12/12/2020
မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေမယ့်
နည်းလမ်းကောင်း
-------------------------------------------
မျက်နှာမှာ ရှိတတ်တဲ့ အမဲစက်တွေနဲ့ ဝက်ခြံကြောင့်
ကျန်ခဲ့တဲ့ အမာရွတ်တွေ ၊ အမဲကွက်တွေကို ၅ရက်
အတွင်း သိသိသာသာပျောက်ကင်းစေပြီး မျက်နှာ
အသားအရေကိုဖြူဝင်းတောက်ပစေမယ့် နည်းလမ်း
ကောင်းတစ်ခုကို ဖော်ပြပေးချင်ပါတယ် ။
ပါဝင်ပစ္စည်း
အာလူး – ၁လုံး
သံပုယိုသီး – ၁စိတ်
ပြုလုပ်ပုံ
ပထမဦးစွာ အာလူးကို အခွံခွာပါ ။
ထို့နောက် ခပ်သေးသေးလေးတွေ လှီးပြီး
blender ဖြင့် ကြိတ်ပြီးလျှင် ခွက်သန့်သန့်
တစ်ခုထဲသို့ ကြိတ်ထားသော အာလူးတွေကို
ရေစစ် (သို့) ဇကာစိတ်စိတ်ခံ၍ လောင်းထည့်လိုက်ပါ ။
ခွက်ထဲတွင် အာလူးအရည် သန့်သန့်သာ
ကျန်နေပြီးခွက်ထဲသို့ သံပုယိုသီးတစ်စိတ်ကို
ညှစ်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးလျှင် အမာရွတ် ၊
အမဲစက်ရှိသော နေရာသို့ အဓိကထားပြီး ဂွမ်းလုံးလေး
ကိုစိမ်ပြီး မျက်နှာအနှံ့ ပွတ်ပေးပါ။ထို့နောက်
ခြောက်သွေ့အောင် ၁၀မိနစ်ခန့် ထားပြီးလျှင်
ရေသန့်သန့်ဖြင့်ဆေးကြာလိုက်တာရုံနဲ့
အဆင်ပြေပါတယ်ဗျ...
တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်လျှင် လုံလောက်ပြီး
ပိုမိုထိရောက်ချင်လျှင်တော့ တစ်နေ့ နှစ်ကြိမ်နှုန်းဖြင့်
တစ်ပါတ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်ခင်ဗျာ
Credit -CHAN (ရွှေအင်းလေး)
Photo Credit-internet