပါပြီနော်လက်လီ၊ လက်ကား ဝ...
02/07/2021

👩 ဘားမိစ်မှူး 🎁 ဆီတို့ဟူး
ဆီတို့ဟူးစစ်စစ်ကိုမှ စားချင်တဲ့မိတ်ဆွေတို့အတွက်
ရှမ်းမလေး ဆီတို့ဟူး🍽 လာပါပြီနော်
လက်လီ၊ လက်ကား ဝယ်ယူရရှိနိုင်ပါတယ်
အရသာကတော့ စားဖူးသူတိုင်းသိပါတယ်နော်...
ပစ္စည်းမှန် ဈေးတန်ပြီး ရိုးရာအစားအစာကို
အရသာရှိရှိစားချင်တဲ့ 💃 မိတ်ဆွေတို့အနေနဲ့
👩 ဘားမိစ်မှူး 👩 ဆီတို့ဟူး🎁 ကို စားကြည့်ဖို့
အကြံပြုလိုက်ပါတယ်ရှင့်

🗺 ပြည်ပရောက်နေတဲ့မိတ်ဆွေတွေလည်းပို့ပေးပါတယ်

🇲🇲 မြန်မာနိုင်ငံအနှံ့ပို့ပေးပါတယ်။ နယ်မြို့များ ကားဂိတ်အရောက်ပို့ပေးပါတယ်။ ရန်ကုန်မြို့တွင်းအိမ်အရောက်ပို့ပေးပါတယ်။

ကဲ...ရိုးရာအစားအစာစစ်စစ်ကိုစားချင်တဲ့မိတ်ဆွေတို့
ဟဲလို.......သာလုပ်လိုက်တော့နော်

☎ 09 799415491

တစ်ဗူး ၃၀၀၀ ကျပ်
၄ဗူး ၁၁၀၀၀ ကျပ်
၁၀ဗူး ၂၅၀၀၀ ကျပ်

မြန်မာဓာတ်ပုံဟောင်းထဲက သတိထားစရာဒီဓာတ်ပုံထဲက သခင်မနဲ့ဟန်တူသောအမျိုးသမီးလက်ထဲတွင် ကိုင်ထားသောထန်းလတ်ယပ်တောင်ကို သတိထားကြည...
28/06/2021

မြန်မာဓာတ်ပုံဟောင်းထဲက သတိထားစရာ

ဒီဓာတ်ပုံထဲက သခင်မနဲ့ဟန်တူသောအမျိုးသမီးလက်ထဲတွင် ကိုင်ထားသောထန်းလတ်ယပ်တောင်ကို သတိထားကြည့်မယ်ဆိုရင် ထိုခေတ်က အထက်တန်းလွှာအမျိုးသမီးများပင် ထန်းလတ်ယပ်တောင်သုံးကြောင်းသတိထားမိသည်။

☘ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်...☘၁။ ⏱ အချိန်မဖြုန်းပါနဲ့ ၂။ 🤗 အပျော်ပါးလျော့ပါ၃။ 💰 ငွေကိုအလွယ်တကူမသုံးပါနဲ့(စုပ...
28/06/2021

☘ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်...☘
၁။ ⏱ အချိန်မဖြုန်းပါနဲ့
၂။ 🤗 အပျော်ပါးလျော့ပါ
၃။ 💰 ငွေကိုအလွယ်တကူမသုံးပါနဲ့(စုပါ)
၄။ 📖 အားလပ်တဲ့အခါစာဖတ်ပါ
၅။ 🤔 ခံပြင်းစိတ်ထားပါ
၆။ 😘 အပြောအဆိုသိမ်မွေ့ပါ
၇။ 🙅 အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့
၈။ 🙆‍♂️ လက်ရှိအလုပ်ကိုသစ္စာရှိပါ
၉။ 🙅‍♂️ အိပ်ယာထမပျင်းပါနဲ့
၁၀။ 👨‍✈️ ရည်မှန်းချက်ထားပါ
၁၁။ 🙆 ကျန်းမားရေးဂရုစိုက်ပါ
⏱ အချိန်မဖြုန်းပါနဲ့ ⏱
==================
- အချိန်မဖြုန်းပါနဲ့ဆိုသည်မှာ တစ်နာရီပဲသွားသင့်တဲ့ခရီးကို တစ်နာရီပဲအကုန်ခံပါ။
(ရန်သူမျိုးငါးပါး,အကြောင်းမျိုးမျိုးကြောင့်အချိန်လက်ဟင်းတာကိုမဆိုလိုပါ)
အကယ်၍တစ်နာရီထက်ပိုအချိန်ကုန်သွားတဲ့အချိန်ဟာ သင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေးသွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့်အချိန်ကိုမဖြုန်းပါနဲ့....။
🤗 �အပျော်အပါးလျော့ပါ 🤗
======================
- ခေတ်လူငယ်ပဲ အသောက်စားတော့ရှိမှာပဲ ထိုစကားဟာလုံးဝမှားပါတယ် လူငယ်ဆိုတိုင်းသောက်စားနေကြရင် လူငယ်တိုင်းအကုန်သောက်စားသမားတွေဖြစ်ကုန်မှာပေါ့ "အစရှိ တနောင်နောင်"တဲ့ "အစမကောင်းရင်အနှောင်းမသေချာပါ"ဘူး မိမိသူငယ်ချင်းဆေးသောက်တိုင်းမိမိကလိုက်သောက်စရာမလိုပါဘူး အတုခိုးသင့်,မသင့်စဉ်းစားပါ...။
💰 ငွေကိုအလွယ်တကူမသုံးပါနဲ့ 💰
===========================
- မိမိချွေးနဲစာနဲ့ရလာတဲ့ငွေကိုပဲဖြစ်ဖြစ်၊
အလွယ်တကူပဲရလာတဲ့ငွေပဲဖြစ်ဖြစ်၊ တန်ဖိုးထားပါ။ သုံးပြီးလို့ ပိုလာတာကိုမစုပါနဲ့။ မိမိသတ်မှတ်ထားတဲ့စီမံချက်တိုင်းစုလို့ပိုလာတဲ့ငွေကိုသုံးပါ။ ပိုက်ဆံမရှိတဲ့အခါ ကျန်တာတွေအဝေးကြီးစဉ်းစားမနေနဲ့၊ မိမိအမြဲတမ်းလိုလိုကျွေးမွေးခဲ့တဲ့သူဟာ မိမိအဆင်မပြေတဲ့အခါ သူဟာမိမိပေါ် ဘယ်လိုဆက်ဆံလဲ(သူငယ်ချင်းတိုင်းမဟုတ်ပါအများစုဖြစ်တတ်ကြပါတယ်)ကြုံဖူးသူတိုင်းသိကြမှာပါ။ နောက်တစ်ခုကမိမိရဲ့မိသားစုထဲမှာငွေမရှိတဲ့သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေမိမိဘယ်လိုဆက်ဆံလဲ...? ဒါတွေကိုသိနေရင် မိမိငွေတစ်ခါသုံးဖို့ငွေစက္ကူတစ်ရွတ်ထုတ်တိုင်းအမှတ်ရပါ...။
📖 အားလပ်တဲ့ခါစာဖတ်ပါ 📖
========================
- "စာအုပ်စာပေ လူ့မိတ်ဆွေ"တဲ့ မိမိလမ်းမှားနေရင်စာအုပ်ဖတ်တဲ့အခါမိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ ကိုက်ညီသောစာသားတွေ့ခဲ့ရင်ရှေ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဲဒီစာပေတွေက မိမိကို ပြန်လည်လမ်းပြပေးမှာပါ။ အတွေ့မရှိသော်လည်းစာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပါတယ်။ ဒါကြောင့် မိမိအားလပ်နေတဲ့အချိန်တွေကိုမဖြုန်းတီးပဲစာဖတ်ပါ...။
🤔 ခံပြင်းစိတ်ထားပါ 🤔
===================
- ခံပြင်းစိတ်ထားခြင်းဟာလည်း မိမိလုပ်နေတဲ့အလုပ်အတွက် အားအင်တစ်ခုပါပဲ။ အလုပ်မရှိတော့လို့စိတ်ဓာတ်ကျတဲ့အခါ၊ မိမိငွေမရှိတဲ့အခါ ၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း မိသားစုတွေက မိမိပေါ်ဘယ်လိုဆက်ဆံလဲ...??ပြန်အမှတ်ရပြီး ကျသွားသောစိတ်ဓာတ်ကိုပြန်လည်ထူထောင်စေပါတယ်
။ ဒါကြောင့်ခံပြင်းစိတ်ထား၍ မိမိအလုပ်ကိုအရင်ကထက် ၂ဆပိုမိုလုပ်ပြီးကြိုးစားလိုက်ပါ...။
😘 အပြောအဆိုသိမ်မွေ့ပါ 😘
=======================
- အပြောအဆိုသိမ်မွေ့ခြင်းဟာ မိမိလုပ်ငန်းတွက် မိတ်ဆွေတိုးပွား၍ လုပ်ငန်းကိုလဲပိုမိုဖြစ်မြောက်စေပါတယ်။" ဥပမာ=ငါ့ညီရေ...အကိုတို့ဒီပစ္စည်းလေးဝယ်တုန်းကဘယ်လောက်ပေးရတယ်အကိုတို့ကအမြတ်ကို ဘယ်လောက်လေးပဲတင်ထားတာပါ"
ဒီလိုအေးအေးဆေးဆေးလေးသိမ်မွေ့စွာရှင်းပြခြင်းအားဖြင့်မိမိပစ္စည်းဟာအမြန်ရောင်းရစေပါတယ်။ အဲလိုမဟုတ်ပဲ ဒီလို "ငါဝယ်တာတောင်ဘယ်လောက်ပေးရတာ မင်းကိုငါကဒီစျေးနဲ့ပေးရမယ် "မင့်ကြိုက်ရင်ဝယ်မဝယ်ချင်နေပြောတာနဲ့အင်မတန်မှကွာခြားလှပါတယ်။ ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေအမြန်ပိုင်ဆိုင်ဖို့အတွက် အပြောအဆိုသိမ်မွေ့ခြင်းဟာလဲအရာရောက်ပါတယ်....။
👷အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့ 👷
===============================
- မိမိလုပ်စရာရှိတဲ့အလုပ်ကိုချက်ချင်းထလုပ်လိုက်ပါ။ တော်ကြာမှ၊ ခဏနေမှဆိုတဲ့ပုံစံကိုဘယ်တော့မှမလုပ်ပါနဲ့။ အဲလိုလုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန်မလိုချင်ပါဘူးလို့ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ။ အလုပ်တစ်ခုဘယ်တော့မှအကြွေးမထားပါနဲ့။ မိမိမလုပ်ပဲထိုင်နေတဲ့အချိန်တွေက
ဘယ်လိုတန်ဖိုးရှိလဲဆိုတာ တော်ကြာမှဆိုပြီးပြစ်ထားလိုက်တဲ့အလုပ်ကို စိတ်ပါမှထလုပ်ရင်း အချိန်တွေမလောက်ငှပဲ နောက်အလုပ်တွေကိုနောက်နှေးစေပါတယ်။ လုပ်စရာရှိတဲ့အလုပ်မြန်မြန်သာထလုပ်လိုက်ပါ....။
👩‍🔧 လက်ရှိအလုပ်ကိုသစ္စာရှိပါ 👨‍🔧
==========================
အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့အလုပ်ဟာစည်းလုံးခြင်းကိုဖြစ်ပေါ်စေပါတယ်။ အလုပ်သမားဟာလဲမိမိလုပ်နေတဲ့အလုပ်ကို မိမိကိုယ်ပိုင်ပစ္စည်းသဖွယ်စိတ်ထဲထင်မှတ်ကာသစ္စာရှိပါ။ အလုပ်ရှင်ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ခြင်းတွက်ထောက်ပံ့နေသောသူတွေပါလို့ တစ်ဦးမေတ္တာတစ်ဦးသိလို့လက်ရှိအလုပ်ကိုသစ္စာရှိပါ...။
🙅‍♂️🙅 အိပ်ယာထမပျင်းပါနဲ့ 🙅🙅‍♂️
==========================
"ဝီရိယအကျိုး စောစောနိုး -သူခိုးတုတ်နဲ့ပြစ်လတ္တံ"တဲ့ရှေးဆိုရိုးစကားရှိပါတယ် စောစောအိပ်ယာထပြီးအလုပ်လုပ်ခြင်းဟာ
မိမိပြောမပြတတ်လောက်အောင်
အကျိုးကြီးမားလှပါတယ်။ ဥပမာ-နေ့လည် ၁နာရီနားရမဲ့ဟာ၁၀နာရီနဲ့နားရပါတယ်။ အချိန်တွေကိုပိုမိုရစေပါတယ် စောစောထပြီးအလုပ်လုပ်တော့ နောက်ဆုံးပြောရရင်တစ်ခြားသူတွေ နေပူတာလောက်တောင်မခံရပါဘူး ထို့ကြောင့်အိပ်ယာစောစောထပြီးအလုပ်ကိုကြိုးစားကြပါ....။
👩‍✈️👩‍🎓 ရည်မှန်းချက်ထားပါ 👨‍✈️👨‍🎓
==========================
- မိမိအောင်မြင်မှု့ရခြင်းတွက် ရည်မှန်းချက်ထားပါ ။ ဥပမာ- ငါအခုအသက်၂၀ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ်တစ်စီးပိုင်ဆိုင်ရမယ် ၊ နောက် ၂နှစ်နေရင် ငါ့မှာကိုယ်ပိုင်အလုပ်လေးတစ်ခုပိုင်ဆိုင်ရမယ်၊ နောက် ၃နှစ်ကြာရင်ငါမြေကွက်တစ်ကွက်ပိုင်ရမယ်၊ ဒီ ၆နှစ်မှာငါ့ဘဝခုလက်ရှိဘဝနဲ့မတူပြောင်းလဲစေရမယ်။လူ့လောကမှာအသက်၃၀ကျော်သွားရင်
လုပ်ရကိုင်ရတာတွေသိပ်အဆင်မပြေတော့ပါဘူး ။ ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ ရည်မှန်းချက်မရှိရင်ဘာလုပ်လုပ်အလကားပါပဲ ရည်မှန်းချက်ရှိရှိအလုပ်ကိုလုပ်ကြပါ....။
🙆‍♂️ ကျန်းမာရေးဂရုစိုက်ပါ 🙆
======================
- မြတ်စွာဘုရားဟောကြားခဲ့ပါတယ် "အာရောဂျံ ပရမံ လာဘံ"ကျန်းမာခြင်းသည်လာဘ်တစ်တစ်ပါးပါပဲ၊ မိမိကျန်းမာရေးကိုဂရုစိုက်ပါ။ မိမိနေမကောင်းရင် အလုပ်လုပ်ဖို့မပြောနဲ့အုံး မိမိမဟုတ်တဲ့အခြားတစ်ယောက်ချက်ထားတဲ့ထမင်း၊ဟင်းတောင်စားရတာအဆင်မပြေပါဘူး။ မိမိမှာဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါစေ ကျန်းမာရေးမကောင်းရင်အပြည့်အဝခံစားပိုင်ခွင့်မရှိပါဘူး။ မိမိလုပ်ချင်သောအလုပ် မိမိလိုချင်သောရည်ရွယ်ချက်တွေကိုဘာတစ်ခုမှလုပ်လို့မရပါဘူး။ မိမိမကျန်းမာခြင်းဟာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုဟန့်တားစေပါတယ်။ ဒါကြောင့်ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက်အရေးပါလှပါတယ်....။
☘☘☘☘☘☘☘☘☘
😇 ဘဝက သုညဖြစ်နေပါစေ....
☝ တစ်ကနေစရတာပါ....
😴 အိမ်မက်ထဲမှာပဲ အိမ်မက်တွေကိုမက်မနေပါနဲ့...
😮 သင့်အိမ်မက်တွေကို လက်တွေ့မှာအကောင်အထည် ဖော်နိုင်ဖို့အတွက်
အိမ်မက်တွေထဲက နှိုးထလိုက်ပါ...
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်ပါ
ဖြစ်မလာတာက အရှုံးမဟုတ်ပါဘူး
မလုပ်ပဲ ပျင်းနေတာကမှ
ရှုံးနေတာပါ။
သင်ရောက်နေတဲ့နေရာကနေ
ရောင့်ရဲနေသရွေ့ ဒီနေရာမှာပဲသင်ရှိနေမှာပါ
ရှေ့ဆက်တိုးတက်အောင် ကြိုးစားနေမှ
ဘဝက တိုးတက်လာမှာပါ။
အောင်မြင်ခြင်းကို အတွေးတွေထဲမှာပဲ
ထားမနေပါနဲ့တော့ စပြီးလုပ်လိုက်ပါ
အတွေးက လက်တွေ့လောက်မလွယ်ကူပါဘူး
အတွေးနဲ့ထပ်တူ ကြိုးစားတတ်ဖို့တော့လိုပါတယ်။
ဘဝမှာ တိုးတက်အောင်မြင်ချင်ရင်....
ကံ၊ဥာဏ်၊ဝီရိယရှိရပါမယ်...
ကံကိုပဲယုံကြည်နေလို့မရပါဘူး
ဥာဏ်ကိုသုံးပြီး
ဝီရိယ ရှိစွာကြိုးစားတတ်ဖို့တော့လိုပါတယ်။
တခါတလေ ကြိုးစားတိုင်းလည်း
ဖြစ်မလာတာ ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့် ဖြစ်မလာဘူးဆိုတာထက်
ဖြစ်ချိန်မတန်သေးလို့ပါပဲ။
လောကဓံဆိုတာ ကြံ့ကြံ့ခံနိုင်မှ
ဘဝဆိုတာ လိုရာပုံသွင်းရတာပါ။
ဒုက္ခကိုမတွေ့ဖူးရင် အခက်အခဲကိုမသိဘူး
အခက်အခဲကိုမသိသရွေ့ ကြိုးစားချင်စိတ်က ရှိလာမှာမဟုတ်ပါဘူး ။
လူတိုင်းက ကိုယ်တိုင်ကြုံဖူးမှ
ဒုက္ခဆိုတဲ့အဓိပ္ပါယ်ကို နားလည်တာပါ
တချို့အရာတွေက ဖိအားမရှိရင်
တွန်းအားမရှိရင် မရွေ့တတ်ကြပါဘူး
ဘဝက နာတတ်မှတိုးတက်တာပါ
ဘဝမနာသရွေ့ဘယ်တော့မှတိုးတက်မှမဟုတ်ပါဘူး။
ဘဝမှာ
ဘယ်လောက်အခက်အခဲရှိရှိ
ဘယ်လောက်ဒုက္ခတွေပဲကြုံကြုံ
ဇွဲတော့မလျော့လိုက်ပါနဲ့
အောင်မြင်မှု ဆိုတာအလွယ်မရလို့ပဲ
ဘဝလမ်းမှာ အောင်မြင်သူတွေနည်းနေတာပါ။
ဘဝလမ်းဘယ်လောက်ကြမ်းကြမ်း
ကြိုးစားနေသူတွေအတွက်ကတော့
အောင်မြင်ခြင်းက ဆည်းကြိုနေမှာအမှန်ပါပဲ။
အောင်မြင်သောစီးပွားရေးပိုင်ရှင်များဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...
ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ.....
စာပေချစ်သောမိတ်ဆွေများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါသည်။

“မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့်နယုန်လပြည့်နေ့၏ ထူးခြားချက်များ” •••••••••••••••••••••••••••••••••••••••••••...
24/06/2021

“မဟာသမယအခါတော်နေ့ ကျင်းပရခြင်းအကြောင်း နှင့်
နယုန်လပြည့်နေ့၏ ထူးခြားချက်များ”
••••••••••••••••••••••••••••••••••••••••••••••••••••••••
နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေး
မှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး
ဖြစ်ပါသည်။မြတ်စွာဘုရားသည်ထိုနေ့၌ ကပိလဝတ်ပြည်
မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ်
ဟောကြားတော်မူသည်ကို အကြောင်းပြု၍
နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ”
ကျင်းပရခြင်း ဖြစ်ပါသည်။

နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-
•••••••••••••••••••••••••••••••••••••••••••••
(၁)။ ရေလုပွဲ ဆင်နွှဲကြသော တောင်သူလယ်သမားတို့
ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေးခြင်း။
(၂)။ ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။
(၃)။ နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊
ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ
စုရုံးမိသောနေ့ဖြစ်ခြင်း။
(၄)။မင်းသားငါးရာ သာ့သနာဘောင်သို့
ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၅)။ရဟန်းတော် ငါးရာလုံး ရဟန္တာချည်း
ဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
(၆)။ “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” က
ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။
(၇)။မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့
ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
(၈)။မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို
ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။
(၉)။ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။
ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က
နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။

“မဟာသမယ သမိုင်း”
•••••••••••••••••••••••••••••••••••••
ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ
လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့
ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ ရေလုပွဲကြီး
ဆင်နွှဲခဲ့ကြဖူး၏။ လယ်သမားများကိုအကြောင်းပြု၍
နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့်
စစ်သည်တော်များသည်လည်း ရောဟိနီမြစ်ရှိရာသို့
ရောက်ရှိလာကြ၏။ နှစ်ဖက်နိုင်ငံမှ လူအများတို့သည်
တုတ်၊ဓား၊လက်နက်ကိုင်ဆောင်၍ ထိုးခုတ်
တိုက်ခိုက်တော့မည့်အခြေအနေသို့ ရောက်ရှိနေကြ၏။

ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး၊
ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အောက်ပါ၀တ္တုများကို
သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို
ဟောကြားတော်မူလေသည်။

(၁)။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍
နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊

(၂)။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော
ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ
အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ
“ဒုဒ္ဒုဘဇာတ်”၊ (ပထဝီဥနြ္ဒိယဇာတ်)၊

(၃)။ အားသေးသော နှံစုတ်ငှက်မက အားကြီးသော
ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို
အထင်မသေးသင့်ပုံ “လဋုကိလဇာတ်”၊

(၄)။ ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ
လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း
မညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏
ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”၊

(၅)။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း
တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ
“ရုက္ခဓမ္မဇာတ်”၊

(၆)။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန်
“အတ္တဒဏ္ဍ”သုတ်ကို
ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်။

အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ
နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသား
စစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ
လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ
သက်၀င်လာကြကုန်၏။ တစ်ဖက်လျှင် ၂၅၀ စီ
နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့
ဝင်၍ ရဟန်းပြုကြကုန်၏။

ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့
တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲ
ရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း
ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍
ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို
ဟောပြောတော်မူပါသည်။
တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန်
ဖြစ်တော်မူကြပါသည်။

မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်
အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ
အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏
တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။
ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်
အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း
ဖြစ်တော်မူကြပါသည်။

ရဟန်းငါးရာတိုးသည် မိမိတို့ရရှိပြီးသော တရားထူးကို
လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန်
နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား
အထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့
ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်
ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့်
ဂဠုန်၊နဂါးတို့သည် မဟာဝှန်တောကြီးသို့ အုပ်စုလိုက်
စုရုံးရောက်ရှိလာကြကုန်၏။

ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင်
ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသောအချိန်ကို
“မဟာသမယ” ဟုခေါ်ဆိုပါသည်။ ထိုနတ်သဘင်
အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို
ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့်
မိန့်ကြားသောစကားတော်များကို
“မဟာသမယသုတ်”ဟု ခေါ်ဆိုရပါသည်။

မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက်
စရိုက်အားလျော်စွာ အောက်ပါသုတ်တော်များကို
ဆက်လက်ဟောကြားတော်မူပါသည်။

(၁)။ ရာဂစရိုက် အားကြီးသူတို့အတွက်
သမ္မာပရိဗ္ဗာဇနိယသုတ်၊
(၂)။ ဒေါသစရိုက် အားကြီးသူတို့အတွက်
ကလဟဝိဝါဒသုတ်၊
(၃)။ မောဟစရိုက် အားကြီးသူတို့အတွက်
မဟာဗျူဟသုတ်၊
(၄)။ ဝိတက်စရိုက် အားကြီးသူတို့အတွက်
စုဠဗျူဟသုတ်၊
(၅)။ သဒ္ဓါစရိုက် အားကြီးသူတို့အတွက်
တုဝဋကသုတ်၊
(၆)။ ပညာစရိုက် အားကြီးသူတို့အတွက်
ပုရာဘေဒသုတ်၊
တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း
ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြလေသည်။

ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက
နတ်များ၏ချစ်ခင်မူကို ခံရကြောင်း၊
အိမ်သစ်၊တိုက်သစ်၊နေရာသစ်တို့၌ မင်္ဂလာယူလိုသော
ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို
ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက
ပြဆိုထားပါသည်။

ဣဒံပန မဟာသမယသုတ်တံ
နာမ ဒေဝတာနံ ပိယံ မနာပံ၊
တသ္မာ မင်္ဂလံ ဝဒန္တေန အဘိနဝဌာနေသု
ဣဒမဝေ သုတ်တံ ဝတ်တဗ်ဗံ။
(ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၂၈၇။

စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့ကံမကုန်ရင်ပြန်ဆုံဦးမှာပဲမပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးပဲမင်းရွေးလိုက်ပါတော့ကွယ်စိတ်ဖ...
23/06/2021

စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့

ကံမကုန်ရင်ပြန်ဆုံဦးမှာပဲ

မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးပဲ

မင်းရွေးလိုက်ပါတော့ကွယ်

စိတ်ဖြောင့်ဖို့အတွက်မှာနေလဲ

ငါကိုယ်တိုင်ကြေကွဲနေရဆဲ

ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းပဲ

အပြီးသတ်နှုတ်ဆက်ပါတယ်

Address

Botataung

Alerts

Be the first to know and let us send you an email when MyanmaYoeyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MyanmaYoeyar:

Share