Su Yati Online Shopping

Su Yati Online Shopping လေထိုးမွေ့ရာ၊ပြေးစက်၊အားကစားစက်၊Weig

ဤနှစ်သစ်မှစပြီး အားလုံးကျန်းမာခြင်း၊ချမ်းသာခြင်း၊ကံ​ကောင်းခြင်း​တွေနဲ့ပြည့်စုံကြပါ​စေ🙏🙏🙏
11/01/2026

ဤနှစ်သစ်မှစပြီး အားလုံးကျန်းမာခြင်း၊ချမ်းသာခြင်း၊ကံ​ကောင်းခြင်း​တွေနဲ့ပြည့်စုံကြပါ​စေ🙏🙏🙏

 #ကုသိုလ်ပိုရတဲ့နည်း🙏🙏🙏      🔸တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်းနှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻 ...
17/07/2024

#ကုသိုလ်ပိုရတဲ့နည်း🙏🙏🙏

🔸တဝါတွင်းလုံး မြတ်စွာဘုရားရှင်အား ဝါဆိုသက်န်း
နှစ်တိုင်းကပ်လှူနေကျမို့ ဝေမျှကုသိုလ်ပါရှင်🙏🏻

"ဝါဆိုသင်္ကန်း"
"ကထိန်သင်္ကန်း"
ဖြစ်ပေါ်လာအောင်

🔸ခွင့်ပြု ပေးတဲ့
မြတ်စွာဘုရားရှင်ကို
ဝါဆိုသင်္ကန်း ၊ ကထိန်သင်္ကန်း
မကပ်ဖူးသေးရင် ကပ်လှူပူဇော်ပါ။

🔸ကိုယ့်အိမ်ကဘုရားကို
ဝါဆိုသင်္ကန်း ကပ်မယ်ဆိုရင်...

(၂၀၊၇၊၂၀၂၄) #ဝါဆိုလပြည့်နေ့နံနက်အာရုံတက်ချိန်

🔸ဘုရားရှေ့မှာ
ကိလေသာအပူအားလုံး ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူ့ကို မပြုမကျင့်တော်မူသော မြတ်စွာဘုရား။
လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။
တပည့်တော်တို့ ဤဝါဆိုသင်္ကန်းကို
ဆက်ကပ်လှူဒါန်းပါတယ်ဘုရား
ဆိုပြီး ဝါဆိုသင်္ကန်းကပ်လှူပါ🙏🙏🙏

🔸မြတ်စွာဘုရားရှင်ကို
ကပ်လှူထားတဲ့
ဝါဆိုသင်္ကန်းကို တစ်ဝါတွင်းလုံး
ဘုရားစင်မှာ ကပ်လှူထားပါ,..
"သီတင်းကျွတ်" လပြည့်နေ့မှ စွန့်ပါ

🔸စွန့်ပြီး အဲ့ဒီသင်္ကန်းကို
သံဃာတစ္ပါးပါး
အားစွန့်ပြီး ပြန်လှူလိုက်ပါ..

" ဘုရားလှူရတဲ့ ကုသိုလ်ရယ် "

" သံဃာလှူရတဲ့ ကုသိုလ်ရယ် "

ကုသိုလ်ပိုရပါတယ်။

🔸သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး
သင်္ကန်းတစ်စုံ ထပ်ဝယ်ပြီး
ဘုရားကို ကထိန်သင်္ကန်းကပ်လှူပါ
ဘုရားခွင့်ပြု တော်မူတဲ့လ,
သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ကနေ
တန်ဆောင်မုန်းလပြည့်ထိ

🔸တစ်လတာအတွင်း, ကထိန်သင်္ကန်း လှူလို့ရတယ်..

🔸အဲ့ဒါ ဘုရားမှာ
တပတ်လှူ , (၅)ရက်လှူ , (၃)ရက်လှူ
လှူပြီးတာနဲ့ စွန့်ပြီး
အိမ်နားက ကျောင်းမှာ ကထိန်ခင်းတာရှိမယ်
အဲ့ဒါ သွားလှူလိုက်ပါ။

🔸အဲ့တော့ ဘုရားလည်း
"ကထိန်သင်္ကန်း"ကပ်ရတယ်။
ကျောင်းမှာလည်း သံဃာတော်တွေအတွက်
"ကထိန်သင်္ကန်း လှူရပါတယ်။

ဘုရားရှင်ကို
" ဝါဆိုသင်္ကန်း "
" ကထိန်သင်္ကန်း "
မကပ်ဖူးသေးတဲ့ သူတွေ
ဒီနည်းအတိုင်းလုပ်လို့ရပါတယ်...🙏🙏🙏

ကုသိုလ်တွေ ပို၍ရအောင် လှူနိူင်ကြပါစေ။
ကုသိုလ်အထူးလည်းရကြပါစေ။🙏🙏🙏

#ဝေမျှကုသိုလ်ပါရှင်🙏🙏🙏

17.7.2024.
ရို​သေ​လေးစားစွာဖြင့် Credit ပါရှင့်
🌹🙏🌹Su Yati Online🌹🙏🌹

ညဘက်ကောင်းကောင်းအိပ်မပျော်၊ သု-တ်အားနည်း၊သု-တ်ကုန်ခမ်းတဲ့ရောဂါ၊ အမျိုးသမီးတွေဆိုလျှင်သွေ:သားစင်ကြယ်စေ၊ ပန်းနာရင်ကျပ်သက်သ...
27/03/2024

ညဘက်ကောင်းကောင်းအိပ်မပျော်၊ သု-တ်အားနည်း၊သု-တ်ကုန်ခမ်းတဲ့ရောဂါ၊ အမျိုးသမီးတွေဆိုလျှင်သွေ:သားစင်ကြယ်စေ၊ ပန်းနာရင်ကျပ်သက်သာမယ့် ကင်းပွန်းချဉ်နဲ့ ငါးခုံးမဟင်း...
++++++++++++
ညအိပ်ရင် တဖျက်ဖျက်နဲ့ လန့်လန့်နိုးနေတတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်။

အိပ်ပြီဆိုတာနဲ့ မနက်မိုးလင်းထိ တစ်ချိုးထဲ အိပ်စေတဲ့ဆေ:နည်းလေးရှိရင် ကူညီပါ ဆိုတဲ့ အသိတစ်ယောက်အတွက် ဆေ:နည်းလေး ကို မျှဝေပေးလိုက်တာပါ။

ဆေ:နည်း
----------
ညဘက်ကောင်းကောင်းအိပ်ပျော်လိုလျှင် ကင်ပွန်းချဉ်ရွက်ကို ငါးခုံးမနဲ့ ဟင်းချက်စားပေးရပါမယ်။

ဒီဟင်းလျာက အိပ်ပျော်စေရုံမက သု-တ်အားနည်း၊ သု-တ်ကုန်ခမ်းတဲ့ရောဂါ၊ အမျိုးသမီးတွေအတွက်ဆိုရင် သွေ:သားစင်ကြယ်စေပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိရင်လည်း သက်သာစေပါတယ်။ ။

မှတ်ချက်- အနေနဲ့ကတော့

နံနံပင်လေးအုပ်ပြီး
ညစာသာ ချက်စားပေးပါ။

လည်းဆေး ဆေ:လည်းအစာ
မသိသူ ကျော်သွား သိသူဖော်စား
ကျေးဇူးပြုပြီး မျှဝေပေးကြပါ
ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင် ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ လိမ်းကြည့်ပါ။...............
06/02/2024

မုန်ညင်းဆီ ဘယ်လောက်စွမ်းလဲဆိုတာ သိချင်ရင် ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ လိမ်းကြည့်ပါ။...............................
ညအိပ်ယာမဝင်မီ ( ၃ ) မိနစ်ခန့်
ခြေဖဝါးကို မုန်ညှင်းဆီ ပွတ်လိမ်းခြင်းဖြင့်

သွေတိုးခြင်းမှ ထိန်းပေးသည်။

အမျိုးသား ခွန်အားတိုးစေသည်။

မှတ်ဥာဏ် အားကောင်းစေသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။

လန်းဆန်း တက်ကြွစေသည်။

အဆီကျစေသည်။

မျက်စိ အားကောင်းစေသည်။

မျက်စိ ပါဝါများသူအနေဖြင့် လျော့နည်းစေသည်။

အာရုံကြော အားနည်းသူများအတွက် သင့်လျော်သည်။

ခေါင်းကိုက်ရောဂါ ပျောက်ကင်းစေသည်။

ဒူးနာ ခါးနာသူများ သက်သာစေသည်။

၀မ်းချုပ်သူများ အစာအိမ်ရောဂါရှိသူများအတွက်
အထူးသင့်လျော်သည်။

အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်သည်။

ခြေထောက် ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။

ကျန်းမာသုတရကြပါစေရှင်.....

တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

++++++++++++
ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

မနက်စောစော အိပ်ရာထတာနဲ့ ရေသောက်တတ်ပါသလား။ မနက်အိပ်ရာထတာနဲ့ ရေသောက်တာက အောက်မှာပြောထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်...
04/02/2024

မနက်စောစော အိပ်ရာထတာနဲ့ ရေသောက်တတ်ပါသလား။

မနက်အိပ်ရာထတာနဲ့ ရေသောက်တာက အောက်မှာပြောထားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) အစာကြေပြီး ဝမ်းမှန်စေပါတယ်။

(၂) ညတုန်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။

(၃) ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။

(၄) နှလုံးနဲ့ ကျောက်ကပ် ကို အန္တရာယ်ဖြစ်စေတဲ့အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးပါတယ်။

(၅) အသားအရေ တင်းရင်းပြီး ဂလိုးစေပါတယ်။

(၆) လန်းဆန်းစေပြီး အာရုံစူးစိုက်မှု အားကောင်းစေပါတယ်။

(၇) ရောဂါတွေကို ကာကွယ် တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကိုကောင်းစေပါတယ်။

မနက်စောစာ ရေသောက်တာက ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

လူတစ်ယောက်အတွက် တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာခန့် သောက်ဖို့လိုအပ်ပါတယ်။

ဒါကြောင့် ရေသောက်ပျင်းတဲ့ သူငယ်ချင်းတွေရှိရင် မန်းရှင်းခေါ်ပြီး ရေသောက်ဖို့ တိုက်တွန်းလိုက်ကြရ​အောင်👍🧃🥛

ရို​သေ​လေးစားစွာဖြင့် မူရင်း​ရေးသားသူအားcredit🙏

🎄ဆရာမကြီး​ပြောတဲ့ ထမင်းချက်နည်း🎄ဆန် လုံးဝ မပွပါ🎄အာမခံပါတယ် ပိုပြီးတော့ဆန်ကစင်းကော့သွားတာ တွေ့ရမှာပါမသွယ်တို့ မိသားစု ချက...
19/01/2024

🎄ဆရာမကြီး​ပြောတဲ့ ထမင်းချက်နည်း
🎄ဆန် လုံးဝ မပွပါ
🎄အာမခံပါတယ် ပိုပြီးတော့ဆန်က
စင်းကော့သွားတာ တွေ့ရမှာပါ

မသွယ်တို့ မိသားစု ချက်စားနေတာ
ကြာလှရှိပါပြီရှင်

ဆ ရာ မ ကြီး ပြော တဲ့ ထ္မင်း ချက် နည်း လေး ပါ.....

အာစင်းနစ် ( Arsenic) ကြာလာရင်
တစ်ဖြည်းဖြည်း ဒုက္ခပေးနိုင်သော အဆိပ်တစ်မျိူးး။

အာစင်းနစ်ဓာတ် နဲနိုင်သမျှ နဲအောင် ချက်ရမည့်ထ္မင်း ချက်နည်း။

* ဆန်ကို ညကထဲက စိမ်ရပါမယ် အနည်းဆုံး (၁၂ ) နာရီစိမ်ရမှာဖြစ်တဲ့ အတွက် မနက်ကိုယ်ချက်မည့် အချိန်နဲ့ မှန်းပြီး စိမ်ပါ။

* ဆန်ဆေးနည်းကတော့ ငါး ရေလာက်ဆေးပေးပါ
ဆေးတဲ့အခါ နှစ်ရေလောက်မှာ ဆန်သားနူးလာသည့်အတွက် ဖြည်းဖြည်းခြင်း ရွရွလေးဆေးပေးပါ ပြီးရင်
ရေများများနဲ့ စိမ်ထားပါ။

* မနက် ချက်တော့မည်ဆိုလျှင် အနဲဆုံး ရေက ၆ ဆထည့်ရမှာပါ ဆရာမကြီးက ၁၀ ဆ တောင်ထည့်ချက်သင့်
တယ်လို့ ဆိုပါတယ်။

ဥပမာ ဆန်နှစ်လုံး ဆိုရင် ရေက ၁၂လုံးဆိုတော့ အိုးက
ကြီးမှရမှာပေါ့ ကျွန်မကတော့ ငါးလုံးဝင် အိုးနဲ့ ချက်ပါတယ်
ဆန်အနဲအများပေါ်မူတည်ပြီး ရေများများ ငှဲ့ချက်နိုင်ရင်
အာစင်းနစ်ဓာတ်တွေလည်း များများ ထွက်မှာပါ။
မိသားစုများတဲ့ အိမ်ဆိုရင်တော့ ခွဲချက်ရင်ရမှာပါ။

* ချက်မည့်အိုးထဲ ရေလက်နှစ်လုံး လျော့၍ ရေကြီးဘဲ
သီးသန့် ဆူအောင် အရင်တည်ရပါမည်။
ရေပွက်ပွက်ဆူလာရင် ဆန်စစ် ဇကာထဲသို့ ဆန်များထည့်
ပေးသည့်အခါ (ဆန်ကို လက်ဖြင့် နယ်ခြင်းပွတ်ခြင်း ဆေး
ခြင်း )မလုပ်ပါနှင့် ပွနေသည့်အတွက်ကြေသွားနိုင်ပါသည်
ဖြည်းဖြည်းခြင်းလောင်းထည့်ပါ ကော်ဇကာဆိုလျှင် ရေပူနဲ့မထိမိပါစေနဲ့ ကိုယ်လိုချင်သောအနေအထား ရပြီဆိုရင်
ငှဲ့လို့ရပါပြီ။

အိုးကကြီးပြီး ထမင်းနဲနေသည့် အတွက် မီးငွေ့ငွေ့နဲ့
စလောင်းဖုံ ကို မှောက်ဖုံး ၍နှပ်ပါ ချွေးများစစ်စစ်ပေးပါ။

ကျွန်မကိုယ်တိုင် ဆရာမကြီးပြောသလို အမျိုးမျိုးစမ်းချက်ကြည့် ရင်းနဲ့ မှ ကျွန်မအတွက်တော့ အဆင်ပြေ
လာတဲ့ နည်းလေးမို့ မျှဝေရခြင်းပါ။

အားလုံးကိုလည်း
နေကောင်းကျန်းမာစေချင်တပါတယ်အတတ်နိင်ဆုံးလိုက်
နာနိုင်ရင် ကျွန်မတို့တစ်တွေ တိုးတက်လာတဲ့ ခေတ်မှာ
အဆိပ်တွေထဲက အဆိပ်တစ်မျိုးလျော့သွားမှာဖြစ်ပါတယ်

အဲ့ လို ညသိပ်စိမ်ထားတဲ့ အတွက် အာစင်းနစ်တွေထွက်သွားတယ်ထူးခြားတာက ဆန်လုံးပိုရှည်ပြီးစင်းကော့လာတယ် ၂၄ နာရီစိမ်ရင်ပိုကောင်းတယ်လို့လည်း
ဆရာမကြီးကပြောတာမို့
ကျွန်မ စမ်းပြီး သုံးခါလောက်စိမ်
ကြည့်တာ ဆန်ရဲ့ အနံက အချဉ်ဖောက်တဲ့ အနံမျိုးဖြစ်တာနဲ့
၁၂ နာတော့ စိမ်ပါတယ် ၁၈ နာရီလောက်လည်း မဆိုးပါဘူး
အိမ်ရှင်မတွေရဲ့ အလုပ်ချိန်ပေါ်မူတည်ပြီး ချက်ကြည့်ကြပါ။

ပေါင်းအိုးနဲ့ချက်တဲ့သူတွေကတော့ စိမ်ထားတဲ့ဆန်ထဲ
ရေကဝင်ပြီး ပွနေပြီဖြစ်တဲ့ အတွက် ရေချိန်ကိုပုံမှန်ထက်လျော့ပေးရမှာပါ။

* ကျွန်မပြောသလို အဆင့်ဆင့်ချက်တဲ့ အခါမှာ
ကျိုးကြေတာ ၊ဆန်ပွတာ၊ ပျောပြဲနေတာ၊ ပွစိကြီးများဖြစ်နေတတ်လား ဆိုတဲ့မေးခွန်းများ မေးစရာမလိုတော့
ပါရှင် ။

* ဆရာမကြီးက ပြောပါတယ် ရောဂါကြီးတဲ့သူတွေက
ထမင်းကို ခဏတော့ ရှောင်လိုက်ပါတဲ့ သက်သာရင်ပြန်စားပါတဲ့
ရောဂါမရှိသူတွေကတော့ လျှော့စားတာ အကောင်းဆုံးပါတဲ့ရှင် ကျွန်မကတော့ လျှော့စားပါတယ်။

အား လုံး ဘဲ ကျန်း မာ ခြင်း လက်ဆောင် များ
ရ ယူ နိုင် ကြ ပါ စေ ။

ရို​သေ​လေးစားစွာဖြင့်
ဆရာမကြီး ကို ဂါ ရ ဝ ပြု ပါ၏
Credit🙏🙏🙏🙏🙏

❗️လမ်းလျှောက်ကြပါ ❗️🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ🌾အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...🌀သဘာဝကြီးက လူတွေကိုမွေး...
10/01/2024

❗️လမ်းလျှောက်ကြပါ ❗️

🚶လမ်းလျောက်တဲ့လူတွေ အသက်ရှည်တယ်ဆိုတာ

🌾အသက်【၅၀】ကျော်လျှင် လမ်းလျှောက်ပေးကြပါ...

🌀သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။ အဖော် ပါလာပါတယ်။

🌀အဲဒါဟာ ခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀နှလုံးခုန်ခြင်းဟာ သူဟာသူ ခုန်နေတာ
ဖြစ်ပေမဲ့ ခြေသလုံးက နှလုံးတွေကတော့ လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

🌀လူတစ်ယောက်ဟာ တစ်နေ့ကို နှလုံးခုန်တဲ့ အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပါတယ်။

🌀အဲဒါဟာ သွေးတွေကို သွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံး က pump လုပ်နေခြင်း ဖြစ်ပါတယ်။

🌀အဲဒီသွေးတွေဟာ သွေးပြန်ကြောကနေ တစ်ဆင့် နှလုံးကို ပြန်ရောက်လာပါတယ်။သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။

🌀နှလုံးက သွေးတွေကိုညှစ်ထုတ်ပြီး
တစ်ကိုယ်လုံးကို ကောင်းစွာရောက်ဖို့ ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာ သွေးတွေ ပြည့်နေဖို့
လိုပါတယ်။

🌀နှလုံးအိမ်ထဲမှာ သွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှု နည်းပါးသွားပါ‌လေရော။

🌀အဲဒီအခါကျတော့ သွေးလှည့်ပတ်မှု
မကောင်းတော့ဘူး။

🌀သွေးလည်ပတ်မှု မကောင်းတော့
သွေးထဲက ကော်လက်စထရောတွေ၊
ကယ်စီယမ်တွေနဲ့ အဆိပ်တွေကအနည်ထိုင်ပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။

🌀 နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံး လုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုက ကြွက်သားတွေပဲဖြစ်ပါတယ်။

🌀ခြေသလုံး၂ခုက ကြွက်သားတွေ ညှစ်ပေးမှ သွေးပြန်ကြောထဲက သွေးတွေကနှလုံးကို ကောင်းစွာ ရောက်ပါတယ်။

🌀နှလုံးအိမ်မှာ သွေးတွေ ပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင် သွေးတွေဟာ အားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တစ်ရှိန်ထိုး ဝင်ရောက်သွားပါတယ်။

🌀 ရေပိုက်တစ်ခုထဲမှာ ရေအားနည်းရင်
ရေက ကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။
ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။

🌀ရေအားကောင်းကောင်းနဲ့ ထိုးလွှတ်လိုက်တော့ ရေပိုက်ထဲက အနည်တွေ ပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။ သွေးကြောကလည်း အဲဒီ သဘောအတိုင်းပါပဲ။

🌀နှလုံးမှာ သွေးအားကောင်းဖို့အတွက်ခြေသလုံး ကြွက်သားတွေညှစ်မှ ရတာပါ။

🌀ခြေသလုံး ကြွက်သားတွေ ညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှ ရတာပါ။
အပြေးလေ့ကျင့်မှရတာပါ။

🌀ခြေသလုံးကြွက်သားတွေ အကြိမ်ကြိမ်ညှစ်မှ နှလုံးသွေးအားကောင်းပြီး သွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

🌀ယခုအခါမှာ လူတွေဟာလမ်းတောင်
မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုး နဲ့သာ အချိန်ကုန်နေကြပါတယ်။

🌀ဒါကြောင့် နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့ သေနေကြတာ အများကြီးပါပဲ။

🌀ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကို ညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီး ကျန်းမာကြပါလိမ့်မယ်။

🌀လမ်းလျှောက်တဲ့လူတွေဟာ အသက်ရှည်တယ် ဆိုတာ ဒါကြောင့်ပါ။

​လေးစားစွာဖြင့်🙏
crd မူရင်းလူ
D.k

ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်မနက် မျက်နှာသစ်တဲ့အခါသရဏဂုံကို ရွတ်ဆိုပါ။( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )သွားတိုက်တဲ့အခါ ဂုဏ...
09/01/2024

ဘဝမှာကံဇာတာတွေ ကောင်းချင်ရင်

မနက် မျက်နှာသစ်တဲ့အခါ
သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

သတိရရင် ရသလို မေတ္တာသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

တစ်နေ့( ၂ )ကြိမ် မနက်၊ည
သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ် )

တစ်နေ့ တစ်ကြိမ်
မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

တစ်နေ့ တစ်ကြိမ်
ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

တစ်နေ့ တစ်ကြိမ်
ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်
ရှိခိုးပါ။
( အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် )

ငါးပါးသီလကို လုံခြုံအောင်
အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့်လူ့တန်ဖိုး
မြင့်တက်လာပါတယ် )

မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက
တစ်ခုခုရဖို့ ကြိုးစားပါ။
( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ
လူဖြစ်ရကျိုး နပ်စေပါတယ် )

တစ်နေ့ကိုအနည်းဆုံး ( ၁၅ )မိနစ်ခန့်
တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ)

ကံအရမ်းဆိုးနေရင်တော့
ဘုရားဂုဏ်တော်နဲ့သရဏံဂုံသာ
အမြဲရွတ်ပါ အင်မတန်ထူးခြားပါတယ်

အကုန်လုပ်နိုင်ရမယ်ဟုမဆိုလိုပါ
မိမိနိုင်တဲ့အချက်လေးနေ့စဥ်လုပ်ကြည့်ပါ
ထူးခြားပါလိမ့်မည်

မေတ္တာဖြင့်ပြန်လည်မျှဝေသည်

မူရင်းရေးသားသူအား လေးစားစွာဖြင့် crd အပြည့်အ၀ပေးပါသည်🙏🙏🙏

မပြောမဖြစ်တော့တဲ့ ခရမ်းချဉ်သီး အန္တရာယ်ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်သူများပါသည်။ ဟင်းများတွင် ထည့်ချက်၍သော်လည်းကောင်း၊ အ...
06/01/2024

မပြောမဖြစ်တော့တဲ့ ခရမ်းချဉ်သီး အန္တရာယ်

ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်သူများပါသည်။ ဟင်းများတွင် ထည့်ချက်၍သော်လည်းကောင်း၊ အစိမ်းလိုက် သုတ်စား၍သော်လည်းကောင်း အစရှိသည့် နည်းမျိုးစုံဖြင့် လူအများစားသုံးနေကြပါသည်။ စာရေးသူသည်လည်း ခရမ်းချဉ်သီးကို ကြိုက်နှစ်သက်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို နေ့စဉ်နီးပါး စားဖြစ်ပါသည်။ သို့သော် ဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ ဈေးသို့မသွားနိုင်ပါ။ ရုံးပိတ်ရက်များနှင့် စနေ၊ တနင်္ဂနွေရက်များတွင်သာ ဈေးဝယ်နိုင်ပါသည်။

ထို့ကြောင့် အပတ်စဉ် ခရမ်းချဉ်သီးကို ဝယ်ယူသည့်အခါတိုင်း တစ်ပတ်လုံး အစားခံနိုင်ရန်အတွက် အရောင်စုံ အနီ၊ လိမ္မော်၊ အဝါနှင့် အစိမ်းရောင်များကို မျှပြီး ရွေးချယ် ဝယ်ယူလေ့ရှိပါသည်။ ဝယ်ယူပြီးသည့် အခါတွင်လည်း အသီး၏ ပြင်ပ၌ ပိုးသတ်ဆေးများရှိခဲ့ပါက လျော့နည်းစေရန်အတွက် ရေခဲသေတ္တာထဲသို့ မထည့်ဘဲ အပြင်အခန်းအပူချိန်တွင်သာ လေသလပ်ထားပါသည်။ ဦးစွာမှည့်လာသော အနီသီးများကို ရွေးစားပါသည်။ တစ်ပတ်အတွင်း လိမ္မော်နှင့် အဝါသီးများမှာ မှည့်လာပြီး အနီရောင်သို့ ပြောင်းသွားကြသလို အစိမ်းသီးများမှာလည်း တစ်ဖြည်းဖြည်း အဝါ၊ လိမ္မော်မှ အနီရောင်သို့ ပြောင်းလဲပြီး မှည့်လာကြပါသည်။ တစ်ခါတစ်ရံ မှည့်သွားသော အနီသီးများကို မစားမိသည့်အခါမျိုးတွင် ပျော့အိပြီး စားမရလောက်အောင် ပုပ်ကုန်၍ စွန့်ပစ်ရပါသည်။ ဤသို့ဖြစ်ရခြင်းမှာ အပင်နှင့် သတ္တဝါတို့၏ ဇီဝကမ္မအရ သဘာဝဖြစ်စဉ်ဖြစ်ပါသည်။

လွန်ခဲ့သော တစ်နှစ်ခန့်မှစ၍ စာရေးသူသည် နေပြည်တော်သို့ လုပ်ငန်းတာဝန်အရ ပြောင်းရွှေ့ခဲ့ရပါသည်။ ထိုတစ်နှစ်အတွင်း နေပြည်တော်တွင် သတိထားမိသည်မှာ ခရမ်းချဉ်သီးများသည် ရန်ကုန်နှင့် မတူကြဘဲ အများအားဖြင့် ဝယ်လာခဲ့လျှင် ဝယ်လာသည့်အတိုင်း အရောင်များပြောင်းလဲခြင်း မရှိသလို ပျော့အိပြီး ပုပ်သွားခြင်းမျိုးလည်း မရှိကြပါ။ ရောင်းချသူများသည် တာရှည်ခံပြီး မပုပ်မသိုးရန်အတွက် ဓာတုဆေးရည်များ စိမ်ထားပြီးမှ ဈေးတွင် ရောင်းချနေခြင်း ဖြစ်နိုင်ပါသည်။

စာရေးသူသည် ဤဖြစ်ရပ်ကို သံသယရှိနေပြီး ဓာတုဆေးရည် အစွမ်းမည်မျှ ကြာကြာခံနိုင်ကြောင်း သိရှိလိုသည့်အတွက် မှတ်မှတ်ရရ ၂၀၁၈ ခုနှစ် ဧပြီလ (၁)ရက် တနင်္ဂနွေနေ့ ညနေပိုင်းက နေပြည်တော်၊ မြို့မဈေးမှ ဝယ်ယူခဲ့သော ခရမ်းချဉ်သီးများအနက် လိမ္မော်ရောင်သန်းနေသည့် ခရမ်းချဉ်သီး (၃)လုံးကို ရွေးချယ်ပြီး အခန်းအပူချိန်တွင် ပစ်ထားခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သုံးလတိတိ ပြည့်ပြီ ဖြစ်သော်လည်း ဓာတ်ပုံ၌ တင်ပြထားသည့်အတိုင်း ခရမ်းချဉ်သီး (၃)လုံး၏ မူလအရောင်မှာ လုံးဝ ပြောင်းလဲခြင်း မရှိသလို ပျော့ခြင်း၊ နွမ်းသွားခြင်းလည်း လုံးဝမရှိခဲ့ပါ။ လွန်စွာကြောက်စရာ ကောင်းပါသည်။ ဤအဖြစ်ကို ကြည့်ပြီး ယခင်က မံမီလူသေ အလောင်းများသည် နှစ်ရှည်မပုပ်မသိုးရအောင် ဆေးရည်စိမ်ရကြောင်းကို သတိရမိပါသည်။

ဤသို့ မပုပ်မသိုး ကြာရှည်ခံနိုင်အောင် ဆေးရည်စိမ်ထားသော ခရမ်းချဉ်သီးကို စားမိကြသော လူများ၏ ဝမ်းတွင်းကလီစာများတွင် ထိုဆေးရည်များ မည်မျှရောက်ရှိ နေကြပြီကို မည်သူမျှမသိရှိနိုင်ပါ။ မြန်မာလူမျိုးတို့သည် ခရမ်းချဉ်သီးကို အသုတ်မျိုးစုံ လုပ်၍ အစိမ်းလိုက် စားကြသူများပါသည်။ ၎င်းတို့ အသုံးပြုထားသော ဓာတုဆေးရည်များသည် ခရမ်းချဉ်သီး၏ ပြင်ပမဟုတ်ဘဲ အတွင်းထိအောင် စိမ့်ဝင်နေသောကြောင့် သုံးလတိတိ နေပြည်တော်ကဲသို့ ပူပြင်းသော ရာသီကာလ၏ အခန်းအပူချိန်၌ပင် လုံးဝအရောင်ပြောင်းလဲခြင်း မရှိသလို ပုပ်ပျော့သွားခြင်းလည်း မရှိခဲ့ပါ။ ထိုဆေးရည် စိမ်ထားကြသော ခရမ်းချဉ်သီးကို စားသုံးမိကြသူတို့၏ နူးညံ့သော အစာအိမ်၊ အူသိမ်များအပြင် အစာအဆိုး၊ အကောင်းများကို ဖယ်ရှားပေးနေရသည့် အသည်း၏ တာဝန်ဝတ္တရားများမှာလည်း များပြားလာပြီး လွန်စွာ အန္တရာယ်ရှိနိုင်ပါသည်။

မြန်မာနိုင်ငံသားများသည် ယခင်ကနှင့် မတူတော့ဘဲ ယခုအခါ ဆန်းပြားသောရောဂါနှင့် ကင်ဆာများ ဖြစ်လာကြပြီး လူ့သက်တမ်းမှာလည်း တဖြည်းဖြည်း တိုလာကြပါသည်။ အဓိကအကြောင်းရင်းမှာ ယခုကဲ့သို့ အစားအစာများကို ဓာတုဆေးအသုံးပြု၍ ရောင်းချကြသောကြောင့် ဖြစ်နိုင်ပါသည်။ “လူတို့သည် မိမိတို့၏ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် အစာများကို ဆက်လက် စားသောက်ရဦးမည်ဖြစ်သည်။ စီးပွားရေး သမားများကလည်း ၎င်းတို့၏ လောဘအတွက် အန္တရာယ်ရှိသည့် လုပ်ရပ်များကို သက်ဆိုင်ရာမှ မတားမြစ်သ၍ ဆက်လက် လုပ်ကိုင်ကြဦးမည်ဖြစ်သည်။” ထို့ကြောင့် စားသုံးသူတို့သည် မိမိတို့ဖက်မှ အန္တရာယ်ကို ကြိုတင်ကာကွယ်ထားရန်သာ အဓိကဖြစ်ပါသည်။

လူတိုင်းမိမိတို့ ဝယ်ယူလိုက်သော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများသည် ဓာတုဆေးရည် အသုံးပြုထားခြင်း ရှိ/မရှိကို မည်သူမျှသေချာစွာ မသိရှိနိုင်ပါ။ သို့ပါ၍ မိမိကို အန္တရာယ် မဖြစ်စေရန်အတွက် တတ်နိုင်သမျှ အသီးအနှံနှင့် အရွက်များအား ဝယ်ပြီးပြီးချင်း အစိမ်းစားခြင်းကို ရှောင်ကြဉ်ကြပါ။ မစားခင် အန္တရာယ် လျော့နည်းစေရန် ဝယ်ယူလာသော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ရေဖြင့်သေချာစွာ ဆေးကြောပြီး ရေများများနှင့် စိမ်ထားပါ။ ရေကိုလည်း မကြာခဏလဲလှယ်ပေးကြပါ။

သရက်သီး အကင်းများကို မစားသုံးမီရေစိမ်၍ အထဲမှအဖန်ရည်ကို စိမ့်ထွက်အောင် ပြုလုပ်သည့် သဘောဖြစ်ပါသည်။ သို့သော် ဤသို့ပြုလုပ်ခြင်းသည်လည်း ဓာတုဆေးရည် အန္တရာယ်ကို လုံးဝထိရောက်စွာ ကာကွယ်နိုင်သေးမည် မဟုတ်ပါ။

အကောင်းဆုံး နည်းလမ်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်း၍ စီးပွားရေး လောဘသမားများကို ရှာဖွေနှိမ်နင်းပြီး အရေးယူဆောင်ရွက်ခြင်းသည်သာ အထိရောက်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။ ။

ရို​သေ​လေးစားစွာဖြင့်credit,🙏

 #ဒူးနာ တယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ဝေဒနာ တစ်ခုပါအရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြ...
03/01/2024

#ဒူးနာ တယ်ဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့
ဝေဒနာ တစ်ခုပါ

အရွတ်၊ အရိုးနုများ စုတ်ပြဲခြင်းစတဲ့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်နိုင်သလို အဆစ်ရောင်ခြင်း၊ ဂေါက်ရောဂါ၊ ရောဂါပိုးဝင်ခြင်းစတဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မပြင်းထန်တဲ့ ဒူးနာခြင်းများကို ကိုယ်တိုင်ဂရုစိုက်ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ ပတ်တီးစည်းခြင်းတို့ကလည်း ဒူးနာသက်သာစေပါတယ်။

အချို့လူနာများမှာတော့ ခွဲစိတ်ကုသဖို့အထိ လိုအပ်နိုင်ပါတယ်။

မပြင်းထန်တဲ့ ဒူးနာ အတွက် #အနေအထိုင် များကို ဆင်ခြင်ခြင်းဖြင့် ဒူးနာဝေဒနာကို ကာကွယ်ကြရအောင်နော်




​လေးစားစွာဖြင့် credit🙏

2024 မင်္ဂလာနှစ်သစ်မှစ၍ရေစီးသလို ငွေတွေ ဒလဟောဝင်ပြီးငွေကို ရေလိုသုံးနိုင်ကြပါစေရှင် ... 🤎အသက်ရှည်ကျန်းမာ၍​ ကံ​ကောင်းခြင်...
31/12/2023

2024 မင်္ဂလာနှစ်သစ်မှစ၍

ရေစီးသလို ငွေတွေ ဒလဟောဝင်ပြီး

ငွေကို ရေလိုသုံးနိုင်ကြပါစေရှင် ... 🤎

အသက်ရှည်ကျန်းမာ၍​ ကံ​ကောင်းခြင်း​တွေ​ရောက်ရှိ

ပိုင်ဆိုင်နိုင်ကြပါ​စေ🙏

👍👍👍သားသားက၃နှစ်ပဲရှိသေးတာ လူကြီးလေးအတိုင်းပဲ ကော်ဖီပဲသောက်တာဟုတ်တယ်..အိမ်ကသမီးကလည်း ထမင်းကျွေးလို့မရဘူး မာလာရှမ်းကောမှမာ...
31/12/2023

👍👍👍
သားသားက၃နှစ်ပဲရှိသေးတာ လူကြီးလေးအတိုင်းပဲ ကော်ဖီပဲသောက်တာ
ဟုတ်တယ်..အိမ်ကသမီးကလည်း ထမင်းကျွေးလို့မရဘူး မာလာရှမ်းကောမှမာလာရှမ်းကောပဲ

◾ကလေးသူငယ်များနှင့်အစားအစာ

ကလေးငယ်ငယ်လေးတွေ ကော်ဖီသောက်တယ်၊ အပူအစပ်အရသာပြင်းတဲ့ အစားတွေစားတယ်
တချို့ဆို Energy Drink နေ့တိုင်း မသောက်ရရင် အော်ဟစ်သောင်းကြမ်း ကြတယ်လေ
လမ်းမှာ အချိုရည်ဘူးကိုင်ပြီး လျှောက်သွားနေတဲ့ ကလေးလေး တွေလည်း မြင်ရတာ မဆန်းတော့ပါဘူး။

ကလေးလေးတွေ
- Coffee သောက်တတ်တာ
- Energy drink သောက်တတ်တာ
- အရသာပြင်းတဲ့ အစာတွေပဲ စားတော့ တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး 😰😰😰

ကျွန်တော်တို့ရဲ့ လျှာမှာ အရသာကို သိရှိခံစားဖို့ Taste buds ခေါ်တဲ့ အရသာခံတဲ့အဖုလေးတွေရှိပါတယ်။
အဲ့ဒါလေးတွေကြောင့် ချို ချဉ် ငန် ဖန်/ခါး စပ် အစရှိတဲ့ အရသာတွေကို ခွဲခြားသိရှိခံစားလို့ရတာပါ။

ကလေးတွေ အချိုကြိုက်တယ်ဆိုတာ အချိုကိုသိရှိခံစားနိုင်တဲ့ Taste Buds လေးတွေ လူကြီးတွေထက် အများကြီးပါလို့ပါ။
အားလုံးသိကြတဲ့ အတိုင်း အချိုဓာတ်ဟာ လူကို
- စိတ်ချမ်းသာစေတယ်
- စိတ်ဖိစီးမှုလျှော့နည်းစေတယ်
- အာရုံစူးစိုက်မှု ပိုကောင်းစေတယ်လေ

အချိုဓာတ်လျော့နည်းနေရင် လူကနေမကောင်းဘူး၊ နုံးနေတယ်၊ စိတ်မပျော်ဘူး၊ စိတ်တိုတယ်လေ (အနီးနားမှာ Diet လုပ်နေတဲ့သူတွေ ကြည့်ပါလား အလကားနေရင်း စိတ်တိုနေကြတယ်မလား 😅)

အပေါ်က အချက်တွေကြောင့် ကလေးတွေဟာ လူကြီးတွေထက် အချိုကြိုက်ကြတာပါ။
နောက်ထပ် သူတို့က ခါးတာကို လုံးဝ မကြိုက်ကြတဲ့ အတွက် ခါးတဲ့အစာတွေ (မချိုတဲ့ အစာ > ဟင်းသီးဟင်းရွက်တွေကို) မကြိုက်ကြတာပါ။

အပေါ်မှာပြောခဲ့တာက ကလေးတွေဘာလို့ အချိုကြိုက်ပြီး အခါးကြောက်ရလဲ ဆိုတာပါ။

ကလေးလေးတွေ မွေးစ မှာ မိခင်နို့ပဲ သောက်ကြပါတယ်။ နို့ဘူးပါရောတိုက်တဲ့ကလေးတွေကြတော့
မိခင်နို့ထက်ပိုချိုတဲ့ နို့ဘူးကိုပိုပြီး ကြိုက်သွားတတ်ကြပါတယ်။
နို့ဘူးကိုပိုကြိုက်သွားတဲ့ နောက်တစ်ချက်က အားမစိုက်ရတာပါ နို့ဘူးမှာအပေါက်ပါတော့ နို့ရည်တွေက ပါးစပ်ထဲဝေါခနဲ ဝင်ပါတယ် (မိခင်နို့ကြတော့ စို့ရတာကိုး)

အဲ့ဒီကနေ ကြီးလာတဲ့အခါ ဘာအရသာမှမရှိတဲ့ အာဟာရအမှုန့်တွေရေဖျော်ကျွေးကြတယ်လေ
အစပိုင်းတော့ စားကြတာပဲမလား 😅 (အာဟာရပြည့်ပေမယ့် အရသာသိပ်မရှိတာတွေလေ)

နောက်တစ်နှစ်ဝန်းကျင်ရောက်လာတဲ့ အခါ ထမင်းစကျွေးပါတယ်။
အဲ့ဒီအချိန်ဟာ အရေးကြီးပါတယ်
တစ်သက်လုံးစားသွားရမယ့် ကျွန်တော်တို့ရဲ့ ရိုးရာစားစရာ (ထမင်း နဲ့ ဟင်း) ကို သေသေချာချာ ကျွေးရမှာပါ။

အရှေ့တိုင်းသားတွေက ထမင်းနဲ့ဟင်း စားကြပြီး
အနောက်တိုင်းသားတွေက ပေါင်မုန့် နို့ နဲ့ အသား အဓိက စားကြတာဟာ အဲ့ဒီ တစ်နှစ်ဝန်းကျင်မှာ ဂရုတစိုက်နဲ့ ကျွေးပေးခဲ့ကြလို့ပါ။

ကျွန်တော်တို့ နိုင်ငံမှာတော့ ကလေးကို ထမင်း ဟင်း ကျွေးရမယ့် အချိန်မှာ ပေါင်မုန့်လည်း ကျွေးတာပဲ ကော်ဖီလည်း တိုက်လိုက်တာပဲ အချိုရည်လည်းတိုက်လိုက်တာပဲ

အဲ့ဒါလုံးဝ မကောင်းပါဘူး

"ကလေးကတောင်းတာကိုး" ကလေးကတော့ လူကြီးဘာစားစား လိုက်တောင်းစားမှာပါပဲ သူက အကုန်လုံးကို အရသာခံကြည့်ချင်နေတာကိုး

ကလေးရဲ့ နုနယ်တဲ့ အရသာခံဖုလေးတွေဟာ အရသာပြင်းတဲ့ အရည် အစားအစာတွေ စားပြီးသောက်ပြီးတဲ့ အခါမှာ သာမန် ထမင်းဟင်းကို ခံတွင်းမတွေ့တော့ပါဘူး

ဒီ အကောင်လေးက ထမင်းတော့ မစားဘူး ဒီအရည်တွေပဲသောက်နေတာပဲ ဆိုပြီး ကလေးကို ဆူပူဆဲဆိုသံ ကြားရရင် အဲ့ဒီလူကြီးတွေကပဲ ကလေးကိုဖျက်ဆီးလိုက်ကြတာပါ။

အချိုကြိုက်တဲ့ ကလေးတွေကို အချိုရည်တွေတိုက်လိုက်တဲ့ အခါ ဗိုက်မဆာတော့ပါဘူး ၊ ဒါပေမယ့် ဆာတဲ့အခါမှာလည်း အချိုရည်ပဲတောင်းသောက်တော့တာပါ
👉 အချိုတွေကို ကလေးတောင်းသလောက်မတိုက် မကျွေးတဲ့အခါ ကလေးဟာပိန်ညှောင်လေး ဖြစ်နေရတာပေါ့
👉 အချိုတွေကို ကလေးတောင်းသလောက်လိုက်ကျွေးကြတော့ ငယ်ငယ်ရွယ်ရွယ် နဲ့ အဝလွန်တဲ့ကလေးလေးဖြစ်ရာကနေ ဆီးချို၊ သွေးတိုးရောဂါ စောစီးစွာခံစားရစေပါတယ်။

သူများကလေးတွေ တောင့်တောင့်တင်းတင်းကျန်းကျန်းမာမာ ရှိပြီး ပြေးလွှားဆော့ကစားနေတဲ့အချိန် ၊ ကိုယ်ကလေးက ပိန်ညှောင်ညှောင်သွားကျိုးလေးနဲ့ အအေးဗူးလက်ထဲကမချတဲ့ တရားခံဟာ မိမိကိုယ်တိုင်ပါ (အဲ့ဒီအချိန်ရောက်မှ ကလေးကိုရိုက်နှက်ပြီး ပြုပြင်မယ်ဆိုတာ မလွယ်တော့ပါဘူး)

နောက်တစ်ခုက Coffee ပါ

Coffee မှာပါတဲ့ Caffine ဓာတ်ဟာ

ဦးနှောက်ကိုလန်းနေအောင်လုပ်ပါတယ်၊ နှလုံးခုန်မြန်စေပါတယ်၊ ဆီးသွားများစေပါတယ်
👉 ကလေးတွေကို Coffee တိုက်ခြင်းဖြင့်

- ကလေးတွေ ဂနာမငြိမ်၊ ထိန်းမရတာ
- ညတွေကောင်းကောင်း အိပ်မပျော်တာ
- နှလုံးခုန်စည်းချက်မမှန်တာ ရင်တုန်တာတွေဖြစ်စေပါတယ်
- သွေးပေါင်တက်စေပါတယ်
- ဆီးသွားများတဲ့အတွက် ရေလုံလောက်အောင်ပြန်မသောက်ရင် ရေဓာတ်ခမ်းခြောက်မှုဖြစ်စေပါတယ်
- ကော်ဖီအရသာပြင်းပြင်း ကြိုက်သွားတဲ့အခါ တခြားအစာ ကျွေးမရတော့ပြန်ပါဘူး

တချို့နိုင်ငံတွေမှာ ၁၂ နှစ်အောက် Coffee မတိုက်ရဆိုတာရှိဖူးသလို၊ တစ်နေ့ ဘယ်လောက်ပဲ သောက်ရမယ်ဆိုတာတွေရှိပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်ကတော့ သုတေသန မရှိသလို သတိပေးတားမြစ်ချက်တွေ မရှိပါဘူး။
လူကြီး မိဘတွေက စာတွေများများဖတ်ပြီး မိမိတို့သားသမီး မြေးငယ်လေးတွေ
👉 ခန္ဓာကိုယ်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ ကြိုးစားပေးသင့်ကြောင်းပါဗျာ

​လေးစားစွာဖြင့်🙏

# Credit Dr. ဘုန်းစည်သူလွင်

Address

Botataung

Telephone

+959790575503

Website

Alerts

Be the first to know and let us send you an email when Su Yati Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share