Sure - thandar myo

  • Home
  • Sure - thandar myo

Sure - thandar myo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sure - thandar myo, Shopping & retail, .

29/04/2024

မိတ်ဖုထွက်တဲ့ကလေးငယ်
••••••••••••••••••••••••••

နွေရာသီမှာ ပူပြင်းလွန်းတာကြောင့် ကလေးတွေမှာ မိတ်ဖုတွေထွက်လာတယ် ဘာလိမ်းပေးရမလဲဆိုပြီးမေးကြပါတယ်။ ဒါကြောင့် မိတ်ဖုဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းလေးရေးသားပေးချင်ပါတယ်။

🌿မိတ်ဖုဘာကြောင့် ဖြစ်ရသလဲ?

မိတ်ဟာ ပူနွေးပြီးစိုစွတ်တဲ့ရာသီဥတုမှာ အဖြစ်များပါတယ်။ ရာသီဥတုအလွန်ပူတဲ့အခါ ချွေးထွက်များလာပါတယ်။ အရေပြားမှာရှိတဲ့ ချွေးဂလင်းတွေကနေ ထွက်လာတဲ့ ပြွန်လေးတွေမှာ ချွေးထွက်များလွန်းတာကြောင့် ပိတ်သွားပါတယ်။ ဒီအခါ ချွေးတွေဟာ ပတ်ပတ်လည်က တစ်ရှူးတွေဆီပျံ့သွားပါတယ်။ ဒီအခါမှာ Irritation လို့ခေါ်တဲ့ မတည့်သလိုပြဿနာဖြစ်လာပါတယ်။ အရေပြားကို စမ်းကြည့်တဲ့အခါ အဖုဖုလေးတွေကိုထိတွေ့မိနိုင်ပါတယ်။

🌿ဘယ်နေရာတွေမှာအဖြစ်များလဲ?

▪️ကျောကုန်း
▪️ဗိုက်
▪️လည်ပင်း
▪️ရင်ဘတ်အပေါ်ပိုင်း
▪️ပေါင်ကြား
▪️ချိုင်းတို့မှာအဖြစ်များပါတယ်။

🌿မိတ်ဖုဖြစ်ရင်ဘယ်လိုကုသမလဲ?

ကုသနည်း standard treatment ရယ်လို့တော့မရှိပါဘူး။ ချွေးထွက်များပြီး အစိုပြန်လွန်းလို့ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာအေးမြသွားရင်သက်သာပါတယ်။
ကလေးတွေမှာ မိတ်ဖြစ်တဲ့အခါ ရေပုံမှန်ချိုးပေးပါ။ အဝတ်အစားကို ပွပွနဲ့ လေဝင်လေထွက်ကောင်းတာဝတ်ပေးပါ။ တတ်နိုင်သလောက် မကုတ်မိအောင် တားပေးပါ။ ကုတ်ရင် အသားပဲ့ပြီး ပိုးဝင်တတ်ပါတယ်။ မယားအောင် Calamine Lotion လိမ်းပေးနိုင်ပါတယ်။ Hydrocortisone 1% Cream ကိုတော့ ဆရာဝန်ညွှန်ကြားပါက လိမ်းနိုင်ပါတယ်။ မိမိသဘောနဲ့မိမိတော့မလိမ်းသင့်ပါ။ ပန်ကာ/အဲကွန်းနဲ့နေခြင်း၊ လေဝင်လေထွက်ကောင်းအောင်ထားပေးခြင်းတို့ကလည်း မိတ်ကိုသက်သာစေပါတယ်။

ချွေးပေါက်ပိတ်စေတဲ့

▪️ပေါင်ဒါ
▪️Ointment
▪️အနံ့ပါတဲ့Lotionများ
▪️Petroleum နဲ့ Mineral Oils ပါတဲ့ Lotion များကိုရှောင်ပေးပါ။

🌿ဘယ်အခြေအနေမှာ ဆေးခန်းပြမလဲ?

▪️တစ်ပတ်ကျော်တဲ့အထိမပျောက်ရင်
▪️မိဘကိုယ်တိုင်ကစိုးရိမ်ရင်
▪️ပိုးဝင်တဲ့လက္ခဏာများ ( ဥပမာ - ဖျားခြင်း၊ မိတ်ဖုပတ်ဝန်းကျင်မှာ နီရဲရောင်ရမ်းနေခြင်း၊ ပြည်တည်ခြင်း) များရှိရင် ဆေးခန်းပြရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

#ကလေး
#မိတ်ဖု
#မိတ်

မဂ်လာ ည​နေခင်း​လေးပါ 🙂🙂🙂အမြဲဆန်း​နေတဲ့ ဒီဇိုင်း လန်း​လေး​တွေ​ရောက်ပါပြီ​နော်💓💓💓
06/09/2020

မဂ်လာ ည​နေခင်း​လေးပါ 🙂🙂🙂
အမြဲဆန်း​နေတဲ့ ဒီဇိုင်း လန်း​လေး​တွေ​ရောက်ပါပြီ​နော်💓💓💓

အင်း​လေးအဆင်ချည်သား​ဖောင်းကြွ​လေးကာလာ ၆ ​ရောင် ​ရှိပါ​သေးတယ်​နာ်ဝတ်လို့ အရမ်း​ကောင်းတဲ့အသား​ကောင်း​လေးပါကိုယ်တိုင် ဝတ်ပြ...
04/09/2020

အင်း​လေးအဆင်
ချည်သား​ဖောင်းကြွ​လေး
ကာလာ ၆ ​ရောင်
​ရှိပါ​သေးတယ်​နာ်
ဝတ်လို့ အရမ်း​ကောင်းတဲ့အသား​ကောင်း​လေးပါ
ကိုယ်တိုင် ဝတ်ပြီးမှ ညွှန်းတာပါ​နော် 🙂

ရောက်ပါပြီ​နော်New
28/08/2020

ရောက်ပါပြီ​နော်
New

28/08/2020
အလန်း​လေး အဆန်း​လေး​တွေ ​ပါလာပြန်ပြီ​နော်
18/08/2020

အလန်း​လေး
အဆန်း​လေး​တွေ ​ပါလာပြန်ပြီ​နော်

Today Arrive
09/08/2020

Today Arrive

Address


Website

Alerts

Be the first to know and let us send you an email when Sure - thandar myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Shop?

Share