Daw wine lay

Daw wine lay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw wine lay, Beauty Store, .

အမျိုးသမီးများအတွက် ကျင့်ဝတ်များ၁။ အထက်တန်းကျကျ နေထိုင်ပါ။၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။၃။ လျှို့ဝှက်ချက်တ...
01/02/2021

အမျိုးသမီးများအတွက် ကျင့်ဝတ်များ

၁။ အထက်တန်းကျကျ နေထိုင်ပါ။

၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို ပူးကပ်ထိုင်ပါ။

၃။ လျှို့ဝှက်ချက်တွေကို ထိန်းပါ။

၄။ ပြုံးပါ။

၅။ ကောလဟာလစကား၊ အတင်းအဖျင်းစကားတွေ မပြောပါနဲ့။

၆။ သင့်ကိုယ်သင် လေးစားပါ။

၇။ သူ့နေရာနဲ့သူ လိုက်ဖက် ဝတ်စားဆင်ယင်ပါ။

၈။ မထိုက်တန်တဲ့အချစ်ကို လက်မခံထားပါနဲ့။

၉။ သင့်ခန္ဓာကိုယ်ကို ချစ်ပါ။

၁ဝ။ အိနြေ္ဒရရ ဝတ်စားဆင်ယင်ပါ။

၁၁။ မူးယစ်သောက်စားခြင်းကို ရှောင်ပါ။

၁၂။ အပြောင်းအလဲတွေကို လက်ခံပါ။

၁၃။ ဘဝသင်ခန်းစာတွေကို လက်ခံပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက် သင့်ကိုယ်သင် မနှိမ့်ချပါနဲ့။

၁၅။ အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ။

၁၆။ သင့်ရဲ့အားနည်းချက်တွေကို သိထားပါ။

၁၇။ သင့်ကိုယ်သင် ယုံကြည်ပါ။

၁၈။ သင့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ။

၁၉။ ပြင်ပြင်ဆင်ဆင်နေပါ။

၂ဝ။ သင့်တန်ဖိုးကို ယောက်ျားတစ်ယောက်က သတ်မှတ်ခွင့်မပေးပါနဲ့။

၂၁။ ဘယ်သူ့ကိုမှ သင်နဲ့ မနှိုင်းယှဉ်ပါနဲ့။

၂၂။ သင့်ကိုယ်သင် ဦးစားပေးပါ။

၂၃။ကိုယ့်ကိုကိုယ် တန်ဖိုးထားတက်ပါစေ


ဗဟုသုတစာပေများကိုဖတ်ရှုလိုပါက👤"Face Book''အကောင့်လေးကို [အပ့်] ထားနိုင်ပါတယ် စာဖတ်မိတ်ဆွေများအားလုံး ေလးစာလျှက် 🙏‼ စာပေများကို လွတ်လွပ်စွာ Share copy မျှဝေနိုင်ပါတယ် 📖💙

အရမ်းကြိုက်လို့ ဖတ်ကြည့်စေချင်တယ်...သူ့နေရာနဲ့သူ____________________ငွေဆိုတာ ………သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့်မသုံးတတ်ရ...
27/01/2021

အရမ်းကြိုက်လို့ ဖတ်ကြည့်စေချင်တယ်...
သူ့နေရာနဲ့သူ
____________________
ငွေဆိုတာ ………

သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့်
မသုံးတတ်ရင် ငွေက ကိုယ့်ကို
ပြန်နှိပ်စက် ဘဝပါပျက်တယ် ။

အပျော်ဆိုတာ ………

ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင်
စိတ်ကို ကြည်လင်လန်းဆန်းပေမယ့်
အတိုင်းအတာ တစ်ခုထက် အပျော်ကြူးရင်း နာမည်ပါပျက်
ဘဝပါပျက်တယ် ။

အပြုံးဆိုတာ ……

ပြုံးတာနှစ်လို့ဖွယ် ကောင်းပေမယ့်
သူတစ်ပါး ဝမ်းနည်းနေချိန်
ဒုက္ခရောက်နေချိန် ပြုံးမိရင်
အမုန်းခံ အထင်လွဲခံရတယ် ။

နာကျည်းတယ်ဆိုတာ ……

နာကျည်းတာကြောင့် မခံချင်စိတ်နဲ့
ကြိုးစားအလုပ် လုပ်ရင်
ဘဝအောင်မြင်မှုတွေ ရရှိပေမယ့်
နာကျည်းတဲ့အတွက်ကြောင့်
ဂလဲ့စားချေတဲ့ စိတ်ထားရင်း
ပူလောင်ရတယ် ။

လုပ်ငန်းဆိုတာ ……

မိမိဘာ့ကြောင့် မအောင်မြင်ရတာလဲဆိုတာ
အဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်း
ကံကြမ္မာ အပြစ်ပုံချရင်
အကျင့်ပါသွားတတ်တယ် ။
ကံပေးပေမယ့် ဥာဏ်မပါရင်
ချမ်းသာဖို့ နည်းပါတယ် ။

ပေးကမ်းတယ်ဆိုတာ ………

စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ်
အပေးမတတ်ရင် မိမိကွယ်ရာမှာ
မိမိက ငပေါကြီးလိုလို
အမြှောက်ကြိုက်ကြီးလိုလို
ဖြစ်တတ်တယ် ။

သည်းခံတယ်ဆိုတာ ………

အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။
မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကို
ပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့
လိုတယ် ။

လဲကျတယ်ဆိုတာ ………

စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင်
အရာအားလုံးဆုံးရှုံးရတယ် ။
ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့
လိုတယ် ။

ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။
သင့်ရဲ့ ဖူးစားအစစ်အမှန်
မဟုတ်သေးလို့ပါပဲ ။

လုပ်ငန်းမှာ အတိုက်အခံရှိနေလို့
စိတ်ဆိုး ဒေါသထွက်မနေပါနဲ့ ။
သင်ကြိုးစားချင်အောင် အမြင့်ဆုံး
တွန်းပိုးတဲ့သူလို့ မှတ်ယူလိုက်ပါ ။
တချို့ အတိုက်အခံတွေကြောင့်
သင်ပိုကြိုးစားဖြစ်တယ် ။

လူရယ်လို့ ဖြစ်လာရင်
ဘယ်အရာမှ အရှုံးမပေးပါနဲ့ ။
ကြိုးစားရင် အမြတ်ပါပဲရှင် ။

* * * * * * * *
Credit

👄🗣ပါးစပ်နဲ့ လူမသတ်ပါနဲ့🙅‍♂️ 🙄ကိုယ်မသိတဲ့သူတပါးရဲ့နောက်ကွယ်က အကြောင်းအရာတွေကို မဝေဖန်ပါနဲ့🙅‍♂️🙅‍♂️ 🕵️‍♀️မြင်နေတွေ့နေတာကို...
27/01/2021

👄🗣ပါးစပ်နဲ့ လူမသတ်ပါနဲ့🙅‍♂️

🙄ကိုယ်မသိတဲ့သူတပါးရဲ့နောက်ကွယ်က အကြောင်းအရာတွေကို မဝေဖန်ပါနဲ့🙅‍♂️🙅‍♂️

🕵️‍♀️မြင်နေတွေ့နေတာကို အမှန်တရားလို့✅ တထစ်ချမယုံကြည်ပါနဲ့ 🙅‍♂️🙅‍♂️

👱‍♀️လူဆိုတာ ဟန်ဆောင်ခြင်းတွေနဲ့
ရပ်တည်နေတာ သိထားပါ👌

😎ပြဿနာသေးသေးကို အကြီးကြီးဖြစ်အောင် မချဲ့ကားချင်ကြပါနဲ့🙅‍♂️🙅‍♂️

👉🙎ကိုယ့်ကြောင့်လူတစ်ဖက်သားနာကျင်သွားမလားဆိုတာ 🤔အရင်တွေးကြည့်ပါ

🙅‍♂️ဘယ်လိုအကြောင်းမျိုးနဲ့မှ
သူတပါးရဲ့ 🗣ကိုယ်ကျင့်သိက္ခာကို မဝေဖန်ပါနဲ့ 🙅‍♂️

👉🙎👈သူနေရာမှာကိုယ်သာ 😞
ဆိုရင်ဆိုတဲ့အတွေတွေးပါ👌


❌ကောက်ကျစ်ယုတ်မာမှုဆိုတာ
ဘယ်လောက်ဖုံးကွယ်ထားပါစေ
တစ်ချိန်ချိန်တော့ ပေါ်လာမှာပါဘဲ☺

🗣သူတပါးပြောတိုင်း 👂မယုံပါနဲ့ ❌
ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်တတ်တဲ့
ဥာဏ်ပညာနဲ့ သုံးသပ်ဝေဖန်ပြီးမှ လက်ခံပါ ကိုယ့် ဘဝကို ကိုယ်ကိုယ်တိုင် ယုတ်ညံ့တဲ့နွံထဲ ဆွဲမချပါနဲ့။

Credit to Original Writer

" #မျှော်ထားသလိုဖြစ်မလာတဲ့အခါသတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပါ ။တစ်ခါက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးတစ်ယောက်ရှိသတဲ့ ။ အဲ့အမတ်ကြ...
03/01/2021

" #မျှော်ထားသလိုဖြစ်မလာတဲ့အခါသတိရမိတဲ့ပုံပြင်လေးတစ်ပုဒ်ပါ ။

တစ်ခါက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးတစ်ယောက်ရှိသတဲ့ ။ အဲ့အမတ်ကြီးကို ဘုရင်ကြီးက သူဆုံးရှုံးတဲ့အရာတွေတိုင်ပင်လိုက်တိုင်း..." ပိုကောင်းဖို့ဖြစ်လာတာပါဘုရား.." ဆိုပြီးလျှောက်တင်လေ့ရှိသတဲ့ ။ သူဘက်က ရပ်တည်လေမလားဆိုပြီး ပြောမိတဲ့ဘုရင်ကြီးက ဒီစကားကို ဘယ်ကျေနပ်ပါ့မလဲလေ...

တစ်နေ့တော့ တောကစားထွက်ချိန် အဖွဲ့ကွဲပြီး ဘုရင်ကြီးနဲ့ အမတ်ကြီး နှစ်ယောက်တည်းဖြစ်သွားသတဲ့ ။ အဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ဘုရင်ကြီးရဲ့ လက်သန်းလေးပြတ်သွားသတဲ့ ။ အမတ်ကြီးကတော့ ထုံးစံအတိုင်း..." ပိုကောင်းဖို့ဖြစ်လာတာပါဘုရား..." လို့လျှောက်တင်သတဲ့ ။

အရင်ကတည်းက အမတ်ကြီးရဲ့စကားကို မကျေနပ်တဲ့ ဘုရင်ကြီးက ဒဏ်ရာကလည်းနာ ဒေါသလည်းဖြစ်နေတာမို့အမတ်ကြီးကို ချောက်ထဲကို ကန်ချလိုက်သတဲ့...။

နောက်တော့...ဘုရင်ကြီးတစ်ပါးတည်းတောထဲဆက်သွားရင်း လူရိုင်းတွေရဲ့ဖမ်းဆီးခြင်းခံရသတဲ့ ။ လူစိမ်းဆို သတ်ဖြတ်ပြီး ယဇ်ပူဇော်လေ့ရှိတဲ့ လူရိုင်းတွေလည်း ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ ပြင်ဆင်တာပေါ့ ။

သနားစရာ ဘုရင်ကြီးလည်း အသတ်ခံရမှာမို့ အရမ်းကြောက်နေတာပေါ့ ။ အဲ့အချိန်မှာ လူရိုင်းတစ်ယောက်က ဘုရင်ကြီးပာ လက်သန်းပြတ်နေတဲ့အတွက် ယဇ်ပူဇော်ဖို့ မဖြစ်နိုင်ကြောင်းပြောသတဲ့ ။ ဘုရင်ကြီးကိုလည်းလွှတ်ပေးလိုက်သတဲ့ ။

သေဘေးကလွတ်လာတဲ့ ဘုရင်ကြီးပာ ချောက်ထဲထိမကျဘဲ ကမူလေးတစ်ခုမှာတင်ကျန်ပြီး အသက်မသေတဲ့အမတ်ကြီးကို ပြန်တွေ့တော့ အရမ်း၀မ်းသာမိသတဲ့ ။ နှစ်ဦးသား သေဘေးကလွတ်လာပုံတွေကို အားပါးတရပြောကြတာပေါ့ ။

ထုံးစံအတိုင်း...." ပိုကောင်းဖို့ဖြစ်လာတာပါဘုရား..." ဆိုတဲ့ အမတ်ကြီးစကားကို ဒီတစ်ခါတော့ ဘုရင်ကြီးစိတ်မဆိုးတော့ဘူး ။ ဘာဖြစ်လို့ ဒီစကားကိုပြောတာလဲ ဆိုတာကိုလည်းမေးသတဲ့ ။

အမတ်ကြီးက......ဘုရင်ကြီး လက်သန်းပြတ်နေလို့ ယဇ်ပူဇော်တဲ့ဘေးကလွတ်လာတာဖြစ်ကြောင်း
...အမတ်ကြီးလည်း ချောက်ထဲအကန်ချမခံရရင် ယဇ်ပူဇော်ခံရမယ့်သူပာ ခြေလက်အင်္ဂါစုံတဲ့ အမတ်ကြီးဖြစ်လာနိုင်ကြောင်း..ရှင်းပြသတဲ့ ။

လောကမှာ လူတိုင်း အကောင်းအဆိုးတစ်လှည့်စီ ခံစားနေရတာပါ ။ ဒါပာ လောကနိယာမပါ ။ ငါ့ကျမှ ဆိုးတာတွေဖြစ်နေတယ် ဆိုပြီးဒေါသမဖြစ်ပါနဲ့ ။ ဘယ်လိုအဆိုးပဲဖြစ်ဖြစ် " ပိုကောင်းဖို့ဖြစ်လာတာပါ..." လို့ တွေးကြည့်ပါ ။ ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေတိုးပွားလာပါလိမ့်မယ် ။

စကားတစ်ခု ကြားဖူးပါတယ် ။
" အခုကြုံနေရတဲ့ ဒုက္ခဆိုတာ...နောင်တချိန်အတွက် ပာသပါ..." တဲ့ ။

ကဲ...အားလုံးပဲ..
F I G H T I N G.....

⚖️ ဟန်ချက် ညီဖို့လိုတယ် ⚖️✔ အလိုမကျတိုင်း ရန်ရှာနေရင်      လူမိုက် ဖြစ်သွားလိမ့်မယ်။✔ စိတ်ညစ်တိုင်း အရက်သောက်နေရင်      ...
24/12/2020

⚖️ ဟန်ချက် ညီဖို့လိုတယ် ⚖️

✔ အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက် ဖြစ်သွားလိမ့်မယ်။

✔ စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမား ဖြစ်သွားတတ်တယ်။

✔ အခက်အခဲတွေ့တိုင်း ညည်းတွားနေရင်
အောင်မြင်မှုဆိုတဲ့လမ်း
ပျောက်သွားတတ်တယ်။

✔ အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။

✔ အကောင်းမြင်စိတ် ထားတာပါဆိုပြီး
မကောင်းတာကို
အကောင်းလုပ်ပြောနေရင်လည်း
ငပေါကြီး ဖြစ်တတ်တယ်။

✔ ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို
ဖုံးကွယ်ထားပြန်လည်း
“မတရားသောဘက် လိုက်သူ" လို့
ပြောခံရလိမ့်မယ်။

✔ ငါလုပ်ဖို့ စောနေသေးတယ်,
အချိန်အများကြီး ကျန်ပါသေးတယ်လို့
တွေးနေရင်လည်း
နောက်ကျသွားတတ်တယ်။

အရာရာဟာ နောက်ကျသွားပြီ,
ဘာမှမလုပ်နိုင်ဘူးလို့
ခံယူလိုက်တာကလည်း
ဘဝကို အရှုံးပေးလိုက်ရာ ကျတယ်။

✔ ဘဝဆိုတာ
ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင်
ပျော်ရွှင်မှုကို ရှာတွေ့မှာ
မဟုတ်ပြန်ပါဘူး။

✔ အရာရာဟာ
ငါ့အတွက်ချည်းပဲဆိုရင်လည်း
အတ္တကြီးရာ ကျတာပေါ့။

အရာရာဟာ
ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲ ရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။

✔ ဘဝဆိုတာ တစ်စုံတစ်ယောက်က
သတ်မှတ် ပြဋ္ဌာန်းပြီးသား,
ဒါမှမဟုတ် အတိတ်ကံကသာ
ချယ်လှယ်နေတယ်လို့ ယူဆလိုက်ရင်
ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။

✔ ဘဝပျက်တယ် ယူဆရင်တော့
ကံ,ကံ၏အကျိုး ပယ်ရာကျပြီး
တစ်ဘဝစာအတွက်
မလုပ်သင့်တာတွေ
လုပ်မိသွားလိမ့်မယ်။

✔ သူများပြောတိုင်း ယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။

ငါမြင်ရ,ငါတွေ့ရမှ,
ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း
ကိုယ့်အဖေအမေတောင်
ဟုတ်ပါ့မလား" လို့
သံသယ ဝင်သွားနိုင်တယ်။

✔ ခန္ဓာကြီးက
ဘာမှမဟုတ်ဘူး,
မုန်းစရာကြီးပါဆိုပြီး
မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ
ပစ်စလက်ခတ် နေလိုက်ရင်လည်း
ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။

✔ ခန္ဓာကြီး တွယ်တာ,မက်မောပြီး
အိုဟောင်းသွားတာတွေကို နှမြော
နေပြန်ရင်လည်း
စိတ်သောက ဖိစီးပါလိမ့်မယ်။

🗝 သော့လေးတစ်ချောင်း ရှိတယ်
အဲ့ဒီ သော့လေးနာမည်က
အလယ်အလတ်လမ်းစဉ်" တဲ့။

✔ တကယ်တော့ ခန္ဓာကိုယ်ကြီးကို
မုန်းတီးနေရမှာ, ရွံရှာနေရမှာ မဟုတ်ပါဘူး
စွဲလမ်းနေရမှာလည်း မဟုတ်ပါဘူး။

ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး
သူ့သဘော သူဆောင်နေတာလေးတွေ
ရှု့မှတ်ပြီး

အမြဲ မရှိနိုင်ပါလားလို့
မြင်တတ်တာကမှ
ဉာဏ်အလင်းပါ။

✔ ဘဝပျက်တယ်, ဆက်တယ်ဆိုပြီး
တထစ်ချကြီး အစွန်းရောက်မနေပါနဲ့။

✔ အတိတ်နဲ့ အနာဂတ်ကြားက
ပစ္စုပ္ပန်မှာသာ ကောင်းအောင်လုပ်ပါ၊

အဲ့ဒီ့အခါ
ကျန်ခဲ့တဲ့အတိတ်လည်း ကောင်းပြီး
နောင်လာမယ့် ပစ္စုပ္ပန်အလောင်းအလျာ
အနာဂတ်ကလည်း လှပနေမှာပါ။

✔ သူများပြောတိုင်း
ခေါင်းငြိမ့်နေဖို့ မလိုသလို
ငါမဟုတ်ဖူးဆိုပြီး
ခေါင်းခါဖို့ချည်းပဲ မလိုပါဘူး။

✔ အကြောင်းအကျိုးတွေ
ဝေဖန်ဆန်းစစ်ပြီး
ဟုတ်နိုင်သည်/မဟုတ်နိုင်သည်
ဆုံးဖြတ်ပါ။

“အရာရာဟာ
ငါ့အတွက် သူ့အတွက်ပါလား" လို့
မြင်တတ်ပါစေ။

✔ တရားသေ သတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင်,
အထောက်အပံ့မရှိတာ မဟုတ်ပြန်ပါဘူး။

ပြုပြင်ပြောင်းလဲလို့ ရတယ်ဆိုတာ
နားလည်ပေးပါ။

✔ နောက်ကျနေပြီ စောနေသေးတယ်
မသတ်မှတ်ပါနဲ့ ၊
ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။

✔ ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့ ၊
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့၊

ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို
ထောက်ပြဝေဖန် ပြုပြင်ပေးပါ။

✔ အခက်အခဲ တွေ့တိုင်း
စိတ်ပျက်အားလျော့စရာမလိုသလို၊
“ အခက်အခဲကိုလည်း
အခက်အခဲ မဟုတ်ပါဘူး" ဆိုပြီး
ပေါ့လျော့လို့ မရပြန်ပါဘူး။

အခက်အခဲကို
ဘယ်လိုကျော်လွှားရမလဲ,
ဖြေရှင်းဖို့လုပ်တာက
အသင့်တော်ဆုံးပါ။

✔ အလိုမကျတိုင်း ရန်ရှာနေလို့
အလိုမကျမှုကို အောင်နိုင်မှာ
မဟုတ်ပါဘူး။

အလိုမကျမှုကို သည်းခံတတ်မှ
ငြိမ်းချမ်းမှုဆိုတဲ့
အောင်မြင်မှုကို ရရှိမှာပါ။
ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။

အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ
သတိထားမိပါစေ...။

Credit
အလွမ်း ရက်တွေ လွန်ပါစေ

ယုံကြည်မှုဆိုတာ ဖန်ခွက်တစ်ခုလိုပါပဲတစ်ခါ ကြကွဲ သွာရင် ဘယ်လိုပဲ ကြိုးစားပြီးပြန်ဆက်ပြန်ဆက်အကောင်းအတိုင်းပြန်မရနိုင်တာမို့...
02/10/2020

ယုံကြည်မှုဆိုတာ
ဖန်ခွက်တစ်ခုလိုပါပဲ
တစ်ခါ ကြကွဲ သွာရင်
ဘယ်လိုပဲ ကြိုးစားပြီးပြန်ဆက်ပြန်ဆက်
အကောင်းအတိုင်းပြန်မရနိုင်တာမို့
ယုံကြည့်မှုကို တန်ဖိုးထားရင်း
ဘဝ ကို ရိုးသားစွာရှင်သန်နိုင်ကြပါစေ🙏☺

13/09/2020

Address


Website

Alerts

Be the first to know and let us send you an email when Daw wine lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share