Book Vlogger by Nyein Chan

Book Vlogger by Nyein Chan Hello , let me help you to spend your precious time with Book and Literature. This page will share yo

06/03/2021

ငါ၏ ကိုယ်၌ အရေသည် လည်းကောင်း၊ အကြောသည်လည်းကောင်း၊ အရိုးသည် လည်းကောင်း၊ ကြွင်းကျန်စေ၊ အသားအသွေး ဟူသမျှသည် စင်စစ် ခန်းခြောက်၍ ကုန်ပလေစေ....ဝီရိယကို ငါမလျှော့ ။

အာဏာသိမ်းစစ်ကောင်စီ အမြန်ကျဆုံးပါစေသား🙏🙏🙏

05/03/2021

အကျင့်စရိုက်တို့ ဖြစ်ပေါ်အောင် ဖန်တီးပေးသည့် အခြေအနေ အကြောင်းတရားများအနက် ' လူမှုပတ်ဝန်းကျင် ' သည် အရေးကြီးသော အခြေအနေ၊ အရေးကြီးသော အကြောင်းတရား ဖြစ်သည်။

စာရေးဆရာ နန္ဒာသိန်းဇံ ၏ ကိုယ်ကျင့်တည်ကြည်ခြင်းနှင့်
အဆင့်မြင့်ခရီးစဥ္ 📓 စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အလိုမရှိ ❌
စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေy

28/02/2021

လူ၌ မြတ်နိုးဖွယ် အကောင်းဆုံးသော အရည်အသွေးတစ်ခုမှာ အကျင့်စရိုက်ကောင်းရှိခြင်းဖြစ်၍ လူတစ်ဦး၌ စက်ဆုပ်ဖွယ် အကောင်းဆုံးသော အရည်အသွေးတစ်ခုမှာ အကျင့်စရိုက်ဆိုးရှိခြင်းပင်ဖြစ်သည် ။

အာဏာသိမ်းစစ်အစိုးရ အမြန်ကျဆုံးပါစေ #🙏🙏

26/02/2021

မုန်တိုင်းပြီးရင် လေ​ပြေလာစမြဲပါ။
အားတင်းထားကြပါခင်မျာ😢
အခုချိန်မှာ ကျနော်တို့နိုင်မှ ရမှာပါ။

စစ်အာဏာရှင်စနစ်အမြန်ကျဆုံးပါစေ #

23/02/2021

ကောင်းမွန်သော ကြီကြပ်ရေးမှူး တစ်ဦးသည် ပြဿနာကို ဖြေရှင်းပေးသူဖြစ်သည်။
ပြဿာနာများ ကို တင်ပြအစီရင်ခံသူ မဟုတ် ။

22/02/2021

ပျဉ်းမနားမှာ ဖမ်းခေါ်သွားခံရတဲ့ လူငယ်အယောက် ၁၅၀ ကျော်ကို ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။
အကုန်ဝိုင်းတင်ပေးကြပါ။ တခြားသတင်းတွေနဲ့ ဖုံးပြီး မေ့”ပျောက်”ဖြစ်သွားမှာစိုးလို့ပါ🙏🏻

# # Save Myanmar


22/02/2021

မိမိကိုယ်နှင့် တန်းတူသော ချစ်စရာသည် ကမ္ဘာလောက၌ မရှိ ။

ဝဂ္ဂသံယုတ်ပါဠိတော် ဒေဝတာသံယုတ် မှ ကောက် နုှတ်ချက်

အထူးသတိရှိကြပါ ခင်ဗျ😢✍️အခုလိုအချိန်မှာ ကျနော်တို့ရဲ့ မိသားစု ၊ပါတ်ဝန်းကျင်ကို ကျနော်တို့ကိုယ်တိုင် ကာကွယ်ရမည့်အချိန်ပါ။✍...
15/02/2021

အထူးသတိရှိကြပါ ခင်ဗျ😢

✍️အခုလိုအချိန်မှာ ကျနော်တို့ရဲ့ မိသားစု ၊ပါတ်ဝန်းကျင်ကို ကျနော်တို့ကိုယ်တိုင် ကာကွယ်ရမည့်အချိန်ပါ။

✍️အချိန်မရွေး ရောက်လာနိုင်သည်။ ဒါကြောင့် မိမိတို့၏ အိမ်မှာ လျှပ်စစ်ဓာတ်မီး၊ တုတ်၊ လေးဂွ၊ သံပုံး စသည်တို့ကိုဆောင်ထားစေချင်ပါတယ်။ ညအိမ်ရင် လည်း ခြံတံခါး နှင့် အိမ်တံခါးကို သေချာစွာ သော့ပိတ်ပြီး ၊ အချက်ပေးခလုပ်ပါ တပ်ဆင်ထားပါ။
ဥပမာ - လူစိမ်းက မိမိခြံတံခါး(ဝါ)အိမ်တံခါးကို တွန်းလိုက်တာနဲ့ ကျယ်လောင်သည့် အသံထွက်ပေါ်လာစေသည့်အရာမျိုးကိုပေါ့။

✍️ ညည့်နက်ချိန်မှာ သံပုံးတီးသံကြားပါက မြန်ဆန်စွာ ကူညီဖေးမ ပေးစေလိုပါတယ်။

✍️ ပြည်သူသည်သာ အဓိကပါ။ ကျနော်တို့ပြည်သူညီရင် သူတို့ဘာမှ မတတ်နိုင်ပါဘူး။

✍️ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းများကိုလည်း ကူညီပေးကြပါ။

✍️ ထောင်ထွက္များအား ဖမ်းမိပါက သေချာချုပ်နှောင်ပြီး သတင်းယူပေးကြပါ။ Video or Live လုပ်ထားပါ။ ရိုက်နှက်ခြင်းမပြုပါရန် တောင်းဆိုအပ်ပါတယ်။

ကျနော်သည် အ.ထ.က(၁)၊ နတ်မောက်မြို့ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် အားလုံးနှင့်အတူရပ်တည်ပါသည်။
11/02/2021

ကျနော်သည် အ.ထ.က(၁)၊ နတ်မောက်မြို့
ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့်
အားလုံးနှင့်အတူရပ်တည်ပါသည်။






အာဏာသိမ်းတဲ့တပ် ဘာလုပ်မလဲဆိုရင် ... အစဦးပိုင်းတော့ အချိုကျွေးမှာပေါ့... အစိုးရလက်ထက်က ပိတ်ထားတာတွေ ပြန်ဖွင့်ပေးမယ်။ ဘုရာ...
03/02/2021

အာဏာသိမ်းတဲ့တပ် ဘာလုပ်မလဲဆိုရင် ...
အစဦးပိုင်းတော့ အချိုကျွေးမှာပေါ့... အစိုးရလက်ထက်က ပိတ်ထားတာတွေ ပြန်ဖွင့်ပေးမယ်။ ဘုရားတွေဖွင့်မယ်၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်ပေးမယ်။ စီးပွားရေးတွေ ဘယ်လောက်ကောင်းကြောင်း အစိုးရသတင်းစာမှာ နေ့တိုင်းရေးမယ်။ သင်္ကြန်တောင် ရှိချင် ရှိလာနိုင်တယ်။
တစ်ကယ်တော့ ကာကွယ်ဆေးရအောင် ကြိုးစားခဲ့တာ NLD အစိုးရပါ။ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်ဆိုရင် ဒါတွေက နောက်ကလိုက်လာမှာ။ ဆေးကလဲ ရောက်တော့မှာ ဝယ်ထားပြီးပြီ။

နောက်တစ်ဆင့်ကတော့ "ငါတို့လဲ သူတို့လောက်က လုပ်နိုင်တယ်" ဆိုပြီး စစ်ယူနီဖေါင်းကြီးတွေနဲ့စစ်ဗိုလ်ဆရာဝန်ကြီးတွေ သူနာပြုတွေက ကာကွယ်ဆေး ထိုးပြပေးပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ စီးပွားရေးကောင်းလာသယောင်ဖြစ်အောင် ရပ်ထားခဲ့တဲ့ စီမံကိန်းတွေ ပြန်စနိုင်အောင် ကြိုးစားပါလိမ့်မယ်။ အထူးသဖြင့် သူတို့လက်ထဲမှာရှိတဲ့ စီမံကိန်းတွေနဲ့ လက်လှမ်းမှီတဲ့ စီမံကိန်းတွေပေါ့။

တိုင်းရင်းသားလက်နက်ကိုင်တွေကို အလျှော့ပေးပြီး ခေါ်မယ်။ အစည်းအဝေးလုပ်မယ်။ NLD အစိုးရလက်ထက်က ငြိမ်းချမ်းရေးအစည်းအဝေးတွေ မအောင်မြင်ဘူးဆိုတာ တပ်က အဓိက ကန့်လန့်တိုက်နေလို့ရယ်၊ တိုင်းရင်းသားတွေက လက်နက် မစွန့်ချင်တာရယ်ကြောင့်ပါ။ အစည်းအဝေးတွေက ပထမပိုင်းတော့ အဆင်ပြေသလိုရှိလာနိုင်တယ်။ နောက်ပိုင်းမှာတော့ ဒုံရင်းပဲ ဖြစ်မှာပဲ။ စေတနာမှ မမှန်ကြတာ။

နိုင်ငံတကာဖိအားလျော့အောင်တော့ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ပြောမှာပဲ။ ရွေးကောက်ပွဲပြန်လုပ်ရင် စဉ်းစားမိတာ (၂) ချက်ရှိတယ်။ တစ်ချက်က ခုလက်ရှိ ခြေဥကို ဖျက်သိမ်းပြီး၊ ထိုင်းကလို ခြေဥတစ်ခု ရအောင်ပြန်လုပ်တာ၊ (ဖျက်သိမ်းတာ မဖြစ်နိုင်ဘူးမထင်နဲ့၊ ခုတောင် လုပ်ချင်တာလုပ်သွားတာ)။ နောက်တစ်ချက်က အတိုက်အခံတွေကို ရွေးကောက်ပွဲဝင်မရအောင်လုပ်ပြီး ကြံ့ဖွတ်တစ်ပါတီထဲနိုင်အောင် အမျိုးမျိုး (မဲလိမ်၊ မဲခိုး၊ ညစ်) လုပ်တာ။ နောက်ပိုင်းတော့ သူတို့စိတ်ကြိုက်ပေါ့။

စီးပွားရေးလုပ်ငန်းတွေမှာလဲ အရင်လို ငွေပေးရင်ရတဲ့ လာဘ်ပေးလာဘ်ယူခေတ်၊ အာဏာရှင်က အကုန်ယူခေတ်၊ အာဏာရှင်နဲ့ပေါင်းစားတဲ့ခေတ်၊ ရှိတာရောင်းစားတဲ့ခေတ် ပြန်ရောက်လာမယ်။ နောက်ဆုံးတော့ အောက်ခြေက လူထုပဲခံရတာ။ သူတို့စိတ်ကြိုက်လုပ် ငါတို့ဘာမှမဖြစ်ဘူး မထင်နဲ့။ ဖြစ်လာမှာ။

တပ်ကလူတွေက စနစ်တကျ လေ့ကျင့်ထားတဲ့လူတွေ။ သူတို့မှာ တိုင်းပြည်အပေါ် စေတနာသာမရှိတာ plan က A-Z ရှိတယ်။ အဓိကပြသနာက ကာလုံမခေါ်တော့ ကာချုပ်သက်တမ်းတိုးမရတာက စပြီးညစ်တာပဲ။ အဆုံးသတ်မှာတော့ သူတို့ ကိုယ်ကျိုးစီးပွားအတွက်ပဲ လုပ်ချင်တာလုပ်သွားတာ။

ပြည်သူတွေဘာလုပ်လို့ရလဲ.... လက်မခံကြောင်းပြမယ်။ နိုင်ငံတကာသိအောင်ပြောမယ်၊ အစိုးရဝန်ထမ်းတွေ သပိတ်မှောက်မယ်၊ ပြည်သူတွေက တပ်ရဲ့စီးပွားရေးတွေ၊ တပ်မိသားစုအသိုင်းဝိုင်းရဲ့ စီးပွားရေးတွေ မဝယ်နဲ့၊ မပတ်သတ်နဲ့။ ဒီထက်ပိုပြီးဆိုးလာတဲ့အခြေအနေတွေရောက်လာနိုင်တယ်၊ (၈၈) တစ်ကြော့ပြန်အခြေအနေတွေ ရောက်လာနိုင်တယ်ဆိုတာကိုတော့ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။

Credit : Ko Thet Khine

ကျွန်တော်သည် မကွေးအဝေးသင်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် ကိုအထူးလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ထို့အတူ ပြည်သူများစာဖတ်အားက...
02/02/2021

ကျွန်တော်သည် မကွေးအဝေးသင်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် ကိုအထူးလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ။

ထို့အတူ ပြည်သူများစာဖတ်အားကောင်းမွန်လာရန်အတွက်ရည်ရွယ်ပြီး Book Vlogger Page ကိုတည်ထောင်ကာ စာပေများဖြင့် အလုပ်အကျွေးပြုနေတဲ့ Vlogger တစ်ယောက်လည်း ဖြစ်ပါတယ်။

Civil Disobedience ပြုလုပ်၍ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ကြသော ပြည်သူ့၀န်ထမ်းအင်ဂျင်နီယာများ၊ ပြည်သူ့ဝန်ထမ်း ဆရာ၀န်များနှင့် အခြား‌သော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများနှင့် အတူတကွ ရပ်တည်သွားပါမည်။

“ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်"
ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားကြရအောင်ဗျာ။







Address

Ranchi

Telephone

+959783232606

Website

Alerts

Be the first to know and let us send you an email when Book Vlogger by Nyein Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category