08/07/2025
စျေးချိုတဲ့ ဂစ်တာအသစ် ဝယ်ဖို့ ရွေးကြတဲ့အခါ သတိထားစရာလေးတွေ အကြံပြုချင်ပါတယ်။
၁။ Top မျက်နှာပြင်
ဂစ်တာတလုံး ရှေရှည်ခိုင်ခန့်ဖို့အတွက် Top က အရေးပါလှတယ်။ Top ရဲ့ အရည်သွေးကောင်းလေ ကြိုးဆွဲအားကို ခံနိုင်လေပါပဲ။ Top Quality မကောင်းတဲ့ ဂစ်တာတွေမှာတော့ ဘာသားသုံးထားမှန်း မသိရအောင် ဆေးတွေရောင်စုံ မှုတ်ချလိုက်တာ များပါတယ်။
သစ်ကြောစင်းကြောင်း တွေ ထင်ရှားစွာ မြင်ရတဲ့ Solid or Laminated Spruce Top တွေကို ဦးစားပေးရွေးချယ်စေချင်ပါတယ်။ Laminated Spruce ဆိုရင်တောင် နှစ်ဖက်လှ ( အတွင်းရော အပြင်ပါ သစ်ကြောတွေ မြင်ရသော) Top က Quality ပိုရှိပါတယ်။
၂။ သစ်သားမဟုတ်သော Fretboard, Bridge
Fretboard နဲ့ Bridge က သစ်သားမဟုတ်တိုင်း မကောင်းတာမဟုတ်ပါဘူး။ Richlite လို အရည်အသွေးမြင့်တဲ့ Fretboard တွေလည်းရှိပါတယ်။ စျေးချိုတဲ့ တရုတ်ဂစ်တာတွေမှာတော့ အရည်အသွေး နိမ့်တဲ့ HPL လို အမျိုးအစားတွေပဲ သုံးပေးနိုင်မှာပါ။ သစ်သား နဲ့ လုပ်ထားတဲ့ Fretboard/ Bridge ကိုသာ ဦးစားပေး ရွေးချယ်စေချင်ပါတယ်။ ဘယ်လိုသိသာမလဲဆိုတော့ အညိုရောင် ဖက်သမ်းမယ်။ သစ်ကြောတွေနဲ့ ထင်းနေလိမ့်မယ်။ Fretboard တွေ မဲနက် နေတာမျိုးဆို ခွဲရခက်ပါတယ်။ Ebonized( ဆေးမဲသုတ်) ထားတာလား HPL လားဆိုတာ မသိနိုင်ရင်တော့ ရောင်းတဲ့ဆိုင်ကိုသာမေးလိုက်ပါ။ အရောင်းဆိုင်တွေနဲ့လည်း ကိုယ်ရောင်းတဲ့ ဂစ်တာရဲ့ Spec တွေကို သေချာ သိထားသင့်သလို online ပေါ်တင်ရောင်းရင်လည်း Spec အစုံ ထည့်ရေးပေးသင့်ပါတယ်။ Top ကို Solid spruce, back n side ဘာညာ မွန်းပြီး Fretboard နဲ့ Bridge ကို မေ့ချင်ယောင်ဆောင်ထားတာတွေ မလုပ်သင့်ပါဘူး။
အဲ့ဒီ နှစ်ချက်ပါပဲ။ အဲ့ဒီနှစ်ချက်လုံးပြည့်စုံရင်တော့ စျေးမချိုတော့မှာ သေချာပါတယ်။
Crd
Original writer ✍️
Acousticochemistry Page🙏🙏🙏