09/05/2023
ပရောဂျက်ခြေသုတ်ခုံကရတဲ့ငွေတွေနဲ့တော်လှန်ရေးရဲဘော်တွေဆီ ကူပေးနိုင်ခဲ့ပြီ
=========================
နိုင်ငံရပ်ခြားကပြည်သူတွေနဲ့ မြန်မာပြည်တွင်းက အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အားကြိုးမာန်တက်ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ အားပေးကူညီမှုတွေကြောင့် အများကြီး ပါသလို FIVE S.E.T Team ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် တော်လှန်ရေးရဲဘော်တွေဆီကို အရောက်ကူပေးနိုင်ခဲ့ပါပြီ။
လှူဒါန်းပြီးစီးကြောင်း ကိုအစောပိုင်းကတည်းက တင်ပြရမှာဖြစ်ပေမယ့်လို့
မင်မင်တို့ အဖွဲ့အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ပေးနိုင်ခဲ့ပါတယ်။
ပရောဂျက်ခြေသုတ်ခုံကနေ ရရှိလာတဲ့ ဝင်ငွေတွေ အားလုံးကို
မြေပြင်နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဆီကို သေချာလေး ကူညီပေးထားနိုင်ခဲ့ပါပြီ။
နောက်လည်း မင်မင်တို့ FIVE S.E.T Team လေးက တော်လှန်ရေးကြီး အမြန်အောင်မြင်စွာနဲ့ အပြီးသတ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြပါဦးမယ်။