Dagon Online Shopping

Dagon Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dagon Online Shopping, Samobor.

28/01/2022

😊🥰🥰

So Out par😊
24/01/2022

So Out par😊

23/01/2022

ဒီနေ့ တမနက်လုံး အော်ဒါ ထိုင်ကောက်နေရတာနဲ့၊😊😊🤯🤗🤗

22-1-2022မှ 12-2-2022ထိ Promotionလေး ရှိပါတယ် တန်တုန်း ဝယ်ထားကြပါနော်ရောင်းရတဲ့ ငွေကို 13-2-2022 အကုန်  လှူမှာမို့😊😊❤️♥️
22/01/2022

22-1-2022မှ 12-2-2022ထိ Promotionလေး ရှိပါတယ် တန်တုန်း ဝယ်ထားကြပါနော်
ရောင်းရတဲ့ ငွေကို 13-2-2022 အကုန်
လှူမှာမို့😊😊❤️♥️

မနက်ဖြန် 3ပုလင်း အော်ဒါရလို့ ရိုက်မို့ရှိသေး🤭 ကျမ အမေက သေချာ ထုပ်ပိုးထားလေရဲ့ ပုလင်းတွေ မကွဲအောင်တဲ့ ကြိုးနဲ့သေချာတုပ်ပြ...
20/01/2022

မနက်ဖြန် 3ပုလင်း အော်ဒါရလို့ ရိုက်မို့ရှိသေး🤭
ကျမ အမေက သေချာ ထုပ်ပိုးထားလေရဲ့ ပုလင်းတွေ မကွဲအောင်တဲ့ ကြိုးနဲ့သေချာတုပ်ပြီးသား၊😁😁😊🥰🥰

ချစ်ခြင်းမေတ္တာကသိပ်သဘောကောင်းတယ်ဘက်လည်း မလိုက်တတ်ဘူးလူမျိုးမရွေး ဘာသာမရွေးနေရာတိုင်းမှာ လူတိုင်းမှာသူရှိတယ်ပေးနေတဲ့ အချ...
19/01/2022

ချစ်ခြင်းမေတ္တာက
သိပ်သဘောကောင်းတယ်
ဘက်လည်း မလိုက်တတ်ဘူး

လူမျိုးမရွေး ဘာသာမရွေး
နေရာတိုင်းမှာ လူတိုင်းမှာ
သူရှိတယ်

ပေးနေတဲ့ အချိန်မှာ
ယူတတ်ရင်တော့
ပိုပြီးတန်ဖိုးရှိတာပေါ့

#မိုးရိပ် ညို

ပျားရည် ပုလင်း တွေ အော်ဒါကျနေပါသည်၊😊🥰🥰
18/01/2022

ပျားရည် ပုလင်း တွေ အော်ဒါကျနေပါသည်၊😊🥰🥰

So Out par,,၊😊🥰🥰
18/01/2022

So Out par,,၊😊🥰🥰

ကြောင်လေးတွေကိုပွေ့ချီနည်းအမှား❌နဲ့အမှန်☑️😾😻
18/01/2022

ကြောင်လေးတွေကိုပွေ့ချီနည်းအမှား❌နဲ့အမှန်☑️😾😻

သင်ကိုယ်တိုင်လုပ်နေမိတဲ့ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အမှားတွေ၁။ အရမ်းပူတဲ့ရေနဲ့ ချိုးခြင်းရေချိုးတဲ့အခါမှာ ရေအရမ်းပူတ...
17/01/2022

သင်ကိုယ်တိုင်လုပ်နေမိတဲ့ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အမှားတွေ

၁။ အရမ်းပူတဲ့ရေနဲ့ ချိုးခြင်း

ရေချိုးတဲ့အခါမှာ ရေအရမ်းပူတာနဲ့ ချိုးတာမျိုး မလုပ်သင့်ပါဘူး။ ရေအရမ်းပူတာနဲ့ ချိုးတဲ့အခါ သင့်အသားအရေကို ခြောက်သွေ့စေပြီး အဆီပြန်စေပါတယ်

၂။ ရေအကြာကြီးချိုးခြင်း

တချို့ဆိုရင် ရေချိုးတာ အရမ်းကြာတာ တွေ့ဖူးကြမှာပါ။ ရေအကြာကြီးချိုးတာဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ရေချိုးရင်အများဆုံး ၁၀ မိနစ်ထက် မပိုသင့်ပါဘူး။

၃။ ရေချိုးဆပ်ပြာခဏခဏ သုံးခြင်း

ရေချိုးနေစဉ် ရေချိုးဆပ်ပြာကို ၂ ခါ ၃ ခါလောက်တိုက်တာဟာ သင့်အသားအရေကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။ ရေချိုးဆပ်ပြာကို အနည်းငယ်နဲ့ သေချာသုံးသင့်ပါတယ်။

၄။ ရေစိုတာကို အရမ်းခြောက်အောင်သုတ်ခြင်း

ရေချိုးပြီးလို့ တဘက်သုတ်တဲ့အခါ အရမ်းခြောက်နေအောင်သုတ်ပေးတာထက် နည်းနည်းလေး စိုစိုပြေပြေ ဖြစ်အောင်၊သုတ်ပေးပါ။ ပြီးရင် Lotion လိမ်းပေးပါ။ အဲလိုလုပ်ပေးရင် သင့်အသားအရေကို စိုပြေစေပါတယ်။

၅။ ရေစိုနေတဲ့ ရေမြုပ်သုံးခြင်းရေချိုးဆပ်ပြာတိုက်တဲ့ ရေမြုပ်ကို သန့်သန့်ရှင်းရှင်းနဲ့ ခြောက်အောင်ထားသင့်ပါတယ်။ ရေချိုးခန်းထဲမှာပဲထားပြီး စိုစိစိဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး။
# credit

ရောင်းလဲရောင်း စားလဲစား၊😁🥰အသည်း နှစ်ထပ်  6လုံးပါ ချောကလက်ဘူးလေးတွေ ရောင်းကောင်းချက်၊😊တဗူး- 3500ks
16/01/2022

ရောင်းလဲရောင်း စားလဲစား၊😁🥰
အသည်း နှစ်ထပ် 6လုံးပါ ချောကလက်ဘူးလေးတွေ
ရောင်းကောင်းချက်၊😊
တဗူး- 3500ks

🍂 #အကောင်းဆုံးယတြာ၂၈ခု၁။ ဝင်ငွေမကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံး ယတြာ။၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟ...
15/01/2022

🍂 #အကောင်းဆုံးယတြာ၂၈ခု

၁။ ဝင်ငွေမကောင်းတဲ့အခါ
ချွေတာသုံးစွဲတာ
အကောင်းဆုံး ယတြာ။

၂။ လမ်းသွားတဲ့အခါ
ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့အတွက်
အကောင်းဆုံး ယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့
ဖက်ပြိုင်ပြီးမငြင်းတာ
အကောင်းဆုံး ယတြာ။

၄။ ဒေါသထွက်စရာ
ကြုံတဲ့အခါ
စိတ်ဖြေသာတဲ့နေရာကို
ရှောင်ထွက်သွားခြင်းဟာ
အကောင်းဆုံး ယတြာ။

၅။ မနာလိုဝန်တို စိတ်ကို
မမွေးအောင်
ကံ ကံရဲ့အကျိုး
လက်ခံနိုင်အောင် ကြိုးစားတာ
အကောင်းဆုံး ယတြာ။

၆။ စိတ်ကောင်းထားခြင်း
ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း
အတွက်
အကောင်းဆုံး ယတြာ။

၇။ အားလပ်ချိန်မှာ
စာဖတ်တဲ့အကျင့်ကို
မွေးမြူခြင်းဟာ
အသိအလိမ္မာ တိုးတက်စေဖို့
အတွက်
အကောင်းဆုံး ယတြာ။

၈။ ကံဆိုးချိန်မှာ
ရတနာသုံးပါးကို အထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည်
အကောင်းတွေရောက်စေဖို့
အတွက်
အကောင်းဆုံး ယတြာ။

၉။ တစ်စုံတစ်ရာ
ကျွေးမွေး ပေးအပ်သူကို
ကျေးဇူးရှင် တစ်ဦးအဖြစ်
မမေ့အပ်တာ
အကောင်းဆုံး ယတြာ။

၁ဝ။ သူ့တာဝန် ကိုယ့်တာဝန်ကို
တိတိက်က် ခွဲခြားပြီး
တာဝန်ကျေပွန်စွာလုပ်တာ
အကောင်းဆုံး ယတြာ။

၁၁။ရှေ့နောက်မြော်မြင်တတ်တဲ့
ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမၼဳ့ကို လိုကၷာတာ
အကောင်းဆုံး ယတြာ။

၁၂။ မရသေးတဲ့ ဥစ်စာကို
အပူတပြင်းမတောင်းတ
မလိုချင်တာ
စိတ်ချမ်းသာစေဖို့ အတွက်
အကောင်းဆုံး ယတြာ။

၁၃။ တတ်နိုင်သလောက်
စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက်
အကောင်းဆုံး ယတြာ။

၁၄။ဘဝအရေးနိမ့်တဲ့ကာလမှာ
စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်
သတိထားမွေးမြူခြင်းဟာ
မိမိမပျက်စီးဖို့အတွက်
အကောင်းဆုံး ယတြာ။

၁၅။ စီးပွားဖြစ်တဲ့အခါ
အောက်ခြေမလွတ်အောင်
သတိတရားနဲ့ နေထိုင်တာ
အကောင်းဆုံး ယတြာ။

၁၆။ ငယ်စဉ်အခါ
ပညာသင်ချိန်မှာ
ပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မက်မက်
ကြိုးစားခြင်းဟာ
နောင်ရေးအတွက်
အကောင်းဆုံး ယတြာ။

၁၇။အခွင့်အလမ်းပေါ်လာတဲ့
အခါ လုံ့လဝီရိယကို
ရှေ့တန်းတင်ပြီး အမိအရ
ဆုပ်ကိုင်လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်
အကောင်းဆုံး ယတြာ။

၁၈။ ဘာကိုမှမစဉ်းစားပဲ
မလုပ်တာမပြောတာ
နောင်မှ နောင်တရတယ်ဆိုတဲ့
အဖြစ်မျိုးကိုမရောက်ဖို့
အတွက်
အကောင်းဆုံး ယတြာ။

၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့
စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာ
နောင် စိတ်ဆင်းရဲစရာ
မကြုံဖို့အတွက်
အကောင်းဆုံး ယတြာ။

၂ဝ။ ဘေးရှိတဲ့စကား
ကြမ်းတမ်းတဲ့စကားကို
မဆိုခြင်းဟာ
နောင်အခါပြဿနာ
အရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့
အတွက်
အကောင်းဆုံး ယတြာ။

၂၁။ သူ့ဘက် ကိုယ့်ဘက်
မျှမျှတတကြည့်တာ
စဉ်းစားတာ လုပ်ကိုင်တာသည်
ရေရှည်လက်တွဲဖို့ အတွက်
အကောင်းဆုံး ယတြာ။

၂၂။ မနိုင်တဲ့ဝန်ကို
မထမ်းတာဟာ
အသက်ရှည်ဖို့အတွက်
အကောင်းဆုံး ယတြာ။

၂၃။ မိမိကိုယ်ကိုအမှန်ရှု့ထောင့်မှ
ဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့် ဘဝခရီးမွာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက်
အကောင်းဆုံး ယတြာ။

၂၄။ ဒေါသကို
အပြင်မထွက်အောင်
ထိန်းနိုင်တာဟာ အစစအရာရာ
ပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံး ယတြာ။

၂၅။ ကျော်ဖြတ်ရတဲ့ဘဝခရီးမှ
အမွားမ်ားကို ဆင်ခြင်သုံးသပ်ပြီး
ချက်ချင်းပြုပြင်သွားတာ
ရှေ့ခရီးချောမောဖို့အတွက်
အကောင်းဆုံး ယတြာ။

၂၆။ အတိတ်ကိုပြန်တွေးပြီးလဲ
မပူဆွေး အနာဂတ်အရေးကို
လှမ်းမျှော်ပြီးလည်းမပူပန်
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး
လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ကိုင်သွားတာဟာ
တိုးတတ်ဖို့အတွက်
အကောင်းဆုံး ယတြာ။

၂၇။ အကောင်းမြင် ဝါဒနဲ့
ဘဝခရီးကိုဆက်ခြင်းဟာ
အကောင်းဆုံး ယတြာ။

၂၈။ကျန်းမာရေးယိုယွင်းစေတဲ့
အပျော်အပါး လိုက်စားမှု့
မူးယစ်ဆေးဝါးနဲ့ အရက်သေစာကို
ရှောင်ရှားတာဟာ
အသက်ရှည်ကျန်းမာစေဖို့
အတွက်
အကောင်းဆုံး ယတြာ။

🍂 နေ့စဉ်
ဒီအချက်ကလေးတွေနဲ့အညီ
ကျင့်ကြံနေထိုင်သွားကြမယ်
ဆိုရင်တော့
ယၾတာဆိုတာ
အထူးချေစရာမလိုပါဘူး"လို့
ပြောချင်ပါတယ် သူငယ်ချင်းတို့။

🍂 ဒါ့ကြောင့်----,,အဖိုးတန်တဲ့
လူသားတစ်ယောက်ဘဝကိုရဖို့
နေ့စဉ်ယတြာချေကြစို့,,

#ကိုးဘွဲ့ရဆရာတော်🙏🏻
to the original creater of photo...

Address

Samobor

Telephone

+959448129008

Website

Alerts

Be the first to know and let us send you an email when Dagon Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share