Hein - Collection

Hein - Collection Just shop with Confidence!

သားသမီးတွေကို ချစ်ရင် သူတို့ရဲ့မိခင်ကို မဖျက်ဆီးပါနဲ့။မိခင်ဆိုတာ သားသမီးတွေရဲ့ခိုလုံရာအိမ်ဖြစ်နေလို့ကြောင့်ပါ ပြင်ပကမ္ဘာ...
21/07/2025

သားသမီးတွေကို ချစ်ရင် သူတို့ရဲ့မိခင်ကို မဖျက်ဆီးပါနဲ့။

မိခင်ဆိုတာ သားသမီးတွေရဲ့ခိုလုံရာအိမ်ဖြစ်နေလို့ကြောင့်ပါ ပြင်ပကမ္ဘာက သူတို့လေးတွေကိုရက်စက်တဲ့အခါ မိခင်ဟာကလေးတွေရဲ့ဘေးကင်းလုံခြုံရာနေရာပဲဖြစ်ပါတယ်။

မိခင်က ကလေးတွေရဲ့အတွင်းမုန်တိုင်းတွေကို နှစ်သိမ့်ပေးပြီး ကလေးတွေရဲ့ ဖုံးကွယ်ထားတဲ့ ကြောက်စိတ်တွေကို ဖယ်ရှားပေးနိုင်တဲ့သူပါ။

မိခင်က ကလေးတွေရဲ့လိုအပ်ချက်များ၊ ကလေးတွေရဲ့ မျက်ရည်များနှင့် ကလေးတွေရဲ့အိပ်မက်များကိုပါ ဝန်ထုပ်ပိုးအဖြစ်ထမ်းထားမဲ့သူပါ။

မည်သူမျှ မိခင်ဝန်ထုပ်ဝန်ပိုးကို ထမ်းမထားလျှင်ပင်။

ကလေးတွေရဲ့မိခင်ရဲ့ နှလုံးသားကို မချိုးပါနှင့်။
ကလေးတွေရဲ့မိခင်ရဲ့ စွမ်းအင်တွေကို မဖြုန်းတီးပါနဲ့။
သူမမရှိသလို မဆက်ဆံပါနဲ့။

ဘာကြောင့်လဲ ဆိုတော့ သင့်ကလေးရဲ့ ငြိမ်းချမ်းမှုက သူမနဲ့ စပါတယ်။
သူမကို ကောင်းမွန်စွာပြုစုစောင့်ရှောက်တဲ့အခါ သင့်ကလေးလဲ သန်မာတဲ့ကလေးအနေနဲ့ကြီးပျင်းပါလိမ့်မည်။
သူမနာကျင်တဲ့အခါ ကလေးတွေကလဲ ခံစားချက်အက်ကြောင်းတွေနဲ့ ပြည့်နက်ပါလိမ့်မည် ကလေးတွေကဘာမှနားမလည်နိုင်သေးတာမို့
သားသမီးတွေကို ချစ်ရင် အသက်ပေးမွေးပေးခဲ့တဲ့ မိန်းမကို ချစ်ရပါမယ်။

အရေးကြီးဆုံးကတော့ ကိုယ့်ကလေးတွေရဲ့ငယ်ဘဝကို အနာတရမရှိရလေအောင် ဂရုစိုက်ပေးဖို့က မိဘနှစ်ယောက်စလုံးပေါ်မူတည်တာမို့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း လွှတ်လပ်ခြင်းကိုလျော့ဖို့ကအဓိကပါ ။

# #2

ဒီစာဆုံးသည်အထိဖတ်သမျမိသားစုများအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ အဆင်ပြေစွာနဲ့ အခက်ခဲပေါင်းများစွာ
ကျော်ဖျတ်နိုင်ကြပါစေရှင် 🙏

 #ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ အကြမ်းဖျင်းသိထားရန်============================ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3 နှလုံ...
11/07/2025

#ဘာဆေးတွေက ဘာရောဂါအတွက်ဆိုတာ
အကြမ်းဖျင်းသိထားရန်
============================

ဦးနှောက်အတွက် = Omega3 နဲ့ Vitamin D3

နှလုံးအတွက် = CoQ10 , Magnesium, Garlic

အာရုံကြော = Ginkgo , B12

အသည်း = Milk thistle , Tumeric , Liver Detox

အဆုတ် = Acetylcystine

ဆံပင် ခြေသည်း လက်သည်း= Biotin

အသားရည်လှပဖို့ = placenta extract, collegen , hair skin nail

အစာခြေစနစ် အစာအိမ် /ကိုယ်ခံအားတတ်စေဖို့= Probiotic , နွယ်ချို , oxbile , HCL pepsin, Digestive enzyme

အမျိုးသား 50ကျော်= Arginine

အမျိုးသမီး 50ကျော်= ဒေါင်းကွေးမြစ်

အိပ်ပျော်ဖို့ = Melatonin

အရိုး အဆစ်အမြစ်အတွက် = Glucosamine , Boswellia ,D3&K2, UCII ( အ ရွတ် )

အားဆေးသောက်မယ်ဆို = Zinc ပါတာ
ရွေးသောက်ပါ

သည်းခြေကျောက်တည် = Apple Cider Vinegar

ဆီးချို အတွက် = Cinnamon

အသည်းအဆီဖုန်း = Vitamin E , Vitamin D3 , Lecitin

အနာကျက် သွားဖုံးသွေးယို =Zinc , Vitamin C

မျက်စိအတွက် = Lutein, zeaxanthin

ဆီးကျိတ်အတွက် = saw palmetto+Bee Pollen

သွေးအားကောင်းဖို့ = Chlorella, Folate , iron

ဆီးလမ်းကြောင်းအတွက် = Cranberry

ရာသီလာစဉ် နာကျင်တာသက်သာဖို့ =Evening Primrose oil

အားကစားသမားများအတွက်=BCAA

Credit #

#ကျန်းမာရေးဗဟုသုတရကြပါစေ

အရင်က ခဏ ခဏ ကြားရတတ်သလိုခုကာလ အကြောင်း မသိသေးသူတွေကမောင်နှမ များတဲ့ သူတွေ တွေ့ရင် အားကျတတ်ကြတယ်ကောင်းတယ်နော်မောင်နှမတွေ ...
23/03/2025

အရင်က ခဏ ခဏ ကြားရတတ်သလို
ခုကာလ အကြောင်း မသိသေးသူတွေက
မောင်နှမ များတဲ့ သူတွေ တွေ့ရင် အားကျတတ်ကြတယ်

ကောင်းတယ်နော်
မောင်နှမတွေ အများကြီးနဲ့ ပျော်စရာကြီး ဆိုတဲ့ စကား

မိသားစုမှရယ် မဟုတ်ပါဘူး
တစ်ဦးတစ်ယောက်ထက် ပိုတဲ့ ဘယ်အစုအဖွဲ့၊ ဘယ်အဖွဲ့အစည်း မဆို စည်းလုံးတဲ့အခါ အားဖြစ်ပေမဲ့

စည်းလုံးမှု မရှိတဲ့ အခါ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်

တစ်ယောက်တည်းတောင် စိတ်သွားတိုင်း ကိုယ်မပါ၊ စိတ်နဲ့ကိုယ်နဲ့ မတည့်တဲ့ လူ့လောကမှာ

အရှင်းဆုံး ပြောရရင်
ရုံးတစ်ရုံးမှာတောင် တစ်ဌာနနဲ့ တစ်ဌာန
ဒါမှမဟုတ်
တစ်ခန်းတည်း အတူနေပြီး မသင့်မြတ်ကြတဲ့ အခါ လုပ်ငန်းအောင်မြင်ဖို့ အချိန်ဖင့်တာတွေ

အောင်မြင်ခဲ့ရင်တောင် မပျော်ရွှင်ရတာတွေ ရှိတတ်ပါတယ်

ဒါပေမဲ့
ဒါဟာ သွေးရင်း မဟုတ်၊ မိသားစု မဟုတ်တဲ့ အတွက် မခေါ် မပြောတာ၊ မသင့်မြတ်ကြတာတွေကို နားလည်ပေးလို့ရသလို၊ လက်ခံနိုင်စွမ်းလည်း ရှိကြပါတယ်

ဒါမှမဟုတ်
မသင့်မြတ်တဲ့သူတွေကို ဖယ်ထုတ်တာတွေ၊ နေရာ ပြောင်းရွှေ့ဖြစ်တာမျိုးတွေ လုပ်ဆောင် နိုင်ပါတယ်

သိုပေမဲ့ မိသားစုကြတော့ အဲ့ဒီလို မဟုတ်တော့ ပြန်ဘူး

မောင်နှမတွေ ကလေးဘဝတုန်းက တစ်မိုးအောက်မှာ မိစုံဖစုံဖြစ်စေ၊ မိမစုံ ဖမစုံသော်ငြား အတူတကွ နေခဲ့ရစဉ်တုန်းက

ငါ့ညီလေးဖို့
ငါ့ ညီမလေးဖို့
ငါ့အစ်ကိုဖို့
ငါအစ်မဖို့ ဆိုတဲ့ တစ်ခုခုဆို တွေးပြီး
ညှာတာဖူးတာတွေ
မစားရမှာစိုးလို့ ဖွက်ထားပေးဖူးတာတွေ၊ ဖယ်ထားပေးဖူးတာတွေ ရှိခဲ့ဖူးပါတယ်

ငယ်ငယ်တုန်းက မောင်နှမတွေ များတာလည်း သဘောကျဖူးတယ်။
ရန်ဖြစ်တာပဲ ဖြစ်ဖြစ်
သင့်မြတ်ချိန် ပြန်ချစ်တာပဲ ဖြစ်ဖြစ် မောင်နှမ ဆိုတဲ့ ဘဝတွေက ပျော်စရာ ကောင်းပါတယ်

ဒါပေမဲ့
အသက်တွေကြီးလာတဲ့ အခါ
ဟိုးတုန်းက အားကျပါတယ် ပြောတဲ့
မောင်နှမ များတယ် ဆိုတဲ့ အရာတွေ သဘော မကျတော့ဘူး

အပြင် မိတ်ဆွေ အပေါင်းအသင်းက မခေါ်ချင်ရင် ကျော်သွားလို့ ရပေမဲ့
သွေးရင်းဖြစ်တဲ့ မောင်ရင်းနှမ တွေ တစ်ဦးနဲ့ တစ်ဦး အဆင်မပြေကြတဲ့အခါ ပတ်ဝန်းကျင်က
သူတို့ မောင်နှမတွေ
သူတို့ ညီအစ်ကိုတွေများ
သူတို့ ညီအစ်မတွေ . ဆိုတာမျိုးနဲ့ တစ်ကျပ် တစ်ပြား စိုက်ထုတ်ရတာ မဟုတ်တဲ့ အတွက် ကိုယ့်မိသားစုသာ စည်းလုံးအောင် ဘယ်လိုနေရမယ် မသိတာ
သူများ မိသားစုဆို လက်ညှိုးထိုးချင်လာကြတယ်

အရွယ်ရောက်လာတဲ့ အခါ
ငယ်ငယ်က
ငါ့ညီလေးဖို့ လို့ တွေးခဲ့ဖူးတဲ့ အစ်ကိုတွေ ပျောက်ကုန်ကြတယ်

ငါ့ ညီမလေး ဖို့ဆိုပြီး ညှာတာ ပေးဖူးတဲ့ အစ်မတွေ မရှိကြတော့ဘူး

ငါ့အစ်ကို ငါ့အစ်မ ဆိုပြီး ကြောက်ပြ၊ ရိုသေခဲ့ဖူးတဲ့ ညီ၊ ညီမတွေလည်း ကိုယ့်အတ္တနဲ့ ကိုယ် ဖြစ်လာကြတယ်

သူစိမ်းတွေ ရန်ဖြစ်ရင် လူကြားကောင်းပေမဲ့
မောင်နှမတွေ ပြဿနာဖြစ်တဲ့အခါ ရှက်စရာ ကောင်းတယ်

သူစိမ်းတွေ မခေါ် မပြောနိုင်တာ လက်ခံနိုင်ပေမဲ့
မောင်နှမတွေ မခေါ် မပြောရင် စိတ်ညစ်စရာ အလွန်ကောင်းတယ်

မိသားစုတွေ ငယ်ငယ်က မောင်နှမ များတာ ပျော်စရာကောင်းရင် ကောင်းနိုင်ပေမဲ့
အရွယ်တွေ ရောက်လာလို့ တစ်ယောက် တစ်ပေါက်တွေ

မိသားစု (၇) ဦးရှိ တစ်ဦးဖောက်ပြီဆိုလည်း ပျော်စရာ မကောင်းတော့ဘူး

နှစ်ဦးလောက်ဖောက်လာရင် ပြောစရာ စကား မရှိကြတော့ဘူး

ဒါ့ကြောင့်
ဟိုးငယ်ငယ်က မိဘတွေက ကလေးတွေ အဖော်ရအောင်၊ တစ်ဦးနဲ့ တစ်ဦး ထိန်းနိုင်အောင်တွေးပြီး မွေးကြတယ်

ဘယ်အစုအဖွဲ့ ဘယ်အဖွဲ့အစည်း မဆို စည်းလုံးရင် ပျော်စရာ ကောင်းပေမဲ့

တစ်ဦးနဲ့ တစ်ဦး ညှာတာရမှာ မသိကြတော့တဲ့အခါ
တစ်ဦးနဲ့ တစ်ဦး ဖေးမရကောင်းမှန်း မသိတော့တဲ့အခါ
အထူးသဖြင့်
စိမ်းသူတွေဖက်ပြီး တစ်ဖက်နဲ့ တစ်ဖက်
တစ်ဦးနဲ့ တစ်ဦးကြား ပါးစပ်စည်းတွေ မရှိကြတော့တဲ့အခါ

မောင်နှမတွေ များတာ အားကျပါတယ်
ပျော်စရာ ကောင်းတယ် ဆိုတဲ့ စကားတွေအစား
လူများလာတာနဲ့ အမျှ စိတ်ပျက်စရာ ကောင်းတဲ့ ဘက်ကို ပြောင်းသွားကြတယ်

တစ်မိတည်း မွေးလည်း
မနွေးထွေးရင် ဘာလုပ်မှာလဲ

ဒါ့ကြောင့်
မောင်နှမတွေ အရွယ်ရောက်လာတဲ့အခါ
ကိုယ်စီအတွေးထဲ
မောင်နှမတွေပဲ ဘာမှ မဖြစ်ပါဘူး အတွေးနဲ့
အပြန်အလှန် လေးစားရကောင်းမှန်း မသိတော့ရင်

တစ်ဦးကို တစ်ဦး
စာနာရမယ်
ညှာတာရမယ်
ပါးစပ်စည်းရှိရမယ် အတွေးနဲ့ ထိန်းထိန်း သိမ်းသိမ်း မရှိတော့ရင်

ငယ်စဉ်က သင်ကြားခဲ့ဖူးတဲ့
ထင်းစီးကြီးနဲ့ ဥပမာပြ
ထင်းစီးကြီး ပြေတာက ကောက်စီးလို့ရတယ်

မောင်နှမတွေ အဆင်မပြေ
အချင်းချင်း စိတ်အစာ မကြေတော့ရင် ဘယ်ကြိုးနဲ့ စည်းစည်း
မနီးနိုင်တော့ဘူး ဆိုတာ သတိချပ်ပါ ။

ဆြာ ချစ်
(၂၀၂၅ မတ် ၂၀)

ယောကျ်ား ရေ......Happy Birthday....မွေးနေ့မှာသာမက နေ့ရက်တိုင်းမှာအမြဲပျော်ရွှင်အေးချမ်းပါစေယောကျ်ား ဖြစ်ချင်တဲ့ အတိုင်းပ...
16/01/2025

ယောကျ်ား ရေ......
Happy Birthday....

မွေးနေ့မှာသာမက နေ့ရက်တိုင်းမှာ
အမြဲပျော်ရွှင်အေးချမ်းပါစေ

ယောကျ်ား ဖြစ်ချင်တဲ့ အတိုင်း
ပူပန်သောကတွေ..မနာလိုခြင်းတွေ စိတ်ဆင်းရဲခြင်းတွေကင်းတဲ့...
သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို
အတူတူ ကြိုးစားတည်ဆောက်ကြမယ်နော်....

ဖြစ်ချင်တဲ့ စိတ်ကူးတွေ အိမ်မက်တွေလည်း အသက် ၄၀ မပြည့်ခင်မှာ အကောင်အထည်ဖော်နိုင်ပါစေ... အမြန်ဆုံးဖြစ်လာပါစေ အားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်😘

16.1.2025

12/01/2025

မင်မင်လည်း ကိုယ့်အပေါ်မကောင်းတဲ့သူတွေဆိုသူတို့ဘဝတွေ ကိုယ့်လိုအေးချမ်းဖို့ဘဲ မေတ္တာပို့ပေးတယ်🙏🙏🙏

"မယ်ဇလီဖူးသုတ် အန္တရယ် "တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စားကြပါတယ်။ တန်ဆေးလွန...
15/11/2024

"မယ်ဇလီဖူးသုတ် အန္တရယ် "

တန်ဆောင်မုန်းလပြည့် ည၁၂နာရီရောက်တာနဲ့ ဆေးပေါင်းခတယ်ဆိုပြီး မယ်ဇလီဖူးကိုသုပ်စားကြပါတယ်။

တန်ဆေးလွန်ဘေးဆိုတာလေးတော့ မမေ့ကြပါနဲ့။ အထူးသဖြင့်သွေးတိုးရှိတဲ့သူတွေ ဆေးဖက်ဝင်တယ်ဆိုပြီး မယ်ဇလီဖူးသုပ်ကို တစ်ဝတစ်ပြဲသွားမစားမိပါစေနဲ့။

သွေးတက်ပြီး ခေါင်းတွေထိုးဇက်တွေ လေးလံလာပါလိမ့်မယ်။ အဆိုးဆုံးကတော့ဝမ်းချူပ်နေရင် ဦးနှောက်သွေးကြောပေါက်မှာ။ လေဖြတ်မှာပါကြောက်ရပါတယ်။

နောက်မယ်ဇလီဖူးသုပ်ကို အရက်နဲ့မြည်းကြပါတယ်။ အတော်အန္တရာယ်များတဲ့ ကိစ္စပါ။ မယ်ဇလီဖူးဟာ အခါးလေကို ကောင်းစေပါတယ်။

အရက်ကလည်းအခါး ဒါပေမယ့် အရက်က ပူခါး ၊မယ်ဇလီဖူးကအေးခါး ၊အပူနဲ့ အအေးဆန့်ကျင်ဘက်ဖြစ်နေလို့ အရက်သောက်ရင်း မယ်ဇလီဖူးသုပ်စားရင် လေဖြတ်ရင်ဖြတ်မဖြတ်ရင် ရှော့ဖြစ်တတ်ပါတယ်။

အာရုံကြောထိပြီး အတိတ်မေ့သွားတတ်ပါတယ်။ အထူးရှောင်ကြဖို့ သတိပေးပါရစေ။ နောက်တစ်ခု ထပ်သတိပေးချင်တာက မယ်ဇလီဖူးမှာ ပါတဲ့ဓာတ်ကရောဂါကူးစက်လွယ်စေပါတယ်။

တန်ဆောင်မုန်းလပြည့်ညမှာ ချစ်သူရည်းစားတွေတစ်ယောက်နဲ့တစ်ယောက် ဇွန်းတစ်ချောင်းတည်းနဲ့တော့မယ်ဇလီဖူးသုပ်အပြန်အလှန်ခွံ့မကျွေးမိပါစေနဲ့။

ရောဂါကူးစက်တတ်သည့်အပြင် သွားရည်တွေဟာသွားချေးတွေကိုသယ်ဆောင်ပြီး မယ်ဇလီဖူးကနေတစ်ဆင့် မိမိထံရောက်ရှိလာပါလိမ့်မယ်။

ထပ်သတိပေးချင်တာကတော့ မယ်ဇလီဖူးကို အန္တရယ်ကင်းကင်းစားသုံးမယ်ဆိုရင် အနည်းဆုံး နှစ်ရေခန့် ပြုတ်ပြီးမှသုပ်ပါ။

မန်ကျီးသီးရေထည့်သုပ်ပါ။ ဆားစတိသာထည့်ပါ။ စားပြီးလျှင် လေဆေးလျှက်ဆားလေး စားဖို့မမေ့ပါနဲ့။

အရက်နဲ့ လုံးဝမတည့်ပါ။ သဘာဝဆေးကို ဘေးမဖြစ်စေရန် သုံးဆောင်နိူင်ကြပါစေသော်။

ဆရာကြီးဦးဘိုလင်း (နန်းတော်ရှေ့)
အစာလဲဆေး ဆေးလဲအစာ စားတတ်ကြပါစေ။

30/10/2024

မင်မင်တို့ကတော့ ဘေဘီ ထိပ်ထားစံအဖွဲ့ကပါ

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ ခုနှစ်ရက်သားသမီးအားလုံး စိတ်ချမ်းကိုယ်ကျန်းမာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလိ...
17/10/2024

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ ခုနှစ်ရက်သားသမီးအားလုံး စိတ်ချမ်းကိုယ်ကျန်းမာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်
-Collection
#သီတင်းကျွတ်လပြည့်

ကလေးရော လူကြီးပါကြိုက်တဲ့ဟင်းအမယ်များ(Edit မလုပ်ဖြစ်သေးလို့ video တွေကတော့ link လေးတွေထက်ဖြည့်ပေးပါမယ်... အခုတော့ တစ်လစာ...
27/08/2024

ကလေးရော လူကြီးပါကြိုက်တဲ့ဟင်းအမယ်များ

(Edit မလုပ်ဖြစ်သေးလို့ video တွေကတော့ link လေးတွေထက်ဖြည့်ပေးပါမယ်... အခုတော့ တစ်လစာ ဟင်းအမယ်လေးတွေ ပြန်ရှာလို့ရသလောက် စုတင်ပေးထားပါတယ်...အိမ်ရှင်မတွေ အသုံးတည့်မယ်ထင်ပါတယ်ရှင်)
လွယ်လွယ်ကူကူ လုပ်ကျွေးလို့ရမယ့် အာဟာရပြည့်ဝတဲ့ မနက်စာလေးတွေကိုလည်း တင်ပေးဦးမှာမို့ Page လေးကို Like လုပ်ပေးခဲ့ကြပါဦးနော်

( ပို့စ်ကို တိုက်ရိုက်ရှဲလ်ပါရှင် ဓာတ်ပုံတွေကို ကူးယူပြီး ပြန်လည်ဖြန့်ဝေခွင့်မပြုပါဘူး )
#ဟင်းအမယ်အစုံ
#သားတို့အကြိုက်
-Collection

26/07/2024

ကိုယ့်နောက်ကွယ်မှာ အတင်းပြောနေတဲ့
လူတွေကြောင့် စိတ်အနှောင့်အယှက်
မဖြစ်မိဘူး။

နောက်ကွယ်မှာ ပြောတဲ့ကိစ္စတွေက
ဘယ်ကိစ္စမှ ဘောင်မဝင်ဘူး။

မှန်နေရင် မျက်နှာချင်းဆိုင်
ဒဲ့ ပြောမှာပေါ့။

အရှေ့က တိုက်ခိုက်စရာမရှိလို့
နောက်ကနေ မဟုတ်မမှန်
အတင်းတုပ်တာ လောက်ကို
ခေါင်းထဲကို မထည့်ဖြစ်ဘူး။

အဲဒီလို သူများ မကောင်းကြောင်း
ပြောတတ်တဲ့ စိတ်ဓာတ်တွေ
ကြောင့်လည်း အဲဒီလူတွေ ကိုယ့်နောက်မှာ
အမြဲတမ်း ကျန်နေခဲ့တာလို့
သတ်မှတ်လိုက်တယ်။

ကိုယ် တိုးတက်ကြီးပွါးဖို့ထက်
သူများကို တိုက်ခိုက် အပုတ်ချဖို့ပဲ
စိတ်ဝင်စား တတ်တဲ့သူတွေက
အမြဲတမ်း သူများနောက်မှာ
ကျန်နေခဲ့မှာပဲ။

ဒီတော့ ကျွန်တော်တော့ ကိုယ့် နောက်ကွယ်မှာ
ဘယ်သူ ဘာပြောပြော
ဂရုမစိုက်ဘူး။ Attention မပေးဘူး။

ကိုယ့်ထမင်း ကိုယ်စား
ကိုယ့်အလုပ် ကိုယ်အာရုံစိုက်ပြီး
ကိုယ့်ကို ချစ်တဲ့သူတွေအတွက်ပဲ
အချိန်ပေး ဖြစ်တယ်။

Sint Nyi
25.7.24

မင်္ဂလာရှိသော ဝါဆိုလပြည့်(ဓမ္မစကြာ အခါတော်နေ့)တွင်ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ္တသုခ ကာယသုခ ပြည့်စုံပြီးဂုဏ် ကျက်သရေ ထ...
20/07/2024

မင်္ဂလာရှိသော ဝါဆိုလပြည့်
(ဓမ္မစကြာ အခါတော်နေ့)တွင်

ကမ္ဘာသူ ကမ္ဘာသားများအားလုံး

စိတ္တသုခ ကာယသုခ ပြည့်စုံပြီး

ဂုဏ် ကျက်သရေ ထွန်းတောက်

ကောင်းမှု မင်္ဂလာရောက်ပါစေ . . .

ကြံစည်သမျှ လိုတိုင်းတ ရကြပါစေ . . .

စီးပွား ဥစ္စာ စိန်ရွှေရတနာများ

ဒီရေအလား ကြီးပွား တိုးတက်ကြပါစေကြောင်း..

ဆုတောင်းမင်္ဂလာ ပြုလိုက်ပါတယ်။🙏🙏🙏

#ဝါဆိုလပြည့်(စမ္မစကြာ.အခါတော်နေ့)...

Address

Bago

Website

Alerts

Be the first to know and let us send you an email when Hein - Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein - Collection:

Share