Nan’s Travel Diary

Nan’s Travel Diary ✈️🌍✨🍀Nan's Vlog ✨🍀🌍✈️
JJ Fashion Online Shopping

25/06/2025

**အနာဂတ်ရဲ့ အသံအတွေ့အကြုံကို ERAZER AI နားကျပ်နဲ့ ရယူလိုက်ပါ!🎧**ERAZER AI နားကျပ်သစ်နဲ့ သင့်ဘဝကို ပိုမိုစမတ်ကျစေမှာပါ။ န...
20/05/2025

**အနာဂတ်ရဲ့ အသံအတွေ့အကြုံကို ERAZER AI နားကျပ်နဲ့ ရယူလိုက်ပါ!🎧**

ERAZER AI နားကျပ်သစ်နဲ့ သင့်ဘဝကို ပိုမိုစမတ်ကျစေမှာပါ။ နောက်ဆုံးပေါ် AI နည်းပညာဖြစ်တဲ့ **AI Chart Mode** နဲ့ သင့်နားထောင်မှုကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီး ဘာသာစကား 130 ကျော်ကို အလွယ်တကူ ဘာသာပြန်ပေးနိုင်တဲ့ စွမ်းရည်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကို ခံစားလိုက်ပါ။

✨ **အဓိကအင်္ဂါရပ်များ**

- ဘာသာစကား 130 ကျော်ကို အချိန်နဲ့တပြေးညီ ဘာသာပြန်ပေးနိုင်မှု
- စတိုင်ကျလှပတဲ့ ဒီဇိုင်း
- အားအမြန်ဖြည့်နိုင်ပြီး ဘက်ထရီသက်တမ်းကြာရှည်ခံမှု (100% အားပြည့်ဖို့ အချိန်သက်သာ)
- AI နည်းပညာဖြင့် အသံပိုမိုရှင်းလင်းပြတ်သားမှု
- ဖုန်းနဲ့အလွယ်တကူချိတ်ဆက်နိုင်မှု

ဂီတနားထောင်တာ၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတာ၊ ဒါမှမဟုတ် အေးဆေးအနားယူချင်တဲ့အချိန်မှာ ERAZER AI နားကျပ်က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ အခုပဲ မှာယူပြီး နည်းပညာရဲ့ အဆန်းတကြယ်ကို ခံစားလိုက်ပါ။

📦 **အခုမှာယူလိုက်ပါ** – ဘာသာစကားအတားအဆီးမရှိတဲ့ အနာဂတ်အသံလှိုင်းတွေ သင့်နားထဲ ရောက်ရှိလာမှာပါ။

---

20/05/2025

SheIn clothing လေးတွေ ကိုယ်လဲ ဝယ်ရင်း…မှာချင်တဲ့သူတွေရှိရင် မှာပေးမယ်နော်🫶🏻

ကြာချိန် 3-4weeks ❗️

Happy Mother's Day 🤍
11/05/2025

Happy Mother's Day 🤍

လှံထမ်းလာတာ မြင်ရတယ်ကံထမ်းလာတာ မမြင်ရဘူးတဲ့ ကံ ဆိုတာ အလုပ်လို့ ဆိုကြပင်မဲ့ အလုပ်လုပ်တိုင်းလဲ အားလုံးအဆင်မပြေနိုင်ကြဘူးဒါ...
11/05/2025

လှံထမ်းလာတာ မြင်ရတယ်
ကံထမ်းလာတာ မမြင်ရဘူးတဲ့

ကံ ဆိုတာ အလုပ်လို့ ဆိုကြပင်မဲ့
အလုပ်လုပ်တိုင်းလဲ အားလုံးအဆင်မပြေနိုင်ကြဘူး

ဒါကြောင့် ဉာဏ်ရှိဖို့ လိုအပ်တယ်တွေးမိတယ်…

ဉာဏ်မရှိရင် ငွေရှိလဲ အလကားပဲ❌

နေ့မအား၊ညမအား အလုပ်တွေပင်ပင်ပန်းပန်းကြိုးစားနေမှ ငွေဆိုတာ ဝင်တာမဟုတ်ဘူး။ အခု AIခေတ်ကြီးမှာ ပိုလို့တောင် တွေးရမယ့်အရာဖြစ်နေပြီ။

ဒါကြောင့် ဉာဏ်ရှိဖို့ အရင်ကြိုးစားရမယ်။ ဉာဏ်ရှိလာရင် ငွေဆိုတာ နောက်ကလိုက်လာမဲ့ အရာဖြစ်တယ်။

အမြဲကြားဖူးတဲ့ စကားတစ်ခွန်းကတော့ လူဆိုတာ ခြေထောက် နှစ်ချောင်းဘဲ ရှိတာ၊ ငွေက ခြေထောက် လေးချောင်း ရှိတယ်တဲ့…. သူ့နောက် မလိုက်နဲ့ မောတယ်၊ မမှီနိုင်ဘူး…

သူ ကိုယ့်နောက် လိုက်လာအောင် လုပ်တဲ့…..🧲💰💵💶

⚠️ဘဝမှာ မဖြစ်မနေ ကစားရမဲ့ ဂိမ်း-2မျိုး ရှိတယ်။ 1. ကျန်းမာရေးဂိမ်း2. စီးပွါးရေးဂိမ်း1️⃣ ကျန်းမာရေးဂိမ်း - ကိုယ်ကိုယ်တိုင်...
09/05/2025

⚠️ဘဝမှာ မဖြစ်မနေ ကစားရမဲ့ ဂိမ်း-2မျိုး ရှိတယ်။

1. ကျန်းမာရေးဂိမ်း
2. စီးပွါးရေးဂိမ်း

1️⃣ ကျန်းမာရေးဂိမ်း - ကိုယ်ကိုယ်တိုင်ကောင်းမွန်စွာ ဂရုစိုက်ရတဲ့ဂိမ်းပါ။ ဒီဂိမ်းမှာ ပါဝင်တာတွေက
• စားသောက်အောင်မြင်မှု
• စိတ်ကျန်းမာရေးစောင့်ရှောက်မှု
• အနားယူခြင်း၊ အိပ်ရေး၊ လေ့ကျင့်ခန်း

2️⃣ စီးပွားရေးဂိမ်း – ငွေကြေး၊ အလုပ်အကိုင်၊ ဝင်ငွေ နဲ့ အနာဂတ်ဘဝတည်ဆောက်ခြင်းတို့ပါဝင်တဲ့ဂိမ်းပါ။ ဒီမှာတော့
• ဝင်ငွေရှာဖွေမှု
• အသုံးအဆောင်စီမံမှု
• ရင်းနှီးမြှုပ်နှံမှု
• စီးပွားရေးစွမ်းရည်မြှင့်တင်မှု

ဒီ ဂိမ်း ၂ မျိုး ကို တပြိုင်နက်တည်း ကစား နိုင်ဖို့က လူတစ်ဦးအတွက် အရမ်းအရေးကြီးဆုံးသော ဘဝနည်းပညာ တစ်ခုလို့ပါ ဆိုနိုင်ပါတယ်။

သင်ဒီ ဂိမ်း2မျိုး ထဲမှာ အခု အာရုံစိုက်နေတဲ့ဂိမ်းက ဘယ်ဟာဖြစ်မလဲ?

စွဲလမ်းမှုတွေထဲမှာ မင်း ပြီးရင်ဒီအစိမ်းကောင် ဗူး ဘဲ… 😩
09/05/2025

စွဲလမ်းမှုတွေထဲမှာ မင်း ပြီးရင်

ဒီအစိမ်းကောင် ဗူး ဘဲ… 😩

ခလေးတုန်းက အိမ်က အဒေါ်တယောက် ညီမငယ်ရဲ့ နို့မုန့်တွေစားစားနေလို့ အဖေ့ကို အမိအရ စားနေတဲ့အချိန် တိုင်ပြောတာ…အဖေက ခလေးနို့မု...
06/05/2025

ခလေးတုန်းက အိမ်က အဒေါ်တယောက် ညီမငယ်ရဲ့ နို့မုန့်တွေစားစားနေလို့ အဖေ့ကို အမိအရ စားနေတဲ့အချိန် တိုင်ပြောတာ…

အဖေက ခလေးနို့မုန့်တွေ ဘာလို့ စားနေတာလဲဆိုပြီး အော်ငေါက်လိုက်တဲ့အချိန် …

အဒေါ်ဖြစ်သူက မစားပါဘူးဆိုပြီး ..နို့မုန့်တွေ ဖူး…ဆိုပြီး ထွက်လာတာ…😂🤣

အခုထိ အမှတ်ရမိနေတဲ့ ငယ်ဘဝ အမှတ်တရ…😂😁

“ အတွေး “ သိပ့်ကို အရေးကြီးတယ်။ ကိုယ့်ဘဝ ကို အကောင်းဆုံး ပုံဖော်ပေးနိုင်တာ ကိုယ့်ရဲ့အတွေးပေါ်မှာ 💯 %မူတည်တယ်လို့ ယုံကြည်...
03/05/2025

“ အတွေး “ သိပ့်ကို အရေးကြီးတယ်။

ကိုယ့်ဘဝ ကို အကောင်းဆုံး ပုံဖော်ပေးနိုင်တာ ကိုယ့်ရဲ့အတွေးပေါ်မှာ 💯 %မူတည်တယ်လို့ ယုံကြည်တယ်။
( ဥပမာ။ မနက်ဖြန် မင်္ဂလာဆောင်အတွက် ဘယ်လိုလေးဝတ်မယ်ဆိုတဲ့ အတွေးကနေ ➡️လုပ်ရပ်➡️ရလဒ် ဆိုတာဖြစ်လာတယ်။ )

ဒါကြောင့် ဘဝ ရဲ့ အကောင်းဆုံးအခြေနေ နဲ့ အဆိုးဆုံးအခြေနေထိ ဖန်တီးပေးနိုင်တာ သင် တွေးနေတဲ့ အတွေးအခေါ် ပေါ် မှာ မူတည်တယ်။

လူရယ်လို့ အသက်အရွယ်တစ်ခုရောက်လာရင်
( အသိ/သတိ ) အမြဲ နှလုံးသွင်းထားနိုင်ရမယ်။

အကျိုးအကြောင်းကိုလဲ စဉ်းစားတွေးခေါ်နိုင်ရမယ်။💭

📝Nan Thiri ♏️

ဘဝ မှာ ဆွေမျိုးများစွာ၊ မောင်နှမတွေ အများကြီးနဲ့ စည်းစည်းလုံးလုံးနေကြပြီး ဆုံးမ စကားတွေ၊အကြံဉာဏ်တွေ၊ Guide Lineတွေ အမြဲပ...
03/05/2025

ဘဝ မှာ ဆွေမျိုးများစွာ၊ မောင်နှမတွေ အများကြီးနဲ့ စည်းစည်းလုံးလုံးနေကြပြီး ဆုံးမ စကားတွေ၊အကြံဉာဏ်တွေ၊ Guide Lineတွေ အမြဲပေးတက်တဲ့ တကယ်ကို လေးစားရတဲ့ မိတ်ဆွေ အပေါင်းသင်းတွေ ၊ တစ်ခုခုဆို စိတ်လုံခြုံမှု
အပြည့်ပေးနိုင်ပြီး ရင်ဖွင့်လို့ရမဲ့ သူငယ်ချင်း ၊မိတ်ဆွေ ၊မိသားစုတွေ ရှိဖို့ ကိုယ် အားငယ်တဲ့အချိန်တိုင်း ၊ ဝမ်းနည်းပြီး မွန်းကျပ်တဲ့အချိန်တိုင်း လိုချင်မိခဲ့တယ်။

အဲ့လိုအချိန်မျိုးကြုံရတိုင်းလဲ ဝမ်းနည်း ၊မျက်ရည်ကျ ရုံက လွဲပြီး ရင်ထဲ ခံစားချက်အပြည့်နဲ့ စကားလုံးတွေ ဖွင့်ထုတ်ဖို့ နေရာလေး တစ်ခု ရှိမနေခဲ့ဘူး…

တစ်ခါတစ်လေ ဘဝ မှာ ကြုံတွေ့ လာသမျှ ပြသနာ အရာတိုင်းကို ကိုယ့်ရဲ့ ( အသိ၊သတိ )ပညာသေးသေးလေးနဲ့ ချိန်ဆ ပြီး အားတင်းလိုက်၊ အားငယ်လိုက်၊ ဝမ်းနည်းလိုက်၊ မာကျော လိုက်နဲ့ဘဲ ငါ့အတွက် ငါ ရှိတယ် ဆိုတဲ့ စိတ်လေးနဲ့ မာကျောသလို ယောင်ဆောင်နေမိတယ်။

လူတိုင်းကတော့ မပြည့်စုံနိုင်ဘူး၊ ဒါပင်မဲ့ ကိုယ့်ဘေးနားမှာ ကိုယ် လိုအပ်တဲ့အချိန်တိုင်း စိတ်လုံခြုံ နဲ့ နွေးထွေးမှု အပြည့်ပေးနိုင်တဲ့ နေရာလေးတစ်ခု ရှိထားနေပြီဆိုရင် အဖိုးမဖြတ်နိုင်သော ဘဝကပေးတဲ့ လက်ဆောင်လေးတစ်ခု ပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက် မင်းတို့အတွက် ဝမ်းသာ၊ ပီတိဖြစ်မိပါတယ်။

ငါ့ အတွက်ကတော့ ….

ငါ ဘေးမှာ ငါ ရှိတယ်။

ငါ မရ ရှိထားတဲ့ ငါ လိုချင်တဲ့ အရာတွေကို ငါ့ပတ်ဝန်းကျင် နဲ့ ငါ့ မိသားစု အပေါ် ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားရဦးမယ်။ ….

📝Nan Thiri

အခက်ခဲဆိုတာ မတူညီတဲ့ပုံစံနည်းလမ်းမျိုးစုံနဲ့ ကြုံနေရမှာဘဲ..ဒါကြောင့် အခက်ခဲပြသနာတွေကြည့်ဘဲ တွေးနေပြီး ရှေ့မဆက်ပြန်၊ စိတ်...
22/04/2025

အခက်ခဲဆိုတာ မတူညီတဲ့ပုံစံ
နည်းလမ်းမျိုးစုံနဲ့ ကြုံနေရမှာဘဲ..

ဒါကြောင့် အခက်ခဲပြသနာတွေကြည့်ဘဲ တွေးနေပြီး
ရှေ့မဆက်ပြန်၊ စိတ်ဓါတ်ကျနေမယ်ဆိုရင်လဲ
ဘာမှဖြစ်လာမှာ မဟုတ်ဘူး၊

ဒါကြောင့် ကိုယ်ချင်း မစာတာ မဟုတ်ဘူး၊
မ သနားမဟုတ်ဘူး….

လုပ်စရာရှိတာတော့ လုပ်နေရမှာဘဲ

ဘဝက်ို ရှင်သန်ရအုန်းမယ်၊
ရပ်တည်ရအုန်းမယ်

ဒါကြောင့်…

ကျစရာ ရှိတဲ့စိတ်ဓါတ်ကို အချိန်ခန ကျ လိုက်

ပြီးရင်

လုပ်စရာရှိတာ ဆက်လုပ်ကြမယ်..

💪🏻💪🏻💪🏻

Fighting

📝Nan Thiri

ที่อยู่

Hang Dong
Chiang Mai

เบอร์โทรศัพท์

+959257304117

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nan’s Travel Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Nan’s Travel Diary:

ทางลัด

แชร์