NC Online Shop

NC Online Shop စျေးနှုန်းချိုသာသော လူသုံးကုန်productsမ?

Grace Shelby Body ScrubPrice=7,000ks(300g)
18/07/2022

Grace Shelby Body Scrub
Price=7,000ks(300g)

🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏🙏🙏🌕 "သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို"  သည့်အတိုင်း ယနေ့သည် ဗုဒ္ဓဘာသာ...
12/07/2022

🌕 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)🙏🙏🙏

🌕 "သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" သည့်အတိုင်း ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်။ 🙏🙏🙏

🌕 ဝါဆိုလပြည့်နေ့အခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာ၍ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

 #ယခုကာလကြီးမှာအမျိုးသမီးများလုံးဝမလုပ်သင့်တဲ့အလုပ်(၁၂)ခု(လုပ်မိနေရင်ချက်ချင်းရပ်ပစ်လိုက်ပါ)👱🏻‍♀️👱🏻‍♀️👱🏻‍♀️အမျိုးသမီးမျာ...
11/07/2022

#ယခုကာလကြီးမှာအမျိုးသမီးများလုံးဝမလုပ်သင့်တဲ့အလုပ်(၁၂)ခု
(လုပ်မိနေရင်ချက်ချင်းရပ်ပစ်လိုက်ပါ)
👱🏻‍♀️👱🏻‍♀️👱🏻‍♀️

အမျိုးသမီးများဖတ်ရန်....

ဒီကာလကြီးမှာအမျိုးသမီးတွေ အဓိက
အိမ်ထောင်ရှင်အမျိုးသမီးတွေပေါ့နော်
လုံးဝမလုပ်သင့်တဲ့ အလုပ် ၁၂ ခုကို ဖော်ပြပေးလိုက်ပါတယ်....

အနာဂတ်မှာအခက်အခဲမတွေ့ချင်ရင် ဒါတွေမလုပ်ပါနဲ့🚫🚫🚫

၁။ နေ့တိုင်းဝင်ငွေမရှိပဲ စုမဲများစုခြင်း

၂။ ထီအမျိုးမျိုးထိုးခြင်း

၃။ အတိုးမက်ပြီး ငွေချေးခြင်း

၄။ အားနာပြီးငွေချေးခြင်း

၅။ မျက်နှာရမလားလို့ ကြားဝင်အာမခံခြင်း

၆။ သူများအထင်ကြီးအောင် မရှိကို အရှိဟန်ဆောင်ခြင်း

၇။ သူများကို အထင်ကြီးပြီး လုပ်ငန်းနားမလည်ပဲ
ရှယ်ယာထည့်ခြင်း

၈။ လုပ်ငန်းနားမလည်ပဲ သူများအကြံပေးသည့်အတိုင်း
အလုပ် လုပ်ခြင်း

၉။ လုပ်ငန်းမကျွမ်းကျင်ပဲ တိုးချဲ့ခြင်း

၁၀။ လင်နှင့်ဆွေမျိုးများထံမှ မျက်နှာရအောင်ငွေချေး
ငှားပေးခြင်း

၁၁။ အတိုးပေါ် အတိုးဆင့်ငွေချေးသံသရာမှ
မထွက်ခြင်း

၁၂။ ဘာမှ နားမလည်ပဲအောင်မြင်မှု့ကို အလျင်အမြန်
လိုချင်ခြင်း

အထက်ပါ၁၂ချက်ကို တချက်ခြင်းစီစဥ်းစားပါ
ဒီအထဲမှာ ကိုယ်ပါနေပြီလား စီစစ်ပါ။မလုပ်ရသေးရင်လုံးဝမလုပ်ပါနဲ့ ။လုပ်လက်စဖြစ်နေရင် ရပ်တန့်ပါ ။

လုပ်ပြီးသားဖြစ်လို့ဒုက္ခပင်လယ်ဝေနေရင် ကိုယ့်အပြစ်ကို သေချာဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူပါ။
ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းပါ ရှောင်မပြေးပါနဲ့ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။

ကျွန်မမှာ သိန်း (၅၀) ရှိပါတယ်အခုချိန်လုပ်သင့်လဲ မေးနေသူတွေအတွက်
အဖြေက-မကြာခင် အပြောကောင်းသူနဲ့တွေ့ပြီး အလိမ်ခံရတော့မယ် ဖြစ်ပါတယ်

ဘာလုပ်ရမလဲ မသိရင် ဘာမှမလုပ်ပါနဲ့ ။
ရှိတဲ့ပိုက်ဆံကိုကြေငြာနေမှတော့ လူလိမ်ခံရတာ
မဆန်းပါဘူး ။

စီးပွားရေးမကောင်းတာကို အခွင့်အရေးယူပြီး
လူလိမ်တွေ ခြေချင်းလိမ်နေတဲ့
ယနေ့ခေတ်အချိန်ခါဝယ်

10/07/2022

Price=14,000ကျပ်

#ကော့သောင်းမြို့တွင်း_deli_free

09/07/2022

Online Shop စလုပ်မည့်သူများနှင့် အွန်လိုင်းတွင် ရောင်းအားတက်စေရန် ရောင်းနည်းများ
( ၁၀ ချက်)

(စာနည်းနည်းရှည်ပါမယ်၊သင့်အတွက် အကျိူးရှိမယ်ဆိုတာ ယုံကြည်ရင် ပို့စ်ကို Shareထားပီး အချိန်ရတဲ့အခါဖတ်လို့ရပါတယ် )။

👉🏽သူများတွေ အွန်လိုင်းရှော့လုပ်ပီး ဝင်ငွေကောင်းနေကြပီ
အခုလို ဝင်ငွေကောင်းလာတဲ့ အွန်လိုင်းရှော့အလုပ်ကို ဘယ်ကနေဘယ်လိုစလုပ်ရမှန်းမသိခဲ့လို့
သင် တွေဝေနေခဲ့တာ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှနှစ် ရှိခဲ့ပီလဲ?

အဲ့လိုမတွေဝေရအောင် နည်းလမ်းကောင်းလေးတွေချပေးလိုက်ပါပီ ယူတတ်ရင် ငွေပင်ကြီးပါ
💸💸💸💸💸💸💸💸💸💸💸💸💸💸💸💸

၁/ အခုမှ Online Shop စလုပ်မည့်သူများ အရင်ဆုံး ကိုယ်ရောင်းချင်တဲ့ပစ္စည်းအကြောင်းကို အသေးစိတ်သိထား နားလည်ထားရပါမယ်, ကိုယ်က အလှကုန်ရောင်းမယ်ဆိုရင် အလှကုန် အခေါ်အဝေါ်တွေ အနည်းငယ်သိထားရပါမယ်
-ပီးရင် ကိုယ်ရောင်းမယ့်ပစ္စည်းကိုအရင်ဆုံးလေ့လာပါ,သူများတင်ထားရှိရင်ဖတ်ပါ
-နားမလည်ပါက နားလည်တဲ့သူတွေကိုမေးပါ သို့မဟုတ် အွန်လိုင်းကနေရှာပီး ဖတ်ပါ။
ကြိုက်ပီ နားလည်ပီဆို ရောင်းမယ်လို့ဆုံးဖြတ်ပီးရင် အရင်ဝယ်လိုက်ပါ

၂/ပစ္စည်းအကြောင်းလည်းသိပီး၊ဝယ်လည်းဝယ်ပီးပီဆိုရင် အွန်လိုင်းမှာရောင်းဖို့အတွက် ကိုယ်ရောင်းမယ့် ပစ္စည်းပုံနှင့်တကွ စာသားတွေပါ တွဲရေးပီး ကိုယ့်ဖေ့ဘုတ်အကောင့် သို့မဟုတ် Pageထောင်ထားရင်လည်း Pageမှာ ပို့စ်တင်ပါ ။
( မိမိကိုယ်ပိုင်စာသားတွေ ထွင်ရေးလို့ရသလို သူများဆီက ကော်ပီကူးပီးတင်လည်းရပါတယ် သို့သော် ခွင့်တောင်းပီးတင်ပါ သို့မဟုတ် ပေးပါ)
- ပစ္စည်းအကြောင်းပို့စ်တွေက်ို နေ့တိုင်းတင်ပါ( ပုံနဲ့စာတွဲပီး)
-ပစ္စည်းပုံကိုလည်း လူတွေစိတ်ဝင်စားနိုငိမယ့်ပုံမျိူး ကိုယ်တိုင် ရိုက်ထားတဲ့ပုံဖြစ်စေ အွန်လိုင်းကရှာပီးဖြစ်စေ တင်လို့ရပါတယ်။
-ဥပမာ စက်ပစ္စည်းဆိုရင် ကိုယ်တိုင်စမ်းသပ်ပြထားတဲ့ပုံမျိူးတွေတင်တာလည်း ပိုကောင်းပါတယ်။
-ဘာပစ္စည်းဖြစ်ဖြစ် ကိုယ့်ပစ္စည်းကို လူတွေအမှန်တကယ်စိတ်ဝင်စားမယ့်အကြောင်းအရာမျိူးဖြစ်အောင် ရေးပါ/တင်ပါ။

၃/ ကိုယ်ရောင်းမယ့် ပစ္စည်းအကြောင်းပို့စ်ကိုနေ့တိုင်းတင်ပါ ( ပုံကောစာကောတွဲတင်ပါ)
-တစ်နေ့က်ို အနည်းဆုံး ၇ ခုလောက်ပို့စ်တင်ပါ
တစ်နေ့တည်းမှာ စာတွေပုံတွေအရေးအသားတွေ မထပ်ပါစေနှင့်
(နောက် ရက်တွေကျမှ အနညိးငယ်ထပ်သွားတာက ပြဿနာမရှိပါ)
တစ်နေ့တည်း ဒီစာဒီပုံဒီပို့စ်ကြီးပဲဆို လူအမြင်ကတ်နိုင်ပါတယ်
-ကိုယ်တင်လိုက်တဲ့ပို့စ်တွေ Like ရရ/မရရ ကိုယ့်ဘာသာကိုယ်တင်စရာရှိသာတင်ပါ
-လူတွေ ကိုယ့်ဆီကမဝယ်သေးလည်း ပို့စ်တင်ပါ
-ပ်ု့စ်တင်မပျက်ကွက်ပါစေနှင့်

၄/ ကိုယ့်ဖေ့ဘုတ်အကောင့်ကို စျေးရောင်းတဲ့ပို့စ်တွေချည်းပဲ တင်ပါများလာရင် Online Shoppingအကောင့်မှန်း လူတွေသိလာပါမယ်
-ကိုယ့်အကောင့်,ကိုယ့်ပို့စ်တွေကို လူတွေသတိထားပီးကြည့်လာကြပါမယ်
-Likeမပေးပဲကြည့်တာမျိူးလည်းရှိပါမယ်
Likeမရလည်း ပို့စ်တင်မပျက်ကွက်ပါနှင့်
Like နည်းနည်းရလည်း ပို့စ်တင်တာမပျက်ကွက်ပါနှင့်
ဘယ်သူမှ စျေးမဝယ်သေးလည်း ပို့စ်တင်စရာရှိသာတင်ပါ
( စိတ်ရှည်ပါ/ဇွဲမလျော့လိုက်ပါနဲ့👉🏽ဒီအချိန်ဟာပထမ အရေးကြီးဆုံးအချိန်ပါ)

၅/စျေးရောင်းပို့စ်တွေတင်ပြီးရင် လူတွေစိတ်ဝင်စားနိုင်မယ့် ဗဟုသုတရစေမယ့် ပညာရစေမယ့် အကြောင်းအရာမျိူးတွေက်ို ကိုယ့်ဖေ့ဘုတ်အကောင့် သို့မဟုတ် ကိုယ့် Pageမှာတင်ပေးပါ

၆/ကိုယ်တင်ထားတဲ့ပို့စ်တွေကို လူတွေအဖတ်လုပ်အောင် လူတွေ Share လုပ်ရအောင် ကံစမ်းမဲတွေ,ဖုန်းဘေ မဲဖောက်တာမျိူးတွေ လုပ်ပေးပါ,လက်ဆောင်အစီအစဉ်တွေလုပ်ပေးပါ
-ဒါမှသာ ကိုယ့်အကောင့်ကို Likeတဲ့သူ Shareတဲ့သူများလာပီး ကိုယ်တင်တဲ့ပို့စ်တွေကို အဖတ်လုပ်တဲ့သူ သတိထားမယ့်သူ များလာပါမယ်
-လူသိများလာမှ ကိုယ်စျေးရောင်းတဲ့ပို့စ်တွေကို လူများများမြင်ပါမယ်
-လူများများမြင်ပါမှ အဲ့ထဲက တစ်ယောက်လောက်က ကိုယ့်ဆီကစျေးဝယ်နိုင်ကောင်းပါတယ်
-မဝယ်လည်း အားမလျှော့ပါနဲ့ ပို့စ်တွေဆက်တင်ပါ လုပ်စရာရှိတာဆက်လုပ်ပါ
-တစ်ယောက်ကနေ နှစ်ယောက် တဖြည်းဖြည်း လူသိလာပီး ရောင်းအားတက်လာပါလိမ့်မယ်
(ဘယ်တော့မှ ပို့စ်တင်မပျင်းပါနှင့်)
(ပို့စ်တင်တာမပျက်ကွက်ပါနှင့်)

၇/အခုခေတ်က အွန်လိုင်းခေတ်ဖြစ်လို့ အွန်လိုင်းမရှိပဲစျေးကွက်တစ်ခု ရေရှည်တည်မြဲဖို့မလွယ်တော့ပါဘူး
( လုပ်ငန်းရှင်အကြီးကြီးတွေလည်း အခုဆို အွန်လိုင်းအားက်ိုးပီးစျေးရောင်းနေကြတဲ့ခေတ်ပါ)
-ကိုယ်လည်းခေတ်နဲ့အညီလိ်ုက်ပီး လိုက်လျောညီထွေစွာလုပ်မှ ရေရှည်တည်မြဲပီးရောင်းအားတက်လာပါမယ်

၈/ရောင်းအားတက်ဖို့ သူများနှင့်မတူတဲ့စျေးရောင်းနည်းတွေလ်ိုပါတယ်
စျေးကွက်မဖျက်ပဲ စေတနာထားပီးစျေးရောင်းနည်းကလည်း ရောင်းအားတက်စေတဲ့နည်းထဲကတစ်ခုပါ
-စျေးကွက်တစ်ခုမှာရေရှည်တည်တံ့ပီးအောင်မြင်နေတဲ့သူတိုင်းက စျေးကွက်ဘယ်တော့မှမဖျက်ပဲ အမြတ်များများရအောင်ရောင်းတက်ကြလ်ို့ပါ
-အဓိကလိုတာက 👉🏽သူများနဲ့မတူတဲ့ စိတ်ကူးဉာဏ်စွမ်းရယ် အဲ့စိတ်ကူးတွေနဲ့စေတနာထားပီးလုပ်တဲ့အလုပ်တွေပါ
ဥပမာ 👇🏾

၉/ရောင်းတဲ့ပစ္စည်းချင်းတူရင်တောင် ဝန်ဆောင်မှုမှာသူများထက်ပ်ိုကောင်းအောင်ပေးပါ
-ရောင်းတဲ့ပစ္စည်းချင်းတူရင်တောင်ပို့စ်တင်တဲ့အခါ သူများနဲ့မတူတဲ့ လက်တွေ့ကျတဲ့ အရေးအသားမျိူးတွေရေးတင်ပါ
-ရောင်းတဲ့ပစ္စည်းချင်းတူရင်တောင် ကိုယ်က သူများထက်ပိုမြတ်တဲ့သူသာဖြစ်ပါစေ ( စီးပွားရှာတာမြတ်ချင်လို့မဟုတ်လား)
-ဘယ်တော့မှ သူများထက်စျေးနိမ့်မရောင်းပါနဲ့ ပုံမှန်စျေးတော့ရောင်းပါ
-ကိုယ့်ဆီကဝယ်သူကို ကိ်ုယ့်ဆီမှာဝယ်ရတာ သူဘယ်လောက်အဆင်ပြေကြောင်း သူခံစားမိစေတဲ့ဝန်ဆောင်မှုတွေ၊စေတနာတွေ၊အပြုအမူမျိူးတွေကို တကယ့်စိတ်ရင်းနှင့်ရေရှည်ပေးပါ
-ဒါက စျေးလျှော့ရောင်းစရာမလိုပဲဝယ်သူတွေ က်ိုယ့်ဆီက လိုလိုလားလားစျေးဝယ်မယ့်အကောင်းဆုံးနည်းပါ
👉🏽ဒါက ဒုတိယအရေးကြီးဆုံးအချိန်ပါ
(ပေါ်ပင်မလုပ်မိပါစေနှင့်)

တကယ်လုပ်နိုင်ရင် တကယ်
စျေးရောင်းကောင်းပါလိမ့်မယ်

၁၀/ ကိုယ်ရောင်းအားကျနေပီဆို အပေါ်ကအချက်အလက်တွေပြန်ဆန်းစစ်ပါ၊ဘယ်နေရာမှာအားလျော့သွားလဲဆန်းစစ်ပါ
ဒါမှမဟုတ် တနိုင်ငံလုံးရောင်းအားကျနေလို့ ကိုယ်လည်းစျေးမရောင်းရဘူးဆိုရင် အနားယူပါ 👉🏽အပေါ်ကအချက်အလက်တွေကို ပြန်ပီးသုံးသပ်ပါ ငါအရင်တခါထက်ပိုကောင်းတဲ့ ပုံစံမျိူးနဲ့ ဘယ်လို ဝန်ဆောင် မှုတွေ ထပ်လုပ်ပေးရမလဲ
ဆိုတဲ့ ကိုယ့်ဆီက ဝယ်သူအတွက်ပဲစဉ်းစားပေးတဲ့ အတွေးလေးတွေက်ို စဉ်းစားဖို့ အနားယူပါ၊အားမွေးပါ

-စျေးကွက်တစ်ခုမှာ ကိုယ်ကအရင်ဆုံးပေါ်လာဖို့ကအရေးမကြီးပါဘူး
-ကိုယ့်ဆီကဝယ်သူတွေရဲ့ရင်ထဲမှာက်ိုယ့်ကိုမမေ့ပဲ အမြဲရှိနေဖို့ပဲ အရေးကြီးပါတယ်
( ဆိုလိုတာက ဝယ်သူတွေအတွက် ကိုယ့်ဆီကစျေးဝယ်ရတာ ဦးစားပေးဖြစ်နေဖို့သာလိုပါတယ်)

-ဝယ်သူကို အဲ့လောက်ထိ အရေးတကြီးစဉ်းစားပေးပီဆိုရင် သင် သေချာပေါက် စျေးရောင်းကောင်းပါပီ
ဝယ်သူဘက်ကိုစဉ်းစားပေးတဲ့ စိတ်ကိုရေရှည်မွေးပါ အမြဲတည်တံ့အောင်လုပ်ပါ
👉🏽ဒါက နောက်ဆုံးအရေးအကြီးဆုံးအချိန်ပါ
Crd # #

😍Grace Shelby Body Scrub😍     Price=7,000ks(300g)       #ကော့သောင်းမြို့တွင်း_deli_free ဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါ...
08/07/2022

😍Grace Shelby Body Scrub😍
Price=7,000ks(300g)


#ကော့သောင်းမြို့တွင်း_deli_free ဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါတယ်😍

ကျန်မြို့နယ်များ ငွေလွှဲဝင်ပြီး ၂၄နာရီအတွင်း ကားဂိတ်/စာတိုက်ကနေတစ်ဆင့် ပို့ပေးပါတယ် 😘


   Price=7,000ks(300g)
07/07/2022



Price=7,000ks(300g)

Grace Shelby Body Scrub 💥

💥Review အပြည့်အစုံမဟုတ်သေးဘူး၊ လာမေးတာများလို့ ခါတော်မှီလေး လာပြောပြတာ😚

💥သူ့ကိုသုံးနေတာ တစ်ဘူးတောင်ကုန်တော့မယ်၊ သိသာတဲ့အချက်ကတော့ နေလောင်တာသက်သာပြီး အသားအရေပြန်ညီစေတယ်။ အသားလဲကြည်ပြီး ဝင်းတယ်။ ပြီးတော့ Graceရဲ့လက်ကောက်ဝတ်မှာ အမာရွတ်လေးရှိတယ်။ လက်ကောက်ဝတ်က အသားအရေလည်းပါးတော့ Scrub နားထား ကြာပြီ၊ Scrubအသားလဲမကြမ်းတော့ ဒီဟာလေးနဲ့ ပြန်သုံးပေးတာ အမာရွတ်အရှင်းပျောက်သွားတယ်။ ခါးနားကအမာရွတ်ကြီးတာတော့ ပျောက်ဖို့ကြာတယ်၊ အမာရွတ် မှိန်တော့သွားတယ်။

💥Graceထဲမှာရှိတဲ့ textureကတော့ ပျစ်ပါတယ်။ရေများများနဲ့ တိုက်ပေးရတော့ ရေချိုးရင်းသုံးရတာ အဆင်ပြေတယ်။(တချို့scrubဆို bodyမှာရေများနေရင် အရည်ပျော်ကျလွန်းလို့ scrub ပမာဏများများယူတော့ကုန်လွယ်တယ်)

💥ကင်ပွန်းသီးScrubလေးရှာနေတယ်ဆို သူ့ကိုtryကြည့်ပါ။ Graceတော့ တော်တော်လေးကြိုက်တယ်။ နောက်တဗူးကုန်အောင် သုံးပြီးမှ review အပြည့်အစုံလေးရေးပေးမယ်နော်😚
ဒီ scrub လေးအကြောင်း သိချင်တာရှိရင် လာမေးလို့ရပါတယ်💖

💥ဖြူမဖြူတော့မသိဘူး၊ အသားအရေဝင်းတာတော့ သိသာတယ်။ ကင်ပွန်းသီးနဲ့ အကျိုးပေးရင် ပိုမိုက်တယ်။

Local Brand 💖

300g- 7000mmk ပဲဆိုတော့ စမ်းသုံးကြည့်ဖို့ recommend ပါတယ်။

U can buy from Grace Shelby Body Scrub


#ကင်ပွန်းသီး

Foot mask  ထပ်ရောက်ပါပြီPrice = 3,500ကျပ်တစ်လတစ်ခါပုံမှန်သုံးပေးရုံနဲ့ အခုလိုဖြူဖွေးနေတဲ့ခြေထောက်လှလှလေးကို ပိုင်ဆိုင်ရမ...
04/07/2022

Foot mask ထပ်ရောက်ပါပြီ

Price = 3,500ကျပ်

တစ်လတစ်ခါပုံမှန်သုံးပေးရုံနဲ့ အခုလိုဖြူဖွေးနေတဲ့ခြေထောက်လှလှလေးကို ပိုင်ဆိုင်ရမှာပါနော်....

ဘယ်လိုလူတွေသုံးသင့်လဲဆိုရင်...🤔

📌ခြေဖမိုးမှာအမာရွတ်ရှိတဲ့သူ
📌ခြေဖမိုးနေလောင်လို့မဲတာတွေ
📌မဲညစ်နေတာတွေ

အမာရွတ်၊ အမဲစက်၊ အသားမာ၊ ခြေဖနောင့်ကွဲ၊ နေလောင်တာတွေအတွက် အမြန်ဆုံးသက်သာစေနည်းနော်🥺

တစ်ထုတ်မှာ ၁ စုံပဲပါပါတယ်....
၁လ တစ်ခါသုံးရင်ရပါပြီရှင်....

အသားမာများရင် ၃ပတ် ၁ခါသုံးပေးရင် အဆင်ပြေပါတယ်ရှင်....

Peeling Foot mask လေးရဲ့အသုံးဝင်ပုံ👇🏻

-ခြေထောက်အသားမာတက်တာတဖြည်းဖြည်းလျော့စေတယ်
-ခြေဖမိုးနေလောင်တာသက်သာစေတယ်
-ခြေဖနောင့်ကွဲတာတွေတဖြည်းဖြည်းနဲ့သက်သာစေပါတယ်နော်

အသုံးပြုပုံ👇🏻

၁။အသုံးမပြုခင်ခြေထောက်ကို ရေဆေးသန့်ရှင်းပါ....

၂။ထို့နောက်အိတ်အတွင်းပါသော ခြေထောက်၁စုံစာmaskလေးကို ကပ်ကြေးလေးနဲ့ ပုံပါလိုင်းလေးအတိုင်း ညှပ်ပေးပါ....

၃။ပြီးလျှင်ခြေထောက်စွပ်၍ အိတ်အတွင်းပါပြီးသားတိပ်လေးဖြင့်ကပ်ပေးပါ....
ခြေအိတ်ရှိလျှင် အပေါ်မှထပ်စွပ်ပါ....
စွပ်ထားစဉ် ပူလာလျှင် ခဏလှပ်ပေးပါ....

၄။မိနစ်၆၀ခန့်ထားပြီး maskကိုချွတ်၍ လွှင့်ပစ်ပါ....
ပြီးလျှင်ခြေထောက်အားရေဆေးပါ....

နောက် ၃ရက် သို့မဟုတ် ၅ရက်နေရင် အသားမာတွေကွာလာပါလိမ့်မယ်နော်....

👉🏻Maskကပ်ပြီး ၂ပတ်အတွင်း ရေနွေးမကြာမကြာစိမ်ပေးပါ....

#ကော့သောင်းမြို့တွင်း Deli freeဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါတယ် 😘

ကျန်မြို့နယ်များ ငွေလွှဲဝင်ပြီး ၂၄နာရီအတွင်း ကားဂိတ်/စာတိုက်ကနေတစ်ဆင့် ပို့ပေးပါတယ် 😍


Neutrogena TonerPrice = 10,000ksImported from Thailand 🇹🇭 👉🏻 Exp Date  2025 မို့ အမိုက်စားပဲ ချစ်တို့ရေဘယ် Toner နဲ့မှ မ...
04/07/2022

Neutrogena Toner
Price = 10,000ks

Imported from Thailand 🇹🇭

👉🏻 Exp Date 2025 မို့ အမိုက်စားပဲ ချစ်တို့ရေ

ဘယ် Toner နဲ့မှ မတည့်ဘူး ဆိုသူတွေအတွက် Neutrogena toner ရဲ့ အားသာချက်လေးတွေကို ပြောပြမယ်နော်

💙Alcohol free ဖြစ်လို့ အသားခြောက်ခြင်း ယားယံခြင်း လုံးဝမဖြစ်စေပါဘူး

💙အညစ်ကြေးများကို အတွင်းပိုင်းထိ ကုန်စင်အောင် ဖယ်ရှားပေးပါတယ်

💙ချွေးပေါက်တွေ ကျဉ်းစေပြီး မျက်နှာလေး ကြည်နေစေမယ်

💦 ပုံမှန်သုံးပေးခြင်းဖြင့် အမဲစက် အမာရွတ်တွေကိုလည်း သက်သာစေပါတယ်

💙ဝက်ခြံ အဆီဖု နဲ့ အဆီပြန် အသားအရေများ အသုံးပြုနိုင်ပါတယ်

💙Water type toner ဖြစ်လို့ မျက်နှာပေါ်မှာ စေးကပ်ခြင်း အဆီပြန်ခြင်း မရှိပါဘူး

💙Gentle mild ဖြစ်လို့ အသားအရေပါးတဲ့ Sensitive သမားတွေ စိတ်ချစွာသုံးလို့ရပါတယ်

💙Oil free ဖြစ်လို့ အသားအရေရဲ့ moisture ဓာတ်ကို ထိခိုက်ခြင်းမရှိပါဘူး




#ကော့သောင်းမြို့တွင်း Deli freeဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါတယ် 😘

ကျန်မြို့နယ်များ ငွေလွှဲဝင်ပြီး ၂၄နာရီအတွင်း ကားဂိတ်/စာတိုက်ကနေတစ်ဆင့် ပို့ပေးပါတယ် 😍

Vaseline လေး ရောက်ပါပီ💦💦💦Healthy bright Daily Sun Refreshing SerumPrice = 10,500ksImported from Thailand 🇹🇭 SPF ပါတဲ့ lo...
01/07/2022

Vaseline လေး ရောက်ပါပီ💦💦💦
Healthy bright Daily Sun Refreshing Serum
Price = 10,500ks

Imported from Thailand 🇹🇭

SPF ပါတဲ့ lotion ထဲက ဘာရှိလည်း ခဏခဏ မေးတဲ့
ကိုယ့်အချစ်တွေ အားပေးလို့ ရပါပီရှင်💧

SPF 50+ PA++++
UVA UVB
Vitamin B3
Vitamin C
Vitamin E

တို့ပါဝင်သောကြောင့် နေလောင်ဒဏ်ကြောင့်
ဖြစ်စေတက်တဲ့ အသားရေ မညီခြင်း၊မွဲခြောက်ခြင်းနှင့်
လေထုညစ်ညမ်းခြင်းကြောင့်အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်💧✨

နေရောင်ခြည်နှင့် Electronic Devices များမှထွက်သော ရောင်ခြည်များကြောင့်ဖြစ်စေသော အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါသည်💧✨

အရေပြားထဲ စိမ့်ဝင်လွယ်သောကြောင့်
အေးမြလန်းဆန်းစေပါသည် 💧💥
ဖြူဝင်းပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို
ရရှိစေပါသည်💧💥

#ကော့သောင်းမြို့တွင်း Deli free ဖြင့် အိမ်အရောက်ငွေချေ ပို့ပေးပါတယ် 😘

ကျန်မြို့နယ်များ ငွေလွှဲဝင်ပြီး ၂၄နာရီအတွင်း ကားဂိတ်/စာတိုက်ကနေတစ်ဆင့် ပို့ပေးပါတယ် 😍


Address

Bago

Telephone

+959252882394

Website

Alerts

Be the first to know and let us send you an email when NC Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share