24/03/2026
ရန်ဖြစ်ခြင်းမှ ပြန်ချစ်ခြင်းသို့ အမြန်ရောက်စေမယ့် လျှို့ဝှက်ချက် (3)ခု ✨
အချစ်ရေးမှာ အဆင်မပြေမှုဆိုတာ ရှိစမြဲပါ။ ဒါပေမဲ့ Relationship Advice ကောင်းကောင်းတွေကို သိထားမယ်ဆိုရင်တော့ ရန်ဖြစ်တာတွေဟာ တစ်ယောက်ကိုတစ်ယောက် ပိုနားလည်ဖို့ ရလာတဲ့ အခွင့်အရေးတစ်ခုဆိုတာ သိလာပါလိမ့်မယ်။
ဒီအတွက် Men's Guide to Happy Relationship ဆိုတဲ့ Key လေး 3 ခုကို မျှဝေလိုက်ပါတယ်💡
မိန်းကလေးတွေ စိတ်ဆိုးတယ်ဆိုတာ တကယ်တော့ "ငါ့ကို ပိုဂရုစိုက်ပေးပါ" လို့ သွယ်ဝိုက်ပြီး တောင်းဆိုနေတာမျိုးပါ။ အောင်မြင်တဲ့ အချစ်ရေးတစ်ခု တည်ဆောက်ဖို့အတွက် အမျိုးသားတွေဘက်က ဒါလေးတွေ ကြိုးစားကြည့်ရအောင်ပါ။
၁။ "တောင်းပန်ပါတယ်" ဆိုတဲ့ စကားရဲ့ စွမ်းအား (Communication in Love)
ကိုယ်က မှားတာပဲဖြစ်ဖြစ်၊ မမှားတာပဲဖြစ်ဖြစ် "ကိုယ် တောင်းပန်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းက ဘယ်လောက်ပဲ မာကျောတဲ့ နှလုံးသားကိုမဆို ချက်ချင်း အရည်ပျော်စေပါတယ်။ အနိုင်အရှုံး ငြင်းခုန်နေတာထက် သူမရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးလိုက်တာက Healthy Relationship တစ်ခုရဲ့ အစပျိုးခြင်းနည်းလမ်းလေးပါ 🫠
၂။ စိတ်ရှည်လက်ရှည် နားထောင်ပေးသူဖြစ်ပါ (Active Listening)
သူမ ဘာကြောင့် စိတ်ဆိုးရလဲဆိုတာကို ရှင်းပြခွင့်ပေးပါ။ စကားပြောနေချိန်မှာ ကြားဖြတ်မငြင်းဘဲ "အင်း... ကိုယ် နားလည်ပါတယ်" ဆိုတဲ့ အမူအရာလေး ပြသပေးလိုက်ပါ။ (တော်ရုံလေးပြောခိုင်းတာထက် စိတ်ပါလက်ပါလေးရှိဖို့တော့လိုပါတယ်) ဒီလို Effective Communication ရှိခြင်းက အချစ်ရေးကို ပိုမိုခိုင်မြဲစေမှာပါ 😉
၃။ သေးသေးလေးတွေကအစ ဂရုစိုက်ပြပါ (Romantic Gestures)
စကားတွေ အများကြီး ပြောနေရမှာထက် သူမကြိုက်တတ်တဲ့ မုန့်လေး ဝယ်လာပေးတာ ဒါမှမဟုတ် Special Gifts လေးတွေနဲ့ Surprise တိုက်တာမျိုးက "ကိုယ် မင်းကို ချစ်နေတုန်းပဲ" ဆိုတဲ့ သတင်းစကားကို စကားလုံးတွေထက် ပိုထိရောက်စေမှာ အသေအချာပါ 💙
မိန်းကလေးတွေကလည်း သူတို့ချော့လာတဲ့အခါမှာ...
မာနကို ခဏဘေးဖယ်ထားလိုက်ပါ။ သူက ကိုယ့်ကို တန်ဖိုးထားလို့ လာချော့တာဖြစ်တဲ့အတွက် အကြာကြီး စိတ်မဆိုးဘဲ ပြန်လည် နူးညံ့ပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ "နောက်တစ်ခါကျရင် ဒါမျိုး မလုပ်နဲ့ဦးနော်" လို့ သေချာလေး မယ်ဆိုရင် Long-term Relationship လေးကို တည်ဆောက်နိုင်မှာပါနော် 🫶
---
နိဂုံးချုပ် ပြောရရင်တော့ The Gift Gallery's Message က
> ရန်ဖြစ်တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူဖို့ မဟုတ်ဘဲ၊ နှစ်ယောက်ကြားက အဖုအထစ်တွေကို ဖယ်ရှားဖို့ပဲ ဖြစ်ပါစေဆိုတာရယ်
ပြန်ချော့တဲ့အခါ ပါလာတဲ့ နူးညံ့မှုတွေက အရင်ကထက် ပိုခိုင်မြဲတဲ့ သံယောဇဉ်ကို ပိုပြီးပေါက်ဖွားလာစေတယ်ဆိုတာပါပဲရှင် ✨
အချစ်ရေးအကြံပြုချက်လေးတွေ အမြဲဖတ်ရှူဖို့ Page ကို Like and Follow လေးလည်း လုပ်ပေးခဲ့ပါဦးနော် 💚
#အချစ်ရေးအကြံပြုချက်များ #ချစ်သူသက်တမ်းတိုင်မြဲနည်း