10/01/2026
လောလောဆယ်တော့ ကိုယ်တွေလည်းဘာမှမဟုတ်သေးဘူး ဘယ်ကောင်မှလည်းမဟုတ်ဘူး ဒါပေမဲ့ ရှေ့ကလူတွေ ဘယ်လိုလုပ်တယ် ဘယ်လိုနည်းလမ်းတွေသုံးတယ် ဘာကြောင့်လုပ်သင့်မလုပ်သင့်တွေ သိရအောင်တော့ သွားတက်ဖို့စာရင်းတော့ပေးလိုက်ပီ လစာခစာဝန်ထမ်းလုပ်ရတာမကြိုက်ပေမဲ့ ကိုယ်ပိုင်အရည်အချင်းမပြည့်မှီသေးတော့ ဆက်ကြိုးစားရအုံးမယ်📚📚📚📖📖🥰🥰😍😍🌍
✅ ဂျပန်ကုမ္ပဏီတွေကို ဘယ်လိုမားကတ်တင်းလုပ်မလဲ
✅ ဘယ်လိုရောင်းရမလဲ
✅ လုပ်ငန်းအတွက် ဘဏ်ချေးငွေဘယ်လိုရယူရမလဲ
✅ ဒေသခံဂျပန်ကုမ္ပဏီတွေ၊ SME တွေနဲ့ ဘယ်လို ချိတ်ဆက်ရမလဲ
✅ Japan Business network ကို ဘယ်လိုတည်ဆောက်ရမလဲ
စတဲ့ စတဲ့ ဂျပန်ရောက် မြန်မာ Business Persons တိုင်း စိတ်ဝင်တစား သိချင်ကြတဲ့ အကြောင်းအရာတွေကို ဂျပန်လူမျိုးလုပ်ငန်းရှင် ၂ ဦးဆီကနေ ဆွဲထုတ်ဆွေးနွေး တင်ပြသွားမယ့် Seminar ဖြစ်ပါတယ်။
📌 ဆွေးနွေးမည့်သူများ
(၁) ကိုကြည်သူရှိန်
Founder - ပြည်ပရောက် မြန်မာပရော်ဖက်ရှင်နယ်နှင့် လုပ်ငန်းရှင်များအသင်း ( OMPEA )
အုပ်ချုပ်မှုဒါရိုက်တာ - SHEINOVIC Japan
(၂) Mr. Yoshimichi Ishikawa
မြန်မာနဲ့ဆက်စပ်ပတ်သက်သော လုပ်ငန်းများစွာလုပ်ခဲ့သူ၊ ဂျပန်တွင် ကြော်ငြာလုပ်ငန်းကုမ္ပဏီထူထောင်လုပ်ကိုင်ခဲ့သူ
(၃) Mr. Taiyo Miura
HR ပိုင်းကျွမ်းကျင်သူ၊ Community-based Tourism လုပ်ငန်းလုပ်ကိုင်သူ၊ Trinity Nest ၏ အုပ်ချုပ်မှုဒါရိုက်တာ
🟡[OMPEA Seminar 003] Free Seminar
“Business Essentials for Myanmar Business Persons”
🗓️ January 12, 2026 (Monday) ရုံးပိတ်ရက်အနီရက်ဖြစ်ပါသည်
🕑 11:00 - 13:30 (Japan Time)
🏢 Address: The Yotsuya Community Center (四谷地域センター)
87 Naitomachi, Shinjuku City, Tokyo 160-0014 (東京都新宿区内藤町87番地 四谷区民センター12F)
Location Google map: https://maps.app.goo.gl/31WASCuSdtE4cK5y8?g_st=ipc
Shinjuku-gyoemmae station မှ လမ်းလျှောက် ၆ မိနစ်
Shinjuku-sanchome Station မှ လမ်းလျှောက် ၁၄ မိနစ်
[Networking Program]
🔵 Seminar အပြီး နေ့လယ် (၂) နာရီတွင် Golden Bagan Myanmar Asia Restaurant တွင် နေ့လယ်စာသုံးဆောင်ရင်း Networking ပြုလုပ်မည့် အစီအစဉ်ရှိပါသည်။ (** Lunch fees 食事費 ရှိပါသည်***)
🔵 Networking Lunch တွင်ပါဝင်လိုပါက အောက်ပါ Seminar Registration Form တွင် ပါဝင်မည့်အကြောင့် တပါတည်းရွေးချယ်နိုင်ပါသည်။ January 11 နေ့လယ် (၁၂) နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပါသည်။
📌 Seminar စာရင်းပေးသွင်းရန် >>> https://forms.gle/s8EWhtGZbwqHiHtc9