29/11/2024
Airfryer ထဲ မှာ ထည့်သွင်းအသုံးပြုနိုင်သော ပစ္စည်းများ။
၁။ #ကြွေထည်ပစ္စည်းများ / ⭐⭐⭐⭐⭐
==============================
- ကြွေ ထည်ပစ္စည်းတွေ က မြေစေး ကနေအခြေခံ ပြီး
ပြုလုပ်တဲ့ အတွက် အပူဒဏ်ကို ခံနိုင်ရည် ရှိပါတယ်။
- ကြွေ ထည်ပစ္စည်းတွေ ဟာ လျှပ်ကာ / လျှပ်ခံ ပစ္စည်းများ
ဖြစ်ကြပါတယ်။
- အပူချိန် ကြောင့် ဒြပ်တိုး ခြင်း၊ အအေး ကြောင့် ဒြပ်တိုး ခြင်း
မရှိသည့်အတွက် ကျန်းမာ ရေးအတွက် သင့်တော်သော ပစ္စည်းဖြစ်သည်။
- ကြွေပန်းကန် ၊ ကြွေပန်းကန်လုံး ၊ ကြွေခွက် စသည့် တို့ကို
Airfryer ထဲ တွင် ထည့်သွင်းအသုံးပြုနိုင်သည်။
⚠ Airfryer တွင်းမှ ပြန်လည် ထုတ်ယူချိန် တွင်
အအေးခံပြီးမှသာထုတ်ယူရန်⚠
၂။ #ဖန်ထည်ပစ္စည်းအထူ / ⭐⭐⭐⭐⭐
===============================
- ဖန်ထည် ပစ္စည်း အထူ တွေ ဟာ လည်း ကျန်းမာရေး အရ
ဘေးကင်းလုံခြုံပြီး Airfryer ၏ အပူချိန် 200° ကို ကောင်းမွန်စွာ ခံနိုင်ရည် ရှိပါသည်။
- ဖန်ထည် ပစ္စည်း အထူ တွေ ဟာ အပူချိန်ကြောင့် / အအေးကြောင့် ဒြပ်တိုး ခြင်း မရှိသည့်အတွက် အသုံးပြုရန်သင့်တော်ပါသည်။
❎ ဖန်ထည်အပါးများကိုထည့်သွင်းအသုံးမပြုရ ❎
၃။ Steel / စတီးပစ္စည်းများ ⭐⭐⭐⭐⭐
========================================
- စတီး ပစ္စည်းတွေ က အပူချိန် မြင့်မားမှုကိုခံနိုင်ပြီး
သန့်ရှင်းရေးလုပ်ဆောင်ရမှာလည်းလွယ်ကူ ပါတယ်။
- အစားအသောက် အတွက်ထုတ်လုပ်ထားတဲ့
စတီးပစ္စည်းတွေ ကို အသုံးပြု ခြင်း က ပိုကောင်းမွန်စေပါတယ်။
- စတီး ပစ္စည်း များ သည် အပူချိန်ကြောင့်
ဒြပ်တိုးခြင်း မရှိသည့်အတွက် ကျန်းမာရေးအတွက်အဆင်ပြေပါသည်။
၄။ ္စည်းများ / ⭐⭐⭐⭐⭐
===============================
- Silicon ပစ္စည်းတွေ ကို အစားအသောက် အချက် အပြုတ် နှင့်ဆိုင်သည့် မီးဖိုချောင်သုံးပစ္စည်းများ တွင် အသုံးပြုနိုင်သည်။
- Silicon သည် ကျန်းမာရေးဆိုင်ရာ အတွက်ဘေးကင်းလုံခြုံသည်။
- အပူချိန် ကို 230° C အထိ ခံ နိုင်ပြီး အပူကြောင့်
ဒြပ်တိုး ပြောင်းလဲခြင်းမရှိပါ။
- Health Canada ကျန်းမာရေးအဖွဲ့အစည်းမှဖော်ပြချက်
" Silicon မီးဖိုချောင်သုံး ပစ္စည်း များတွင် ကျန်းမာရေးဆိုင်ရာအန္တရယ် မရှိ ပါ " ဟု.ဖော်ပြထားပါသည်။
၅။ Foil / ခဲပတ် / ⭐⭐⭐⭐
==================================
- Aluminium ခဲပတ် များ ကို Airfryer တွင်း ထည့်သွင်းအသုံပြုနိုင်သည်။
-⚠ ထည့်သွင်းအသုံးပြုသည့် အခါ ခဲပတ်ကို
လေးလံသော အရာများဖြင့် ဖိထားရမည်။ ⚠
- ခဲ ပတ် သည် Airfryer ၏ အပူချိန် ကို ခံနိုင်ပြီး
ဒြပ်တိုး ခြင်း မရှိသည့်အတွက် အသုံးပြုရန် အဆင်ပြေပါသည်။
- Ref: Food Network Kitchen
၆။ #ဆီခံ စက်ကူ / Parchment Paper / ⭐⭐⭐⭐
======================================
- ဆီခံစက္ကူ တွေ က AirFryer များအတွက်
အထူးထုတ်လုပ်ထားသော စက္ကူ ဖြစ်ပြီး
အပူချိန် 230°C အထိ အပူခံနိုင်ပါသည်။
- သဘာဝ ကုန်ကြမ်းပစ္စည်း ဖြစ်လို့ ကျန်းမာရေးဆိုင်ရာ အတွက်
ဘေးကင်းလုံခြုံ စိတ်ချရပါတယ်။
- အစားအသောက် ဆိုင်ရာ Food Grade အဆင့်
ဆီခံစက္ကူ များကို အသုံးပြုပါ။
- ဆီခံစက္ကူ ကို အသုံးပြုသည့်အခါ
ဆီခံစက္ကူ အတွင်း ၌ ထည့်သည့် အရာဝတ္ထုတွေသည်
လေးလံသော ပစ္စည်း များကို ထည့်သွင်းအသုံးပြုရပါမည်။
❎ အတွင်း အသုံးပြုရန်မသင့်သောပစ္စည်း ❎
======================================
-❎ Plastic ပစ္စည်း များ❎
-❎ ဖော့ ပစ္စည်း များ❎
-❎ ကော်ပစ္စည်းများ
Credit #