The Seahorse

The Seahorse Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Seahorse, Shopping & retail, Phyar Ngote Tol Village, Bago.

04/02/2019
29/11/2018

၁)ဩောင်း မြန်မာပြည်အနှံ့လော်စပီကာစက်
၂)မမြင်ချင်လည်းခက် မကြားချင်လည်းခက် ဘနားနားစက်
၃)နေလိုမီးလိုပြင်းလျက် ပေါကားစက်
၎)မြင့်မိုရ်တောင်ဦးမကကျူးလျက် တပ်မတော်သာအမိတပ်မတော်သာအဖစက်
၎)ဂုဏ်ကျေးဇူးကိုအထူးသိလျက် ခွန်တန်စက်
၅)မိုးမွှန်အောင်ဆဲလျက် ဒီဇိုင်းကာလာဘာညာအနေအထား သားစစ်စက်
၆)ဘွဲ့ယူလက်မှတ် ဘာမှမသိစက်
၇)မာန်ဟုန်ပြင်းလျက် ကမ္ဘာကိုခွင်းမည့် ထန်ပါးစက်
၈)လောင်မီးကျလျက် MLMစက်
၉)အာခံတွင်းကဝင်းဝင်းတောက်လျက် ခရိုနီစက်
၁၀)တောင်ပြိုခွင်းလျက် ဝမ်ပေါင်စက်
၁၁)ဖေ့ဘွတ်တခွင်ပြဲပြဲစင် ဘော်လီပင်ကျွတ်လျက် သင်ဇာဝင့်ကျော်စက်
၁၂)Bill တွေမဟားဒရားဖြတ်လျက် ကဒ်ကြီး လေးပါးစက်
၁၄)သုံးထောင်သင်္ချာ ဗမာပြည်မှာထောင်ထောင်ထိုးတက် ကုန်ဈေးနှုန်းစက်
ဉုံ စက်ကြီး ၁၃ ပါး ရွတ်သံကြားက ဘေးအန္တရန်အပေါင်း ဖွတ်ဖွတ်ညောင်းလို့ ဩောင်းငပေါတုန်တုန် ဒူဝေဝေ သွားလေ ဟုန်ဟုန်

Food!
06/11/2018

Food!

03/06/2018

"ယူထားပြီး ခြံတွေကာထား ဘာမှမစိုက်ဘဲထားတော့ တိုင်းပြည်ပဲ နာတာ။ ပြည်သူပဲနာတာပေါ့ဗျာ"

စိုက်ပျိုးရေးပညာရှင် ဒေါက်တာထွန်းဝင်းနှင့် တွေ့ဆုံခြင်း - ၂
+++++++++++++++++++++++++++++++++

မေး ။ ။ အဲဒီ Sprinkler Irrigation ၊ Drip Irrigation တွေနဲ့ပတ်သက်လို့ ဆက် ပြောပေးပါဦးဆရာ။

ဖြေ ။ ။ အဲဒါတွေက ကမ္ဘာမှာ နည်းပညာတွေ အစ္စရေးနည်းပညာတွေ၊ အိန္ဒိယ နည်းပညာတွေ၊ Sprinkler တွေဆက်ပြီးတော့ အရင်းအနှီးစိုက်ပြီး လယ်သမား ကိုသာ ပံ့ပိုးပေးနိုင်မယ်ဆိုရင်။ ဆည်မြောင်း ပံ့ပိုးစရာ မလိုဘူး။ ဆည်မြောင်းကြီး တွေဘာတွေ။ မြောင်းကြီးသွယ်ပြီးတော့ အလုံးလိုက်ကြီး သွင်းစရာမလိုဘူး။ အလုံးလိုက်သွင်းလို့လည်း မြောင်းတွေမှာ ဆည်မြောင်းမှာအနေအထားမရှိဘူး။ မြောင်းတွေက ကွဲအက် ပေါက်ပြဲပြီး ရေတွေကလေလွင့်နေတော့။ Sprinkler လည်း ရေရှိကောင်းတော့ရှိမယ်။ ဒါပေမဲ့ Drip Irrigation ၊ Sprinkler Irrigation ဆိုရင် မြေအောက် ရေနည်းနည်းလေးနဲ့ အချိန်တို အတွင်းမှာ များများ Efficient။ ရေကိုအကျိုးရှိရှိသုံးမယ်။ ဒီတော့ဒီရေထဲမှာ ရေတင်မကဘူး။ အာဟာရပါထည့် ပေးလိုက်မယ်ဆိုရင် Fertigation ခေါ်တာပေါ့နော်။ ဒီအာဟာရတွေပါ ထည့်ရင် ဒီလယ်သမားတွေကရှုံးတယ်။ သီးနှံတွေစိုက်တာ ရှုံးတယ်။ ဘာဖြစ်လို့ဆို ကုန်ကျ စရိတ် တွေများတယ်။ ဘာတွေများသလဲဆိုရင် မြေသြဇာတွေ အများကြီး သုံးရ တယ်။ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ အများကြီးကာကွယ်ရတယ်။ မြေသြဇာ တွေ အများကြီးသုံးရတာ အားလုံးကိုကြဲပက်တာကိုး။ ကြဲပက်တော့ အားလုံးက မြေကြီးထဲ ရောက်တာရှိတယ်၊ အပေါ်ယံမှာ တင်နေတာ ရှိတယ်၊ မပျော်ဘဲနဲ့ ခဲနေတာရှိတယ်။ အာဟာရကအမြစ် က စားသုံးမယ့်နေရာအထိကို မရောက်နိုင်ဘူး။

တကယ်လို့သာ ရေနဲ့အတူ အာဟာရကို ဖျော်ပြီးတော့။ အစ္စရေး တွေ ဒီအတိုင်း လုပ်တယ်။ အခုနောက်ပိုင်းမှာ အာဟာရကိုသာ အကျိုးရှိရှိ သုံးစွဲတာ။ သူတို့ လယ်သမား သုံးစွဲသမျှ အာဟာရဟာ ထိထိရောက် ရောက် အပင်ထဲကို တစ်ခါ တည်းရောက်သွားတယ်။ အခုက လယ်သမားတွေ ရှုံးတာက Costs of Cultivation ကလည်း မြင့်တာကိုး။ သူတို့သုံးတဲ့ ပံ့ပိုးပစ္စည်းတွေ၊ ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး ဒလဟောသုံးတယ်။ မြေသြဇာဒလဟော ထည့်တယ်။ ထည့်သလောက် အပင်မစားနိုင်ဘူး။ မစားနိုင်တော့ ပျော်ဝင်နိုင်တဲ့ အနေအထား။ ရေထဲမှာသာဖျော်ပြီးတော့ ခုနက Drip Irrigation နဲ့ဖျန်းပြီးတော့ အပင်အထိရေပို့နိုင်ရင် ကုန်ကျစရိတ်တွေလည်း။ မြေသြဇာတွေ လည်း ဗုံးပေါ လအော ပက်စရာမလိုတော့ဘူး။ မြေထဲမှာ သူစားသင့် သလောက်ကို ဖျော်ထည့် လိုက်ရင် အပင်ခြေအထိရောက်သွားတယ်။ ဒါတွေထိမလုပ်သရွေ့ လယ်သမား ကတော့ ရှုံးနေမှာပဲ။

ဘာဖြစ်လို့လဲဆိုတော့ နည်းပညာပိုင်းဆိုင်ရာမှာက ကျွန်တော်တို့က အလွန်ကို Efficient မဖြစ်တော့ ဆက်ပြီးကုန်နေ ဦးမှာပဲ။ လက်တွေ့လုပ်ငန်းတွေမှာ ယိုပေါက်တွေမှာ Efficient ဖြစ်အောင် မဖာသရွေ့၊ မပြောင်းလဲသရွေ့၊ လယ် သမား တွေရဲ့အသိ ပညာတိုးတက် အောင် နည်းပညာတွေကို အစိုးရက မပံ့ပိုး သရွေ့ ဒီဝဲသံသသရာမှာ။ ဒါကလယ်သမားကို ကောင်းစားစေချင်တာပဲရှိမယ်။ လယ်သမားကတော့ဒါပဲ။ ဒီလိုပဲသွားနေမယ်။ မဆလခေတ် ကပြော သလို လယ် သမားကနေ စက်မှုနိုင်ငံကြီး တည်ထောင်မယ်ဆိုပြီးတော့ လက်ရှိ မထောင်နိုင် တဲ့အနေအထားပေါ့။ အပြောပဲရှိတာ။ အလုပ်မှာ လက်တွေ့မှာ ဘာမှမဖြစ်လာ သေးဘူး။

မေး ။ ။ အဲဒီတော့ဆရာ ဆရာပြောသွားတဲ့အထဲမှာ ဒီအစိုးရကနေပြီးတော့ ဒီတောင်သူ လယ်သမားတွေ ဘ၀မြင့်မား ဖို့အတွက် အစိုးရပံ့ပိုးပေးဖို့လို တယ်လို့ပြောတော့ ဘယ်လို မျိုးတွေပံ့ပိုးသင့်လဲ။ ဘာတွေပံ့ပိုးပေးရမလဲ ဆရာ။

ဖြေ ။ ။ ဒါကတော့ နိုင်ငံတကာမှာ တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အဓိကက တိုင်းပြည် တိုးတက်ဖို့က ဒီဆိုင်ရာဆိုင်ရာ အစိုးရရဲ့ဆိုင်ရာဆိုင်ရာသော ၀န်ကြီး ဌာနတွေက သူ့ဆိုင်တဲ့ဝန်ကြီးဌာနတစ်ခုလုံးအဓိက အောက်ခြေ လုပ်တဲ့ လယ်သမားအထိ လိုအပ်ချက်ကိုအဓိကပံ့ပိုးသူတွေ ဖြစ်မှသာ အမြဲမပြတ် အစဉ်မပြတ်လေ့လာပြီးတော့ ဘယ်အချက်လို အပ်သလဲဆိုတာ အမြဲစောင့် ကြည့် ပြီးတော့မှ ပံ့ပိုးဖို့လိုတယ်။ ဒီစိုက်ပျိုးထုတ်လုပ်၊ မွေးမြူရေးလုပ်ငန်းကြီး တစ်ခုလုံးဆိုရင်တော့ ပိုလို့တောင်လိုတယ်။ နိုင်ငံတကာမှာ ပိုပြီးတော့တောင် အာရုံစိုက်တယ်။ အာရုံစိုက်တယ်ဆိုတာ ၀န်ကြီးဌာန တစ်ခု။ စိုက်ပျိုးရေး ၀န်ကြီးဌာန တစ်ခုဆိုတော့ စိုက်ပျိုးရေးဝန်ကြီးတစ်ခုတည်း အာရုံစိုက်လို့မရဘူး။ ဒီမှာ စိုက်ပျိုးထုတ်ကုန်ပစ္စည်းတွေရဲ့ ကုန်ပို့ဆောင်မှု၊ အရင်းအနှီး ထုတ်ပေးဖို့ ဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာန လိုလာပြီ။ နောက်ကုန်သည်တွေ နိုင်ငံတကာ ထုတ်ဖို့ဆိုရင် စီးပွားကူးသန်းဌာန၊ ၀န်ကြီးဌာန လိုလာပြီ။ Chain တစ်ခုလုံး လိုတာ။

နောက်ပြီးတော့ လမ်းပန်းဆက် သွယ်ရေးကောင်းဖို့ ထုတ်ကုန်ပစ္စည်း ဆိုရင် ပို့ဆောင် ဆက်သွယ် ရေး ၀န်ကြီးဌာန အဓိကလိုလာပြီ။ နောက်ပြီးတော့ လယ်သမားတွေ အားလုံးအတွက်ကို လူမှုဖူလုံရေး၊ ကာကွယ်ရေးဆိုရင် လူမှု ဖူလုံရေး။ သူ့ရဲ့ သဘာဝ ဘေးဒဏ်တွေ ကာကွယ်ရေးဆိုလည်း ပံ့ပိုးမှုပစ္စည်း တွေစတဲ့ လူမှုဖူ လုံရေးထောက်ပံ့ရေး ဘက်ကလည်းလိုလာပြီ။ ဆိုတော့ ဒါတစ်ခု ပြောပြီဆိုရင် စိုက်ပျိုးရေးဆိုတဲ့ စိုက်ပျိုးရေး ၀န်ကြီး တစ်ယောက်တည်း လုပ် ဆောင် တာထက် ဌာနအားလုံးက နိုင်ငံတော်ရဲ့အကျိုး၊ လယ်သမားအကျိုး။ နိုင်ငံတော်ထုတ်ကုန် အကျိုးဆိုရင် အားလုံးပေါင်း စပ်မယ်။ စိုက်ပျိုးရေးဝန်ကြီး ကလည်း သူထင်ရာမြင်ရာ လေးထောက် ပြီးတော့ ငါကြိုက်တဲ့ဟာလေး လုပ်မယ် ဆိုတာမျိုးနဲ့ လုပ်သွားတာတွေ များတယ်လေဗျာ။ ပြီးခဲ့တဲ့ကာလတွေ အများကြီး တွေ့ကြုံရတာတွေ။ ၀န်ကြီးတစ်ယောက် လာရင် သူကြိုက်တဲ့သူ့စိတ်ထဲမှာ စွဲနေတာ လေးတစ်ခုကို ဖော်သွားတယ်။

နောက်တစ်ယောက် နောက်တစ်ခုဖော်သွားတယ်။ ဒါနဲ့ပဲပြီးသွားတယ်ဗျ။ နိုင်ငံတော် ဈေးကွက်တွေဘာတွေ လှည့်လည်းမကြည့်ဘူးဗျ။ အခုလုပ်ဖို့လိုတာက Profit Oriented။ အကျိုးအမြတ်ရဖို့ Value Chain တစ်ခုလုံးမှာပါတဲ့ ၀န်ကြီး ဌာနအား လုံးသည် ဒီထုတ် ကုန်အကျိုးအမြတ်ရဖို့ ဈေးကွက်ကို ရောက်ဖို့ကို ခုနကပါတဲ့ ၀န်ကြီးဌာနတွေ စုပြီးတော့ တိုင်ပင်ဆွေးနွေးရမယ်။ Trade လုပ်တဲ့ အကျိုး အမြတ်က ဘယ်လောက်အထိ ရှိမလဲပြောရမယ်။ ဒီဘဏ္ဍာရေး ၀န်ကြီး ဌာန ကလည်း ဘတ်ဂျက်ကို ချိန်ဆပြီး တော့ ဘယ်လောက်အထိပေးသင့်၊ မပေးသင့်ဆိုတာ သူဆုံးဖြတ်မယ်။ ဘယ်နေရာမှာ အရေးအကြီးဆုံးပေး ရမလဲ ဆိုတာ ခုနကသီးနှံကစလို့ စပါးတစ်ခုတည်းပေးမလား။ နိုင်ငံတကာဈေးကွက်မှာ ဈေးကွက် ကောင်းနေတယ်။ တခြားသီးနှံတွေကို ဘာဖြစ်လို့ မပေးနိုင်သလဲ။ ဒါမျိုးတွေပေါ့။ လမ်းပန်းဆက်သွယ်ရေး မှာလည်း သူက လမ်းသိပ် ကောင်း အောင် တံတားတွေကောင်းအောင် လျှပ်စစ်ဌာနကလည်း မီးတွေ။ ကျေးရွာအထိ မီးရောက်အောင် ဒီလိုမျိုးအားလုံးပါမှဗျ။ လယ်သမား ဒီအတိုင်းပစ်ထားပြီးတော့ ကောင်းအောင် စိုက်ပျိုးရေးကိုပဲ ထုတ်တာကောင်းအောင်။ သူကခုနကပြောတဲ့ မီးမရှိဘူး။

စက်မှု ၀န်ကြီးဌာနကလည်း စက်နဲ့ပတ်သက်တဲ့ ပံ့ပိုးမှုတွေလုပ်တယ် ဆိုတော့ သူလုပ် တယ်ဆိုတော့ သူလည်းပါဝင်တာပေါ့။ ဒီ Integrated Approach။ ဆိုတော့ အဲဒီစိုက် ပျိုးရေးဝန်ကြီး တစ်ယောက်တည်း တာဝန်ပစ်ထားပြီးတော့ ပေးလို့မရဘူးဗျ။ ၀န်ကြီး ဌာနအားလုံးလာဒီမှာ။ ဘာလုပ်မလဲ။ ဒီလုပ်မယ့် လုပ်ငန်း တစ်ခုအတွက်ကို ဘယ်အပိုင်းက ငါတို့ ဒီလယ်ကွက်အထိ လမ်းပန်း ဆက်သွယ်ရေးကောင်းအောင်၊ ပို့ဆောင်ဆက် သွယ်ရေးတွေ၊ မြစ် ကြောင်း တွေ ကောင်းအောင်။ မြစ်ကြောင်းတွေကနေ ပို့ဆောင်ဆက် သွယ်မှုက ကုန်ကျစရိတ် ကလည်း နည်းတာကိုးဗျ။ ကုန်ကြောင်းနဲ့ မြစ်ကြောင်းနဲ့မှာ မြစ် ကြောင်းက သုံးဆ လောက်သက်သာတယ်။ မြစ်တွေကတော့ ကောင်းနေ ပြီးတော့မြစ်တွေ အသုံးမချဘဲ ကုန်းကြောင်းပဲ အသုံးချနေရင်လည်း ကုန်ကျ စရိတ်သုံးဆနဲ့။ ကုန်သည်ရေး ၀န်ကြီးဌာနလည်း ကမ္ဘာအနှံ့ပဲဈေးကွက်က ကောင်းတယ်။ မြန်မာပြည်မှာသီးနှံမျိုး ၆၀ စိုက်တာကိုးဗျ။ မြေ ကလည်း အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးလေဗျာ။ အဲဒါတွေ ဒုတိယအကြီးဆုံးတို့၊ မြေသယံဇာတ ပေါကြွယ်ဝတယ်၊ ရေသယံဇာတ ပေါကြွယ်ဝတယ်။ အပြောနဲ့ပဲ ကျေနပ်နေ တာနော်။ ရေသယံ ဇာတ၊ မြေသယံဇာတတွေပြောနေတယ်။ လက်တွေ့မှာက ဒါကို ဘယ်လို Management။ Efficiency ကောင်းအောင် Manage လုပ် ပြီးတော့ Integrated Approach နဲ့ဝန်ကြီးပေါင်းစုံဌာနနဲ့ ဒီဟာကို ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတဲ့ဟာမျိုး ထင်သာမြင် သာမရှိဘူးဗျ။

မေး ။ ။ အဲဒါဆရာ တစ်ခုမေးချင်တယ်။ ဒီအစိုးရတက်လာတာ နှစ်နှစ်ရှိပြီး ၀န်ကြီး ဌာနတွေအချင်းချင်း ချိတ်ဆက်မှု အားနည်းတယ်ဆိုတဲ့ ဝေဖန်မှုကလည်း တော် တော်လေးကြားရပါတယ်။ အဲဒီကျတော့ ဆရာကိုယ်တိုင်လည်း စိုက်ပျိုးရေး နဲ့ မွေးမြူရေး ၀န်ကြီးဌာနမှာ ဒုဝန်ကြီးလုပ်ခဲ့ဖူးတော့ ၀န်ကြီးဌာနတွေရဲ့ ချိတ်ဆက် မှုအခြေအနေက ဆရာတို့ကြုံသလောက်ပေါ့။ ဘယ်လိုမျိုးတွေ အားနည်း ချက်တွေ ဖြစ်နေလဲ။ ဘာတွေ ပြင်ဖို့လိုတယ်လို့ ထင်လဲဆရာ။

ဖြေ ။ ။ တစ်ယောက်နဲ့တစ်ယောက် Talk မလုပ်ကြဘူးပေါ့ဗျာ။ တစ်ယောက်နဲ့တစ် ယောက် Friendly ပူးပေါင်းပြီးတော့ ဆွေးနွေးတဲ့ဟာမျိုး လုပ်ပေး ကြ မယ်ဗျာ။ Goal Setting မရှိဘူးပေါ့ဗျာ။ ဘာလုပ်မလဲဆိုတဲ့ Goal Setting မရှိဘူး။ လောလောဆယ် ဖြစ်နေတဲ့ ပြဿနာတွေကိုပဲရှင်းဖို့လောက်ပဲရှိတယ်။ ဟိုနေရာပေါက်၊ ဒီနေရာ ဖာလိုက်။ အချိန်ကုန်နေတာ။ တကယ်တမ်း Main Goal Setting က သီးနှံကိုအကျိုးရှိရှိ လယ် သမားအကျိုးအမြတ်ရအောင် ထုတ်ရ မယ်ဆိုတဲ့ဟာ။

မေး ။ ။ ဒီ Pro-active အားနည်းပြီးတော့ Re-active လိုက်လုပ်တာပဲ အဓိက တွေ့ရတယ်။ အဲဒါမျိုးပြောလို့ရမှာပေါ့။

ဖြေ ။ ။ ဟုတ်တယ်။ Goal Setting တစ်ခုချပြီး ဒီ Goal Setting မှာပါတဲ့ လူတွေ အားလုံးက ဒီဟာကို အောင်မြင်အောင် ၀ိုင်းပြီး Participation နော်။ ရွာတစ်ရွာမှာ စုပေါင်းပြီးလုပ်တာမျိုးပေါ့ဗျာ။ ရွာသားတွေ လုပ်တဲ့ဟာမျိုး၊ တစ် ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာ။ ဒီလိုမျိုး Friendly Talk တွေလုပ် ကြနိုင်ဖို့ပြောရင် ပွတ်တိုက်မှု လေးတွေ ရှိရင်လည်း သည်းခံ။ Goal Setting ရအောင်တော့လုပ်ရမှာ ပဲ။ ဒီလိုမလုပ်သရွေ့ ကျွန်တော်တို့က ဌာနတစ်ခုချင်း သူ့ဌာနရဲ့သီးခြားလုပ်ငန်းတွေကိုသာ အကောင် အထည် ဖော်နေမယ်။ အခုဟာ ကတော့ အဲဒီသဘောမျိုးဖြစ်တာဗျ။ နောက်ဒုတိယအချက်က သူ့ရဲ့ Sub-division ပေါ့။ စိုက်ပျိုးရေးမှာ မြေရှိမှဗျ။ မြေယာစီမံမှုအားနည်းတယ်။ မြေယာ စီမံမှု ကလည်း မူဝါဒတွေမှာအားနည်းတယ်။ မြေအသုံးချမှု စီမံခန့်ခွဲတဲ့ မူဝါဒတွေက တစ်ကျောင်း တစ်ဂါတာ၊ တစ်ရွာတစ်ပုဒ်ဆန်းဖြစ်ပြီးတော့ မြေအသုံးချတဲ့ ဌာန တွေကလည်း ခုနက ၀န်ကြီးဌာန အားလုံးက မြေအသုံးချခွင့်ရှိတယ်။ ဆောက် လုပ်ရေးကလည်း သူ အသုံးချ ခွင့်ရှိ တယ်။

မီးရထားပို့ဆောင် ဆက်သွယ်ရေးကလည်း သူအသုံးချခွင့်ရှိတယ်။ နောက် သစ်တော ကလည်း သူအသုံးချခွင့်ရှိတယ်။ နောက်ဌာနပေါင်းစုံကလည်း သူတို့ ကိုယ်ပိုင်မြေကို စီမံခွင့်ရှိတယ်။ ဆိုတော့ မြေကစီမံတဲ့အခါမှာ သို့လောသို့လော Land Policy တစ်ပြည် လုံးမှာ ဘယ်နေရာ လေယာဉ်ကွင်း၊ ဘယ်နေရာလမ်း၊ ဘယ်နေရာ စိုက်ပျိုးရေး၊ ဘယ်နေရာ Housing ဆိုတဲ့ဟာမျိုးမရှိဘဲနဲ့။ ကိုယ် လိုတဲ့ ဌာနရဲ့ ကိုယ်လိုချင်တဲ့မြေကို ဖဲ့ယူပြီးတော့။ သန်းချီပြီး တော့ရှိ တယ်ဗျာ။ ဒါကို သုံးနိုင်သလောက်ပဲယူ။ ဒါတွေက ရိက္ခာတွေ တိုင်းပြည် အတွက်။ ပြည်သူ အတွက် တိုးလာမယ့်လူအတွက် ရိက္ခာတွေ။ အခုဟာကယူထားပြီး ခြံတွေကာ ထားလို့ ဘာမှမစိုက်ဘဲထားတော့ ဘယ်သူနာလဲဆိုတော့ တိုင်းပြည်ပဲ နာတာ ပေါ့ဗျာ။ ပြည်သူပဲနာတာပေါ့ဗျာ။

မေး ။ ။ အဲဒါကို ဆရာခုနကပြောသလို သန်းနဲ့ချီရှိတဲ့ ဒီအသုံးမပြုတဲ့မြေ တွေ ကိုသာ ကျွန်တော်တို့အခု စိုက်ပျိုးရေး အကြောင်းပြောနေတော့ စိုက်ပျိုးရေး အတွက် သုံးလိုက် မယ်ဆိုရင် တိုင်းပြည်ရဲ့စီးပွားရေး၊ နောက်စိုက်ပျိုးရေး ကဏ္ဍရဲ့ တိုးတက်မှုကို ဘယ်လောက်အထိ အထောက်အကူပြုမလဲဆရာ။

ဖြေ ။ ။ ဥပမာ- စပါးစိုက်မယ်။ သူတစ်သန်းယူထားတယ်။ စပါးစိုက်မယ်ဆိုရင် တစ်ဧကကို စပါး ၁၂၀ ထွက်တယ်။ တကယ်စိုက်မယ်ဆိုရင်။ စပါးရှစ်ဆယ်ဆိုရင် ဆန်တစ်တန်ရတယ်။ စပါး ၁၂၀ ဆိုရင် ဆန်တစ် တန်ခွဲရတယ်။ ဧကတစ်သန်း ယူထားရင် ဆန် (တန်) တစ်သန်း ခွဲ။ ဆန်တန်တစ်သန်းခွဲဆိုရင်တော့ အခုပို့တဲ့ ဆန်ရဲ့ တစ်ဝက်လောက် ရှိတာကိုးဗျ။ သူယူ ထားတဲ့ တစ်သန်းခွဲပြန်ပေးရင် ပေးတဲ့တစ်သန်းခွဲပေါ်မှာ စပါးပဲစိုက် ကြည့်ဦး။ ပို့တဲ့ဆန်မှာ တစ်သန်းခွဲ တိုးလာ တယ်။ ပဲဆိုရင် အဲဒီတစ်သန်းခွဲ အမြတ်က သူက အတိုင်းအတာ တစ်ခု မှာ ရှိတယ်။ ပဲ၊ နှမ်း၊ မြေပဲစိုက်မယ်ဆိုရင် အဲဒီထက်သုံးဆမြတ်တယ်။ ဆိုတော့ ဒါကြီးက ခြံကာထားပြီး တော့ ကိုယ့်ပစ္စည်းဆိုပြီးတော့ အလွတ်ထိန်းသိမ်း ထားမှာတာ ထက် ဒါတွေကို တစ်နံတလျားမှာနော်။ ခရီးသွားတဲ့အခါမှာတွေ့မယ်။ ခြံတွေကာထားတာ။ ပိုင်ရာဆိုင်ရာတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးမျိုးသော အကြောင်းတွေနဲ့ လယ်သမားတွေ ဆီကနေပြီးတော့ခြံကာပြီး ရန်ကုန်-မန္တလေး လမ်းတစ်လျှောက် လုံး၊ ဧရာဝတီတိုင်းသွား မယ်ဆိုရင် တစ်လျှောက်လုံး။ ရှမ်းပြည် သွားမယ်ဆိုရင် ထင်ရှားတယ်။ ခြံတွေကာထားပြီး ဘာမှမစိုက်ဘဲ ထားတဲ့မြေ တွေ သန်းကျော်ရှိတယ်။ ယနေ့အထိ ဒါကိုတင်းတင်းရင်းရင်း ဖော်ထုတ် မှု မရှိသေးဘူး။ ဒါမျိုးတွေပေါ့နော်။

နောက်ပြီးတော့ အခုထိ နှစ် ၃၀၊ ၄၀၊ ၅၀ အရင်အစိုးရဆီကနေ ပြီးတော့မှ တစ်ဧကကို ၁၂,၀၀၀ နဲ့။ တစ်ဧကကို တစ်နှစ်မှာ ၁၂,၀၀၀ နဲ့ စပါးနှစ်တင်းဖိုး လောက်နဲ့ ပေါပေါလော လော ငှားထားတဲ့ မြေတွေဟာလည်း သန်း ချီရှိတယ်။ အဲဒါတွေက အများကြီးပဲ။ အဲဒါ တွေက အလေအလွင့် တွေပေါ့ဗျာ။ ဒီမြေတွေက စာရင်းတွေနဲ့လည်းရှိတယ်။ ဒါတွေကို သိမ်းထား (ခံရ) တဲ့ လယ်သမားတွေ ထမင်းအိုးပျောက်နေတယ်။ သူတို့ကိုပြန်ပေးဖို့ ကဏ္ဍက ပထမဆုံးရှင်းရမှာ။ အဲဒီလိုမျိုး ဘယ်မှာ အတွေ့အကြုံရှိလဲဆိုရင် ဗီယက်နမ်က ၁၉၈၈ မှာစပြီး ဗီယက်နမ် အစိုးရပြောင်းလဲတဲ့အချိန်မှာ သူတို့စပြီး ဒါကို အကောင်အထည် ဖော်တာ။ မြေမှန်၊ လူမှန်ကို ရောက်အောင်ပို့တဲ့အတွက် မြေရဲ့ပေါ် လစီ ကင်းကင်းရှင်းရှင်း ရှိဖို့လိုတယ်။ လယ်သမားတွေဆီကို အမှန် အကန်ရောက်ဖို့ စီမံဖို့လိုတယ်။ မလုပ်သရွေ့ လယ်သမားက ကိုယ် စားတဲ့ထမင်းအိုး ပျောက်ပြီး တော့ လယ်သမားမှာ အကုန်လုံး ဒုက္ခရောက်တယ်။ လယ်ပိုင်တဲ့သူက မပိုင်ဘဲနဲ့ မဆိုင်တဲ့လူကပိုင်သွား၊ အဲဒီမှာသွားပြီး လယ်သမားတွေက စာရင်းငှားပြန်ဖြစ်နေ တယ်။ ဆိုတော့ လယ်သမားရဲ့အတ္တ ပျောက် ပြီးတော့ တစ်ဦးတည်းသော လူက အဲဒီလယ်တွေကို လယ်သမား စာရင်းငှားခိုင်းတော့ လယ်သမား ရဲ့တစ်ဦးချင်း အတ္တ၊ တစ်ဦးချင်းကြိုးစားအားထုတ်မှုမရတော့ဘူး။ ဒီဟာတွေက တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေ။ ဒါကိုပြန်ပြီးတော့ စီမံရမှာ။ မြေနဲ့ပတ်သက်လို့ အများကြီး။

မေး ။ ။ သမ္မတသစ် ဦးဝင်းမြင့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ တောင်သူ လယ်သမား တွေရဲ့ လူနေမှုဘ၀ မြင့်မားရေး လုပ်ဆောင်သွားမယ်လို့ ပါတော့ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားတက်စရာ တော့ဖြစ်ပါတယ်။ အဲဒီတော့ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍရဲ့ အလားအလာကို ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ သမ္မတသစ်အနေနဲ့ သူ့ရဲ့ Main Focus က လယ်သမား နွံနစ်တဲ့ ပြဿနာ ဒါကိုဦးစားပေးပြီးတော့ လယ်သမားကိုထူပြီး ရုန်းထမယ်ဆိုတာ လုံးဝကိုကြိုဆိုတယ်။ ကြိုဆိုသော်လည်း သူက တစ်တိုင်းပြည်လုံးကို တာဝန် ယူရတဲ့အတွက် ဒီ Goal Setting က တော့ ကောင်းသော်လည်း ဒီ Goal Setting မှာ Participation လုပ်မယ့်အားလုံးသော ဆက်စပ်တဲ့ဝန်ကြီးဌာန စိုက်ပျိုးရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ စီမံဘဏ္ဍာ ၀န်ကြီးဌာန၊ သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန အားလုံးပေါင်းစပ် ပြီးတော့ သူ ပြောတဲ့ မက်ဆေ့ခ်ျကို Sector ပေါင်းစုံကနေ ဘယ်လို ပူးပေါင်းဆွေးနွေး ရမယ်။ ပေါ်လာတဲ့ ပြဿနာကို ဖြေရှင်းရမယ်ဆိုရင် သူပြောတဲ့ဟာက သုံးနှစ် လည်း ဖြစ်နိုင်တယ်။ တစ်နှစ်၊ နှစ်နှစ်လည်းဖြစ်နိုင်တယ်။ ဒီလိုဖြစ်ဖို့က သမ္မတ သစ်ရဲ့ Goal Setting က လက်တွေ့ကျတယ်။ ဒါပေမဲ့ Setting ကို Strategy တည်ဆောက်တဲ့နေရာမှာ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းသည် တစ်ညီတညွတ် တည်းမပါသရွေ့၊ တရင်း တနှီးတည်း မဆွေးနွေးသရွေ့၊ ကိုယ့်ဝန်ကြီး၊ ကိုယ့်ဌာန ဆိုပြီးတော့ မာန်တွေခံနေသရွေ့ မအောင်မြင်နိုင်ဘူး။

မေး ။ ။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါ တယ်။

တွေ့ဆုံမေးမြန်းသူ - ဟိန်းဇော်

,June2018

Address

Phyar Ngote Tol Village
Bago
64293

Telephone

+959799992165

Website

Alerts

Be the first to know and let us send you an email when The Seahorse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share