13/08/2021
.သားသမီးကို ငရဲပေးတဲ့ မိဘဆိုတာ...
တကယ်ရှိပါသလား....?
🙏🎄ရှိပါတယ် . .🎄🙏
1။`အပြစ်တင်လွန်းတဲ့မိဘ
ဘာပဲလုပ်လုပ် အပြစ်တင်နေတတ်တာ . .
တစ်နည်းဆိုရရင် လောဘကြီးမိကြတာပါ...
အသုံးမကျဘူးဆိုတဲ့ ဘောင်ထဲသွတ်သွင်းတာ
သားသမီးက တကယ်အသုံးမကျတာ
ဖြစ်ချင်ဖြစ်မယ် ။
ဒါပေမဲ့အသုံးမကျတာကိုပဲ
ဖောက်မြင်နေတတ်တာ . . .
ဒါကိုကြားရဖန်များလာတဲ့အခါ ဒေါသက မိဘကိုပြန်ခံပြောတတ်ဖို့ စတင်လာတယ်...
2 ။`ဘက်လိုက်တာ
သားသမီးချင်းအတူတူ
ငါ့သမီးလေး ငါ့သားလေး
ဘက်လိုက် ဆက်ဆံတတ်တာ...
ဘက်လိုက်တတ်တဲ့
မိဘတွေရဲ့ သားသမီးတွေဟာ
မစည်းလုံးကြတာ များတယ် ။
မိဘက သွေးခွဲထားလို့ပါ။
"နင်ကညံ့တယ် နင်ကတော်တယ်"ဆိုပြီး
ကွာလတီခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ
ဘယ်တော့မှ စျေးနှုန်းညှိမရကြတော့ဘူး...။
ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ် ။
အချင်းချင်း မနာလိုစိတ်ကနေ
အမုန်းတရား ပွားများလာတယ်။
ကလေးဘဝကတည်းက အရိုးစွဲတဲ့ အမုန်းတရားက
ဘယ်တော့မှဖျောက်မရတော့ဘူး.။
မိဘတွေသာမရှိကြတော့ရင် ဒီမောင်နှမတွေဟာ
ပတ်သက်စရာ လုံးဝကိုမရှိတော့တဲ့လူတွေ ဖြစ်နေကြပါလိမ့်မယ်..။
3 ။`ဆဲဆိုလွန်းတာ
နေ့စဉ်အဆဲခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ ပြန်ပြောမိရင်တော့ မိဘကိုခံပြောသလိုဖြစ်တယ်။
ငရဲကြီးမယ်။ နင်တို့ ဒုက္ခရောက်မှအေးမယ်။
ခွေးဖြစ်မှာဆိုတဲ့ ကျိန်စာဆန်ဆန်
စကားတွေဟာ အရမ်းဆိုးပါတယ်။
ကောင်းကောင်းမွန်မွန်ပြောပြီး ခိုင်းလို့ရနိူင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ်ဆိုတဲ့
အတွေးနဲ့ခိုင်းတာဟာ ဆိုးဝါးလွန်းပါတယ်။
4 ။`သားသမီးရဲ့ အိမ်ထောင်ရေးကို စွက်ဖက်တာ
"နင့် ယောက်ကျားက ဘယ်လို "
"နင်ယူထားတဲ့ မိန်းမကဘယ်လို "ဆိုတာမျိုး
မပြောသင့်ပါဘူး ။
သားသမီးရဲ့ ရွေးချယ်မှုကိုလဲ လေးစားရပါမယ်။
သူတောင် သူ့ဘဝကို သူနေတတ်လို့ နေနေတာပါ ။
သားသမီးက
သူ့အိမ်ထောင်နဲ့ပတ်သက်ပြီး ကူညီပါလို့မပြောမချင်း
ဝင်ပါစရာ မလိုတာပါ..။
ငါ့သမီးမှန်တယ် ငါ့သားမှန်တယ် ဆိုတဲ့
အယူအဆဟာ မှားပါတယ်.။
ကိုယ့်သားသမီးအကြောင်း သိတယ်ဆိုတာ
ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်...။
ကလေးဘဝမှာသာ မိဘနဲ့တစ်နေကုန်ရှိနေလို့
သူတို့ အကျင့်လေးတွေ သိနေကြရတာ...
သူတို့်အရွယ်ရောက်တဲ့အခါ မိဘနဲ့နေချိန်နည်းလေ
မိဘကသားသမီးစိတ်ကို မသိရလေဆိုတာကို
သတိထားသင့်ပါတယ်...။
သားသမီးဆိုတာ မိဘကို အစစအရာရာ
ပွောပွခငြျတဲ့အရှယျဆျိုတာ အသက်လေးငါးဆယ်နှစ်အရွယ်မှာပဲရှိတယ်...။
ဒါကို ကလေးလိုပဲ အကုန်သိချင်
အကုန်ဖြေရှင်းပေးချင်တယ်ဆိုရင်တော့
တကယ်ဖြစ်လာရင်တောင် မိဘကိုမတိုင်ပင်
ကြတော့တာများပါတယ်...။
" ငါပြောသားပဲ"
ဆိုတဲ့စကားနောက်က အပြစ်တင်မှုတွေဟာ
ပြဿနာကိုဖြေရှင်းဖို့ ဝေးကွာစေတာ သားသမီးတွေကရိပ်စားမိကြပါတယ်...။
သားသမီးအကြောင်း တကယ်သာသိရင်
ဒါမျိုးမလုပ်သင့်တာကို သိကိုသိထားရမယ်...။
5 ။`သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ
အချို့ မိဘတွေရှိပါတယ် ။
ပြင်ပမှာတော့လူငယ်လူကြီးမရွေးကို
အရမ်းအလေးထား ဆက်ဆံတတ်ပါတယ် ။
ပြောရရင် လူတွေအပေါ် လေးစားမှုရှိတာပေါ့ ။
သားသမီးကိုကျ အဲ့လိုမလုပ်နိုင်ကြပါဘူး ။
သားသမီးဆိုတာ ငယ်နိုင်လိုဖြစ်နေတော့
စိတ်အလိုမကျတိုင်း သားသမီးကို နှိမ်နေတတ်တာမျိုးပါ...။
စေတနာစကားပေမယ့် အပြောမတတ်ရင်နားခါးတာ
လူ့သဘာဝပါ...အပြင်ပန်းက မှတ်မထားချင်ရင်နေမယ်။
စိတ်ခံစားချက်ကတော့ မိဘက ငါပြောတိုင်း
မကောင်းမြင်တယ်ဆိုပြီး ဒေါသကြီးနေတတ်တဲ့
သားသမီးတွေ ရှိလာရတာပါ...။
စိတ်ဆိုတာ အမြဲတမ်း ကြည်သာမနေပါဘူး။
အမြဲနားပူအောင် နေ့စဉ်ဆုံးမစကား ဆိုမနေမိပါစေနဲ့...
သူနေ့စဉ်လုပ်တာတွေမှတ်ထားပြီး တစ်ပတ်တစ်ခါ တစ်လတစ်ခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကားတစ်ခွန်းချင်း ပြောသင့်ပါတယ်။
တစ်ပတ်တစ်ခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် ။ သားသမီးအနေနဲ့လဲ မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်. ။
သူ့အမှားကို ဆင်ခြင်နိုင်တယ် ။
"ဒေါသပါတဲ့ ဆုံးမစကားဟာ
ပြောင်းပြန် အကျိုးသက်ရောက်ပါတယ် . . ."
ဘာလို့လဲဆိုတော့ သားသမီးဆိုတာ လူသားမို့
ဒေါသထွက်ရင် အရွဲ့တိုက်တတ်လို့ပါ...
အဆင်မပြေမှုတွေကို သူတို့လဲ မလိုလားကြပါဘူး။
ဒါပေမယ့် ငြင်းဆန်မရရင်တော့ မိဘနဲ့ထိပ်တိုက်ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ်အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆလာကြပါတယ်...။
မိဘနဲ့အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာရပ်တည်နေရတဲ့အခါမှာလဲ အဆငျပွဘျေို့ဆိုတာ မလွယ်ကူပါဘူး။
အဆင်ပြေပြေ မပြေပြေ မိဘမသိပါစေနဲ့
အဆင်ပြေတယ်ပဲ ပြောလိုက်ပါ ။
တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လဲနည်းစေပါတယ်။
တတ်နိုင်ရင် အဝေးကနေ ထောက်ပံ့ခြင်းကိုလုပ်လို့ရပါတယ်...။
အနီးမှာပဲနေမယ်ဆိုလဲ မိဘနဲ့ အဆင်ပြေအောင်
နည်းလမ်းရှာပြီး စိတ်လျော့ကြပါ။
မိဘဆိုတာ အဖိုးတန်ပါတယ် ။
ဒါပေမယ့် သားသမီးဆိုတာလဲ လူသားမို့
သူလဲသူ့တန်ဖိုးနဲ့သူရှိတယ်ဆိုတာ မိဘများအထူးသတိချပ်မိကြရင် မိဘနဲ့သားသမီးများ
ဆက်ဆံရေးဟာလဲ ပိုအဆင်ပြေကြမှာပါ...။
Credit:Original uploader.