Study in Italy Now

Study in Italy Now Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study in Italy Now, Yangon.

🎓🇮🇹 Education & Visa Support for Myanmar Students
We assist with university admissions, scholarship opportunities, and visa applications
📩 Contact us for consultation

🇮🇹 Low income scholarships နှင့် ကျောင်းဝင်ခွင့်များ ထပ်မံရရှိလာပါပြီ 🎉Regional Scholarship အတွက် လိုအပ်တဲ့ Low Income D...
19/06/2026

🇮🇹 Low income scholarships နှင့် ကျောင်းဝင်ခွင့်များ ထပ်မံရရှိလာပါပြီ 🎉

Regional Scholarship အတွက် လိုအပ်တဲ့ Low Income Document ကို Admin ကိုယ်တိုင်လည်း အောင်မြင်စွာ ရရှိခဲ့ပြီး
Admin ကူညီလျှောက်ထားပေးခဲ့တဲ့ ညီမလေးနှစ်ယောက်နဲ့ မောင်လေးတစ်ယောက်တို့ စုစုပေါင်း 4ဦးထပ်မံရရှိသွားတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ် Congratulations ပါနော်✨
(နောက်3 ဦး result စောင့်ဆိုင်းနေဆဲ)

ကျောင်းဝင်ခွင့်ရရှိမှုအနေနဲ့လည်း -

- University of Rome Tor Vergata ဝင်ခွင့်ရရှိသူ - မောင်လေးတစ်ဦး၊ ညီမလေးတစ်ဦး
- Link Campus University ဝင်ခွင့်ရရှိသူစုစုပေါင်း ၁၂ ဦး
-University of Pisa ဝင်ခွင့်ရရှိသူ - ၁ ဦး (Pisa စုစုပေါင်း ၁၃ ဦး)

ကျောင်းဝင်ခွင့် ရရှိသွားကြတဲ့ မောင်လေး၊ ညီမလေးများအားလုံးအတွက် အများကြီး ဝမ်းသာရပါတယ် 🥳

Admin ကို ယုံကြည်စွာနဲ့ သေချာဆွေးနွေးပြီး Service ယူခဲ့ကြတဲ့အတွက်လည်း တစ်ဦးချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🫶🏻
(Admin ကိုယ်တိုင် အစအဆုံး Consultation သေချာလုပ်ပေးပြီး၊ လိုအပ်တဲ့ Documents တွေကို စနစ်တကျ ပြင်ဆင် လျှောက်ထားပေးခဲ့တာ ဖြစ်ပါတယ်)

ဒီရက်ပိုင်း Visa နှင့် Low Income များ လျှောက်ထားပေးနေရတာကြောင့်ရော၊ Ygnကိုခဏအလည်ပြန်ဖို့ ပြင်ဆင်နေရတာကြောင့်အလုပ်လေးတွေ များနေလို့ Reply ပြန်တာ နည်းနည်း ကြန့်ကြာခဲ့ရင် (အဆင်မပြေဖြစ်ခဲ့ရင်) နားလည်ပေးဖို့တောင်းပန်အပ်ပါတယ်ရှင့် 🙏🏻

📌 Regional Scholarship လျှောက်ရန် Low Income Document နှင့် ပတ်သက်ပြီးဖြစ်စေ၊
📌 Visa လျှောက်ထားရန်အတွက် စာရွက်စာတမ်း အတိအကျ ပြင်ဆင်လို၍ဖြစ်စေ၊

✔ Step-by-Step Guidance
✔ Documents (စာရွက်စာတမ်း ပြင်ဆင်ခြင်း) Support
✔ Detailed Consultation
စတဲ့ ဝန်ဆောင်မှုများကို Admin ဆီမှာ စိတ်ချလက်ချ ရယူနိုင်ပါတယ်ရှင့်။

အသေးစိတ် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ (One-on-One) Detail Consultation Service ရှိပါတယ်ရှင်။

Admin ရဲ့ လက်ရှိ အီတလီမှာ ကျောင်းတက်နေတဲ့ အတွေ့အကြုံတွေနဲ့အတူ အားရင်အားသလို အကောင်းဆုံး အကြံဉာဏ်ပေး ဖြေကြားပေးသွားပါမယ်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ထားခြင်းအတွက် အစအဆုံး One-Stop Service:

📌 ကျောင်းနှင့်မေဂျာ ရွေးချယ်ပေးခြင်း (University & Major Selection)
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Document Preparation (စာရွက်စာတမ်း ပြင်ဆင်ခြင်း)
📌 Universitaly Pre-enrollment
📌 DOV/ CIMEA လျှောက်ထားပေးခြင်း
📌 Visa Appointment နှင့် ဗီဇာလျှောက်ထားခြင်း Support
📌 ကျောင်းလခ / အိမ်လခ / ယူရိုငွေလွှဲပေးခြင်း
စတဲ့ လုပ်ငန်းစဉ်အားလုံးကို အစအဆုံး စိတ်ချရပြီး စနစ်တကျရှိတဲ့ One-Stop Service နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်✨ 🇮🇹



🇮🇹 Italy Visa က မခက်ပါဘူး… ဒီအချက်တွေ မသိရင်တော့ Reject ဖြစ်နိုင်ပါတယ်✨Visa နဲ့ပက်သက်ပြီး အရေးကြီးတာမို့ စာတော့နည်းနည်းရ...
07/06/2026

🇮🇹 Italy Visa က မခက်ပါဘူး… ဒီအချက်တွေ မသိရင်တော့ Reject ဖြစ်နိုင်ပါတယ်✨

Visa နဲ့ပက်သက်ပြီး အရေးကြီးတာမို့ စာတော့နည်းနည်းရှည်ပါတယ်

ဒီရက်ပိုင်း Italy Student Visa နဲ့ပတ်သက်ပြီး လာမေးကြတဲ့ ကျောင်းသားတွေ များလာသလို Service လာအပ်ကြတဲ့သူတွေလည်း များလာပါတယ်။

အထူးသဖြင့် “Low income Scholarship လျှောက်ပြီး Visa ရနိုင်ဖို့ အဆင်ပြေမလား?” ဆိုတဲ့ မေးခွန်းကို မကြာခဏ မေးကြပါတယ်။

တကယ်တော့ Low income ရပေမယ့် Visa Reject ဖြစ်နိုင်သလို့ Visa ရပြီး Low income Reject ဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်

Italy Visa က သိပြီးသားသူတွေအတွက်တော့ မခက်ပါဘူး။ ဒါပေမယ့် ပထမဆုံးအကြိမ် လျှောက်မယ့်သူတွေအတွက်တော့ Documents တွေ များတာရော၊ Requirement တွေ နားလည်ဖို့လိုတာရောကြောင့် အတော်လေး ရှုပ်တတ်ပါတယ်
ဒါကြောင့် Admin ရဲ့ အတွေ့အကြုံအရ Visa ပြင်ဆင်နေတဲ့ ကျောင်းသားတွေ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်

📌 Financial Documents

အရင်နှစ် 2025 ကစပြီး Italy Student Visa အတွက် သံရုံးဘက်က Financial Documents တွေကို အရင်နှစ်တွေထက် ပိုပြီး အသေးစိတ်စစ်ဆေးလာပါတယ်

လုပ်ငန်းပြထားသူဆိုရင် လုပ်ငန်းက အပြင်မှာ တကယ်ရှိမရှိ၊ လည်ပတ်နေတာ ဟုတ်မဟုတ် စစ်ဆေးတာမျိုးအထိ ရှိပါတယ်(ကြောက်အောင်ပြောတာမဟုတ်ပါ တကယ်စစ်ဆေးပါတယ်)

ဒါကြောင့် လုပ်ငန်းလိုင်စင်ရှိမှ အခွန်ဆောင်တာပြမှ Strong ဖြစ်တယ်လို့ မယူဆစေချင်ပါဘူး
Sponsor က ဝန်ထမ်းဆိုလည်း ဝန်ထမ်းဖြစ်ကြောင်း payslips သေချာပြပေးရင်ရပါတယ်
အရေးကြီးဆုံးကတော့ Sponsor ရဲ့ ဝင်ငွေအရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း ပြနိုင်ဖို့နဲ့ ကျောင်းသားကို ဘယ်လိုထောက်ပံ့နိုင်မလဲဆိုတာကို Supporting Documents တွေနဲ့ ခိုင်ခိုင်လုံလုံ အစစ်တင်ပြနိုင်ရင် Visa အတွက် အဆင်ပြေပါတယ်

📌 Bank Statement

“Bank Statement ဘယ်နှစ်လစာပြရမလဲ?”
“Bank ထဲမှာ ဘယ်လောက်ရှိရမလဲ?”
ဆိုပြီး မေးကြတာများပါတယ်။

Admin အနေနဲ့ အကြံပေးချင်တာကတော့ အနည်းဆုံး 3-6 Months Bank Statement ကို Amount Stable ဖြစ်တဲ့ အနေအထားနဲ့ ပြနိုင်တာ အကောင်းဆုံးပါပဲ။

Visa Officer တွေက Bank ထဲမှာ Amount များတာတစ်ခုတည်းထက် Visa မတင်ခင် ရက်နီးမှ ငွေအများကြီး တစ်ခါတည်း ထည့်ထားတာမျိုးမဟုတ်ဘဲ ပုံမှန်ဝင်ငွေရှိပြီး Financial History တည်ငြိမ်နေတာကို ပိုသဘောကျလေ့ရှိပါတယ်

Amount ဘယ်လောက်ရှိရမလဲဆိုတာကတော့ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် Case မတူတဲ့အတွက် Sponsor ရဲ့ ဝင်ငွေအခြေအနေ၊ မိသားစုရဲ့ Financial Background နဲ့ ကျောင်းသားရဲ့ အခြေအနေပေါ် မူတည်ပါတယ်။ အရေးကြီးတာက ကျောင်းသားကို ထောက်ပံ့နိုင်တဲ့ Financial နဲ့ Source of Income ကို ရှင်းရှင်းလင်းလင်း ပြနိုင်ဖို့ပါပဲ။ ဒါပေမယ့် Financial Documents တွေ ခိုင်မာပြီး Show Money Amount လည်း ပိုအားကောင်းလေ Visa Application အတွက် ပိုအဆင်ပြေလေ ဖြစ်ပါတယ်

📌 Low Income Scholarship vs Visa

ကျောင်းသားတော်တော်များများ သတိမထားမိတဲ့အချက်တစ်ခုက Low Income Scholarship နဲ့ Visa Application ကို တစ်ချိန်တည်း လျှောက်တဲ့အပိုင်းပါ။

Visa Application မှာတော့ Sponsor က ကျောင်းသားရဲ့ ပညာသင်စရိတ်နဲ့ နေထိုင်စရိတ်ကို ထောက်ပံ့နိုင်ကြောင်း၊ Financial Support ပေးနိုင်ကြောင်း တင်ပြရပါတယ်။

ဒါပေမယ့် Low Income Scholarship မှာတော့ မိသားစုဝင်ငွေနည်းပါးပြီး ကျောင်းစရိတ်အတွက် အခက်အခဲရှိတာကြောင့် ထောက်ပံ့မှုလိုအပ်ကြောင်း တင်ပြရတာ ဖြစ်ပါတယ်။

ဒါကြောင့် Application နှစ်ခုရဲ့ ရည်ရွယ်ချက် မတူတဲ့အတွက် Documents တွေ မကိုက်ညီတာ၊ Financial Explanation မရှင်းလင်းတာတွေ ဖြစ်ရင် Scholarship ရရင်တောင် source of income မလုံလောက်ရင် Visa Reject ဖြစ်နိုင်ပါတယ်။

Admin အနေနဲ့ပြောရရင် Scholarship က အရေးကြီးသလို Visa က ပိုပြီး အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့ Visa ရမှသာ Italy ကို တကယ်သွားရောက်ပြီး ကျောင်းတက်နိုင်မှာ ဖြစ်လို့ပါ

ဒါကြောင့် Visa ပြင်ဆင်နေတဲ့ ကျောင်းသားတွေ အနေနဲ့ Financial Documents တွေကို အချိန်မီ စနစ်တကျ ပြင်ဆင်ထားဖို့၊ Information အားလုံးကို မှန်မှန်ကန်ကန်ဖြစ်အောင် တင်ဖို့ အထူးအကြံပေးလိုပါတယ်။

📌 Italy Student Visa ပြင်ဆင်ရာမှာ
ဘာကစလုပ်ရမလဲ မသေချာသေးတာဖြစ်ဖြစ်၊ Financial Documents တွေကို ဘယ်လိုပြင်ဆင်ရမလဲ သိချင်တာဖြစ်ဖြစ်၊
Visa အတွက် အစအဆုံး စနစ်တကျ ပြင်ဆင်ချင်တာဖြစ်ဖြစ် Admin တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အခြေအနေအပေါ် မူတည်ပြီး Documents Checklist စစ်ဆေးပေးခြင်း၊ Financial Documents Guidance ပေးခြင်း၊ Visa Application Preparation နှင့် Interview Preparation များကို အစအဆုံးဖြစ် Admin တို့က အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အခြေအနေမတူတဲ့အတွက် ကိုယ့် Case နဲ့ကိုက်ညီတဲ့ အကြံဉာဏ်တွေပေးပြီး Visa Application ကို ယုံကြည်စိတ်ချစွာ ပြင်ဆင်နိုင်အောင် ကူညီပေးပါတယ်

📌Visa တင်ရာမှာ အရေးကြီးလိုအပ်တဲ့
-Flight tickets Booking
-Hotel Booking
-Health Insurance တွေလည်း ဝယ်ပေးပါတယ်

📌Admin ဆီမှာ services ယူမှ မဟုတ်ပါဘူး မယူလဲ Visa လျှောက်တာနဲ့ပက်သက်ပြီး သိချင်တာရှိရင်လာမေးလို့ရပါတယ် general information တွေကို free ဖြေပေးပါတယ် (အလုပ်လေးတွေများတာမို့ reply ကြာနေရင်နားလည်ပေးပါ)
📌အသေးစိတ်ဆွေးနွေချင်တယ် ဆိုရင်တော့ consultation services နဲ့ သေချာလေးဆွေးနွေးအကြံပေးပါတယ်

အားလုံး Visa process တွေလည်း အဆင်ပြေပြီး Italy ကို အောင်အောင်မြင်မြင် ထွက်ခွာနိုင်ကြပါစေလို့ Admin ဆုတောင်းပေးပါတယ် 🤍✨

📸 Italy ကိုစထွက်တုန်းက Yangon airport မှာရိုက်ခဲ့တာလေး

🇮🇹အီတလီနိုင်ငံ University of Brescia မှာ Foundation စလျှောက်လို့ရပါပြီ✨🎓Ciao 👋🏻Foundation ထဲမှာ နောက်အကျဆုံးမှဖွင့်တဲ့ B...
30/05/2026

🇮🇹အီတလီနိုင်ငံ University of Brescia မှာ Foundation စလျှောက်လို့ရပါပြီ✨🎓

Ciao 👋🏻

Foundation ထဲမှာ နောက်အကျဆုံးမှဖွင့်တဲ့ Brescia မှာ စလျှောက်လို့ရပါပြီ

University of Brescia က Public University တစ်ခုဖြစ်ပြီး အီတလီမြောက်ပိုင်း Lombardy Region မှာရှိပြီး Engineering ဘက်မှာလည်းနာမည်ကြီးပါတယ်

QS world Ranking #650 မှာရှိပြီ Italy ထဲမှာ Top 20-30မှာရပ်တည်နေပါတယ်
Brescia မြို့က Milan နဲ့ Venice ကြားမှာရှိလို့ သွားလာရလွယ်ပါတယ်

Milan ကို Train နဲ့ 35-50mins ခန့်သွားလို့ရပါတယ် Budget သက်သာပြီး Milan နဲ့နီးတဲ့အတွက် Milan မှာ part time opportunity လည်းရနိုင်ပါတယ်

Foundation မှာ Track 3ခုကို ကိုယ်ကြိုက်ရာရွေးလို့ရပါတယ်

(1) Engineering and Sustainable Agricultural Systems
(2) Medicine
(3) Economics and Law

📌 Foundation Year သင်တန်းအားလုံးကို Italy ဘာသာဖြင့်သာ သင်ကြားမှာဖြစ်ပြီး
Italian language B1 level လောက်ရှိဖို့ လိုအပ်ပါတယ်

📌 Foundation Year ပြီးဆုံးပြီး University of Brescia မှာပဲ Bachelor or Master Degree ဆက်တက်ရောက်သူများကတော့
Foundation Year မှာခဲ့တဲ့ Track နှင့် ဆက်စပ်သော Open Access Course များအတွက် ဝင်ခွင့်စစ်ဆေးပွဲ ဖြေစရာမလိုပါဘူး

Application Deadline
📌June 30

💶Tution Fees
- 4800 Euros
Mmk သိန်း 240 ကျော် ဝန်းကျင် (3 ကြိမ်ခွဲပေးလို့ရ)

📝 ဝင်ခွင့်လိုအပ်ချက်တွေကတော့

▪️High School Diploma Certificate
(G-12 / 10တန်းစနစ်ဟောင်း/ OSSD /IGCSE/ A Level)
📌GCE or IGCSE ပဲပြီးထားပြီး A-level မပြီးသေးသူတွေလည်း လက်ခံပါတယ်
▪️Transcript
▪️English or Italian Notary
▪️Valid Passport

📌Non Eu လက်ခံသေးတဲ့ ကျောင်းများ၊ major များသိချင်ရင်လည်း လာမေးလို့ရပါတယ်

📮Admin ဆီမှာ service ယူမှမဟုတ်ပါဘူး service မယူလည်း လာမေးလို့ရပါတယ်
Admin အီတလီမှာ အခုလက်ရှိကျောင်းတက်နေတဲ့ အတွေ့အကြုံနဲ့အတူ အားရင်အားသလို ပြန်ဖြေကြားပေးပါမယ်

📮အသေးစိပ်သိရှိလိုသူများကိုလည်း Consulation service (one on one) ဆွေးနွေပေးပါတယ်

အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း အတွက်
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Visa လျှောက်ပေးခြင်း
📌 Financial Document Preparation
📌 Pre-enrollment
📌 ကျောင်း/အိမ်လခ/ Euro ငွေလွှဲပေးခြင်း
အထိ အစအဆုံး ကူညီဆောင်ရွက်ပေးပါတယ်

အသေးစိတ် ဆွေးနွေးမေးမြန်းလို့ပါက Admin Personal Account သို့ Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨ 🇮🇹

📸ပုံလေးတွေကတော့ လက်ရှိ Brescia မှာ ကျောင်းတက်နေတဲ့မောင်လေး ပို့ပေးတာပါ

🇮🇹Italy မှာ Tution fee တစ်နှစ်ကို 7သိန်းဝန်းကျင်နဲ့ တက်လို့ရတဲ့ bachelor- University of Pisa 🎓✨Ciao👋🏻Non Eu students တွေ...
23/05/2026

🇮🇹Italy မှာ Tution fee တစ်နှစ်ကို 7သိန်းဝန်းကျင်နဲ့ တက်လို့ရတဲ့ bachelor- University of Pisa 🎓✨

Ciao👋🏻

Non Eu students တွေ ကျောင်းလျှောက်ခြင်းအတွက် တချို့ application တွေပိတ်ကုန်ကြပြီဖြစ်ပေမဲ့
University of Pisa – Management for Business and Economics မေဂျာကို July လအထိလျှောက်လို့ရသေးလို့တင်ပေးလိုက်ပါတယ်

University of Pisa ဟာ QS World University Rankings 2026 – No.343 မှာ ရပ်တည်နေတဲ့
Pisa မြို့မှာရှိတဲ့ Public University တစ်ခုဖြစ်ပါတယ်

UNESCO World Heritage Site ဖြစ်တဲ့ စောင်းနေတဲ့ Leaning Tower နဲ့ကျော်ကြားတာကြောင့် Tourist attraction မြို့ကြီးပြီး Part-time job အခွင့်အလမ်းများလည်းရှိပါတယ်

Italy ရဲ့မြို့တွေထဲမှာ medium cost city ဖြစ်တာကြောင့် living cost သက်သာတဲ့ထဲပါပါတယ်
Student city ဖြစ်ပြီး weather, culture, living cost အရ Italy ထဲမှာ နေလို့ကောင်းတဲ့ city တစ်ခု လည်းဖြစ်ပါတယ်

📌Regional Scholarship(DSU Toscana) လျှောက်လို့ရပါသေးတယ်

Scholar ရရှိပါက
✔ Tuition fee reduction
✔ Allowance €6,000 – €7,000 / year (သိန်း 300-350 ကျော််ဝန်းကျင် Stipend ရမယ်)
✔Accommodation support
✔ Meal support တွေလည်းရနိုင်ပါတယ်

Bachelor’s Degree
📌 Management for Business and Economics

💶Tuition fee
€156 (Regional tax + Stamp duty)
(မြန်မာငွေ 7သိန်းဝန်းကျင်)

Non-EU students (Student Visa လိုသူ)
* Seats: 25 ဦး လက်ခံပါတယ်
* Application deadline: 5 July 2026
* Ranking result: 17 July 2026

EU / EU-equivalent students
* Seats: 129 ဦး လက်ခံပါတယ်
* Application opening: 1 June 2026
* Application deadline: 23 August 2026
* Ranking result: 7 September 2026

📝 ဝင်ခွင့်လိုအပ်ချက်တွေကတော့

▪️High School Diploma Certificate
(G-12 / 10တန်းစနစ်ဟောင်း+ Uni 1 yr / OSSD /A Level)
▪️Transcript
▪️English Proficiency Test (B2 English level)
(IELTS, TOEFL, English TOLC-E, SAT/ACT/GMAT) စတဲ့ qualification တွေသုံးနိုင်ပါတယ်
▪️Valid Passport
▪️CV
▪️Motivational Letter
▪️Admission test
ဝင်ခွင့်အတွက် test score တင်ပေးရပါတယ်
(CEnT-S, TOLC-E, SAT, ACT, GMAT)

📌Non Eu လက်ခံသေးတဲ့ ကျောင်းများ၊ major များသိချင်ရင်လည်း လာမေးလို့ရပါတယ်

📮Admin ဆီမှာ service ယူမှမဟုတ်ပါဘူး service မယူလည်း လာမေးလို့ရပါတယ်
Admin အီတလီမှာ အခုလက်ရှိကျောင်းတက်နေတဲ့ အတွေ့အကြုံနဲ့အတူ အားရင်အားသလို ပြန်ဖြေကြားပေးပါမယ်

📮အသေးစိပ်သိရှိလိုသူများကိုလည်း Consulation service (one on one) ဆွေးနွေပေးပါတယ်

အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း အတွက်
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Visa လျှောက်ပေးခြင်း
📌 Financial Document Preparation
📌 Pre-enrollment
📌 ကျောင်း/အိမ်လခ/ Euro ငွေလွှဲပေးခြင်း
အထိ အစအဆုံး One-Stop Service ဖြင့် ကူညီဆောင်ရွက်ပေးပါတယ်

အသေးစိတ် ဆွေးနွေးမေးမြန်းလို့ပါက Admin Personal Account သို့ Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨ 🇮🇹

📸 admin Pisaမြို့ကိုသွားလည်တုန်းက ရိုက်ထားတဲ့ပုံဖြစ်ပါတယ်

🇮🇹 Universitaly Pre-enrollment Approved ဖြစ်ပြီးရင် Visa စလျှောက်လို့ရနေပါပြီ ✨Pre-enrollment Summary approved ရလာပြီဆို...
20/05/2026

🇮🇹 Universitaly Pre-enrollment Approved ဖြစ်ပြီးရင် Visa စလျှောက်လို့ရနေပါပြီ ✨

Pre-enrollment Summary approved ရလာပြီဆိုရင်
ပုံမှန်အားဖြင့် visa appointment booking ယူပြီး student visa process စတင်ပြင်ဆင်နိုင်ပါပြီ

📌 Visa process မှာ အရေးကြီးဆုံးအပိုင်းတွေကတော့ —

✔ Financial Documents Preparation
✔ Bank Statement
✔ Income Proof
✔ Sponsor Documents
✔ Accommodation & Insurance
✔ Visa Application Form
✔ Supporting Documents Arrangement
တွေဖြစ်ပါတယ်

Financial documents ပိုင်းက
student တစ်ယောက်ချင်းစီရဲ့ family income situation ပေါ်မူတည်ပြီး
ပြင်ဆင်ရတဲ့ပုံစံမတူနိုင်တာကြောင့်
ဆွေးနွေးချင်တယ်ဆိုရင်
one-on-one consultation နဲ့ အသေးစိတ်ဆွေးနွေးလို့ရပါတယ်

📌 Consultation မှာတော့
• Embassy ဘက်ကကြည့်တတ်တဲ့ important points
• Common mistakes & rejection risk points
• Financial documents ကိုဘယ်လိုပြင်ရမလဲ
• Timeline ကိုဘယ်လိုmanage လုပ်ရမလဲ
တွေကို step-by-step ရှင်းပြဆွေးနွေးပေးပါတယ်

📌 မနှစ်က experience အရတော့ July လောက်ကစပြီး
visa applications များလာပြီး
appointment ကြပ်တာတွေ၊ rejection တွေလည်းဖြစ်နိုင်တာကြောင့်
documents တွေကို အစောဆုံးနဲ့စုံစုံလင်လင် prepare လုပ်ထားဖို့ recommend လုပ်ချင်ပါတယ် 🇮🇹✨

📮 Admin ကိုယ်တိုင်လည်း လက်ရှိ Italy မှာကျောင်းတက်နေတဲ့ student ဖြစ်ပြီး
ကျောင်းသားတွေကို admission ကနေ visa process အထိ ကူညီလျှောက်ပေးခဲ့တဲ့ experience တွေအရ
Visa process ကို service အနေနဲ့အပ်နှံပြီး step-by-step guide ယူလို့ရပါတယ်

📩 Visa process / financial consultation / documentation preparation နဲ့ပတ်သက်ပြီး
အသေးစိတ်မေးမြန်းလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ် 🇮🇹🎓

Admin ဆီက Pisa ကျောင်းဝင်ခွင့်ရသူ total 12 ဦးရှိသွားပါပြီ 🎓Admin ကို ယုံယုံကြည်ကြည်နဲ့ service အပ်နှံပေးတဲ့ student တစ်ယ...
19/05/2026

Admin ဆီက Pisa ကျောင်းဝင်ခွင့်ရသူ total 12 ဦးရှိသွားပါပြီ 🎓

Admin ကို ယုံယုံကြည်ကြည်နဲ့ service အပ်နှံပေးတဲ့ student တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ် 🫶🏻✨

📌 လက်ရှိ apply လို့ရနေသေးတဲ့ Foundation programs —

• University of Pisa Foundation (Social Science Online)
• University of Rome Tor Vergata Foundation
• Link Campus University (private)

Italy university pathways, foundation routes, scholarships, visa process စတာတွေ အသေးစိတ်သိချင်ရင်တော့
Page Messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင် 🇮🇹✨

ဒီလထဲမှာ Admin exam တွေရော visa အတွက်ပြင်ဆင်ပေးရတာတွေများတဲ့ကြားကနေ students တစ်ယောက်ချင်းစီရဲ့ documents နဲ့ applications တွေကို အတတ်နိုင်ဆုံးကြိုးစားပြီး prepare / apply လုပ်ပေးပါတယ် ✨

🇮🇹 IELTS မရှိသေးလည်း Rome မြို့မှာရှိတဲ့ Link Campus University မှာ B2 level certificate ရှိရုံနဲ့လျှောက်လို့ရပါပြီ✨🎓Cia...
17/05/2026

🇮🇹 IELTS မရှိသေးလည်း Rome မြို့မှာရှိတဲ့ Link Campus University မှာ B2 level certificate ရှိရုံနဲ့လျှောက်လို့ရပါပြီ✨🎓

Ciao 👋🏻

Public Foundation University တွေ ဝင်ခွင့်လျှောက်လွာတွေပိတ်ခါနီးပြီဆိုတော့ English Certificate မရှိလည်း လျှောက်လို့ရလား Admin ဆီလာမေးကြတော့ English taught နဲ့သင်လို့ရတဲ့ ဒီကျောင်းလေးကိုရှာတွေ့ထားပါတယ်

Link Campus University ဟာ Rome မြို့မှာရှိတဲ့ International students အများစုတက်ကြတဲ့ Private University တစ်ခုဖြစ်ပါတယ်

📍Rome city ထဲမှာတည်ရှိတာကြောင့်
🚆 Metro / Bus နဲ့သွားလာရအဆင်ပြေပြီး
Tourist city ဖြစ်တဲ့ Rome မှာ part-time opportunities တွေလည်းရှာရလွယ်ပါတယ် 🇮🇹

📌 Public Universities တွေလို tuition fees အရမ်းမမြင့်ဘဲ admission process လည်း relatively အဆင်ပြေတာကြောင့်�Italy ကို foundation နဲ့ ရွေးစရာအခြေနေသိပ်မရှိတော့ဘူး အမြန်လျှောက်ပြီးဒီနှစ်ထဲရောက်ချင်တယ်ဆိုရင်တော့ English taught သင်လို့ရတဲ့ ဒီကျောင်းကိုတော့option တစ်ခုအနေနဲ့ ထည့်စဉ်းစားလို့ရအောင်တင်ပေးလိုက်ပါတယ်
Admin ဆီကနေ service ယူပြီးလက်ရှိတက်ရောက်နေတဲ့ကျောင်းသားများလည်းရှိပါတယ်

‼️Private University ကနေ Bachelor ပြန်တက်တဲ့အခါမှာ Public university ကိုပြောင်းလျှောက်ချင်လည်း Eu equivalent student အနေနဲ့လျှောက်လို့ရပါတယ်

━━━━━━━━━━━━━━━
🎓 FOUNDATION PROGRAMS
━━━━━━━━━━━━━━━

- FY Communication (Media and Digital Innovation)(ENG)
€ 5.000,00 per year
- FY Economics (International Management and Finance)(ENG)
€ 5.000,00 per year
- FY Political International Studies (ENG)
€ 5.000,00 per year
- FY Socio-Psychopedagogical Studies (ITA)
€ 5.000,00 per year
- FY Engineering (ITA)
€ 6.000,00 per year
- FY Medicine and Surgery (ENG)
€ 6.000,00 per year

💶 Foundation Tuition Fees
→ around €5,000 – €6,000
(program ပေါ်မူတည် သိန်း 250-300 ဝန်းကျင်)
📌 Installment နဲ့ခွဲသွင်းလို့ရ

━━━━━━━━━━━━━━━
🎓 BACHELOR PROGRAMS
━━━━━━━━━━━━━━━
- International Management and Finance
- Sport Management
- Media and Digital Innovation
- International Politics and Crisis Management

━━━━━━━━━━━━━━━
🎓 MASTER PROGRAMS
━━━━━━━━━━━━━━━
- Digital Communication Strategies for Media Industries
- Global Affairs and International Relations
- Finance and AI

💶 Bachelors and Master Tuition Fees
→ €9,500 yearly
(သိန်း450ဝန်းကျင်)
📌 Installment နဲ့ခွဲသွင်းလို့ရ

📝 REQUIREMENTS လိုအပ်ချက်တွေကတော့
━━━━━━━━━━━━━━━

1️⃣ High School Diploma Certificate
(G-12 / 10တန်းစနစ်ဟောင်း / OSSD / IGCSE / A Level)
2️⃣ Transcript
3️⃣ English Proficiency Test
(IELTS , TOEFL , PTE Academic, Cambridge B2 First, Duolingo) (B2 Level certificate ရှိရင်လက်ခံပေးတယ်)
4️⃣ Valid Passport

━━━━━━━━━━━━━━━
📌 WHY STUDENTS CHOOSE ROME
━━━━━━━━━━━━━━━

✔ International student community ရှိတယ်
✔ Public transport အဆင်ပြေတယ်
✔ Part-time opportunities များတယ်
✔ Italy experience + international exposure ရနိုင်တယ်

━━━━━━━━━━━━━━━
📩 Study in Italy Now Services
━━━━━━━━━━━━━━━

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း အတွက်
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Document Preparation
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Pre-enrollment
📌 Visa
📌 ကျောင်း/အိမ်လခ/ Euro ငွေလွှဲပေးခြင်း
အထိ အစအဆုံး One-Stop Service ဖြင့် ကူညီဆောင်ရွက်ပေးပါတယ်

📮အသေးစိပ်သိရှိလိုသူများကိုလည်း Consulation service (one on one) ဆွေးနွေပေးပါတယ်

📮Admin ဆီမှာ service ယူမှမဟုတ်ပါဘူး service မယူလည်း လာမေးလို့ရပါတယ် Admin အီတလီမှာ အခုလက်ရှိကျောင်းတက်နေတဲ့ အတွေ့အကြုံနဲ့အတူ အားရင်အားသလို ပြန်ဖြေကြားပေးပါမယ် အခြားသောသိချင်တဲ့ ကျောင်းများ၊ major များရှိရင်လည်းလာမေးလို့ရပါတယ်

အသေးစိတ် ဆွေးနွေးမေးမြန်းလို့ပါက Admin Personal Account သို့ Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨ 🇮🇹

📍Photo source from LCU official website

🇮🇹အီတလီမှာ ဆေးကျောင်းတက်မယ်ဆိုရင် သိထားသင့်တဲ့ IMAT Guide ✨🎓Ciao👋🏻Italy မှာ Medicine တက်ချင်တဲ့ students တွေအတွက် အရေးကြ...
15/05/2026

🇮🇹အီတလီမှာ ဆေးကျောင်းတက်မယ်ဆိုရင် သိထားသင့်တဲ့ IMAT Guide ✨🎓

Ciao👋🏻
Italy မှာ Medicine တက်ချင်တဲ့ students တွေအတွက် အရေးကြီးဆုံး entrance exam ကတော့ IMAT ပါပဲ

အရှေ့ post မှာ Italy ရဲ့ medical universities 5 ခုကိုပြောပြပြီးတဲ့နောက် ဒီနေ့တော့ IMAT နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေ + cutoff scores + self-study resources တွေကို မျှဝေပေးပါမယ် ✨

ကျောင်းလျှောက်တဲ့အခါ

📌EU student တွေကတော့ universities အများကြီးကို ranking order (1st, 2nd, 3rd…) နဲ့ရွေးလို့ရပါတယ် score ပေါ်မူတည်ပြီး
list ထဲက university တစ်ခုကို assign လုပ်ပေးပါတယ်

📌Non-EU student ဆိုရင် university 1 ခုတည်းပဲရွေးလို့ရတာကြောင့်ကျောင်းရွေးချယ်တဲ့အပိုင်းကို သေချာစဉ်းစားဖို့လိုပါတယ်
Risk များပြီး ကျောင်းရွေးချယ်မှားပြီး cutoff မမှီတာနဲ့ ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်

📮IMAT Cutoff ဆိုတာဘာလဲ?

University တစ်ခုရဲ့“နောက်ဆုံးဝင်သွားတဲ့ student ရဲ့ score” ကို cutoff လို့ခေါ်တာပါ

Applicants များလေလေ → competition မြင့်လေလေဖြစ်ပြီး

Competition မြင့် → cutoff တက်ပြီး ဝင်ခွင့်ကြပ်နိုင်ပါတယ်

ဒါကြောင့် ကျောင်းတွေရဲ့ cutoff scores က နှစ်တိုင်းမတူနိုင်ပါဘူး အရင်နှစ်တွေရဲ့ခန့်မှန်း score တွေကို ကိုယ်ရနိုင်မဲ့အမှတ်နဲ့ခန့်မှန်းပြီးကျောင်းရွေးချယ်လျှောက်ကြတာပဲဖြစ်ပါတယ်

📌2025 ခုနှစ်က Eu / Non Eu cutoff scores တွေကို အောက်မှာဇယားတွေတင်ပေးထားပါတယ်

ကျောင်းသားအများဆုံးရွေးချယ်ကြတဲ့ Top Universities 5ကျောင်း post link

https://m.facebook.com/story.php?story_fbid=pfbid0nb69HfkBDbvZd

📮IMAT Marking Scheme (အမှတ်ပေးစည်းမျဉ်း)

✔ Correct answer → +1.5 marks
✔ Wrong answer → −0.4 marks
✔ No answer → 0 marks

📌 Total Score

IMAT က Total → 60 questions
Maximum score → 90 marks (60 × 1.5)

⸝

📌IMAT ကို self-study လေ့လာလို့ရမဲ့ Free website များ

1. EnterMedSchool – Past Papers & Analysis

Official IMAT papers 2011–2025 အထိ free download လုပ်လို့ရတယ်။ Topic analysis ပါရှိလို့ weak points သိလွယ်တယ်။
🔗 https://www.entermedschool.com/imat-papers?utm_source=chatgpt.com

2. IMAT Buddy – Free Past Papers

Official IMAT PDF papers တွေ free download ရပြီး worked solutions တချို့လည်း free ကြည့်လို့ရတယ်။
🔗 https://www.imatbuddy.com/imat-past-papers/?utm_source=chatgpt.com

3. IMATReady – Free Exam Simulator

Practice mode + Exam simulation ပါတယ် Biology, Chemistry, Physics, Math, Logic အလိုက် separately practice လုပ်လို့ရတယ်
🔗 https://imatready.com/?utm_source=chatgpt.com

4. MedSchool.it (Testbusters)

Previous IMAT exams + answer keys + Q-bank simulator free ရှိတယ်။ Real exam format နဲ့ practice လုပ်ချင်ရင်ကောင်းတယ်။
🔗 https://medschool.it/blog/imat/previous-imat-test-papers?utm_source=chatgpt.com

5. AcadIMAT

Past papers ကို shuffled answers version နဲ့ပေးထားလို့ actual exam experience နီးနီး practice လုပ်နိုင်တယ်။
🔗 https://www.acadimat.com/imat-past-papers/?utm_source=chatgpt.com

YouTube ကနေ lectures တွေကြည့်ပြီ past papers တွေနဲ့လေ့ကျင်တာ အကောင်းဆုံး free preparation method တွေထဲက တစ်ခုလည်းဖြစ်ပါတယ်

ကိုယ်လေ့လာပြီးအဆင်ပြေတဲ့ Website, Channel တွေရှိရင်လည်း Comment မှာဝင်ရေးသွားလို့ရပါတယ်

ဒီလောက်ဆိုရင်တော့ IMAT နဲ့ပက်သက်ပြီး အတော်လေးသိသွားမယ်လို့မျှော်လင့်ပါတယ်

‼️Italy မှာ ဆေးကျောင်းတက်ဖို့အတွက်
အသေးစိတ်ဆွေးနွေးမေးမြန်ချင်တယ်ဆိုရင် Consulation (One on One) ဆွေးနွေးပေးပါတယ်

📮Admin ဆီမှာ service ယူမှမဟုတ်ပါဘူး service မယူလည်း လာမေးလို့ရပါတယ်
Admin အီတလီမှာ အခုလက်ရှိကျောင်းတက်နေတဲ့ အတွေ့အကြုံနဲ့အတူ အားရင်အားသလို ပြန်ဖြေကြားပေးပါမယ်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း အတွက်
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Document Preparation
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Pre-enrollment
📌 Visa လျှောက်ပေးခြင်း
📌 ကျောင်း/အိမ်လခ/ Euro ငွေလွှဲပေးခြင်း
အထိ အစအဆုံး One-Stop Service ဖြင့် ကူညီဆောင်ရွက်ပေးပါတယ်

အသေးစိတ် ဆွေးနွေးမေးမြန်းလို့ပါက Admin Personal Account သို့ Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨ 🇮🇹

🇮🇹 Ca’ Foscari University of Venice မှာ ကျောင်းဝင်ခွင့်ရရှိသွားတဲ့ မောင်လေးအတွက် Congratulations ပါ 🎉✨Business Administr...
09/05/2026

🇮🇹 Ca’ Foscari University of Venice မှာ ကျောင်းဝင်ခွင့်ရရှိသွားတဲ့ မောင်လေးအတွက် Congratulations ပါ 🎉✨

Business Administration and Management မေဂျာကို Non-EU applicant အနေတဲ့ CEnT S ဖြေပြီး လျှောက်ထားခဲ့တာ Rank 45 နဲ့ ဝင်ခွင့်ရရှိခဲ့တာအတွက် အရမ်းဝမ်းသာဂုဏ်ယူပါတယ်နော် 👏🏼🎉

May 5 ရက်နေ့ကတည်းက Offer ရရှိထားပေမယ့် Admin ဒီရက်ပိုင်း မအားတာကြောင့် အခုမှ တင်ပေးလိုက်ရပါတယ် 🙏🏻

ဒါ့အပြင် University of Pisa မှာ Foundation Programme ဝင်ခွင့်ရရှိသွားတဲ့ မောင်လေး ၂ ယောက်အတွက်လည်း Congratulations ပါနော် ✨

Pisa Foundation Programme ကို Admin လျှောက်ပေးခဲ့တဲ့ ကျောင်းသားစုစုပေါင်း ၁၀ ယောက် ဝင်ခွင့်ရရှိခဲ့ပါတယ် 🎓

လက်ရှိမှာတော့ Pisa ဘက်မှ ကျောင်းသားဦးရေပြည့်သွားပြီဖြစ်တာကြောင့် Science နဲ့ Humanities Programme တွေအတွက် Waiting List ထွက်လာပြီဖြစ်ပါတယ်

တခြား University options တွေအနေနဲ့ —
📌 Tor Vergata (English-taught)
📌 La Sapienza (Italian-taught)
တို့ကို ဆက်လျှောက်ထားလို့ ရပါသေးတယ်

ဒါ့အပြင် Private University Foundation Programmes (English-taught) တွေလည်း available ရှိသေးတာကြောင့် စိတ်ဝင်စားသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨

📌 အသေးစိတ် သိရှိလိုသူများအတွက်လည်း One-on-One Consultation Service ဖြင့် အသေးစိတ် ဆွေးနွေးပေးနေပါတယ် ✨

📮 Admin ဆီမှာ Service ယူမှ မဟုတ်ပါဘူးနော် — Service မယူထားသူများလည်း လာရောက်မေးမြန်းနိုင်ပါတယ် 🙌

Admin ကိုယ်တိုင် အီတလီနိုင်ငံမှာ လက်ရှိကျောင်းတက်ရောက်နေတဲ့ အတွေ့အကြုံများကို အခြေခံပြီး သိသလောက်၊ အားတဲ့အချိန်များမှာ ပြန်လည်ဖြေကြားပေးသွားပါမယ် 🇮🇹

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ထားခြင်းအတွက် —
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Document Preparation
📌 University Application လျှောက်ပေးခြင်း
📌 Pre-enrollment ပြုလုပ်ပေးခြင်း
📌 Visa လျှောက်ထားပေးခြင်း
📌 ကျောင်းလခ / အိမ်လခ / Euro ငွေလွှဲပေးခြင်း
အစအဆုံး One-Stop Service နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ် ✨

အသေးစိတ် ဆွေးနွေးမေးမြန်းလိုပါက —
📩 Admin Personal Account သို့မဟုတ်
📮 Page Messenger မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🇮🇹





🇮🇹 2026-27 အတွက် Pre-enrollment ဖောင်ဖွင့်ပါပြီ 🎓Pre-enrollment approved ဖြစ်ပြီးစာရွက်စာတမ်းပြည့်စုံပြီဆို Italy Visa a...
04/05/2026

🇮🇹 2026-27 အတွက် Pre-enrollment ဖောင်ဖွင့်ပါပြီ 🎓

Pre-enrollment approved ဖြစ်ပြီး
စာရွက်စာတမ်းပြည့်စုံပြီဆို

Italy Visa application စလျှောက်လို့ရပါပြီ

အရင်နှစ်ကတော့ July – August မှာ visa လျှောက်သူများလာပြီး Appointment ယူရခက်ပြီး Visa တွေလည်းကြပ်ခဲ့ပါတယ်

ဒါကြောင့် စာရွက်စာတမ်းပြည့်စုံပြီဆိုတာနဲ့ Visa ကိုစောစောလျှောက်ဖို့ အကြံပြုပါတယ်

Study Visa အတွက်လိုအပ်တဲ့
📌Documents တွေပြင်ဆင်ချင်တာ
📌Bank statement / financial preparation
📌Submission process အစအဆုံး support
📌Step-by-step guide လိုချင်တာပဲဖြစ်ဖြစ် အသေးစိပ်ဆွေးနွေးပြီး အစအဆုံးဝန်ဆောင်မှုပေးပါတယ်

Italy Embassy (Yangon) မှ ထုတ်ပြန်ထားတဲ့ Study Visa အတွက်လိုအပ်သော Documentsတွေကိုအောက်မှတင်ပေးထားပါတယ်

📮Admin ဆီမှာ service ယူမှမဟုတ်ပါဘူး service မယူလည်း လာမေးလို့ရပါတယ်
Admin အီတလီမှာ အခုလက်ရှိကျောင်းတက်နေတဲ့ အတွေ့အကြုံနဲ့အတူ အားရင်အားသလို ပြန်ဖြေကြားပေးပါမယ်

📩 အီတလီနိုင်ငံသို့ ကျောင်းလျှောက်ခြင်း အတွက်
📌 ကျောင်းရွေးချယ်ပေးခြင်း
📌 Document Preparation
📌 Application ကျောင်းလျှောက်ပေးခြင်း
📌 Pre-enrollment
📌 Visa လျှောက်ပေးခြင်း
📌 ကျောင်း/အိမ်လခ/ Euro ငွေလွှဲပေးခြင်း
အထိ အစအဆုံး One-Stop Service ဖြင့် ကူညီဆောင်ရွက်ပေးပါတယ်

အသေးစိတ် ဆွေးနွေးမေးမြန်းလို့ပါက Admin Personal Account သို့ Page Messenger မှတစ်ဆင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ✨ 🇮🇹


Address

Yangon

Telephone

+959953339992

Website

Alerts

Be the first to know and let us send you an email when Study in Italy Now posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Study in Italy Now:

Share