CHIT MA Collection - Italia

CHIT MA Collection - Italia အီတလီ/ မြန်မာ Italy/ Myanmar local products selling, personal vlog,etc

အီတလီနိုင်ငံမှာ အိမ်သာအတွက် အာရှနိုင်ငံ ‌ တော်တော်များများမှာလို  မြန်မာနိုင်ငံမှာလို ရေဗိုက်မသုံးကြပါ စက္ကူ toilet pape...
16/10/2024

အီတလီနိုင်ငံမှာ အိမ်သာအတွက် အာရှနိုင်ငံ ‌ တော်တော်များများမှာလို မြန်မာနိုင်ငံမှာလို ရေဗိုက်မသုံးကြပါ စက္ကူ toilet paper 🗞️🧻ပဲ သုံးကြပါတယ်။ အီတလီမှာမှမဟုတ် ရောက်ဖူးတဲ့ ဥရောပနိုင်ငံတော်‌တော်များများ အဲ့လိုပါပဲ။ အာရှနဲ့ ဥရောပအိမ်သာတွေရဲ့ကွာခြားချက်ပေါ့။ အမေရိကားမှာလည်း အီတလီ ဥရောပတွေမှာလို tissue အဓိက သုံးတယ်လို့ပြောကြတယ်။ အဲ့ထဲမှာမှ အီတလီရဲ့ထူးခြားချက်က အိမ်သာ၂ ခုလိုတွေ့ရတယ်။ တစ်ခုက အိမ်သာတတ်ဖို့နဲ့ တစ်ခုက အောက်ပိုင်း‌ဆေးကြောသန့်စင်ဖို့ပါ။ တစ်ချို့က ရေရှားလို့ ရေဗိုက်မသုံးဘူးလားလို့ထင်ကြတယ် ရေဗိုက်သာမသုံးတာ ရေဆေးကြောဖို့ သပ်သပ်အိမ်သာလိုထားထားတယ် အီတလီမှာက။ ဒီမှာက tissues ဖိုးတော်တော်ကုန်တယ်။ ပြောရရင် အာရှလိုကို ပိုသဘောကျတယ် ရေနဲ့ဖြန်းတာ။ သူတို့ကလည်း ကိုယ်တွေကိုပြန်အံ့ဩတယ် အဲ့လိုရေနဲ့‌ဖြန်း တော့ စိုစိုကြီးဖြစ်နေမှာ ဘာနဲ့သုတ်တာလဲတဲ့ tissues မထားထားတော့။ မြန်မာနိုင်ငံမှာလိုဆို မလွယ်လောက်ဘူး အသုံးစရိတ်က ဝယ်ရတဲ့ tissuesဖိုးက။ tissues တောင် သူ့အမျိုးအစားနဲ့သူ အတိအကျသုံးကြတာ။
၁. အိမ်သာအတွက်
၂. ထမင်းစားတဲ့အချိန်သုံးဖို့အတွက်
၃. ယေဘူယျသုံးဖို့အတွက်
၄. မှန်တွေ ဖုန်တွေ တစ်ခုခုခြောက်ဖို့သုပ်ဖို့အတွက်
၅. နှာခေါင်း ပါးစပ်အတွက်အပြင်သွား‌‌‌တဲ့အချိန်ထည့်သွားဖို့ / မျက်နှာအတွက်သီးသန့်ထားတာတွေ ကောပဲ
၆. Wet tissues လည်း ဆောင်ထားရ
၇. ဆေးကြောတာကိုခြောက်အောင်သုတ်ဖို့ ပုဝါအသေး
၈. ပြီးရင် လက်ကိုသုတ်ဖို့ပုဝါအလတ်
၉. ခေါင်းကိုသုတ်ဖို့ပုဝါ
၁၀။ ခန္တာကိုယ်သုတ်ဖို့ပုဝါ တစ်ချို့က မျက်နှာသုတ်ကသပ်သပ်
၁၁. ခြေသုတ်ပုဝါ
၁၂.ရေချိုးပြီး ဝတ်ဖို့ ခြောက်ဖို့
ပုဝါ တွေလည်းသူ့နေရာသူနဲ့သူသုံးကြတာ။ ဟိုတည်မှာတွေလို အိမ်မှာလည်း အဲ့လိုပဲသုံးကြတာ။
တစ်ခြားအသုံးစရိတ်မပါသေး Tissues နဲ့ ပုဝါဖိုးနဲ့တင်မနဲ။ တော်သေးတယ် ပုဝါက လျှော်လို့ရနေလို့။ ဈေးတော့ အရမ်းမကြီးပေမဲ့ အပါတါတိုင်းဝယ်ရရင် သိသာလာမယ်။

Tissues တစ်ခါဝယ် ကားနောက်ခန်းကတောင်ပြည့်တယ် ။ မြန်မာနိုင်ငံမှာတုန်းကို အိမ်သာမှာသုံးတဲ့ဟာလည်း တစ်ခါတစ်လေ စားသာက်ဆိုင်မှာလည်း သုံးနေတာတွေ့တယ်။ အရင်တုန်းက ကိုယ်လည်း စာမဖတ်ဖြစ် သတိမထားဖြစ်။ နောက်ပိုင်းမှ သတိထား သူ့နေရာနဲ့သူသုံးဖို့ သတိပိုဝင်လာတယ်။

အီတလီ Supermarket တွေမှာ ငရုပ်သီးစပ်တာတွေဒီလိုဆောင်းအဝင်ဆို ရှာရလွယ်တယ်။ နွေရာသီဆို တရုတ်ဆိုင် အာရှဆိုင်တွေသွားရှာရတယ်။ ...
06/10/2024

အီတလီ Supermarket တွေမှာ ငရုပ်သီးစပ်တာတွေဒီလိုဆောင်းအဝင်ဆို ရှာရလွယ်တယ်။ နွေရာသီဆို တရုတ်ဆိုင် အာရှဆိုင်တွေသွားရှာရတယ်။ တရုတ်ဆိုင်တွေတောင် နွေရာသီ တစ်ခါတစ်လေ ရေခဲရိုက်ထားတဲ့ ငရုပ်သီးပဲရတာ အမြဲမရ။ အီတလီမှာက တစ်ချို့က ငရုပ်သီးမစားကြဘူးထင်ကြတာ အစပ်မရှိဘူးထင်ကြတာ။ သူ့ရာသီနဲ့သူ ရှိတော့ ။ အမြဲမရတာ။ အခုငရုပ်သီးတွေဆို သေးသေးလေးနဲ့စပ်တယ် ။ သူ့ရာသီမဟုတ်တဲ့အချိန်ဆို ငရုပ်ပွကြီးတွေပဲရှိတာ။ အီတလီတောင်ပိုင်းဒေသတွေက အစပ်အရမ်းစားကြပါတယ် ဒီငရုပ်သီးတွေလည်း များသောအားဖြင့် အဲ့ဘက်ကနေ ရောက်လာတာများတယ်။ မြောက်ပိုင်းတွေက သိပ်မစားဘူး။။
ငရုပ်သီး တွေစိုက်ကြတာ Calabriaဒေသဖြစ်ပြီး ဝက်အူချောင်းအစပ်တွေ လည်း ထုတ်လေ့ရှိကြတယ်။

ဒီမှာက ဆောင်းတွင်းရောက်ခါနီးဆို စောင်တွေကို လျှော်ဖို့တန်းစီရတယ် ။ ပိတ်ရက်ဆိုပိုဆိုးတယ်။ တော်ရုံ အနွေးထည် စောင်ထူတွေဆို ...
26/09/2024

ဒီမှာက ဆောင်းတွင်းရောက်ခါနီးဆို စောင်တွေကို လျှော်ဖို့တန်းစီရတယ် ။ ပိတ်ရက်ဆိုပိုဆိုးတယ်။ တော်ရုံ အနွေးထည် စောင်ထူတွေဆို ခဏခဏမလျှော်ကြပါ။ တစ်နှစ်မှာ ၁ ခါ ၂ ခါသာလျှော်ကြပါတယ်။ ဘာလို့လည်းဆိုရင် ဆောင်းတွင်းမှ ခြုံကြပါတယ်။ ခြုံရင်လည်း တိုက်ရိုက် ခန္တာကိုယ်ပေါ် ခြုံသာမဟုတ်ပဲ အထဲမှာ အပါးတစ်လွာအမြဲခံတော့ အထဲကအပါးတစ်လွာကိုသာ မကြာခဏလျှော်ပါတယ်။ အနွေးထည်လည်း ကားမောင်းတုန်းခဏဝတ်ပြီး ရောက်တဲ့နေရာမှာက အနွေးအတွက် heater ဖွင့်ထားတော့ တစ်နေကုန်မဝတ်ထားကြပါ။ ထမင်းစားရင်လည်း အပေါ်က အနွေးထည်ချွတ်ကြပါတယ်။ ထမင်းစားခန်း အိပ်ခန်း သပ်သပ်စီ အဝတ်အစားခွဲထားတော့ အနွေးထည်ကို ဘက်ပေါင်းစုံနေရာစုံမဝတ်ကြ မသုံးကြပါ။ ကားပဲအသုံးပြုကြတော့ ဖုန်တွေပေတာလည်းမရှိသလောက်ပါ။ အနံ့အသက်လည်း အရမ်းဂရုစိုက်ပါတယ်။ နေသိပ်မပူ ချွေးတွေသိပ်မထွက် အေးတဲ့နေရာဒေသဆိုတော့ အဝတ်အစားလည်း အနံ့အသက် သိပ်မရှိပါ။ ရေလည်းနေ့တိုင်းမချိုးလည်းရပါတယ်။ အမြဲမချိုးကြပါ။ တစ်ခါတုန်းကကိုယ်တွေရှမ်းပြည်မှာတုန်းက အရမ်းအေးတော့ ရေနေ့တိုင်းမချိုးတာကို မန်းလေးဘက်က မိတ်ဆွေတွေက ညစ်ပါတ်တယ်ထင်ကြတာ။ တကယ်တမ်းက နေ့တိုင်းချိုးဖို့မလွယ်ပါ။ အရင်ခေတ်ကိုယ်ငယ်ငယ်တုန်းက ရှမ်းပြည်နယ်ဘက်မှာတင်မကပဲ မြန်မာတစ်နိုင်ငံလုံး ရေမီးအစုံမရှိ ဖုန်းမရှ်ိတဲ့ခေတ် မီးမရှိတော့ ရေပူတည်လို့မရ မီးသွေးနဲ့ ရေပူတည်ပြီးချိုးရင်လည်း မီးမွေးနေရ အိုးကြီးတွေတည်ရ ရေကိုနေပူလှမ်းရင်လည်း နေက တော်ရုံမထွက် တကယ်အေးတဲ့နေရာနေဖူးရင် ရေနေ့တိုင်းမချိုးကြတာကို နားလည်လက်ခံတတ်လာမှာပါ။ တစ်ခါက အညာဘက်က ရှမ်းပြည်ကို လာလည်တာအရမ်းချမ်းလို့ဆိုပြီး တစ်ပါတ်လောက်မချိုးကြဘူး ။ ကိုယ်တွေအေးတဲ့နေရာမွေးလာတဲ့သူတောင် နေ့တိုင်းမချိုးနိုင်ကြတာ ပူတဲ့ဒေသသူတွေအတွက် ပိုဆိုးတာပေါ့။ အဲ့ခေတ်က ဖုန်းတွေမရှိကြ ဗဟုသုတနဲကြတာပေါ့ ကားတွေလည်းသိပ်မပေါတော့ တော်ရုံ ရှမ်းပြည်ဘက်ရောက်တာ တစ်မြို့နဲ့တစ်မြို့သွားလည်တာလည်း အခုလောက်မလွယ်မပေါတော့ တစ်နယ်ဒေသ တစ်နယ်အကျင့် ပုံစံအလေ့အထလည်းမသိကြတော့ ရေနေ့တိုင်းမချိုးရင် ညစ်ပါတ်တယ်ထင်ကြကုန်တာ။ ပူတဲ့ဒေသကြတော့ အရမ်းပူတော့ နေ့တိုင်းချိုးလည်းလွယ်တယ်။ အခုခေတ်တော့ လွယ်တာပေါ့ရေပူတွေရှိကြတော့ ကြိုက်တဲ့အချိန်ချိုးပဲ။ ဟိုအရင်ကတည်းက ရေပူရှိပြီး တိုးတတ်တဲ့နိုင်ငံတွေတောင် ရေနေ့တိုင်းချိုးချင်မှချိုးကြတယ် အိပ်ယာဝင် ခြေလက် ဆေး ကြောကြတာ။ ဘယ်သူမှ ညစ်ပါတ်တယ်လို့မထင်ကြဘူး။ အဓိက အမြဲ ဆေးကြောသန့်စင်နေကြရင် အဆင်ပြေတယ်။ ခေါင်းလည်းနေ့တိုင်းမလျှော်ကြဘူး။ နေ့တိုင်းလျှော်တိုင်း မကောင်းပါ ခေါင်းဆံပင်ဦးရေက။

ဒီဥရောပမှာ ကိုယ်ပိုင်အလုပ်လုပ်ချင်တယ် လုပ်မယ်လို့ပြောရင် သူတို့က အံ့ဩကြတယ် ကိုယ့်ကိုပိုက်ဆံအရမ်းရှိတယ်ထင်သွားကြတာ။ ဘာလို...
25/09/2024

ဒီဥရောပမှာ ကိုယ်ပိုင်အလုပ်လုပ်ချင်တယ် လုပ်မယ်လို့ပြောရင် သူတို့က အံ့ဩကြတယ် ကိုယ့်ကိုပိုက်ဆံအရမ်းရှိတယ်ထင်သွားကြတာ။ ဘာလို့လဲဆို ဒီမှာက ကိုယ်ပိုင်အလုပ်မလုပ်ချင်ကြဘူး တော်ရုံပိုက်ဆံတတ်နိုင်ရင်တောင် မလုပ်ချင်ကြဘူး။ ကိုယ်ကလည်း သူတို့ကို ပြန်အံ့ဩတယ် ဘာလို့လဲပေါ့ ။ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့မှ ပိုသိလာတာက ဒီမှာက ကိုယ်ပိုင်အလုပ်က ထင်သလောက်မလွယ်ပါ။ မြန်မာပြည်လို အရင်းအနှီးနဲနဲနဲ့ ကွမ်းယာဆိုင်ဖွင့် ကိုယ်ပိုင်ဆိုင်လေးဖွင့်မရပါ။ ဆိုင်သေးသေးကြီးကြီး အခွန်‌တွေဆောင်ရတယ်။ ဆိုင်ခန်းခဈေးကြီးတယ်။ အခွန်ခဈေးကြီး ဆိုင်ခန်းခဈေးကြီး အလုပ်သမားအကူခေါ်ရင်လည်း မြန်မာပြည်လို ပေါပေါပေးများများခိုင်းလို့မရပါ။ တန်ရာတန်ရာ သူအခြေခံလစာ အတိအကျပေးရတယ် အချိန်ပိုလုပ်ရင် အချိန်ပိုပေးရတယ် စနေ တနင်္ဂနွေလုပ်ရင် ၂ဆ ၃ဆပေးရတယ်။ ဝန်ထမ်းနေ‌မကောင်းရင် သူတို့ဆေးစရိတ်မဖြေစ်မနေပေးရတယ် စာချုပ်မှာကတည်းကထည့်ရေးရတာပါ ဝန်ထမ်းအခွင့်အရေး ဥပ‌ဒေတွေအကုန်လိုက်နာရတယ်။ တစ်ပါတ်မှာ အနဲဆုံး ၁ ရက်ပေးနားရတယ် ။ မနားခိုင်းလို့ မရပါ တိုင်လို့ရတယ်။ ၁ နှစ်‌၁ ခေါက် holidays အတွက် သွားလည်ဖို့နားဖို့သပ်သပ် ခွင့် အနဲဆုံး ၂ ပါတ်ပေးရတယ် တစ်ချို့အလုပ်က ၁ လပေးတယ် အဲ့ဒီအတွက်လစာနှုတ်လို့မရ အပြည့်ပေးရတယ်။ ကျန်တဲ့ ခွင့်တွေကိုယ်စီရှိသေးတယ်။ New year မဖြစ်မနေ လစာတစ်လစာ အပိုပေးရတယ်။ ဥပမာ ၁ နှစ်မှာ ၁၂ လစာမှာ နှစ်ဝက်မှာ ၁ လစာအပိုရပြီး နှစ်ကုန်မှာ နောက်ထပ်၁ လစာအပိုထပ်ရတယ် စုစုပေါင်း ၁၄လစာရတယ်။ ၂ လစာအပိုပေါ့။ ၂ လစာအပိုမရတဲ့နေရာဆို အနဲဆုံး ၁ လစာတော့အပိုရကြတယ် တစ်နစ်ပြီးတိုင်း ။ တစ်ချို့က ၁ နှစ်မှာ ၁၃ လစာ‌ ပေးတယ်။ ၁ လစာက အပိုရတယ်။ ဒီမှာက ဝန်ထမ်းလုပ်ရင် သူများအလုပ်လုပ်ရင် ပင်စင်ရှိတယ်။ ကိုယ်ပိုင်အလုပ်လုပ်ရင် ပင်စင်မရှိ။ သူများအလုပ်လုပ်တယ်ဆိုတာက အစိုးရဝန်ထမ်းမဟုတ်ပါ။ သန့်ရှင်းရေးလုပ်လည်း ပင်စင်ရှိတယ်။ လူတိုင်းပင်စင်ရှိတယ် ကိုယ်ပိုင်အလုပ်ကလွဲပြီး။ ဒါကြောင့် ကိုယ်ပိုင်အလုပ်မလုပ်လည်း ဒီနိုင်ငံမှာက စားနိုင်သောက်နိုင်စုနိုင် လည်နိုင်ပါတ်နိုင်ကြတယ်။ အခြေခံလစာက လောက်ငှအောင်ပေးထားပြီးသား အခွင့်အရေးတွေလည်းအများကြီးရှိတော့ ကိုယ်ပိုင်အလုပ်မစဉ်းစားကြတော့တာ။ ကိုယ်ပိုင်အလုပ်က တစ်ခုတော့ကောင်းတယ် နားချင်တဲ့အချိန်နား သွားချင်တဲ့အချိန်သွား။ ကိုယ်သွားရင်ရ ကိုယ်နားရင် ဝင်ငွေရော့။ ကိုယ်ဖျားရင် ကိုယ်အိတ်ထဲကထုတ်ရတယ်။ ပင်စင်အတွက် ကိုယ်တိုင် စုရမယ်။

ကိုယ်နေတဲ့ ကွန်ဒိုမှာ အိမ်တစ်အိမ်က သားသားလေးမွေး။  ဘယ်အိမ်လဲတော့မသိ ဒီမှာက ကလေးမွေးရင် အဲ့လိုလေးချိတ်ပြီး အသိပေးကြတယ်။ ယ...
18/09/2024

ကိုယ်နေတဲ့ ကွန်ဒိုမှာ အိမ်တစ်အိမ်က သားသားလေးမွေး။ ဘယ်အိမ်လဲတော့မသိ ဒီမှာက ကလေးမွေးရင် အဲ့လိုလေးချိတ်ပြီး အသိပေးကြတယ်။ ယောကျာ်းလေးဆို အပြာ။
မိန်းကလေးဆို ပန်းရောင်။
💙💙💙💙💙

13/09/2024

ရေဘေး စစ်ဘေး
ငတ်ဘေး မီးဘေးမှ အားလုံးကင်းဝေးပြီး အမြန်ဆုံး အဆင်ပြေပါစေ တို့မွေးရပ်မြေ ပြည်သူပြည်သားအပေါင်းတို့🙏🙏🙏

အသားဖြူတဲ့သူတိုင်း အင်္ဂလိပ်လူမျိုးမဟုတ်သလိုအာရှရုပ်တိုင်းလည်း တရုတ်မဟုတ်ပါ။ ဘာလို့အဲ့လိုပြောလဲဆိုရင် အာရှမှာက အရင်တုန်း...
08/08/2024

အသားဖြူတဲ့သူတိုင်း အင်္ဂလိပ်လူမျိုးမဟုတ်သလိုအာရှရုပ်တိုင်းလည်း တရုတ်မဟုတ်ပါ။ ဘာလို့အဲ့လိုပြောလဲဆိုရင် အာရှမှာက အရင်တုန်းကဆို နိုင်ငံခြားသားအဖြူတွေ့ရင် အလွယ်နည်းနဲ့ အင်္ဂလိပ်လိုသုံးကြသလို အဲ့လိုလည်းထင်ကြတယ် အခုတော့ အမြင်ကျယ်လာ ခရီးသွား အပြန်အလှန် ဓလေ့စရိုက် လေ့လာကြတာ ပိုများလာကြတဲ့အတွက် ပိုပြီး ကွဲကွဲပြားပြားသိလာကြပါတယ်။
ဥရောပမှာအဲ့အတိုင်းပဲ သူတို့လူမျိုးရုပ်နဲ့မတူပဲ အာရှရုပ်ပေါက်နေရင် တရုတိလားလို့မေးကြတယ် တရုတ်က နေရာတိုင်းမှာရှိတော့ သူတို့ရုပ်မဟုတ်ရင် ဘာလာလာ တရုတ်ပဲမှတ်ကြ ထင်ကြတာ။ နောက်ပိုင်း သူတို့နိုင်ငံမှာ နိုင်ငံပေါင်းစုံ အလုပ်လာလုပ်ကြ ကျောင်းတတ်ကြ ရွေ့ပြောင်းတွေက နိုင်ငံပေါင်းစုံပေါလာလို့ သူတို့လည်းသိလာကွဲပြားလာပါပြီ။ အင်္ဂလိပ်စကားပြောတဲ့နေရာမှာလည်း အီတလီလူမျိုးတွေက အသံက ကွဲတယ် သူတို့အီတလီအသံပါတယ် ။သူတို့ဘာလို့ အင်္ဂလိပ်စကားမပီလည်း အခုမှ တစ်ဖြည်းဖြည်းသဘောပေါက်လာတယ်။ ပီတဲ့သူတွေလည်းအများကြီးရှိပါတယ် တကယ်လေ့လာတဲ့သူတွေ လူငယ်တွေ နိုင်ငံခြားမှာကြီး တဲ့သူ
ရုံးတွေ နိုင်ငံတကာဆက်ဆံတာတွေဆိုရင် ပီကြပေမဲ့ သာမန်သိပ်မပြောဖြစ်တဲ့သူ ပုံမှန်ပြောတတ်တဲ့သူက ( R) သံဖျောက်ဖို့အရမ်းခက်။ အီတလီဘာသာစကားမှာ ( R) ကို အင်္ဂလိပ်လိုရိုးရိုးရှင်းရှင်းမထွက်ရလဲ လျှာအရမ်းကစားပြီးပြောရတယ် လျှာလိပ်လိပ်သွားတယ် ခက်လို့။ ကိုယ့်အတွက်လည်းအရမ်းခက်တယ်။ အခုထိ တစ်ချက်ချက် မပြောနိုင်ပါ အဲ့အသံပါရင်။ ခက်တာက သူတို့ဘာသာစကညးမှာက အဲ့ဒီ ( Rလယ်) အသံ မပါတာပါရှားရှားပဲ။ ဒီမှာလာနေတဲ့ အင်္ဂလိပ်တွေလည်း မပီကြဘူး ကိုယ်တွေလည်းပီအောင်မပြောနိုင်သေး R သံ အရမ်းခက်တယ်။ ဒါကြောင့် အရင်တုန်းသူတို့က အင်္ဂလိပ်စပားမပီရင် လွယ်လွယ်လေးကို ခက်အောင်ပြောနေတာဆိုပြီးထင်ခဲ့ဖူးတယ်။ အခုက ကိုယ်ဝဠ်လည်နေပြီ အီတလီစကားပြောပါများလို့ အင်္ဂလိပ်ကိုမေ့ချင်လာပြီး လွယ်လွယ်ပြောရမှာကို ( R) သံထည့်ထည့်မိသွားတယ်။ ကိုယ်တိုင်အဲ့နေရာဝင်ကြည့်ဖူးမှ ပိုပြိးနားလည်တော့တယ်။

Holiday ကာလဆိုတော့ ပုံလေးနဲနဲတင်မယ်ရှင့် အရင်လိုစာရေးတာ ပိုစ့်တင်တာ သိပ်မလုပ်အားတော့ပေမဲ့ အချိန်ရရင် ရသလို ပြန်တင်ပေးဖြစ...
15/07/2024

Holiday ကာလဆိုတော့ ပုံလေးနဲနဲတင်မယ်ရှင့်
အရင်လိုစာရေးတာ ပိုစ့်တင်တာ သိပ်မလုပ်အားတော့ပေမဲ့ အချိန်ရရင် ရသလို ပြန်တင်ပေးဖြစ်အောင်ကြိုးစားနေပါတယ်။ လုပ်ချင်တာများပြီး တစ်ဖက်အာရုံစိုက်လိုက်ရင် တစ်ဖက်က လျော့သွားတယ်။ ကျောင်းကော အလုပ်ကောဆိုတော့ ။
မင်မင်က အီတလီနဲ့နီးတဲ့ ဂရိနိုင်ငံလေးကိုရောက်နေပါတယ်။ အီတလီထက် ဈေးနဲနဲသက်သာတယ်ပြောကြတယ် အခုချိန်က ပိတ်ရက်ကာလဆို‌ တော့
အီတလီလူမျိုးတွေ အများကြီးသွားကြတယ် ပင်စင်ရတဲ့သူတွေလည်း အဲ့မှာသွားနေကြတာအများကြီးပဲ ရာသီဥတုက အခုက အရမ်းပူတယ် အစားအသောက်လည်း ဈေးအရမ်းကြီးမများဘူး။ ဆွစ်ဇာလန်နိုင်ငံသွားလည်တုန်းက ဆိုင်မှာနေ့တိုင်းမထိုင်စားနိုင်ဘူး။ ဂရိမှာက ဈေးလေးသင့်တော့ တော်ရုံ budget traveller အနေနဲ့ဆိုရင်တော့ ဆိုင်မှာနေ့တိုင်းထိုင်စားမယ်ဆိုရင် စားလို့ရတဲ့ဈေးအနေအထားပါ အီတလီထက်လည်း ပိုသက်သာသလိုခံစားရတယ် ကိုယ်စားတဲ့ဆိုင်ပေါ်တော့မူတည်တာပေါ့နော်။ ဂရိမှာ ကြောင်လေကြောင်‌လွင့်တွေ လမ်းမှာအများကြီးပဲ ကြောင်ချစ်တဲ့ကိုယ်တွေက သူတို့ကိုမြင်ရင် ခေါ်လာချင်တာ။ လမ်းဘေးကြောင်ဆိုပေမဲ့ ဝဝတုတ်တုတ်ကစ်ကစ်တွေ ။ ကြောင်အတွက် ရန်ပုံငွေဗုံးတွေလည်းတွေ့တယ် ။ Santorini ဆိုတဲ့နေရာက ရွာတွေ မြို့တွေ အများစုက အဖြူနဲ့အပြာရောင်တွေကြီးပဲ ။ဘယ်နားသွားသွား ကျောင်း အိမ် ဆေးဆိုင် အကုန် အပြာနဲ့အဖြူတွေကြီးပဲဆောက်ထားတာ။

ကြားထဲအလုပ်များပြီး ပေစ့်ဖက် မလှည့်နိုင်ဖြစ်နေတယ်။ အီတလီမှာ အိမ်ငှားအကူအညီတောင်းရင် မီလန်ကလွဲပြီး ဘယ်မှာမှ မကူညီမလိုက်ကြ...
22/05/2024

ကြားထဲအလုပ်များပြီး ပေစ့်ဖက် မလှည့်နိုင်ဖြစ်နေတယ်။ အီတလီမှာ အိမ်ငှားအကူအညီတောင်းရင် မီလန်ကလွဲပြီး ဘယ်မှာမှ မကူညီမလိုက်ကြည့်ပေးဖြစ်တော့ပါ။ အိမ်လည်း လိုက်မကြည့်‌ပေးအား‌‌ တော့ပါ။ အခုက အီတလီမှာလည်း မြန်မာတွေ အရင်ထက်ယှဉ်ရင် ရှိလာပြီဖြစ်တဲ့အတွက် နီးစပ်ရာပဲ အကူအညီတောင်းကြပါ အရင်ကတော့ မြန်မာအရမ်းနဲပြီး အသိမရှိကြလို့ အစ်မရေ ကူညီပါအုံးဆိုလို့ အားနာတာကော အခက်အခဲဖြစ်မှာစိုးလို့ အကူအညီလာတောင်းကြရင်း စလုပ်ဖြစ်ခဲ့တာ။ ဒီနှစ်ကတော့ ဘယ်သူ့ကိုမှ မကူညီနိုင်တော့လို့ စာပို့ပြီး မေးတဲ့သူတွေလည်းရှိတော့ ဒီကနေ တစ်ခါထဲ အသိပေးချင်တာပါ။ အားလုံးအဆင်ပြေကြပါစေ။ မြန်မာပစ္စည်းတွေတော့ နောက် တင်ပေးပါ့မယ် စာလေးတွေလည်းတင်ပေးသွားမယ် ပုံက မရိုက်ဖြစ်သေးလို့ပါ။ လိုအပ်ရင် စာပို့ထားပါရှင့်။

အရင်က အီတလီတို့ မီလန်တို့ဆို အရမ်းတိတ်တိတ်ကြဲ သန့်ပြီး နာမည်ကျော်ကြားလူချမ်းသာများပြီး နေချင်ကြတယ်။ အခုနောက်ပိုင်း ရွေ့ပ...
15/03/2024

အရင်က အီတလီတို့ မီလန်တို့ဆို အရမ်းတိတ်တိတ်ကြဲ သန့်ပြီး နာမည်ကျော်ကြားလူချမ်းသာများပြီး နေချင်ကြတယ်။ အခုနောက်ပိုင်း ရွေ့ပြောင်းအလုပ်သမားတွေပေါလာပြီးအရင်လို မဟုတ်တော့ပဲ လူပေါင်းစုံ စရိုက်ပေါင်းစုံဖြစ်လာတယ်။ နိုင်ငံအသီးသီးက ဒုက္ခသည်တွေကို လက်ခံပြီး ကူညီကြတယ်။ အလုပ်ပေး နေရာပေး အလုပ်မရှိတဲ့သူထောက်ပံ့။ အဲ့လိုလုပ်ပေးတာမှန်းသိတော့ လူပျင်း အချောင်သမား စရိုက်ပေါင်းစုံကလူတွေ ကောင်းတဲ့သူ မကောင်းတဲ့သူ ရောပြီးပါလာတယ်။ အရင်လို လုံခြုံမှုမရှိတော့သလို သန့်ရှင်းမှုလည် အားနည်းလာတယ်။ လူစရိုက်အမျိုးမျိုးဖြစ်လာတယ်။
နိင်ငံအရပ်ရပ်က ဆင်းရဲတဲ့နိုင်ငံအများစုက နိုင်ငံရပ်ခြားအသီးသီးကလူတွေအလုပ်လာလုပ်ကြတာတွေ နေတဲ့နိုင်ငံအသီးသီးက စစ်ဖြစ်လို့ ဒါမှမဟုတ် စီးပွားရေးမကောင်းလို့ဆိုပြီး ဥရောပဘက်ကိုတတ်လာကြတယ်။ ဥရောပဘက်ကို မြန်မာလူမျိုးတွေအနေနဲ့ အလှမ်းနဲနဲဝေးပြီး ဘာသာစကားနောက်တစ်မျိုးထပ်သင်နေရလို့ သိပ်မလာကြတာပဲရှိတာ ဥရောပနဲ့ အိမ်နီးချင်းဖြစ်တဲ့ အာဖရိကတိုက်ကလူတွေ တစ်ခြား သိပ်အဆင်မပြေတဲ့နိုင်ငံတွေတော်တော်များများ ဥပမာ ဒီကို အလာများတဲ့ နိုင်ငံတွေက

1 . Morocco
2. Peru
3. Venezuela
4. Ukraine
5. Phillipine
6. Afghanistan
7. Sirlankha
8. Bangladesh
9. Pakistan
10. India
11. Egypt
12. Romania
13. Russia
14. China
( သူတို့တော့ စီးပွားရေးအများစုလာလုပ်ကြတယ်)
15. Albania

တစ်ခြားသော လူနည်းစု ထိုင်း၊ မြန်မာ တို့ တစ်ခြား အဖရိကတိုက်ကရှိပါသေးတယ်။ ရွေ့ပြောင်းအလုပ်သမား နိုင်ငံခြားသား ဥပမာ လူဖြူမဟုတ်တဲ့သူတွေကို မြို့တိုင်းမှာတွေ့ရတတ်ပါတယ် ။ လမ်‌ဘေးဈေးသည် ဘုရားကျောင်းရှေ့မှာစောင့်တာ ကားပါကင်မှာစောင့်တာ လူစည်ကားရာနေရာတွေမှာပန်းတွေရောင်းတာ ကားရေဆေးတာ delivery ပို့ စသဖြင့် အများစုတွေ့ရတယ်။

အီတလီမှာက ရှေးဟောင်းပုံစံအိမ်တွေအများကြီးရှိသလို လူမနေတဲ့ အိမ်တွေ အိမ်ဟောင်း အိမ်ပိုတွေလည်းအများကြီးပါ။ အိမ်တွေပိုနေပြီး...
13/03/2024

အီတလီမှာက ရှေးဟောင်းပုံစံအိမ်တွေအများကြီးရှိသလို လူမနေတဲ့ အိမ်တွေ အိမ်ဟောင်း အိမ်ပိုတွေလည်းအများကြီးပါ။ အိမ်တွေပိုနေပြီး နေတဲ့သူမရှိ။ အိမ်တွေအကြီးကြီးတွေနေရာကောင်းတွေ။ ဒီနေ့မှ စဉ်းစားမိတာတစ်ခုက ဒီမှာက မိသားစုတွေ တစ်အိမ်ထဲစုမနေကြတော့ အိမ်ခွဲနေကြတော့ အယောက်တိုင်း ကိုယ်ပိုင်အိမ်တွေရှိကြတယ် ။ မောင်နှမ ၂ ယောက်ဆို တစ်အိမ်စီ။ မိသားစုမှာ သားအမိကတစ်အိမ် သားတွေ အရွယ်ရောက်ရင် သူတို့ဘာသာ အိမ်ဝယ်ကြ ခွဲနေကြနဲ့။ အပျိုကြီး လူပျိုကြီးတွေလည်း တစ်ယောက်ထဲအိမ်မှာနေကြ။ အဘိုးအဘွားတွေလည်း အသက်ကြီးကြီး အိမ်မှာတစ်ယောက်ထဲ။ အိမ်တွေကိုယ်စီရှိကြလို့ အိမ်တွေပိုနေတာဖြစ်မယ်လို့ ဆရာမတစ်ယောက်ကို ဒီနေ့ပြောပြတာ ဆရာမက အဲ့ဒါလည်းပါတယ် ဆရာမတို့နိုင်ငံမှာ အိမ်တွေအရမ်းပိုနေတယ် ဆရာမတို့ အိမ်ဘေးကလည်း ဆရာမတို့ငယ်ငယ်ကတည်းက အခုထိ ဒီအတိုင်းပဲ ရောင်းလည်းမရောင်း အိမ်က သိပ်လည်းမဟောင်းဘူး နေသူလည်းမရှိတဲ့။ အမွေဘာညာလည်း ပေးကြတာတွေ ရှိပါတယ်ဒီမှာလည်း သူ့ကိုယိပိုင် ကိုယ့်ကိုယိရှိနေတော့ သေသွားရင်တောင် ယူမဲ့သူမရှိတဲ့ပုံဖြစ်နေတယ်။ တစ်ချို့ကလည်း နေတာဝေးတော့ မရောက်ဖြစ်တော့ ဒီအတိုင်းထားလိုက်တာများလား။
ကိုယ့်ဆီမှာဆို ကျုးကျော်ပြီး နေနေလောက်ပြီ ဒီမှာတော့ ဒီအတိုင်း။

ဒီမှာတစ်ခုသဘောကျတာက နေရာအကုန်မဟုတ်ပေမဲ့ တော်တော်များများ တောင်တန်း နေရာတွေ ကမ်းစပ်နေရာတွေထိ ရထားကရောက်တော့ တော်ရုံကားမရှ...
07/03/2024

ဒီမှာတစ်ခုသဘောကျတာက နေရာအကုန်မဟုတ်ပေမဲ့ တော်တော်များများ တောင်တန်း နေရာတွေ ကမ်းစပ်နေရာတွေထိ ရထားကရောက်တော့ တော်ရုံကားမရှိသေးလည်း သွားလို့အဆင်ပြေတာပေါ့။

Indirizzo

Milan

Notifiche

Lasciando la tua email puoi essere il primo a sapere quando CHIT MA Collection - Italia pubblica notizie e promozioni. Il tuo indirizzo email non verrà utilizzato per nessun altro scopo e potrai annullare l'iscrizione in qualsiasi momento.

Contatta L'azienda

Invia un messaggio a CHIT MA Collection - Italia:

Condividi