What I Say

What I Say What I Say

12/08/2021

ချစ်သောရယ်

အချစ်ခံရတဲ့ခင်ဗျားတောင်
ဒီလောက်ပင်ပန်းနေတာ
အရမ်းချစ်ပြရတဲ့ ကျွန်တော်ကကော
ဘယ်လိုနေပြရမလဲ

#ချစ်သော

22/06/2021

ငါမင်းကို လွမ်းတယ် #ချစ်သောရယ်
ဒီလောက်ပါပဲ
ငါ့မှာလွမ်းတယ်ဆိုတာလေးကိုတောင်
မင်းသိအောင်ပြောခွင့်မရှိဘူး

15/12/2020

တွေးမြင်နေမိတာတွေဟာ
ရောက်မလာတော့မဲ့ မက်ဆေ့တွေနဲ့
မင်းမပါတော့မဲ့နေရက်တွေအကြောင်း
မှန်းဆကြည့်ရုံနဲ့ ငါ့ကမ္ဘာဟာ
အလိုလိုအမှောင်ဖုံးလွှမ်းနေတယ်
ဘဝကလှဲပြိုချင်စရာ ပစ်လှဲပစ်ချင်စရာကြီးကွာ

06/12/2020

ဘာမှမမျှော်လင့်ခဲ့တာမို့
ဘာကိုမှမဆုံးရှုံးရတော့ဘူးပေါ့ ချစ်သော...
ချစ်ခြင်းမေတ္တာ ဆိုတာပေးချင်တိုင်း
ပေးလို့မရသလို
လိုချင်တိုင်းလည်း ရတာမှမဟုတ်ပဲလေ

မနီးခဲ့ကြဘူးဆိုတော့
မဝေးရတော့ဘူးပေါ့

#ချစ်သော...

06/12/2020

ရှင်သန်လာသမျှကာလတစ်လျှောက်လုံး
မက်မက်မောမောငေးဖူးတာဆိုလို့
ခင်ဗျားပဲရှိသလို တသက်လုံးမက်မောဖွယ်ရာလဲ
ခင်ဗျား ပဲရှိတာ...

#ချစ်သော...။

22/11/2020

သတိတရ ဥာဥ့်ဦးယံ

တရှို့လွမ်းဆွတ်မှုတွေက
သတိရစရာအမှတ်တရ မဟုတ်ပါပဲ
အလိုလို ခင်ဗျားကိုလွမ်းတမိတာမျိုးတွေပါ

ကျနော်ပါ
ခင်ဗျားအကြောင်းတွေ အိပ်မက်ထဲမက်ဖို့ကြိုးစားနေတဲ့
ကျနော်ပါ
ကွေကွင်းခဲ့ပြီးတဲ့နောက် လွမ်းဆွေးသတိရစိတ်ဟာ
ခင်ဗျား ရဲ့ နာမ်ခန္ဒာရုပ်ဝတ္ထု အစုစုပေါ်မူတည်နေတာကို ကျနော်သိလိုက်ရပါတယ်

ခင်ဗျားးရဲ့ဖြစ်တည်မှုအတိုင်း ခင်ဗျားရဲ့
အရာရာကို လွမ်းပါတယ်
ဒါဟာလွမ်းဆွေးမှုတစ်ခုမျှသာ တခုခုများခံစားမိလား
ခင်နှင်းဆီ...။

15/11/2020

ချစ်သော...

ကိုတို့ဟာ အရမ်းရင်းနီးတဲ့ အသိမိတ်ဆွေတွေလည်
မင်းအဆင်မပြေတဲ့အခါကြုံရင်
ကို့ကို အော်ပါ ဆူပါငေါက်ပါ
ကို့ထံမယ် ပေါက်ကွဲပြပါ...

14/11/2020

ဖူးစာမပါတဲ့​ရေစက်မျိုးကို
ဘယ်ဘုရားကများ​ ပေးခဲ့တာလဲဗျာ...။

ပိုင်ဆိုင်ခွင့်မရလဲ
လွမ်းခွင့်တော့ရှိတယ်မဟုတ်လား
ခင်နှင်းဆီ...
မေတ္တာကိုအခြေတည်ပြီး
သစ္စာကိုထပ်ညွှန်းတင်ပါတယ်

ပျော်ရွှင်မှုတွေဟာခင်ဗျားအတွက်ဖြစ်ပြီး
ပြောင်းပြန်နိယာမ ဖြစ်တဲ့
မပျှော်ရွှင်ခြင်းတွေကိုတော့ကျွန်တော်ကအပိုင်သိမ်းလိုပါတယ်

တိုင်တည်ထားခဲ့တဲ့...
ပြုမိသမျှသစ္စာ ကျနော့ထံပဲစူးပါစေ...

ချစ်သောရယ်...။

07/11/2020

ခရီးလမ်းကဝေးပေမဲ့ မင်းဆီတော့
စိတ်နဲ့မကြာခဏရောက်ဖြစ်ပါတယ်

#ချစ်သော...။

07/11/2020

သတိရခြင်းဟာ နယ်မြို့ငယ်လေးတခုဆီမှာ
မင်းတစ်ယောက်ငြိမ်းချမ်းစေ...

သတိတရလွမ်းတယ်ကွယ်
မင်းနေတဲ့ မြို့ရွာဆီမယ် ခုနေဆောင်းရနံ့တွေသင်းစ​ပြုပေါ့
ငြိမ်းချစ်ပါစေကွယ် ချစ်သော....

07/11/2020

အိပ်မပျော်ဘူး ခင်ရယ်....

နေရင်းထိုင်ရင်းပဲ မိုးကထပြီးရွာတယ်
မိုးကသည်းလိုက်တာ ခင်ရယ်....မဆိုင်ပေမဲ့
မင်းကို လွမ်းတယ်
မင်းမကြိုက်ဘူးဆိုတာသိသိနဲ့ အသင့်ဝယ်ထားမိတဲ့ ဆေးလိပ်ကို မီးညှိလိုက်မိတယ်

မင်းက အကို့အတွက်ကြည့်ပြီး
မကြိုက်ဘူးမသောက်ပါနဲ့ကျမ်းမာ​ရေးထိခိုက်မယ်
မကောင်းလို့တားတယ်ဆိုတာသိပါတယ် ခင်ရယ်...
ဒါပေမဲ့ကွာ ကို ညဘက်တွေ အိပ်မပျော်ဘူး
ခင်ရယ် 1 : 50 Am မှာ တိတ်တဆိုက်အမှောင်ထဲမယ်
သောက်မိတဲ့ ဒီဆေးလိပ်က သိပ်ကောင်းတယ် ခင်ရယ်
ပြီးတော့ကိုယ်တွေးမိတာက ခုနေများ အလွမ်းတွေချိုက်ယူပြီး မှုတ်ထုပ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေနဲ့အတူ လွင့်ပျံတက်ပါသွားရင် ကိုစိတ်တစ်​ဒေသများ
အနေချောင်လည်မလား လို့တွေးမိတယ်

မိုးတွေတအားသည်းနေတယ်ခင်ရယ်...
တစ်ခါတုံးကလို ညအချိန်မတော်
စိတ်တွေဂယောင်ခြောက်ခြားနဲ့
မသိစိတ်​တွေ ဖောက်ပြန်ပြီးမိုးရေထဲ
ထွက်ထိုင်မိတော့မလို စိတ်တွေမွန်းကျပ်နေလိုက်တာ၊

ညဘက်တွေမှာဘယ်လောက်မှ ဝေးဝေးလှမ်းမမြင်ရတဲ့ အပြင်ဘက်ကမီးမထိန်တထိန်လေးကြားက
မမြင်မစမ်းနဲ့ မိုးစက်တွေကိုငေးရင်း
ဆေးလိပ်မီးခိုးငွေ့တွေချိုက်ရင်းမှုတ်ထုပ်ရင်း
ခင့်ကိုလွမ်းရင်း မောရင်းပဲ မိုးစက်တွေကိုငေးရင်း
ခင်ကိုလွမ်းရင်း အတိတ်တွေကိုမြင်ယောင်ရင်း
လွမ်းရင်းပဲ အိပ်မပျော်ဘူးခင်ရယ်.....။

21/10/2020

ချစ်ရပါသောရယ်...
ချစ်ခဲ့ကြတဲ့တချိန်က မင်းကို
အချိန်တွေဘယ်လောက်များပင်ကြာကြာ
အမှတ်တမဲ့တွေကနေ အမှတ်တရတွေအထိ
သတိတရရှိနေဆဲပါပဲ...

ချစ်ရပါသောရယ်....
ကိုယ်က မင်းမဟုတ်တဲ့
ချစ်ခြင်းမေတ္တာမျိုးတွေကို
အတုယောင်လို့ပဲထင်မြင်နေတတ်တာ...။

Address

Yangyang

Website

Alerts

Be the first to know and let us send you an email when What I Say posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category